အယ်လ်နီညိုဖြစ်စဥ်နှင့်သဘာဝဘေးအန္တရာယ်

ယခုအခါအယ်လ်နီညိုဟူသောစကားကိုသဘာဝပတ်ဝန်းကျင်ဆိုင်ရာပညာရှင်များပြောကြားနေသည်ကိုကြားနေရပါသည်။သို့သော်လည်း အယ်လ်နီညိုဟူသောစကားကိုအလေးအနက်မထားကြသလို အယ်လ်နီညိုဆိုတာဘာလဲဟုပင်မမေးကြပေ။အာရုံစိုက်သူနည်းပါးသည်ဟုဆိုရပေမည်။အမှန်စင်စစ်အယ်လ်နီညိုကို လူသားတိုင်း၊နိုင်ငံသားတိုင်အာရုံစိုက်ဖို့လိုသည်။အယ်လ်နီညိုဖြစ်စဥ်သည် ၁၉၈၀ ခုနှစ်လောက်ကစတင်ဖြစ်ပေါ် ဘာသည်ဟုဆိုပါသည်။ အယ်လ်နီညိုဆိုသည်မှာ အယ်လ်နီညိုဆိုသည်မှာ ဒီဇင်ဘာခရစ္စမတ်ကာလတွင် တောင်အမေရိကတိုက်၊အနောက်ဘက်ကမ်းခြေ၊မြောက်ပိုင်းဒေသများဖြစ်သည့် “ပီရူးနှင့်အီကွေဒေါ”ကမ်းခြေရှိ မူလရေစီးကြောင်းများတွင် ရေနွေးစီးကြောင်းများအစားထိုးဝင်ရောက်လာဖြစ်ရပ်ကိုခေါ်ဆိုခြင်းဖြစ်သည်။ဒီဇင်ဘာလခရစ္စမတ်ရက်နားတွင်ဖြစ်ပွားလေ့ရှိသဖြင့် ခရစ္စတော်၏သားဟူသောအနက်အဓိပ္ပါယ်အဖြစ် “အယ်လ်နီညို”(El Nilo)ဟုခေါ်ခြင်းဖြစ်ပါသည်။ အယ်လ်နီညိုဖြစ်ပေါ်ပုံ အယ်လ်နီညိုနှစ်များတွင် အီကွေတာအနီး ပင်လယ်ရေမျက်နှာပြင် အပူချိန်သည် ပုံမှန်ထက်ပိုပူနွေးလာကာ အီကွေတာတစ်လျှောက်ရှိ ကုန်သည်လေများ အားပျော့သွားသည်။အထက်လေထုလွှာအတွင်း လေလှည့်ပတ်မှုဖြစ်စဥ်သည်လည်း ပုံသဏ္ဍာန်မမှန်တော့ဘဲ ဆဲလ်များကွဲထွက်သွားပြီး၊တောင်အမေရိကတိုက်၊အနောက်ဘက်ကမ်းခြေတစ်လျှောက် ပုံမှန်အေးမြခြောက်သွေ့သော မိုးလေဝသဖြစ်စဥ်များအစား ပူနွေးစိုစွတ်သည့်ဖြစ်စဥ်များ အစားထိုးဝင်ရောက်လာသည်။ယင်းဖြစ်စဥ်ကိုပင်အယ်လ်နီညိုဖြစ်ပေါ်ပုံဟုဆိုရမည်ဖြစ်သည်။ မြန်မာနိုင်ငံနှင့်အယ်လ်နီညိုဖြစ်စဥ် စာရေးသူတို့နိုင်ငံတွင် အယ်လ်နီညိုဖြစ်စဥ်များရှိခဲ့ပါသည်။ ယခုလာမည့် ၂၀၂၄ မှာလည်းအယ်လ်နီညိုဖြစ်နိုင်ဖွယ်ရှိကြောင်းခန့်မှန်ပြောဆိုသည်ကိုလည်းကြားသိရသည်။မြန်မာနိုင်ငံ၌ အယ်လ်နီညိုဖြစ်ပေါ်သည်ကာလများတွင် တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် ပူပြင်းခြောက်သွေ့ခြင်း၊မိုးခေါင်ခြင်း၊ရေရှားခြင်း၊မုတ်သုန်မိုးအားနည်းခြင်းတို့ကြုံတွေ့ရသည်။ ထို့ပြင်အနောက်တောင်မုတ်သုန်လေအဝင်နောက်ကျခြင်း၊မုတ်သုန်လေအားနည်းခြင်း၊ မုန်သုန်အထွက်စောခြင်း၊ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းဖြစ်ပေါ်မှုပုံမှန်ထက်လျှော့နည်းခြင်းတို့ဖြစ်ပေါ်သည်။ ထိုဖြစ်စဥ်များကြောင့်စိုက်ပျိုးရေးလုပ်ငန်းကိုထိခိုက်စေသည်။အပူချိန်မြင့်မားခြင်းကြောင့် ကျန်းမာရေးကိုလည်းထိခိူက်စေပါသည်။၂၀၁၉ ခုနှစ်က အမြင့်ဆုံးအပူချိန် ၃၂ ဒသမ ၅ ဒီဂရီဆဲလ်စီယပ်အထိဖြစ်ခဲ့သည်။ယခုနှစ်ဇူလိုင်လကလည်း အားအနည်းငယ်ရှိသောအယ်လ်နီညိုအခြေအနေဖြစ်ခဲ့ကြောင်းလည်းသိရသည်။အားအလွန်ကောင်းသောအယ်လ်နီညိုသည် ၁၉၈၂-၈၃ […]

ရေရှားပါးမှုပြဿနာကို ရင်ဆိုင်ကြရပြီ

နွေကို ပီပီပြင်ပြင်မရောက်သေးခင်မှာပင် ရေရှားပါးမှုပြဿနာကို အချို့နေရာဒေသတွေမှာ ရင်ဆိုင်နေကြရပြီဖြစ်သည်။ သဘာဝပတ်ဝန်းကျင် အစဉ်အဆက် ပျက်ယွင်းခဲ့သည့်ကြားက တိုင်းပြည်အခြေအနေကမောက်ကအခြေအနေမှာပင် ရေရှားပါးမှုပြဿနာနှင့်အတု ပြည်သူတွေမှာ ဒုက္ခမျိုးစုံကိုရင်ဆိုင်ကြရ‌တော့မည် ဖြစ်သည်။ ရေရှားပါးမှုပြဿနာကို ရင်ဆိုင်နေကြရခြင်း၏ အဓိကအကြောင်းအရင်းတွေထဲမှာ နေရာရွှေ့ပြောင်းနေထိုင်ကြရခြင်းသည်လည်းအကြောင်းတရားတစ်ခုဖြစ်လာပါသည်။ ပြည်သူတွေသည် မိမိတို့ တည်ဆောက်ထားခဲ့သော၊ ရှိပြီးသော ရေအရင်းအမြစ်တွေကို စွန့်ခွာရသောအခါ နွေရာသီတွင် ရေအလွယ်တကူရရှိဖို့ မလွယ်တော့ပါ။ ” အဓိကကတော့ ချောင်းတွေ၊ မြောင်းတွေကို ဆည်ပိတ်ပြီးသုံးကြရတာ။ နွေရာသီရေကမလာတော့ ရေနည်းလာတယ်။ ရေက သန့်ရှင်းမှုမရှိတော့ဘူး” လို့ မကွေးတိုင်းအတွင်းက ပြည်သူတစ်ဦးက တွေ့ကြုံနေရသည်ကို ပြောပြသည်။ ဟိုအရင်ခေတ်က တောထဲတွင် တောင်ယာလုပ်ရင်းနေထိုင်သူတွေသည်သောက်သုံးရေအတွက် ချောင်းနံဘေးတွင် စမ်းရေတွင်းတွေတူးပြီး သောက်သုံးရေကို ဖြေရှင်းခဲ့ကြသည်။ နောက်ပိုင်းနှစ်များတွင်တော့ ချောင်းဘေးနားကမြေအောက်ရေသည် နွေရာသီတစ်ရာသီလုံးအတွက် မလုံလောက်တော့ပါ။ ” ရေကသဲပြင်အောက်မှာ မိုးတုန်းက စုကျန်နေခဲ့တဲ့ […]

စိုးရိမ်စရာကမ္ဘာကြီးအကြောင်း ပညာရှင်တွေ ပြောပြီ

တနင်္လာနေ့ကထွက်တဲ့ Nature Climate Change ဂျာနယ်မှာ ကမ္ဘာ့သမုဒ္ဒရာ ရေထုအပူချိန်ကို တိုင်းတာတဲ့ သုတေသန ရလဒ်အရ ကမ္ဘာကြီးက စက်မှုခေတ်မတိုင်မီကထက် ၁.၅ ဒီကရီ ပိုပြီး ပူနေတာမဟုတ်တော့ဘူးတဲ့ ။ ၁.၈ ဒီကရီတောင် ကျော်နေပြီလို့ ဖော်ပြပါရှိပါတယ်။ သုတေသီတွေက ရေထုရဲ့ အပူချိန်တင်သာမကဘဲ ၊ ရေထဲမှာရှိတဲ့ အက်ဆစ်ပြင်းအားနဲ့ လေထုထဲမှာရှိတဲ့ ကာဗွန်ဒိုင်အောက်ဆိုက် လယ်ဘယ်ကိုပါတိုင်းတာခဲ့ပါတယ်။ အဲ့ဒီနောက်မှာ သမုဒ္ဒရာရေအောက်ထဲက နှစ်ပေါင်းများစွာ သက်တမ်းရှိတဲ့ ရေမြုပ် ၆မျိုးကို ဆက်ပြီလေ့လာခဲ့ပါတယ်။ ပတ်ဝန်ကျင်ပြောင်းလဲမှုကြောင့် အဲ့ဒိ ရေမြုပ်တွေ ဘယ်လို ပြောင်းလဲလာသလဲဆိုတာကိုပါ တွေ့ရှိခဲ့ပါတယ်။ ရာသီဥတုပြောင်းလဲမှုသည် ကျွန်ုပ်တို့ထင်သည်ထက် ပိုမိုလျင်မြန်စွာ အရှိန်မြှင့်လာနေကြောင်း ရေနက်ပိုင်း ရေမြှုပ်များ၏ အပူချိန်မှတ်တမ်းများက ဖော်ပြနိုင်ပါသည်။ ကာရေဘီယံပင်လယ်အတွင်းမှ ရာစုနှစ်များစွာ သက်တမ်းရှိ လက်တစ်ဆုပ်စာမျှရှိသော […]

ဖေဖော်ဝါရီနဲ့ မတ်လမှာ အားအကောင်းဆုံးဖြစ်လာနိုင်တဲ့ ၂၀၂၄ အယ်လ်နီညို

၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်း အယ်လ်နီညိုသည် အားအကောင်းဆုံးအခြေအနေသို့ရောက်ရှိနေကြောင်း၊ အယ်လ်နီညိုဖြစ်ပေါ်မှုအားဆန့်ကျင်သည့် အိန္ဒိယသမုဒ္ဒရာမှ အိုင်အိုဒီဖြစ်စဉ်သည် အားလျော့လာနေပြီး ဖေဖော်ဝါရီလအတွင်း ပုံမှန်အခြေအနေသို့ပြန်လည်ရောက်ရှိနိုင်မည်လို့ ကြိုတင်ခန့်မှန်းရေး model များ၊ အမေရိကန်အခြေစိုက်-အမျိုးသားမိုးလေဝသဌာန(NOAA – National Weather Service)နဲ့ ဩစတေးလျမိုးလေဝသဌာနထုတ်ပြန်ချက်တွေမှာ တွေ့ရပါတယ်။ အယ်လ်နီညိုက ဘယ်အချိန်ကာလအထိ ဆက်ဖြစ်နိုင်မလဲ? လက်ရှိအချိန်မှာ Madden -Jullian Oscillation(MJO)က ဆက်လက်အသက်ဝင်နေကာ၊ အိန္ဒိယသမုဒ္ဒရာရဲ့ အိုင်အိုဒီ(Positive Indian Ocean Dipole) ကလည်း ဆက်လက်ဖြစ်ပေါ်နေတာကြောင့် ကမ္ဘာ့မြောက်ဘက်ခြမ်းရဲ့ အထက်လေထုလွှာများအတွင်း အနောက်လေစီးကြောင်းတိုက်ခတ်တဲ့ ဧရိယာသည် ကျယ်ပြန့်အားကောင်းနေပါတယ်။ ကမ္ဘာ့တောင်ဘက်ခြမ်းမှာတော့ အထက်လေထုလွှာများအတွင်းက အရှေ့လေစီးကြောင်းအားကောင်းလာပြီး ကမ္ဘာ့တောင်ဘက်ခြမ်းရဲ့ မုတ်သုံကာလ-မုန်တိုင်းရာသီစတင်ဖြစ်ပေါ်လာနေပြီဖြစ်ပါတယ်။ ကမ္ဘာ့မြောက်ဘက်ခြမ်းမှာတော့ နောက်လာမဲ့ ရက်ပေါင်း ၄၀ ကျော်(ဖေဖော်ဝါရီလအကုန်-မတ်လအတွင်း)နေ့အပူချိန်များတဖြည်းဖြည်းမြင့်တက်လာတော့မှာဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်အယ်လ်နီညိုက ဖေဖော်ဝါရီလနဲ့ မတ်လတွေမှာ […]

အလည်ရောက်လာတဲ့ဆောင်း

” ဒါမျိုးအေးတာများ အေးစမ်းပါစေ” လို့ ဆရာကြီးတစ်ဦးကဆိုပါတယ်။ ကျနော်တို့လို တောင်တန်းတွေဝိုင်းနေတဲ့ လွင်ပြင်ကလေးဟာ ဒီဇင်ဘာလကုန်ပိုင်းလောက်မှစပြီး အအေးစဝင်တာပါ။ ခုဇန်နဝါရီလထဲကြမှ သိသိသာသာအေးလာတာ။ ဆောင်းနဲ့တူအောင်အေးလာတာပါ။ ဒီလိုအေးလာတာဟာ အအေးလှိုင်းဖြတ်လို့မို့ ဆိုပြီး မိုးလေဝသဌာနတွေကို ကိုးကားပြီး လူတွေကပြောကြတယ်။ ဇန်နဝါရီ ၈ ရက်နေ့ကနေ ၁၄ ရက်နေ့ထိ အအေးပိုမယ်လို့ မိုးလေဝသထုတ်ပြန်ချက်တွေမှာတွေ့ရပါတယ်။ ဒါဟာတကယ်တော့ ကျနော်တို့ ငယ်ငယ်က ပုံမှန်အေးနေကြဆောင်းအအေးဓာတ်လောက်သာရှိတာပါရယ်။ ဒါပေမယ့် ဆောင်းရာသီအအေးဓာတ်နဲ့မတွေ့ရတာကြတဲ့ လူတွေဟာ အပူကန်ပြီးလည်ချောင်းနာတဲ့သူတွေကနာကြ။ တချို့ကလေးတွေကတော့ တစ်ရက်ကို ထမင်းငါးခါစားတာမဝနိုင်ဘူးဆိုလို့ ပြုံးရသေးတယ်။ ရာသီဥတုကအေးတော့ ခန္ဓာကိုယ်ကအပူဓာတ်ထုတ်ရတဲ့အခါ အစာချေအားကောင်းတာကိုး။ ချင်းတောင်ပေါ်မှာတော့ နှင်းဖွေးဖွေးတွေ တွေ့နေရပြီလို့ ပြောပါတယ်။ဆောင်းရာသီချင်းတောင်ပေါ်ကိုသွားရင် ထမင်းသိပ်စားနိုင်ကြတာပါ။ မြေပြန့်မှာ တစ်ပန်းကန်ကုန်အောင်စားတဲ့သူက တောင်ပေါ်ရောက်ရင် နှစ်ပန်းကန်ကုန်ပါတယ်။ ဟင်းဆိုးဆိုး၊ကောင်းကောင်း ဘာဟင်းနဲ့ဖြစ်ဖြစ် တောင်ပေါ်မှာဆို သိပ်စားလို့ကောင်းပါတယ်။ အစာမကျေတာဆိုတာမျိုးလည်းမရှိ။ […]

ဆောင်းရာသီမှာ အမေးများလာသော အအေးလှိုင်း အကြောင်း

အအေးလှိုင်းဆိုတာဘာလဲ? အအေးလှိုင်းတစ်ခု သို့မဟုတ် နက်နဲသောအေးခဲမှု ဟုလူသိများသော အအေးလှိုင်းသည် ကြီးမားသော ဧရိယာတစ်ဝိုက်တွင် လေအေးများ သို့မဟုတ် အလွန်အေးသောလေများ ကျူးကျော်ဝင်ရောက်ခြင်းပါ၀င်သည့် ရာသီဥတုဖြစ်စဉ်တစ်ခုဖြစ်သည်။ ၎င်းကို ဒေသတစ်ခု၏ ပျမ်းမျှအောက် ကျဆင်းသွားသောအပူချိန်ဖြင့် မှတ်သားထားသည်။ ၂၄ နာရီကာလအတွင်း အပူချိန် လျင်မြန်စွာကျဆင်းသွားခြင်း အအေးဓာတ်ကို တစ်နိုင်ငံလုံး ပျမ်းမျှအပူချိန် 20F (7C) အောက်တွင် ကျဆင်းနေခြင်းဟု သတ်မှတ်သည်။ သီအိုရီ မသိသူများနှင့်မိုးလေဝသအခြေခံပညာရပ် များ သင်ယူထားခြင်းမရှိသူများသည် ပုံမှန်ဆောင်း ရာသီ အေးခြင်းကိုပင်အအေးလှိုင်းဟု ထင်မှတ် နိုင်ပါသည်။ အအေးလှိုင်းသည် လေအေးဖြင့် ခွဲခြားထားသည့် ရာသီဥတုဖြစ်စဉ်တစ်ခုဖြစ်သည်။ အထူးသဖြင့် အမေရိကန်သည် စိုက်ပျိုးရေး၊ စက်မှုလုပ်ငန်း၊ ကူးသန်းရောင်းဝယ်ရေးနှင့် လူမှုရေးလုပ်ငန်းများ တွင် သိသိသာသာ တိုးမြှင့်ကာကွယ်မှုများ ပြုလုပ် တတ်ကြသည် ။ […]

ပြည့်ဖြိုးမြဲ စွမ်းအင် နောက်မလိုက်ရင် အရှေ့တောင်အာရှနိုင်ငံတွေ ဂိသွားနိုင်လား

ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်တွေကို အားမကိုးဘဲ ရုပ်ကြွင်းလောင်စာတွေကိုသာ ဆက်သုံးနေမယ်ဆိုရင် အရှေ့တောင်အာရှ နိုင်ငံတွေ ရေရှည်မှာ ဂိသွားဖို့အလားအလာရှိနေပါတယ် ။ ဘာလို့လဲဆိုတော့ ရာသီဥတု ပြောင်းလဲမှုကို ရပ်တန့်အောင်လုပ်ဖို့အတွက် စက်မှုဖွံ့ဖြိုးတဲ့နိုင်ငံတွေက စိတ်အားထက်သန်မှု အားနည်းနေတာ ကြောင့်ပါပဲ။ ရှည်လျားလွန်းတဲ့ ကမ်းရိုးတန်းတွေရှိနေတာတွေနဲ့ မြစ်ဝကျွန်းပေါ်မြေနိမ့်ပိုင်းဒေသတွေ များတာက ရာသီဥတုဖောက်ပြန်ပြီး ပင်လယ်ရေမြင့်တက်လာမယ်ဆိုရင်တော့ ထိခိုက်မှု အဆိုးဝါးဆုံး ဒဏ်ကိုခံရနိုင်တော့မှာ ဖြစ်ပါတယ် ။ လူဦးရေ သန်း၆၀၀ ကျော်ကို ဦးတည်လာတဲ့ သဘာဝဘေးအန္တရာယ်ကို တားဆီးဖို့က ရုပ်ကြွင်းလောင်စာကို ဖြတ်နိုင်မှ ဖြစ်မှာပါ ။ ရုပ်ကြွင်းလောင်စာ သုံးလို့ ကမ္ဘာကြီးပူနွေးလာချိန်မှာ အရှေ့တောင်အာရှနိုင်ငံတွေအနေနဲ့ မဟာဗျူဟာကျကျ ဖွံ့ဖြိုးတိုးတက်မှုတွေကို လုပ်ဖို့အတွက် လိုအပ်နေပါပြီ ။ ကမာ္ဘကြီးပူနွေးလာမှုကို ရပ်တန့်နိုင်မယ်ဆိုရင်တောင် ဒီရာစုနှစ်အကုန်မှာ အရှေ့တောင်အာရှနိုင်ငံတွေက နှစ်စဉ် ဂျီဒီပီ ၁၁ […]

“”မြို့ပြတွင် သစ်ပင်စိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများ””

သစ်ပင်သစ်တောများသည် ကျွန်ုပ်တို့ ရှင်သန်နေထိုင်ရာ ကမ္ဘာမြေကြီးအတွက် သဘာဝကပေးသော အဖိုးမဖြတ်နိုင်သည့် သယံဇာတအရင်းအမြစ်များသာလျှင် ဖြစ်ပေသည်။”ဥတုရာသီ၊တောကိုမှီ၏” ၊ “တောတောင်စိမ်းမှ စမ်းရေရ၏”စသော ဆောင်ပုဒ်များက သစ်ပင်သစ်တောများ၏ ​ဂေဟစနစ်အပေါ် လွန်စွာအကျိုးသက်ရောက်လျက်ရှိပုံကို ဖော်ပြနေပါသည်။ “သစ်တစ်ပင်ကောင်းလျှင် ငှက်တစ်သောင်းနားရသည်”ဟူသော ဆိုရိုးစကားလည်း ရှိပါသည်။ သစ်ပင်သစ်တောများရှိခြင်းက မြေ၊ရေ၊လေနှင့် သဘာဝပတ်ဝန်းကျင်ကို မျှတစေသည်။ရာသီဥတုကို သဟဇာတဖြစ်စေသည်။ဇီဝမျိုးစိတ်များကို လုံလုံလောက်လောက် အကာအကွယ်ပေးနိုင်သည့်အပြင် လူသားတို့ခိုလှုံရာ အဆောက်အအုံအဖြစ်သော်လည်းကောင်း၊ဆေးဝါး၊အသုံးအဆောင်ပရိဘောဂ အဖြစ်သော်လည်းကောင်း၊ထင်း၊မီးသွေး လောင်စာအဖြစ်သော်လည်းကောင်း စသဖြင့် ကဏ္ဍပေါင်းစုံမှ အကျိုးဖြစ်ထွန်းစေသည်။ သစ်ပင်သစ်တောများ စိမ်းလန်းစိုပြည်မှသာလျှင် ကာဗွန်သံသရာလည်ပတ်မှု အလိုလို အားနည်းကာ လေထုညစ်ညမ်းမှုအန္တရာယ်ကို လျော့ပါးသက်သာစေနိုင်မည်။သစ်ပင် သစ်တောများသည် ကျွန်ုပ်တို့လူသားများ နေ့စဥ်ရှူသွင်းနေရသော အောက်ဆီဂျင်ဓာတ်ငွေ့ကို လေထုထဲသို့ အဆက်မပြတ်ထုတ်လွှတ်ကာ အိုဇုန်းလွှာယိုယွင်းပျက်စီးမှုအန္တရာယ်လည်း အထိုက်အလျောက် ကာကွယ်တားဆီးပေးနိုင်ပါသည်။ ထို့ကြောင့် အမှန်တကယ် ကမ္ဘာကြီးသာယာလှပစေလိုလျှင် သစ်ပင်သစ်တောများကို စနစ်တကျ […]

ရာသီဥတုဖောက်ပြန်မှုကိုကာကွယ်ဖို့ မျှော်လင့်ချက်မဲ့နေပြီလား (၁)

ယနေ့ကမ္ဘာ ဖန်လုံအိမ်ဓာတ်ငွေ့လွှတ်ထုတ်မှု လျှော့ကျသွားခြင်းမရှိဘဲ ဆက်လက်မြင့်တက်နေပါတယ်။ သဘာဝဘေးအန္တရာယ်တွေကလည်း ရာသီဥတုဖောက်ပြန်ခြင်းနဲ့အတူ တွဲပြီးတော့ မြင့်တက်နေဆဲ ဖြစ်ပါတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေကတော့ အဲ့ဒိအခြေအနေပေါ်မှာ စိုးရိမ်မှုမြင့်တက်နေတာတာက အံ့ဪစရာမဟုတ်တော့ပါဘူး။ မျှော်လင်ချက်ပျောက်သွားပြီးလာလို့တောင် ထင်ရတဲ့အခြေအနေမှာ လေ့လာမှုတစ်ရပ်က ၂၀၁၅ ပါရီ သဘောတူညီချက် အချို့ကလမ်းကြောင်းမသွေဖီသေးဘူးဆိုတဲ့ အကြောင်းအရာ ၅ ချက်ကို ပြခဲ့ပါတယ် ။ decarbonisation ( ကာဗွန်ထုတ်လွှတ်မှု ရပ်တန့်ရေး ) နဲ့ net zero ( ကာဗွန ်ထုတ်လွှတ်မှု အလုံးစုံ ကွယ်ပျောက်ရေး ) ဆိုတဲ့ ဝေါဟာရများက နေ့စဉ်သုံးစကားစု၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာပေမဲ့ လက်တွေ့မှာတော့ အဲ့ဒိဖြစ်စဉ်တွေကို လိုက်နာနိုင်မှုအားနည်းနေဆဲ ဖြစ်ပါတယ် ။ ဂျာမန်အကျိုးအမြတ်မယူသော NewClimate Institute ၏ လေ့လာမှုအရ ဆိုလာစွမ်အင်သုံး […]

ရာသီဥတုဖောက်ပြန်လို့ နေရပ်ကို စွန့်ရမယ်ဆိုရင်

ယူးဇီလန်ကိုသွားရောက်ပညာသင်ကြားပြီးနောက် မွေးရပ်မြေ တူဗာလူကျွန်းကို ပြန်ရောက်လာတဲ့ ကာလီတာတီတီဟိုမာစီ တစ်ယောက် ကျမရဲ့စိတ်ကို လန်းဆန်းသွားစေပါတယ် ၊ညစ်နွမ်းနေတဲ့ အတွေးတွေပျောက်သွားပြီး စိတ်စွမ်းအားတွေ ပြန်လည်ပြည့်လာတယ်လို့ ပြောပါတယ်။ တီတီ နေထိုင်တဲ့ တူဗာလူကျွန်းနိုင်ငံက ပစ္စိဖိတ်သမုဒ္ဒရာထဲက ပင်လယ်ရေမျက်နှာပြင်အထက်ပေ ဘယ်လောက် မှ မရှိတဲ့ နိုင်ငံပါ ။ ကျွန်းရဲ့ အမြင့်ဆုံးနေရာက ပင်လယ်ရေမျက်နှာပြင်အထက် ၁၅ ပေပဲ ရှိပါတယ်။ လက်ရှိ ကမ္ဘာကြီး အပူချိန်မြှင့်တက်လာလို့ ပင်လယ်ရေမျက်နှာမြင့်တက်လာနေတဲ့အချိန်မှာ တူဗာလူကျွန်းတွေက ၂၀၅၀ မှာ ပင်လယ်ရေအောက်ကို ရောက်ပြီး နိုင်ငံပျောက်သွားမယ့် အန္တာရာယ် ကြုံနေရပါပြီ ။ ၂၀၂၁ ခုနှစ် သန်းခေါင်စာရင်အရ တူဗာလူမှာ လူဦးရေ ၁၂၀၀၀ နီးပါရှိပါတယ် ။ တီတီ နယူးဇီလန်ကို ကျောင်းသွားတက်ပြီး ပြန်ရောက်လာတိုင်း တူဗာလူမှာ […]

Page 1 of 10
1 2 3 4 5 6 7 8 9 10