အိမ်မက်ကမ္ဘာမှ ခါကာဘိုရာဇီအမျိုးသားဥယျာဉ်…. အပိုင်း (၂)

”မဟုတ်ဘူးအန်တီရဲ့၊ အဖြူရောင်များတာတော့များတာတော့များပါရဲ့။ ဒါပေမယ့် တချို့Glacier ခေါ်တဲ့ ရေခဲမြစ်တွေက အရည်မပျော်တော့ဘူး။ အမြဲခဲနေတယ်။ အဲဒီရေခဲမြစ်တွေက အဖြူရောင်အပြင် အပြာရောင်၊ တချို့ဆိုရင် အစိမ်းရောင်တောက်နေတယ်” ”ဟယ်. . သိပ်ကိုလှမှာပဲနော်။ အပြာတို့၊ အစိမ်းတို့က တောတွေတောင်တွေ သစ်ပင်တွေရဲ့ အရောင်ဟပ်တာများလာမသိဘူး။ ဘာပဲဖြစ်ဖြစ် အဲသလိုလှတဲ့ သဘာဝမြေပြေ တို့နိုင်ငံမှာရှိတယ်ဆိုတာ ပြချင်လိုက်တာ။ ဦးသိန်းအောင်ရဲ့ နယ်ရှင်နယ်ပတ်ခ်ကြီးပြီးရင် ဒီရေခဲတောင်ကိုကြည့်ဖို့ လူတွေလာလာချင်ကြမှာပဲ။ အပန်းဖြေစခန်းအမြန်ဆောက်၊ ရဟတ်ယာဉ်ကွင်းလုပ်၊ Ski စီးလို့ရအောင်စီစဉ်၊ သိပ်ပိုက်ဆံရမှာပဲနော်။ အဲဒီကျ ကိုစောလွင် တိုးကုမ္ပဏီဖွင့်ပါလား” ကိုစောလွင်က ရယ်နေသည်။ ”အဲဒီ တိုးရစ်ကိစ္စကျ ကျွန်တော်ဝါသနာမပါဘူး အန်တီ။ ခါကာဘိုရာဇီအတူတက်ခဲ့တဲ့ ဂျပန်မိတ်ဆွေမိသားစုက ကျွန်တော် တိုးကုမ္ပဏီလုပ်ချင်ရင် ကူညီမယ်လို့ပြောပါတယ်။ ကျွန်တော်က သစ်ခွပဲ” သူဟာ အတော်သစ္စာကြီးသူပေပဲ။ ”ကဲ. . […]

အိမ်မက်ကမ္ဘာမှ ခါကာဘိုရာဇီအမျိုးသားဥယျာဉ်…. အပိုင်း (၁)

မြစ်ကြီးနား၏ ညနေခင်းသည် မှုန်ရီစွာလှပနေသည်။ ကချင်တောင်တန်းများပေါ်မှ ပြေးဆင်းလာသောလေက သစ်ရွက်စိမ်းနံ့ကို သယ်ဆောင်လာကာ သစ်ပင်များ ကျန်းမာလျက်ရှိကြောင်းပြော ဆိုကြလေသည်။ ‘’ခါကာဘိုရာဇီတောင်တန်းမှာ လေရှူရတာ သိပ်ကိုအရသာရှိမှာပဲနော်” မျက်နှာချင်းဆိုင်မှ အေးအေးဆေးဆေးထိုင်နေသော ဦးစောလွင်ကိုကျွန်မ နိဒါန်းမေးခွန်း မေးလိုက်ခြင်းဖြစ်၏။ ကျွန်မသည် မနက်တုန်းက ဦးသိန်းအောင်နှင့် ခါကာဘိုရာဇီ အမျိုးသားဥယျာဉ် ဆောက်ရေးအကြောင်း စကားစပြီးကတည်းက ခါကာဘိုရာဇီကို တွေ့ချင်နေလေပြီ။ ယခုညဘက်အစီအစဉ်မှာ ဟောပြောပွဲမလုပ်ဘဲ ခါကာဘိုရာဇီခရီးအကြောင်း မှတ်တမ်းတင် ဗီဒီယို ခွေပြမည်ဟုလည်း ကြေညာထားသည်။ ဗီဒီယိုမှာမမြင်ရမီ ကြိုပြီး သိထားချင်တာလေးတွေ ရှိသဖြင့် ညစာထမင်းစားပြီးခါစ ရေနွေးကြမ်းဝိုင်းမှာ ထမင်းလုံးစီဆဲ ဦးစောလွင်ကို အရအမိမေးရပေတော့မည်။ “အန်တီက လေကို တန်းဖိုးထားတယ်ဆိုရင် ခါဘိုရာဇီဟာ အဖိုးမဖြတ်နိုင်တဲ့ လေထုကြီးပါပဲ’’ ဦးစောလွင်က ကျွန်မကို သူများတွေခေါ်သလို ‘ဆရာမ’ ဟုမခေါ်ပေး အန်တီဟု […]

အနောက်တံခါးမှ ငွေတောင်

​ဆောင်းရာသီသည် ခရီးသွားရန်အကောင်းဆုံး ရာသီဖြစ်ပါသည်။ ဤအချိန်၌ မြန်မာနိုင်ငံ၏ အနောက် တံခါးဟု လူသိများသော ရခိုင်ပြည်နယ် မေယုဒေသ(ဘူးသီးတောင်-မောင်တော) သို့ အနယ်နယ်အရပ်ရပ်မှ ခရီးသွားပြည်သူတို့ ရောက်ရှိကြပါသည်။ ထိုခရီးသွားပြည်သူတို့ အဓိကစိတ်ဝင်အစားဆုံးမှာ ဘူးသီးတောင်မြို့ နယ်ရှိ စိုင်းတင်ရေးတံခွန်ကြီးဖြစ်သည်။ ရေတံခွန်ကြီးသို့ သွားရောက်လည်ပတ်ပြီးသည့်နောက်တွင် မောင်တော မြို့နယ် မြောက်ဘက်ပိုင်းမှ ရှေးဟောင်းသမိုင်းဝင်ဘုရားများ ဖြစ်ကြသော ဝက်ကျိန်း စေတီ ၊ဘုရားပေါ်ဘုရားများ နှင့် ဖါးဝပ်ချောင်းစေတီ ကို သွားလေ့ရှိကြပါသည်။ ပြီးလျှင် မယူကမ်းအနောက်ဘက်ခြမ်း(မောင်တောမြို့နယ်၏ တောင်ပိုင်း) မှ ကျောက်ပန်းဒူကမ်းခြေ ၊ မယူကမ်းအရှေ့ ဘက်ခြမ်း(ရသေ့တောင်မြို့နယ်) မှ တောင်ဦးစေတီ နှင့် လောင်းချောင်းစေတီ များသို့လည်း ပျော်ပျော်ပါးပါး သွားလေ့ရှိကြပါသည်။ ယခုနှစ်များတွင် ထိုနေရာများအပါ အဝင် လူငယ် လူရွယ်တို့ အဓိကစိတ်ဝင်စားလာသော နေရာတစ်ခုလည်း […]

မြန်မာပြည်တွင်းက သဘာဝအလှအပများ

ဇိန်မှုတောင်သည် ဟားခါးမြို့နယ် အဆုံး ဖလမ်းမြို့နယ်အစတွင်တည်ရှီပြီး ချင်းပြည်နယ်၏တတိယအမြငိ့ဆုံးတောင်တန်းဖြစ်သည် ။ပေပေါင်း ၈၄၁၄ ကျော်မြင့်ကာ ကုလားတန်မြစ် မြစ်ဖျားခံရာ နေရာ(Lai TiLi)လည်းဖြစ်သည် ။ ဇိန်မှုတောင်သည် ချင်းပြည်နယ် ဖလမ်းမြို့၊ ရမ်ထလိုကျေးရွာနားမှာ ရှိပါသည်။ ဇိန်မှုတောင်သည် ဖလမ်း-ဟားခါး ကြားမှာ တည်ရှိပါသည်။ ဖလမ်း-ဟားခါးနဲ့ (၂၂)မိုင် ဝေးပါသည်။ ဒီ တောင် တက်ဖို့အသင့်တော်ဆုံးရာသီက နွေရာသီဖြစ်ပါသည်။ မိုးရာသီမှာဆိုလျှင် တောင်ထိပ်ရောက်ဖို့မဆိုထားနဲ့။ ဖလမ်း-ဟားခါးသွားလျှင် ဇိန်မှုတောင်နားရောက်ရင် မိုးရွာတတ်တယ်။ နွေရာသီတက်လျှင် တောင်ထိပ်ပေါ်ကနေ ဖလမ်းမြို့၊ ဟားခါးမြို့ကိုမြင်ရပါသည်။ မိုးရာသီက တိမ္မ်ား ဖုံးအုပ်ထားသောကြောင့် မြင်ကွင်းမမြင်ရပေ။ မိုးရာသီတွင် ဆိုင်ကယ်နဲ့တောင်ပေါ်တတ်ဖို့လမ်းပန်းခက်ခဲလျက်ရှိပါသည်။ တောင်ကျရေကြောင့် လမ်းများ ပျက်စီးလျက်ရှိပြီး အချို့နေရာတွင် သစ်ပင်အိုများ လမ်းတည့်တည့်ကျိုးကျသောကြောင့် ခုလို မိုးရာသီတွင် အလွန်ပင် ခက်ခဲလျက် ရှိသည်။ […]

ကျားမြူးတောင်

နေပြည်တော်ကနေရန်ကုန်ကိုသွားတိုင်းလမ်း ညာဘက်မှာ ကျားမြူးတောင် ပီယသိဒ္ဓိစေတီတော် ဆိုတဲ့ လမ်းညွှန်ဆိုင်းဘုတ်ကို တွေ့နေခဲ့တာ ကြာပါပြီ။ ထူးဆန်းတဲ့ နာမည်ကြောင့် ဒီတောင်ပေါ်ကို တက်ကြည့်မယ်လို့ စိတ်ကူးပေမယ့် အကောင်အထည်မဖော်ဖြစ်ဘူး။ ဒါ့ကြောင့် ဒီတစ်ခေါက် နေပြည်တော် – ရန်ကုန်ခရီးစဉ်မှာ ဝင် ဖြစ်အောင်ဝင်ခဲ့တယ်။ ကျားမြူးတောင်ရှိတဲ့နေရာက အမြန်လမ်း မိုင်တိုင် ၁၂၂ / ၅ မှာဖြစ်ပါတယ်။ နေပြည်တော်ဘက်က လာရင်ညာဘက်အခြမ်းမှာရှိပါတယ်။ ကားလမ်းပေါ်က လှမ်းကြည့်ရင် မုခ်ဦးနဲ့ စောင်းတန်းအမိုးကို လှမ်းမြင်ရတယ်၊သစ်တောဖုံးနေတဲ့အတွက်စေတီကိုမမြင်ရဘူး။တောင်ပေါ်မှာ ဘယ်လို အဆောက် အအုံတွေရှိတယ်ဆိုတာလည်း မသိနိုင်ဘူး။ အဝင်လမ်းက ကားတစ်စီးစာ ကွန်ကရစ်လမ်းဖြစ်ပါတယ်။ တောင်ခြေနားရောက်တော့ နောက် ထပ် မုခ်ဦးတစ်ခုတွေ့တယ်။ မုခ်ဦးအကျော်မှာ တောင်ပေါ်တက်တဲ့စောင်းတန်းရှိတယ်။ တောင်ခြေမှာ ကားရပ်ထားပြီး တောင်ပေါ်ကို စောင်းတန်းအတိုင်းတက်ရမယ်လို့ထင်ထား ပေမယ့် မဟုတ်ဘူး။ စောင်းတန်းဘယ်ဘက်မှာ […]

အင်းကြီးတောင်သမန်

” အင်းအိုင်ဝိုက်လည် မြို့ကြီးတည်ပြန် ၁၁၄၄ခုနှစ်က အမရပူရရွှေနိုင်ငံ ရေချိုတွင်းနဲ့ပျံ့နန်းလှန်……. ရွှေဘိုမင်းဆက်မှန်နန်းစံ အင်းကြီးတောင်သမန် ” ဆရာတင်တောင်သမန် သီးချင်းမှ )   တောင်သမန်တဲ့…..။ သူက အမရပူရမြို့မှာရှိတယ် ။ ရှေးကအမရပူရမြို့တော်သည် အရှေ့အောင်ပင်လယ် ၊ အရှေ့တောင်ရွှေစာရံ ၊ တောင်- ပလိပ်ရွာ၊ အနောက်တောင် တဘက်ဆွဲ၊ အနောက်မြောက်စစ်ကိုင်းတိုင်းနယ်မြေ ၊ မြောက်တောင် ကျုံးကြီးနှင့် အရှေ့မြောက်ဘက် သက်ကယ်ကျင်းအထိ ကျယ်ဝန်းသည် ။ ၁၁၄၄ ခုနှစ် ၊တပို့တွလ ဆန်း ၇ရက် အင်္ဂါနေ့တွင် မြို့တော်ရုံးတော်၊ ရွှေနန်းတော် ၊ ရွှေဂူတော် ၊ ကျောင်းတော် ၊ပိဋိကတ်တိုက်တော် ၊ ကန်တော်ဟူသော (၇) ဌာနကို တစ်ပြိုင်နက်တည်း ဆောက်လုပ်ကာ မြို့တော်တည်ခဲ့သည် ။ […]

ရန်ကုန်မြို့အနီးနားက ပန်းတစ်ပွင့်တောင်

ရန်ကုန်မြို့အနီးမှာလည်း တောင်တက်လို့ရပါတယ် အမြင့်ကြီး တော့ မဟုတ် ဘူးပေါ့ ဒါပေမဲ့လည်း ခရီး အဝေးလဲ မသွားနိုင် တောင်တက်ပြီး ခဏတာ စိတ်အပန်းဖြေချင်သူတွေ စိမ်းစိုနေတဲ့ သဘာဝပတ်ဝန်းကျင် မြင်ကွင်းတွေနဲ့အတူ လှပနဲ့ ကောင်းကင် ကြီးကို ခံစားချင်သူတွေအတွက်တော့ သွားလို့ အဆင်ပြေတဲ့တေနေရာလေးပါ။ ပန်းတစ်ပွင့်တောင် ပန်းတစ်ပွင့်တောင်ဘုရားကိုဖူး​မျှော်ပြီးသူတိုင်းဟာတဒင်ဂစိတ်အေးချမ်းမှုတွေကိုခံစားရပြီး ရင်ပြင်ပေါ်ကနေလှမ်းမျှော်ကြည့်ရင်မြင်ရတဲ့ရှုခင်းအလှအပတွေကြောင့် စိတ်အေးချမ်းမူရရှိစေမှာအမှန်ပါ လေကောင်လေသန့်လေတွေရှူရှိုက်ရင်းတောင်တန်းအလှအပများစွာကိုကြည့်ရူခံစားရင်းနဲ့အမောပြေစေမှာပါ။ ပန်းတစ်ပွင့်တောင် တောင်ပေါ်ရောက်ပြီဆိုတာနဲ့ ရှမ်းပြည်ရောက်သလိုမျိုးခံစားရတဲ့ ခံစားချက်လေးကဘာနဲ့မှလဲလို့မရတဲ့ခံစားမူမျိုးရမှာအသေချာပါ။ တောင်ပေါ်ဘုရားမှာအေးအေးဆေးဆေး လေငြင်းခံစားကြမယ် အခုလိုမိုးရာသီဆို အရင်ကထက်ပိုပြီစိမ်းလန်းစိုပြေတယ် တောင်တန်းကြီးအလှအပကိုတဝကြီးခံစားကြမယ် ပန်းတစ်ပွင့်တောင်ကျောင်းတိုက် (မှော်ဘီမြို့နယ်) လေထီး၁၆ မှတ်တိုင် ရောက်ရင် ညာဘက်ချိုး၍ 30 မိနစ်လောက်သွားရပါမယ် လမ်းနှစ်ခွတွေ့လျှင် ဘယ်ဘက်အတိုင်းသွားပါ။ နောက် ၁၅ မိနစ်ခန့်သွားလျှင် လမ်းခွဲ ထပ်တွေ့ပါမယ်။ ညာဘက်သွားရပါမယ်။ ဘယ်ဘက် ကသွားရင် ဖူးဂျီဆည် […]

ရေပြင်ပြာပြာအလယ်မှာ အုန်းပင်တွေကြားထဲနစ်နေတဲ့မြို့

ကိုကိုးကျွန်းမြို့ကို လေယာဉ်ဆင်းသက် ပါတော့မယ်လို့ စပီကာက ထွက်ပေါ်လာတဲ့ အသံချိုချိုလေးကြောင့် လေယာဉ်ပြတင်းပေါက်ကနေ အောက်ကိုကြည့်လိုက်မိတယ်။ အုန်းပင်တွေအများကြီး ပေါက်နေတဲ့ ကုန်းမြေလေးတစ်ခု။ သူ့ဘေးပတ်လည်မှာ ပြာလဲ့လဲ့ ရေပြင်ကျယ်ကြီး။ အဲဒီ ရေပြင်ကျယ်ကြီးပေါ်မှာ စစ်သင်္ဘောတွေ အစီအရီ။ မြင်ကွင်းက ဆန်းပြားပြီး လှပလို့နေတယ်။ ညနေ ၄ နာရီ ၅၅ မိနစ်မှာ ကျွန်တော်တို့တွေ ကိုကိုးကျွန်းပေါ်ကို ခြေချနိုင်ခဲ့ပါပြီ။ ကျွန်တော်တို့အဖွဲ့တွေ တည်းခိုမယ့်နေရာကို ပို့ပေးမယ့် စစ်ကားကြီးပေါ်မှာ တော်တော်ကြာကြာ ထိုင်နေရတယ်။ မသိရင်တော့ ကျွန်တော်တို့က တပ်သားသစ်တွေလိုလို။ တည်းရတဲ့နေရာကလည်း စစ်တန်းလျားလို့ခေါ်မလား၊ ဘားတိုက်လို့ခေါ်မလား။ အဲဒီမှာ အထုပ်အပိုးတွေချ ခဏနားပြီး စစ်ကားကြီးနဲ့လာခေါ်လို့ အားလုံးထလိုက်သွားကြတယ်။ ကားက ကျွန်းပတ်လမ်းကနေ ဖုန်တထောင်းထောင်းနဲ့ ပြေးနေတယ်။ လက်ဝဲဘက်မှာ ပင်လယ်ပြင်ပြာပြာကြီး၊ လက်ယာဘက်မှာ အုန်းတောစိမ်းစိမ်းကြီး။ တရိပ်ရိပ်ပြေးနေတဲ့ […]

Seville, Spain အပိုင်း(၃)

23 feb 22 ဒီနေ့အရင်သွားဖြစ်တာက Palacio de las Dueñas (Palace of the Dukes of Alba) ပါဘဲ။ မြန်မာအသုံးအနှုန်းနဲ့ဆို နန်းတော်ဟာ ဘုရင်နေတဲ့ အဆောက်အဦးပေမယ့် အနောက်နိုင်ငံတွေမှာတော့အဲလိုမဟုတ်ပါ။ ၁၅ရာစုအတွင်းက ဆောက်ခဲ့တဲ့ နှစ် ၅၀၀ကျော် အဆောက်အအုံမှာ သူကောင်းပြုခံထားရတဲ့ အထက်တန်းလွှာဝင်တွေ အဆက်ဆက်နေခဲ့တာမို့ US သမ္မတ Kennedyတို့လင်မယား တောင်တည်းခဲ့ကြသေးတယ်။ လက်ရှိ Dukes of Alba က သူ့နေအိမ်တစိတ်တဒေသကို အများပြည်သူ အခကြေးငွေနဲ့ ဝင်ကြည့်ဖို့ ပြတိုက်အဖြစ် ဖွင့်ပေးခဲ့တယ်။ စစချင်းမြင်လိုက်ရတဲ့ အသီးတွေခဲနေတဲ့ လိမ်မော်ပင်တွေ အဲဒီလိမ်မော်ပင်တန်းတွေရဲ့အောက်မှာ ရှင်သီဝလိဂမုန်း နဲ့ paradise bird လို့ခေါ်တဲ့ပန်းနဲ့ Cliviaလိမ်မော်ရောင် ပန်းပင်တွေရှိတယ်။ အဆောက်အဦးမျက်နှာပြင် […]

Seville, Spain အပိုင်း ၂

ဒီနေ့ကတော့ ဘယ်ရယ်မဟုတ် မြို့ဟောင်းဖက်ကို လမ်းလျောက်ကြတယ် ဒီမြို့က စပိန်နိုင်ငံ Andalusia ဒေသရဲ့ မြို့တော် စတုတ္ထအကြီးဆုံးမြို့ဆိုတော့ ရှေးခေတ်လက်ရာအဆောက်အဦးတွေနဲ့ မြို့ဟောင်းက ခပ်သေးသေးနဲ့ အလယ်မှာ ပတ်ပတ်လည်က နောက်ပိုင်းတိုးလာတဲ့ ဧရိယာက အရမ်းကျယ်တာပေါ့။ tourist တွေအားလုံးကျင်လည်တဲ့နေရာကလည်း ဒီမြို့ဟောင်းကွက်ကွက်လေးပဲ အမှန်အတိုင်းပြောရရင် နောက်ပိုင်းဆောက်တဲ့ အဆောက်အဦးတွေက ကိုယ့်မျက်လုံးထဲ တော်တော်မလှတာ အမိုးပြားပြားနဲ့ မီးခြစ်ဆံပုံးတွေလိုပဲ။ မြို့လယ်က ဥရောပ မြို့ဟောင်းအများစုထုံးစံအတိုင်း လက်နှစ်ဖက်ကို ဆန့်တန်းလိုက်ရင် ဘေးထိမတတ် လမ်းကျဉ်းကျဉ်းလေးတွေနဲ့ လမ်းခင်းထားတာက ရာစုနှစ်ပေါင်းများစွာသက်တမ်းရှိနေတဲ့ ကျောက်တုံးပြောင်ပြောင်လေးတွေနဲ့ ဘေးအိမ်နံရံတွေ ဝရံတာတွေမှာ ပန်းပင်တွေ တွဲလို့ချိတ်လို့ ရသလောက်စိုက်ပြီး သန့်လို့ရှင်းလို့ပါ။ ဒီတိုင်းကြည့်ရင် ရှိသမျှမြေမကျန်အောင် ပြွတ်သိပ်ဆောက်ထားသလိုထင်ရ လမ်းနဲ့အိမ် ထိတိုက်နေတဲ့ အပြင် အိမ်တွေနဲ့လည်း မြေလွတ်မရှိ ထိစပ်နေတော့ခြံဝင်းတံခါးဆိုတာမရှိဘူး နယ်သာလန်မှာလို အိမ်ရှေ့ပန်းခြံမရှိဘူး။ […]

Page 1 of 3
1 2 3