ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ မုန်တိုင်းဝင်ရောက်နိုင်ခြေ ၈၀ ရာခိုင်နှုန်းရှိလာ

နိုဝင်ဘာလ ၂၆ ရက် ညနေ ၄ နာရီခွဲမှာ၊ GFS နဲ့ ECMWF (ENSEMBLE TRACKS – model အုပ်စုတူအတွင်းမှ ဖြစ်နိုင်ချေအများဆုံးခန့်မှန်းလမ်းကြောင်း)တွေ တူလာတာတွေ့ရပါတယ်။ ECMWF က ၂၄ နာရီ မှ ၄၈ နာရီခန့် နောက်ကျနေတာတခုပဲ ရှိပါတယ်။ MIDHILI တုန်းကလဲ ECMWF ကုန်းတွင်းဝင်ချိန်နဲ့ လမ်းကြောင်းခန့်မှန်းချက်က အခုလိုပဲ နောက်ကျပါတယ်။ ဘာကိုပြောချင်တာလဲဆိုတော့ – မုန်တိုင်းဖြစ်နိုင်ချေ၊ ခန့်မှန်းလမ်းကြောင်းအတိုင်းရွေ့လျားနိုင်ချေတွေက ၈၀% လောက်အထိ သေချာမှုရှိလာတာ၊ ရခိုင်ပြည်နယ်မြောက်ပိုင်းကို မုန်တိုင်းဝင်နိုင်ချေ ၈၀% အထိ ရှိလာပြီလို့ ပြောချင်တာပါ။ ========== နိုဝင်ဘာ ၂၆ ရက် ညနေ ၄ နာရီခွဲ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ခန်းမှန်းတင်ပြထားတာ […]

ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းဖြစ်လာနိုင်သည့် စောင့်ကြည့်ရမည့်လေဖိအားနည်းရပ်ဝန်း INVEST-99W ထိုင်းပင်လယ်ကွေ့တွင် စတင်ဖြစ်ပေါ်

INVEST-99W စတင်ဖြစ်ပေါ်သည့်အခြေအနေ ဘရူနိုင်းနိုင်ငံ ဘန်ဒါဆရီဘာဂါဝန်မြို့အနောက်ဘက် ထိုင်းပင်လယ်ကွေ့မှာ စတင်ဖြစ်ပေါ်ပြီး အနောက်ဘက်ကို ဆက်လက်ရွေ့လျားနိုင်ကြောင်း၊ ကပ္ပလီပင်လယ်တောင်ပိုင်းကို နိုဝင်ဘာလ ၂၇ ရက်နဲ့ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းကို နိုဝင်ဘာလ ၂၈ ရက်နေ့တွေမှာ ရွေ့လျားဝင်ရောက်လာပြီး လေတိုက်နှုန်း တနာရီ မိုင် ၄၀ အထိ ရှိလာနိုင်ကာ မုန်တိုင်းငယ်ဖြစ်လာနိုင်ကြောင်း ကြိုတင်ခန့်မှန်းချက်တွေမှာ တွေ့ရပါတယ်။ မြန်မာနိုင်ငံအပေါ်သက်ရောက်နိုင်မဲ့ မိုးလေဝသအခြေအနေများ ပင်လယ်ပြင်အခြေအနေ မွန်-တနင်္သာရီကမ်းရိုးတန်းတလျှောက်နဲ့ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်း၊ ကမ်းနီးရေလုပ်ငန်းလုပ်ကွက်တွေမှာ နိုဝင်ဘာ ၂၈ ရက်နေ့က စ ပြီးတော့ အရှေ့ဘက်မှ လေပြင်းတိုက်ခတ်တာ တနာရီ မိုင် ၃၀ ခန့်အထိရှိနိုင်ပြီး လှိုင်းအမြင့် ၆ ပေ မှ ၇ ပေအထိ ရှိနိုင်ပါတယ်။ နိုဝင်ဘာ ၂၈ ရက်နဲ့ ဒီဇင်ဘာလဆန်းပိုင်းမှာတော့ မိုးလဲရွာလာနိုင်မဲ့အခြေအနေများရှိကြောင်းတွေ့ရပါတယ်။ […]

လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ် နေရာကွက်၍ မိုးကြီးမည်

ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက် မြောက်ပိုင်း(အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်းနှင့် ဩရိဿတောင်ပိုင်းကမ်းခြေ)တို့တွင် ဖြစ်ပေါ်နေသော လေဖိအား နည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေကြောင်း မိုးဇလ၏ အောက်တိုဘာ ၁၆ ရက် နံနက် ၆ နာရီခွဲတွင် တိုင်းတာချက်အရ သိရသည်။ လေဖိအားနည်းရပ်ဝန်းကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊ နေပြည်တော်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ချင်းပြည်နယ် နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာပြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန် ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးဇလက ခန့်မှန်းထားသည်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကြောင်း၊ […]

ရန်ကုန်မိုးဟာ အောက်တိုဘာ ၁၈ ရက်အထိ ဆက်လက်ရွာပါဦးမယ်..

အားလုံးက မင်းဂွတ်သီးလို့ ချစ်စနိုးနဲ့ခေါ်ကြတဲ့ မိုးလေဝသပညာရှင် Su Su San က ရန်ကုန်မိုးဟာ အောက်တိုဘာ ၁၈ ရက်ထိ ဆက်လက်ရွာသွန်းနေဦးမယ်လို့ ဒီ​ေန့ နံနက် ၇ နာရီမှာ ​ခန့်မှန်းထားပါတယ်။ သူက ”ရန်ကုန်မှာ ၁၈ရက်နေ့အထိမိုးရွာပါမယ်။ ၁၉ရက်နေ့မှာ နေသာချိန်ရှိမှာမို့ အဝတ်လှမ်းနေ့တစ်နေ့အဖြစ်သတ်မှတ်လိုက်ပါတယ်” လို့ ဆိုထားပါတယ်။ #Greenness

ယောချောင်းရေမြင့်တက်လာသောကြောင့် အနီးပတ်ဝန်းကျင် ကျေးရွာများ အထူးသတိပြုရန်လိုအပ်

မိုးလေဝသ သတင်း #Update ယောချောင်းရေလျှံ ကမ်းလုံးပြည့် တံတားထိသည်ထိ ရေများပါသည်။ ပေါက်မြို့အောက်ဘက် ယောချောင်းဘေး ကျေးရွာများ ကြိုတင်ရွှေ့ပြောင်းပြင်ဆင်ထားကြပါ။ ပုံများမှာ ပေါက်မြို့ အုန်းတောတံတားမှရိုက်ကူးထားသည်။ ယနေ့မနက် ၆ နာရီ ၃၀(၁၈/၁ဝ၂ဝ၂၁) #ယောချောင်း ရေဝေဒေသတွင် မိုးသည်းထန်စွာရွာသွန်းနေသော ကြောင့် ယောချောင်းအထက်အညှာရှိရွာများတွင် ယနေ့(၁၇/၁ဝ/၂ဝ၂၁)ရက်နေ့ ည ၇နာရီတှငျ ၂ဝ၁၁ခုနှစ်က ရေမှတ်သို့ ရောက်ရှိရေတိုးနေပါသည်။ ထို့ကြောင့် ယောချောင်းအောက်ဘက်ရှိ ပေါက်မြို့နယ်နှင့် ဆိပ်ဖြူ မြို့နယ်အတွင်းရှိ ယောချောင်းဘေးမြို့ရွာများ ယောချောင်းရေမြင့်တက်လာမှု သတိပြုကြပါရန် နှိုးဆော်လိုက်ရပါသည်။ #ယောချောင်းဘေးမြို့ရွာများ(ပေါက် – ဆိပ်ဖြူ) ဆိပ်ဖြူ စွန်း ပေါင်းငူ ဝါဇီ မြင်စတော ချိုက် တုရင်မျှော် ချောင်းမကြီး မဲဇလီကွေ့ ပင်းတလဲ ချင်းငယ် ဆင်နီတောင် ဒေါသာ အရှေ့ကံတွင်း […]

လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ် နေရာကွက်၍ မိုးကြီးမည်

ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက် မြောက်ပိုင်း(အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်းနှင့် ဩရိဿတောင်ပိုင်းကမ်းခြေ)တို့တွင် ဖြစ်ပေါ်နေသော လေဖိအား နည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေကြောင်း မိုးဇလ၏ အောက်တိုဘာ ၁၆ ရက် နံနက် ၆ နာရီခွဲတွင် တိုင်းတာချက်အရ သိရသည်။ လေဖိအားနည်းရပ်ဝန်းကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊ နေပြည်တော်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ချင်းပြည်နယ် နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာပြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန် ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးဇလက ခန့်မှန်းထားသည်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကြောင်း၊ […]

“တောင်တရုတ်ပင်လယ်ပြင်တွင် မုန်တိုင်းငယ် (92W) (Depression)တစ်ခုစတင်ဖြစ်ပေါ်လာ”

၆.၁၀.၂၀၂၁ မွန်းလွဲ ၂ နာရီ ၁၈ မိနစ် ဖိလစ်ပိုင်နိုင်ငံရဲ့ အနောက်မြောက်ဘက် ဗီယက်နမ်နိုင်ငံ ရဲ့ အရှေ့ဘက် တောင်တရုတ်ပင်လယ်​​ပြင်အလယ်ပိုင်း တွင်JTWCအသိအမှတ်ပြုTyphoonမုန်တိုင်း(92W) (Depression)တစ်ခု စတင်ဖြစ်ပေါ်လာတာကိုတွေ့ရ ပါတယ်။ ယခု ဖြစ်ပေါ်နေသော Typhoon မုန်တိုင်းငယ်(92W) ရဲ့ အခြေအနေကတော့… ထိုင်းနိုင်ငံမိုးလေဝသဌာနရဲ့ ယနေ့ မြန်မာစံတော်ချိန် နံနက် ၆နာရီ၃၀မိနစ် အချိန်တိုင်းထွာချက်များအရ Center pressureမှာ”1000hpa”ဖြစ်ပြီးအနောက် အနောက်မြောက်ဘက်ကို ၁နာရီ၁၀ မိုင်နှုန်းဖြင့်ဗီယက် နမ်နိုင်ငံတောင်ပိုင်းကို ဦးတည်ရွေ့လျားနေတာကို တွေ့ရပါတယ် ခင်ဗျာ။ အဆိုပါ မုန်တိုင်းငယ် Depression ဟာဆက်လက် အားကောင်းလာပြီးနောက် အားကောင်းသော Typhoon မုန်တိုင်းအဖြစ်သို့ ရောက်ရှိလာနိုင်ပြီး ဗီယက်နမ်နိုင်ငံတောင်ပိုင်းကို ဖြတ်ကျော်ဝင်ရောက် ကာ မြန်မာနိုင်ငံဘက်ကို အရှေ့လေပွေလှိုင်းများ အဖြစ်နဲ့ ဘင်္ဂလားပင်လယ်အော်အထိရောက်ရှိ လာနိုင်တယ်လို့တော့ ကနဦးခန့်မှန်းတွက်ချက် […]