ဥရောပက လေဆိပ်တွေကို လှုံ့ဆော်ရေးသမားတွေက တပြိုင်နက် ဆန္ဒဝိုင်းပြကြပြ

တက်ကြွလှုပ်ရှားသူများက ဥရောပ၏ အကြီးဆုံးလေဆိပ်များတွင် နှစ်ရက်ကြာ ဆန္ဒပြ လှုပ်ရှားမှုကို ဒီကနေ့ စတင်လိုက်ပြီး ရာသီဥတုကိုပျက်စီးစေတဲ့ လေယာဉ်ခရီးစဉ် အရေအတွက်ကို ကန့်သတ်ရန် တောင်းဆိုလိုက် ကြပါတယ်။ ဥရောပသားတွေနဲ့ ရာသီဥတုအရေးဆောင်ရွက်နေတဲ့ အဖွဲ့တွေ ပေါင်းထားတဲ့ အဖွဲ့ ၂၅ ဖွဲ့ က ပြင်သစ်၊ ဂျာမနီ၊ စပိန်၊ နယ်သာလန်နှင့် ဗြိတိန်တို့ရှိ လေဆိပ်များကို ပစ်မှတ်ထားပြီးလှုပ်ရှားကြတာပါ ။ ဥရောပ၏ အကြီးဆုံးလေဆိပ်ငါးခုဖြစ်သည့် ပြင်သစ် ပါရီ မြို့ Charles de Gaulle၊ ယူကေ လန်ဒန် မြို့ Heathrow၊ စပိန် မဒရစ် မြို့ Barajas၊ ဂျာမဏီ ဖရန့်ဖွတ် လေဆိပ်နှင့် နယ်သာလန် အမ်စတာဒန် မြို့ Schiphol လေဆိပ်တို့တွင် လုပ်ဆောင်ရန် […]

ဘောလုံးပွဲတွေမှာ လေကြောင်းလိုင်းကြော်ငြာတွေ မထည့်ဖို့ UEFA ကို တောင်းဆို

ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားများက ဘောလုံးအသင်းများကို ကမာ္ဘ့လေထုကို ညစ်ညမ်းစေတဲ့ လေကြောင်း လိုင်း စပွန်ဆာများနှင့် ‘လမ်းခွဲရန်’ တိုက်တွန်းလိုက်ပါတယ် ။ ယူအီးအက်ဖ်အေ (ဥရောပဘောလုံးအဖွဲ့များသမဂ္ဂ) က လေကြောင်းလိုင်းတွေမှပေးတဲ့ စပွန်ဆာများကို အမြတ်ထုတ်နေခြင်း အတွက် အစိမ်းရောင်တက်ကြွ လှုပ်ရှားသူများရဲ့ ပြစ်တင်ရှုတ်ချခြင်းကို ခံနေရပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲသည် ယခုအပတ်တွင် “ရာသီဥတု ပျက်ယွင်းစေတဲ့ လေကြောင်းလိုင်းစပွန်ဆာများနှင့်အတူ ပြန်လည်ရောက်ရှိလာပါတယ် “လို့ လှုတ်ရှားရေးအဖွဲ့ Fossil Free Football က ၎င်းတို့ရဲ့ တွစ်တာတွင် ဖော်ပြခဲ့ပါတယ် ။ ယခု Valentine’s Day တွင် ဘောလုံးအသင်းတွေအား လေထုညစ်ညမ်းစေသော လုပ်ဖော်ကိုင်ဖက်များနှင့် “လမ်းခွဲရန်” လှုံ့ဆော်ရေးသမားတွေက တောင်းဆိုလိုက်ပါတယ်။ UEFA ကို တူရကီလေကြောင်းလိုင်း မှ စပွန်ဆာ ပေးထားပြီး ချန်ပီယံလိဂ် ၁၆ […]

ဂျက်လေယာဉ်ကို ခြေရာခံတဲ့ ကျောင်းသားကို တေလာဆွစ်တစ်ယောက် တရားစွဲဖို့ စီစဉ်နေ

ကိုယ်ပိုင်ဂျက်လေယာဉ်တွေက ကမ္ဘာ့လေထုထဲကို ကာဗွန်ဒိုင်အောက်ဆိုက်တွေ တိုက်ရိုက်ထည့်သွင်းနေတာ ဖြစ်လို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လူငယ်တွေက ကိုယ်ပိုင်ဂျက်လေယာဉ်ဝယ်စီးနိုင်တဲ့ သူတွေရဲ့ ခရီးစဉ်တွေကို ခြေရာခံမှတ်သားပြီး သူတို့တွေ ကမာ္ဘ့လေထုထဲကို ကာဗွန်တွေ ဘယ်လောက်လွှတ်ထုတ်နေပါတယ်ဆိုပြီး ဖောက်ချ နေကြပါတယ်။ အခုလည်း ကမ္ဘာကျော်ဆယ်လီတစ်ဦးဖြစ်တဲ့ အမေရိကန် တေးရေ ၊ တေးဆို တေလာဆွစ်ရဲ့ ကာဗွန်ခြေရာတွေကို လိုက်လံဖော်ထုတ်တဲ့ ကျောင်းသားတစ်ဦးကို တရားစွဲမယ်ဆိုပြီးတော့ တေလာဆွစ်တို့ဘက်က စီစဉ်နေတယ်လို့ သိရပါတယ်။ ပေါ့ပ်စတားရဲ့ရှေ့နေများက စင်ထရယ်ဖလော်ရီဒါတက္ကသိုလ်တွင် သတင်းအချက်အလက် နည်းပညာလေ့လာ နေတဲ့ အသက် ၂၂ နှစ်အရွယ် Jack Sweeney ကို ဒီဇင်ဘာလတွင် တရားစွဲမယ်ဆိုပြီး ခြိမ်းခြောက်စာတစ်စောင် ဖြင့် တိုက်ခိုက်ခဲ့ပါတယ်။ Sweeney သည် ဘီလျံနာများ၊ နိုင်ငံရေးသမားများနှင့် အခြားနာမည်ကျော်များ၏ ကိုယ်ပိုင်ဂျက်လေယာဉ်များကို ခြေရာခံရန် အများသူငှာဒေတာနှင့် […]

ဥရောပမှာတော့ ကမ်းရိုးတန်း ရေ နမူနာများကို ကောက်ယူစစ်ဆေးနေပြီ

၂၀၂၃ ဧပြီလမှစတင်၍ သိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့သည် ၂၀၂၄ ဇူလိုင်လ အထိ ဥရောပ ကမ်းရိုးတန်းတစ်ဝိုက်မှ အချက်အလက်များကို စုဆောင်းတဲ့ မစ်ရှင်တစ်ခုလုပ်နေပါတယ်။ Tara Europa သင်္ဘောသည် ပုံမှန် ရွက်လှေလိုပါပဲ။ ဒါပေမဲ့ တကယ်တော့ ဒါဟာ ရေပေါ်သိပ္ပံနည်းကျ ဓာတ်ခွဲခန်းတစ်ခုပါ။ “Tara Europa Trek မစ်ရှင်၏ ရည်ရွယ်ချက်မှာ များပြားလှသော ဇီဝမျိုးစုံမျိုးကွဲများရှိသည့် ကမ်းရိုးတန်းပေါ်ရှိ လူသားများအပေါ် အကျိုးသက်ရောက်မှုကို တိုင်းတာရန်ဖြစ်သည်” ဟု Tara ဖောင်ဒေးရှင်းမှ ပြည်သူ့ရေးရာ ဌာနမှူး Henri-Bernard Costa က ရှင်းပြသည်။ ၂၀၂၃ ဧပြီလမှစတင်၍ သိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့သည် လေထုညစ်ညမ်းမှုအဆင့်နှင့် ကမ်းရိုးတမ်းရေထု၏ ကျန်းမာရေးကို အကဲဖြတ်ကာ ဥရောပကမ်းရိုးတန်းတစ်လျှောက် ရွက်လွှင့်လျက်ရှိသည်။ ၎င်းတို့၏ ရည်မှန်းချက်မှာ ကီလိုမီတာ ၂၅၅၂၀ ရှည်လျားသော […]

ဘင်္ဂလာဒေ့ရှ်နိုင်ငံရဲ့ သောက်‌ရေ တစ်ဝက်လောက်က အာဆင်းနစ်အဆိပ်သင့်နေ

ရာသီဥတုဖောက်ပြန်မှုကို အခံရဆုံးနိုင်ငံတစ်နိုင်ငံကိုပြ ပါဆိုရင် ဘင်္ဂလားဒေ့ရှ်ပါပဲ ။ ပညာရှင်တွေရဲ့ လက်ရှိ တွက်ချက်ထားမှုအရ ၎င်းရဲ့ ပင်လယ်ရေမျက်နှာပြင်က ၂၀၅၀ မှာ ၁ ပေခွဲ မြင့်တက်လာစရာရှိနေတယ်လို့ မှန်းထားပြီး ကုန်းမြေ ၁၁ ရာခိုင်နှုန်းလောက် ပင်လယ်ရေအောက် ရောက်သွားနိုင်ပါတယ်။ မုတ်သုံမိုးများ ပြင်းထန်စွာ ရွာသွန်းမှု က စိတ်လာတဲ့အတွက် ကြောင့် နိုင်ငံတစ်ဝန်း နှစ်စဉ် ရေကြီးပြီး မိသားစု ၅ ပုံတစ်ပုံ က နေအိမ်တွေကနေ စွန့်ခွာပြီး ရွှေ့ပြောင်းကြရလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ ဘင်္ဂလားဒေ့ရှ် ပြည်သူများအတွက် အဲ့ဒိ ရေဘေးအန္တရာယ်တွေထက် ပိုပြီး ကြောက်စရာကောင်းတဲ့ ခြိမ်းခြောက်မှု တစ်ခုကတော့ အာဆင်းနစ် ညစ်ညမ်းမှုပါပဲ။ လူတိုင်းနီးပါးသောက်သုံးတဲ့ တစ်တိုင်းပြည်လုံးမှာရှိတဲ့ သောက်ရေတွင်း ၄၉ ရာခိုင်နှုန်းခန့်မှာ ကင်ဆာဖြစ်စေနိုင်သော အာဆင်းနစ် […]

စောင့်ကြည့်ရမယ့် နော်ဝေ ရေအောက်သတ္တုတူးဖော်မှုကိစ္စ

အငြင်းပွားဖွယ် ပင်လယ်ရေအောက် သတ္တုတူးဖော်မှု ကိစ္စနဲ့ ပတ်သက်ပြီး နော်ဝေပါလီမန် ပထမဆုံးအကြိမ် အနေနဲ့ခွင့်ပြုလိုက်ပြီဖြစ်ပါတယ် ။ မြောက်ပင်လယ်အောက်က ကြမ်းခင်းမှာ အာလူးလုံးအရွယ်လောက်ရှိတဲ့ ကိုဘော့ ၊ နီကယ် ၊ ကြေး နဲ့ မန်ဂနိ သတ္တုတွေကို ရှာဖွေ တွေ့ရှိပြီးနောက်မှာတော့ ပါလီမန်က ပင်လယ်ရေအောက် သတ္တုတူးဖော်မှု စီမံကိန်းကို ခွင့်ပြုလိုက်တာပဲ ဖြစ်ပါတယ် ။ အဲ့ဒိသတ္တုတွေက အီးဗွီလို လျှပ်စစ်ကားတွေ ထုတ်လုပ်တဲ့နေရာမှာ အရမ်းကို အရေးကြီးတဲ့သတ္တုတွေဖြစ်ပါတယ် ။ လေတာဘိုင်တွေ နဲ့ ဆိုလာပြားတွေကနေရတဲ့ လျှပ်စစ်ကို သိုလှောင်နိုင်ဖို့အတွက် ဘတ်ထရီလုပ်တဲ့နေရာမှာ မပါမဖြစ်သတ္တုတွေ ဖြစ်ပါတယ် ။ ရုပ်ကြွင်းလောင်စာ ဖျက်သိမ်းနိုင်ဖို့အတွက် လျှပ်စစ်စွမ်းအင်ကို ပြောင်းလဲနိုင်ဖို့ ကြားကာလ အခြေအနေမှာ လျှပ်သို ပစ္စည်းတွေကို စျေးပေါပေါနဲ့ ရနိုင်မှဖြစ်မှာပါ […]

ဂျာမဏီ ကာဗွန်ထုတ်လွှတ်မှု နှစ် ၇၀ အတွင်းအနိမ့်ဆုံးအဖြစ် မှတ်တမ်းတင်နိုင်ခဲ့

ဥရောပရဲ့ အကြီးဆုံး စီးပွားရေး အဆောက်အအုံဖြစ်တဲ့ ဂျာမဏီနိုင်ငံက နှစ် ၇၀ အတွင်း ကာဗွန်ထုတ်လွှတ်မှု အနည်းဆုံး ဖြစ်အောင် မနှစ်က လုပ်နိုင်ခဲ့တဲ့အတွက် မှတ်တိုင်တစ်ခုစိုက်ထူနိုင်ခဲ့ပါတယ်။ ထင်ရှားသော တွေးခေါ်ပညာရှင် Agora Energiewende ရဲ့ လေ့လာမှုတစ်ခုအရ ဂျာမနီနိုင်ငံ၏ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုသည် တန်ချိန် ၆၇၃ သန်းသို့ လျှော့ချနိုင်ခဲ့ပြီး ယခင်နှစ်ကထက် တန်ချိန် ၇၃ သန်း လျော့ကျသွားခဲ့တယ်လို့ သိရပါတယ်။ ။ အဲ့ဒိကျဆင်းမှုက အဓိကအားဖြင့် ကျောက်မီးသွေးဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရာတွင် သိသာထင်ရှားစွာ လျော့ကျသွားခြင်းကြောင့် CO2 ထုတ်လွှတ်မှု တန်ချိန် ၄၆ သန်း လျော့ကျသွားစေရန် အထောက်အကူဖြစ်သွားတာပါ။ ကျောက်မီးသွေးနှင့် ဝေးကွာခြင်းသည် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ရင်းမြစ်များဆီသို့ ကူးပြောင်းရန် ဂျာမနီရဲ့ ပိုမိုကျယ်ပြန့်သော မဟာဗျူဟာ၏ တစ်စိတ်တစ်ပိုင်းဖြစ်လာပါတယ် […]

စီးကရက်ဖင်စီခံနဲ့ လမ်းခင်းဖို့ စလိုဗက်ကီးယားသားတွေ ကြိုးစား

ကမ္ဘာပေါ်က လူတွေရဲ့ တစ်ရက် စီးကရက်သောက်နှုန်းက အလိပ်ရေ ၁၈ ဘီလီယံ နီးပါးရှိပါတယ်။ သောက်လို့ ကုန်သွားတဲ့ အဲ့ဒိစီးကရက်ဖင်စီခံတွေ ထဲက ၃ ပုံ ၁ပုံက အမှိုက်အဖြစ်နဲ့ ကမ္ဘာကြီးပေါ်ကို ကျရောက်နေပါတယ် ။ ဒါတွေကို ရီဆိုက်ကယ်လုပ်ဖို့အတွက် မစဉ်းစားဘူးဆိုရင်တော့ ဒီရာစုအကုန်မှာ ကမ္ဘာမြေကြီးကို စီးကရက်ဖင်စီခံတွေ ဖုံးလွှမ်းသွားဖို့ရာရှိနေပါတယ်။ စလိုဗက်ကီးယား မြို့တော်ဝန်က စီးကရက်တွေကို ရီဆိုက်ကယ်ပြန်သုံးရမယ်ဆိုပြီး အမိန့်တစ်ခုကို ဒီအပတ်ထဲမှာပဲ ထုတ်ပြန်လိုက်ပါတယ်။ မြူနီစပါယ်တွေက စီးကရက် ဖင်စီခံတွေကို နည်းစနစ်တစ်ခုနဲ့ ပြန်လည်သိမ်းဆည်ရမယ်လို့လည်း အမိန့်ထုတ်ထားပါတယ်။ မြို့တော် ဘရာတစ်လာဗာမှာ စီးကရက်ဖင်စီခံတွေသီးခြား သိမ်းဆည်နိုင်ဖို့အတွက် ထည့်စရာတွေကို တီထွင်နေပါတယ်။ ပြီးတော့ သိမ်းဆည်းရတဲ့ဖင်စီခံတွေကို လမ်းခင်းဖို့အတွက် ကတ္တရာအဖြစ် ပြောင်းမယ်လို့လည်း သိရပါတယ် ။ “ပွဲတော်၊ ပြိုင်ပွဲ ၊ […]

၂၀၂၁ တုန်းက လေထုညစ်ညမ်းမှုကြောင့် ဥရောပမှာ လူ ၂သိန်းခွဲကျော် သေခဲ့ရတယ်လို့ ဆို

ဥရောပ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အေဂျင်စီ ( EEA ) ရဲ့ မနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာသစ်မှာ ၂၀၂၁ တုန်းက ဥရောပမှာ လေထုညစ်ညမ်းမှုကြောင့် သေဆုံးခဲ့ရတယ် လူ ၂သိန်းခွဲ ကျော်တယ်လို့ သိရပါတယ်။ ကားအိတ်ဇောတွေနဲ့ ကျောက်မီးသွေးသုံး ဓာတ်အား‌‌ပေးစက်ရုံတွေကနေ ထွက်လာတဲ့ အမှုန်တွေက လေထုတွေထဲကို အများအပြားရောက်လာရင် အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါတွေဖြစ်တတ်ပါတယ်။ အဲ့ဒိအမှုန်တွေ လေထုထဲမှာ ဘယ်လောက်ရှိတယ်ဆိုတာကို PM လို့ခေါ်တဲ့ ယူနစ်နဲ့ တိုင်းတာပါတယ်။ PM ၂.၅ ကိုရောက်သွားပြီဆိုရင် လေထုက မသန့်စင်တော့ပါဘူး ။ အဲ့ဒိပမာဏအထက်မှာ ရှိတဲ့ လေထုက လူတွေကို လေပြွန်ယောင်ရောဂါ ၊ ရင်ကျပ်ရောဂါနဲ့ အဆုတ်ရောဂါတွေကို ဖြစ်စေပါတယ်။ “နောက်ဆုံး EEA ခန့်မှန်းချက်အရ၊ ၂၀၂၁ ခုနှစ်က […]

ပိုက်လိုင်းပေါက်ပြီး ရေနံစိမ်းလီတာ ၄သန်းကျော် မက္ကဆီကိုပင်လယ်ကွေ့ထဲရောက်

အမေရိကန် ကမ်းခြေစောင့်တပ်ဖွဲ့ရဲ့ နိုဝင်ဘာ ၂၂ ရက်နေ့ ထုတ်ပြန်ချက်အရ လူဝီစီယားနားပြည်နယ် အရှေ့တောင်ဖက် ကမ်းလွန်ဒေသမှာ ရေနံစိမ်းလီတာ ၄သန်းကျော်လောက်ရှိတဲ့ အကွက်ကြီးကိုတွေ့ခဲ့ရတယ်လို့ သိရပါတယ်။ ကမ်းခြေစောင့်တပ်ဖွဲ့ရဲ့ ဒီကနေ့ သတင်းစာရှင်းလင်းပွဲက သိရတဲ့ အချက်အလက်တွေကတော့ ပိုက်လိုင်း ပေါက်တဲ့ နေရာကို မသိရသေးကြောင်း ၊ ကမ်းခြေဖက်ဆီကို မရောက်သေးကြောင်း ၊ ရေနံတွေ ပေနေတဲ့ ဇင်ယော် ၂ ကောင်ကိုကမ်းခြေမှာ တွေ့ခဲ့ရပေမဲ့ တောင်ရိုင်းတွေ ဘယ်လောက် ထိခိုက်နေတယ်ဆိုတာကို မစုံးစမ်းရသေးကြောင်း ၊ လေပြင်းတိုက်နေလို့ အချို့ ရေနံစိမ်းတွေ အငွေ့ပျံနေကြောင်း ၊ ရေနံကွက်ကြီးကနေ ရေနံ ကွက်ငယ်တွေအဖြစ် ကွဲထွက်နေကြောင်း ၊ ဟူစတန်အခြေစိုက် Third Coast Infrastructure LLC ၏ လုပ်ငန်းခွဲဖြစ်သော Main […]

Page 1 of 5
1 2 3 4 5