About Us

Greenness is an online platform that distributes the knowledge and information of environmental conservation to the publics who want to involve actively in the field of Myanmar Green conservation and sustainable growth.
Greenness was established by some of the members of Myanmar Green Network ( MGN) and joined with the experts , organizations and reporters to share the information , to prevent natural disasters and to give the facts of environmental changes to multilayers of Myanmar.

Greenness သည် မြန်မာပြည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရေရှည်ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် မြန်မာပြည်အနှံ့အပြားရှိ အလွှာပေါင်းစုံမှ ပြည်သူများ စိတ်ပါဝင်စားစွာဖြင့် ပါဝင်ဆောင်ရွက်နိုင်ရန်အတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သတင်းအချက်အလက်များ၊ အသိပညာ ဗဟုသုတများ ဖြန့်ဝေပေးနေသည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အွန်းလိုင်းပလက်ဖောင်းတစ်ခု ဖြစ်ပါသည်။ Greenness ကို သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကွန်ရက်တစ်ခုဖြစ်သည့် မြန်မာအစိမ်းရောင်ကွန်ရက်(MGN)၏ အဖွဲ့ဝင်အချို့ဖြင့် ဖွဲ့စည်းတည်ထောင်ထားခြင်းဖြစ်ပြီး မြန်မာပြည်ရှိ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်များ၊ အဖွဲ့အစည်းများ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သတင်းထောက်များဖြင့် ချိတ်ဆက်ကာ မြန်မာပြည်တွင်ဖြစ်ပေါ်လျက်ရှိသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာအခြေအနေများ၊ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ အခြေအနေများကို အခြေခံလူတန်းစား ပြည်သူများ၊ တောင်သူလယ်သမားများအပါအဝင် အလွှာပေါင်းစုံမှ ပြည်သူများ သိရှိစေရန် သတင်းအချက်အလက်များ မျှဝေခြင်း၊ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအတွက် ဆောင်ရန် ရှောင်ရန်အချက်များကို အသိပညာပေး ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။

Purposes

Myanmar yearly suffers loss of its properties caused by natural disasters that come from climate change. After studying for many years, greenness realized the root case of natural disasters in Myanmar is the weakness of various governments to conserve the environment , lack of knowledge of Myanmar people and poorness of actual implementing processes. Therefore , Greenness aims to reduce the climate changes and to grow sustainable development in Myanmar by giving them the facts of climate change , methods how to cure the natural disaster and how to revive from destructions to motivate the publics involving in this processes.

ရည်ရွယ်ချက်

မြန်မာပြည်သည် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုများကြောင့် ရာသီဥတုပြောင်းလဲမှုများ ဖြစ်ပေါ်လာပြီး ပျက်စီးဆုံးရှုံးမှုများကို နှစ်စဉ်ကြုံတွေ့လျက်ရှိပါသည်။ Greenness အနေဖြင့် ထိုအဖြစ်အပျက်များကို ဖြစ်ပေါ်စေသည့် အခြေခံအကြောင်းအရင်းများကို လေ့လာရာတွင် မြန်မာပြည်အစိုးရအဆက်ဆက်၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပိုင်းတွင် အားနည်းခြင်း၊ ပြည်သူများအနေဖြင့်လည်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာ ဗဟုသုတ နည်းပါးပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်မှု အားနည်းခြင်းတို့ကြောင့် ဖြစ်ကြောင်း တွေ့ရှိရပါသည်။ ထို့ကြောင့် Greenness အနေဖြင့် မြန်မာပြည်တွင်ဖြစ်ပေါ်လျက်ရှိသော သဘာဝပတ်ဝန်းကျင် အခြေအနေများ၊ သတင်းအချက်အလက်များကို စဉ်ဆက်မပြတ် ဖော်ပြပေးခြင်း၊ ထိုအခြေအနေများကို ကုစားနိုင်ရန်နည်းလမ်းများ၊ ဆောင်ရန် ရှောင်ရန်များကို မျှဝေပေးခြင်းဖြင့် မြန်မာပြည်သူများအနေဖြင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာ ဗဟုသုတများရရှိကာ မြန်မာပြည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်လာကြပြီး မြန်မာပြည်သဘာဝပတ်ဝန်းကျင် ရေရှညျတညျတံ့ဖှံ့ဖွိုးတိုးတကျလာကာ ရာသီဥတုပြောင်းလဲမှုများကိုလည်း လျှော့ချနိုင်ရန် ရည်ရွယ်ပါသည်။

Expectation

Many different organizations of environmental conservation make their own way in Myanmar. It is the difficult time to basically implement the environment conservation because of political turmoil , pandemics and disasters of current situation. Our Greenness expect to share more green information and data to the publics by using of online platform before. We publish our environmental contents in various ways in the form of poems , cartoons , photos , news , articles , essays and novels to interest more on them . In future , Our Greenness will widely expand more programs for sustainable development , climate change and environmental conversation in Myanmar depending upon our budget.

မျှော်မှန်းချက်

မြန်မာပြည်တွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် အဖွဲ့အစည်းအသီးသီးက နည်းလမ်းအမျိုးမျိုးဖြင့် ဆောင်ရွက်နေကြပါသည်။ လက်ရှိကာလသည် စစ်ဘေး၊ ကပ်ရောဂါဘေး၊ သဘာဝဘေးအန္တရာယ်များဖြင့် ကြုံတွေ့နေရချိန်ဖြစ်သောကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများကို မြေပြင်တွင်လုပ်ဆောင်ရန် ခက်ခဲနေချိန် ဖြစ်ပါသည်။ ထိုအချိန်တွင် Greenness အနေဖြင့် အွန်လိုင်းပလက်ဖောင်းကို အသုံးပြုကာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သတင်းအချက်အလက်များ၊ အသိပညာများ ဗဟုသုတများကို မြန်မာပြည်ရှိ အလွှာပေါင်းစုံ ပြည်သူများထံသို့ ရောက်ရှိစေရန် ယခင်ကထက် ပိုမိုဆောင်ရွက်နိုင်ရန် မျှော်မှန်းပါသည်။ ထိုသို့ဆောင်ရွက်ရာတွင်လည်း မြန်မာပြည်သူများအတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သတင်းအချက်အလက်များ၊ အသိပညာဗဟုသုတများကို ပိုမိုစိတ်ဝင်စားစွာ လေ့လာဖတ်ရှုလာစေရန် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာများကို ကဗျာ၊ ကာတွန်း၊ ဓာတ်ပုံ၊ သတင်း၊ ဘာသာပြန်၊ ဆောင်းပါး၊ အက်ဆေး၊ ဝတ္ထု စသဖြင့် ကဏ္ဍမျိုးစုံကို မရိုးရအောငျ ရသမျိုးစုံဖြင့် တင်ဆက်သွားမည်ဖြစ်သည်။ အနာဂတ်ကာလတွင်လည်း ငွေကြေးသုံးစွဲနိုင်မှုအပေါ်မူတည်၍ Greenness အွန်လိုင်းပလက်ဖောင်းကို ထူးခြားဆန်းသစ်သော အစီအစဉ်များဖြင့် မြန်မာပြည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေး၊ ရေရှညျဖှံဖွိုးတိုးတကျရေးအတှကျ ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်ဆောင်ရွက်သွားနိုင်ရန်လည်း မျှော်မှန်းထားပါသည်။