အပူဆုံးအချိန်တွေမှာ သတိနဲ့ဆင်ခြင်ကြစေချင်

ယခုနွေရာသီ အပူဒဏ်ကိုခံရတာကတော့ ကမ္ဘာကြီးမီးလောင်နေပြီလားလို့ အောက်မေ့ရပါတယ်။ အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်နေရတဲ့အထဲမှာမှ ဟိုနေရာ၊ သည်နေရာတွေမှာ ရှိူ့မီးကြောင့် လောင်ကျွမ်းတဲ့မီး၊ မတော်တဆကြောင့် လောင်ကျွမ်းတဲ့ မီးတွေအကြောင်းလည်း လူမှုကွန်ရက်ပေါ်ကနေ မြင်ကြားနေရပါတယ်။ လူရော၊စိတ်ရောပူလောင်နွမ်းလျကြရပါတယ်။ ယခုနှစ်နွေရာသီ ကမ္ဘာ့အပူဆုံး မြို့၁၅ မြို့မှာ မြန်မာနိုင်ငံက မြို့ ၆ မြို့ပါဝင်တယ်လို့ဆိုပါတယ်။ ချောက်မြို့က ကမ္ဘာ့အပူဆုံးမြို့ အဆင့် (၁) ၊ မကွေးမြို့က အဆင့် (၅) ၊ မင်းဘူးမြို့က အဆင့် (၈) ၊ ညောင်ဦးမြို့က အဆင့်( ၉)၊ တောင်ငူမြို့က အဆင့် (၁၀) နှင့် ပြည်မြို့ အဆင့် (၁၄) တို့ ဖြစ်တယ်လို့သိရပါတယ်။ ပူလောင်မူကိုခံစားရနေစဥ်မှာ လျပ်စက်မီးမမှန်တာကလည်း အခြေအနေကိုပိုဆိုးစေပါတယ်။ လျပ်စက်မီးမမှန်တဲ့အတွက် အစားအသောက်တွေ လတ်ဆတ်မှု […]

ဇီဝမျိုးစုံမျိုးကွဲများနှင့်အင်းလေးကန်ဇီဝအဝန်းနယ်​မြေ

ကမ္ဘာပေါ်မှာ အလှဆုံးကန်၊ အကြီးဆုံးကန်များရှိကြသည်။ တချို့ဆိုအသည်းပုံရေကန်များ၊ အနီရောင်ရေကန်များ၊ အပြာရောင်ရေငန်များစသည်ဖြင့် ရှိကြသည်။ စာရေးသူတို့နိုင်ငံမှာလည်း ကမ္ဘာ့ ရေကန်များနည်းတူ အသည်းပုံရေကန်လည်း ရှိပါသည်။ ထို့အတူ အကြီးဆုံးရေကန်များနှင့် ရေအိုင်များလည်း ရှိပါသည်။ ချင်းပြည်နယ်ရှိ အသည်းပုံရိဒ်ရေကန်၊ အင်းတော်ကြီးအိုင်၊ မိုးယွင်းကြီး အင်းနှင့် ယခုဖော်ပြမည့် အင်းလေးကန်တို့ဖြစ်သည်။ အင်းလေးကန်ကိုမြန်မာသာမက ကမ္ဘာကပင် သိကြသည်။ ကောင်းကင်ပြာပြာအောက်မှာ လှချင်တိုင်းလှနေသည်။ ရေပြင်ပေါ်တွင်စိမ်းစိုသော ကျွန်းမျှောစိုက်ခင်းများ၊ ရေပေါ်အိမ်များ၊ ခြေဖြင့်လှေလှော်နေသူများသည် အင်းလေးကန်၏ အလှပင် ဖြစ်ပါသည်။ အင်းရေပြင်ပေါ်တွင် စျေးရောင်းနေသောမြင်ကွင်း၊ လှေလှော်နေသောမြင်ကွင်း ၊ အင်းရေပင်ပေါ်တွင်ပျံသန်းနေသော ငှက်များ စသည်တို့သည် ရောင်စုံပန်းချီကားတစ်ချပ်ပမာ ဖြစ်နေသည်။ အင်းလေးကန်သည် မြန်မာနိုင်ငံ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်းရှိ ညောာင်ရွှေမြို့အနီးတွင် တည်ရှိသည်။​ မြန်မာနိုင်ငံရှိ ဒုတိယအကြီးဆုံးကန်ကြီး ဖြစ်သည်။ တောင်နှင့် မြောက် […]

သဘာဝကို လွမ်းတဲ့ဒဏ်တွေ

ခုနိုင်ငံတွင်းက လူတော်တော်များများမှာ သဘာဝကို လွမ်းတဲ့ဒဏ်တွေ အနည်းနှင့်အများခံစားနေကြရမှာ သေချာပါတယ်။ မြို့ပေါ်ကလူတွေက အခြေအနေအရ တောတောင်တွေဆီမသွားနိုင်။ တောကလူတွေက တောတောင်သဘာဝကို မခံစားအားတဲ့ အချိန်ပေကိုး။ သဘာဝနဲ့ထိတွေ့မှုနည်းတော့ သဘာဝကိုလွမ်းတဲ့ဒဏ် ခံစားကြရတယ်။ ဘာဒဏ်လဲဆို မွန်းကြပ်မှုဒဏ်ပေါ့။ တောတန်းလေးထဲမှာ လမ်းမလျှောက်ရတာ၊ မြစ်ကမ်းနဘေးမှာ လမ်းလျှောက်ရင်း မြစ်ကိုမငေးရတာ၊ တောင်ပေါ်ကိုတက်ပြီး လွင်ပြင်ကို အပေါ်စီးကမကြည့်ရတာ အချိန်တွေကြာညောင်းခဲ့ပါပြီ။ သဘာဝတရားဟာ လူ့စိတ်ကို နူးညံ့သိမ်မွေ့စေပါတယ်။ တင်းကြပ်နေတဲ့ စိတ်တွေကို ပြေလျော့စေပါတယ်။ လမ်းလျှောက်ဝါသနာပါသူတွေဟာ မြို့ပြင်တွေကိုလျှောက်ခွင့်မရတော့ ရပ်ကွက်ထဲပတ်လျှောက်နေကြရတယ်။ မြို့ပြင်မှာ ကွင်းပြင်တွေကိုငေး၊ လတ်ဆတ်တဲ့လေကိုရှုရတာလောက်တော့ ဘယ်လိုလုပ်မီပါ့မလဲ။ အရှုံးထဲက အမြတ်၊ အကောင်းထဲက အဆိုးလို့ဆိုရမယ့်အရာတစ်ခုက တော့ သဘာဝရဲ့တန်ဖိုးကို ပိုသိလာတာလို့ ဆိုရမှာပါ။ တောတောင်ရေမြေတွေရဲ့တန်ဖိုးဟာ ကြည့်ရတာတစ်ခုနဲ့တင် နည်းတဲ့တန်ဖိုးမဟုတ်ပါလားရယ်လို့ သိလာတာပါ။ စာရေးသူလိုဘဲ လူတော်တော်များများသိကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။ […]

သစ်ပင်ကြီးတွေစိုက်ပျိုးကြဖို့ လိုပြီ

ကျွန်တော်တို့နိုင်ငံမှာ စိုက်ပျိုးရေးဝါသနာပါသူတွေ ပေါပါသည်။ စိုက်ပျိုးရေးအဓိကနိုင်ငံဖြစ်တော့ စိုက်ပျိုးရေးဝါသနာက အနည်းနဲ့အများ လူတွေမှာရှိကြသည်။ သို့သော် အများစုဝါသနာပါသည့်စိုက်ပျိုးရေးသည် သီးနှံစိုက်ပျိုးရေးဖြစ်သည်။ ပန်းစိုက်ပျိုးရေးဖြစ်သည်။ အသီးအရွက် စိုက်ပျိုးရေးဖြစ်သည်။ တနည်းအားဖြင့် စီးပွားရေး၊ စားဝတ်နေရေးကို လပိုင်းအတွင်း ဖြေရှင်းနိုင်သည့် စိုက်ပျိုးရေးလုပ်ငန်း တွေကိုဖြစ်သည်။ စိုက်ပျိုးရေးဝါသနာပါသူတွေထဲမှာမှ သစ်ပင်ကြီးစိုက်ပျိုးတာကို ဝါသနာပါသူက တစ်ရာတွင် တစ်ယောက်ဆိုသလိုရှားပါးလှပါသည်။ ကျွန်တော်တို့သည် သဘာဝအလျောက်ပေါက်ခဲ့သော သစ်ပင်တို့ကိုသာ အစဥ်အဆက် အသုံးပြုခဲ့ကြသည်မှာ ယနေ့တိုင်ပင်ဖြစ်သည်။ အိမ်ဆောက်ဖို့ ခုတ်လှဲသော သစ်ပင်နေရာမှာ သစ်ပင်ကြီးတစ်ပင် အစားစိုက်ပျိုးခဲ့တာမျိုးမရှိသလောက်ပင်ဖြစ်သည်။ ထင်းအဖြစ်သုံးစွဲရန်ခုတ်လဲဲကြသော တောကသစ်ပင်တွေနေရာမှာလည်း ပြန်လည်စိုက်ပျိုးခြင်းမရှိကြချေ။ အရိပ်ရသစ်ပင်ကြီးတွေနှင့်ပတ်သက်လျင်လည်း ထို့အတူပင်ဖြစ်သည်။ ကျွန်တော်တို့သည် ကိုလိုနီခေတ်က ကျွန်တော်တို့ဘိုးဘွားတွေစိုက်ခဲ့သော လမ်းဘေးသစ်ပင်ကြီးတွေရဲ့ အရိပ်ကို ခိုကြရသည်။ ခေတ်သစ်မှာပြန်လည်စိုက် ပျိုးသည့်အပင်တွေရှိသော်လည်း ပမာဏ နည်းလှပါသည်။ ကျွန်တော်တို့သည် ကိုယ်အရိပ်ခိုရမည့်အပင်ကိုပင် မစိုက်နိုင်လောက်အောင် ဖြစ်ခဲ့ကြသည်၊ […]

ဝါးတောတွေ ထိန်းသိမ်းကြဖို့

ကျနော်ဟာ ဝါးတောကြီးတစ်ခုလုံး ပျောက်ဆုံးသွားတာကို ကိုယ်တွေ့ကြုံဖူးသူဖြစ်ပါတယ်။ ကျနော်တို့ငယ်ငယ်က မျှစ်ချိုး၊ မာလာဖူးချိူး၊ ကပြင်းရွက်ခူး၊ မှိုရှာရတဲ့ ဝါးတောဟာ ရွာအရှေ့ဘက်မှာရှိတာပါ။ ရွာကနေ ဆယ်မိနှစ်လောက် လမ်းလျှောက်ရင် ဝါးတောကိုရောက်ပါတယ်။ ဝါးတောဟာ လျှိုမြောင်သုံးခုရှိတဲ့နေရာမှာ နေရာအနှံ့ဝါးရုံတောတွေ ပေါက်ရောက်နေတာပါ။ ဝါးရုံပင်တွေပေါ်မှာ ရှဥ့်ကလေးတွေဟာ ဟိုခုန်သည်ကူးနဲ့ အကောင်ပေါင်းများစွာပါ။ ရှဥ်ကလေးတွေ ခုန်ကူးတာကို အတိုင်းသား မြင်နေကြရတာ သိပ်လှပါတယ်။ အိမ်အတွက် ဝါးလိုရင်လည်း အဲ့ဒီဝါးရုံတောကနေ ခုတ်ပြီး သယ်ခဲ့ရပါတယ်။ ကျနော်တို့ငယ်ငယ်က ဒီဝါးရုံတောကနေ ကစားစရာတွေရခဲ့တာကိုလည်း မမေ့နိုင်ပါ။ ပထမကစားစရာက ဝါးလှေပါ။ အလုံးကြီးတဲ့ ဝါးကိုခုတ်၊ အဆစ်နှစ်ခုပါအောင်ဖြတ်ပြီး ဝါးလှေကလေးလုပ်ကာ မြောင်းမချောင်းထဲမှာ ဆွဲခဲ့ရပါတယ်။ နောက်တစ်ခုက ” သစ်စေးဖောင်” လို့ ခေါ်တဲ့အရာပြုလုပ်ပြီး ပစ်ရတာဖြစ်ပါတယ်။ တစ်ကျပ်လုံးလောက်ရှိတဲ့ ဝါးကိုခုတ်ပြီး ဟိုဘက်ဒီဘက် ဒိုးယိုခေါင်းပေါင်ပါအောင် […]

ဇီဝမျိုးစုံ မျိုးကွဲများ ပျောက်ကွယ်သွားခဲ့ရင်

ကမ္ဘာမြေသာယာဖို့ နောင်မျိုးဆက်တွေ အသက်ရှင် ရပ်တည်ဖို့ ဇီ၀မျိုးစိတ်မျိုးကွဲ စုံလင်ကြပါစေ.. မြေကြီးကို၀ယ်လိုက်တာနဲ့ ပိုင်ဆိုင်တာ ကိုယ်တယောက်ထဲလို့ ထင်နေကြတာက လူတွေ တကယ်တော့ အဲ့ဒီမြေကြီးပေါ်မှာ မှီတင်းနေထိုင်တဲ့ သက်ရှိဇီ၀မျိုးစိတ်အရေအတွက်က မြေဧကပေါ်မူတည်ပြီး ရာချီ ထောင်ချီ သောင်းချီရှိနေနိုင်တယ်။ အရေအတွက်ဆိုတာ တခုချင်းကို ပြောတမဟုတ်ဘူးနော်။ တူရာမျိုးစိတ် အရေအတွက်ကိုပြောတာ။ အဆိုပါဇီ၀မျိုးစိတ်တွေထဲမှာ ယေဘုယျအားဖြင့် ကြွက်၊ ပွေး၊ ရှဉ့်၊ ယုန်၊ မြွေ၊ ငှက်၊ ဖား၊ တောက်တဲ့ စတာတွေအပြင် အင်းဆက်တွေ တီကောင်တွေ စတဲ့သက်ရှိတွေအပြင် အဏုဇီ၀ပိုးတွေ မှိုတွေ ဘက်တီးရီယားတွေ စတဲ့ ဇီ၀မျိုးစိတ်တွေက အမြောက်အများရှိနေတယ်။ အဆိုပါ ဇီ၀မျိုးစိတ် မျိုးကွဲစုံတွေက တခုနဲ့ တခု အစာကွင်းဆက်အရရော မျိုးပွားမှုဖြစ်စဉ်အရရော တခုနဲ့တခု အပြန်အလှန် အမှီသဟဲ နေထိုင်နေကြတယ်။ […]

ငယ်ငယ်က အော်ဂင်းနစ်သီးနှံတွေကိုသာ လွမ်း

ကျနော်ငယ်ငယ်က ကျနော်တို့ဒေသအခေါ် အင်ဒိုင်းတောထဲမှာ ကျနော့်အဒေါ်ကြီးနဲ့အတူ ခရမ်းချဥ်ခင်းလေး စိုက်ပျိုးခဲ့ဖူးတာကို ခုထိ အမှတ်ရနေတယ်။ ခရမ်းချဥ်ခင်လေးက ပေနှစ်ဆယ်၊ ပေလေးဆယ်လောက်တော့ရှိမှာပါ။ ဒီခင်ရမ်းချဥ်ခင်းလေးစိုက်စဥ်က ကျနော်ဆယ်နှစ်သားပဲရှိသေးတယ်။ အခင်းလေးကို အရိပ်တကြည့်ကြည့်ပေါ့။ ခရမ်းချဥ်ပင်ကနေ သီးကင်းတွေထွက်လာတော့ ပျော်လိုက်တာ။ ဒီအခင်းလေးထဲကို ကျနော်တို့ ဓာတ်မြေသြဇာမပြောနဲ့ ရိုးရိုးနွားချီးတောင် မထည့်ခဲ့ပါဘူး။ ပြောသာပြောရ အဲ့ဒီအချိန်တုန်းက မြေဆီလွှာပျက်စီးမှုဆိုတာ ကြားတောင်မကြားဖူးသေးပါ။ အခင်းကိုပေါင်းထိုးပေးရတာကလွဲရင် ဘာမှလုပ်စရာမလိုပါ။ ခရမ်းချဥ်သီးတွေကြီးလာတော့ နေ့တိုင်းသွားသွားကိုင်ကြည့်ပါတယ်။ စားလို့ရပြီလားပေါ့။ တစ်ရက်တော့ သုပ်စားလို့ရလောက်မယ့် ခရမ်းချဥ်သီးဆယ်လုံးနီးပါး အခင်းထဲကနေရှာလို့ရပါတယ်။ ညနေအိမ်ရောက်ရောက်ချင်းသုပ်ပြီး ညစာစားကြပါတယ်။ ဒီခရမ်းချဥ်သီးသုပ်ရဲ့အရသာကို ကျတော် အခုထိမမေ့နိုင်ပါ။ နှစ်ပေါင်းသုံးဆယ်ကြာတဲ့အထိပါပဲ။ ဒီနှစ်ခရမ်းချဥ်သီးတွေပေါ်တော့ ဒီလိုအရသာမျိုး နည်းနည်းမှရရဆိုပြီး ပေါ်ဦးပေါ်ဖျား စျေးကိုခဏခဏသွားရှာဝယ်သုပ်စားဖြစ်တယ်။ ဘယ်ကလာရပါတော့မလဲ။ ပြီးခဲ့တဲ့အပတ်က ကျတော်ဝမ်းချုပ်တော့ အမေက သင်္ဘောသီးစားလိုက်ဆိုပြီးပြောပါတယ်။ သင်္ဘောသီးက အမေစျေးကဝယ်လာတဲ့ ထိုင်ဝမ်သီးလို့ခေါ်ကြတဲ့ […]

ကိုလိုနီခေတ် သစ်တောထဲက သစ်ပင်တစ်ပင်ခုတ် ခွင့်

သစ်တောထဲက သစ်ပင်တစ်ပင်ကို ခုတ်ခွင့်ဘယ်သူ့ခွင့်ပြုချက်လိုပါသလဲ။ သစ်ပင်တစ်ပင်ခုတ်လို့ရပြီလို့ ဘယ်သူက သတ်မှတ်ပေးပါသလဲ။ ခုခေတ်တော့ ဘယ်လိုလုပ်ကြသလဲမသိပါ။ ဆရာကြီးရွှေဥဒေါင်း၏ တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များစာအုပ်တွင်တော့ ကိုလိုနီခေတ် သစ်ပင်ခုတ်ယူ ခွင့်သတ်မှတ်ပုံကို စိတ်ဝင်စားဖွယ်တွေ့ရပါသည်။ ဆရာကြီးသည် ၁၉၁၇ ခုနှစ်ကျော်လောက်က ထီးချိုင့်မြို့နယ်၊ မြတောင်ရွာမှာ သစ်တောအကောက်ဝန်ထောက်လုပ်နေသည့် သူ့သူငယ်ချင်း ကိုဝင့်မော်ထံအလည်အပတ်သွားခဲ့ပါသည်။ ထိုသို့အလည်အပတ်သွားရင်း သူ့သူငယ်ချင်း ကိုဝင့်မော်နှင့်အတူ သစ်တောကြီးထဲ သစ်သင်းလိုက်သွားခဲ့သည်။ သစ်သင်းသည်ဆိုသည်မှာ ကျွန်းပင်ကြီးများကို အပင်လုံးပတ် ပတ်ခြာလှည့် ခွန်နဲ့ခုတ်ပြီး အပင်ကို သင်းသတ်ပေးရခြင်း ဖြစ်သည်။ တောထဲရှိကျွန်းပင်များအနက်မှ ဥပဒေစည်းကမ်းနဲ့ညီသော ကျွန်းပင်များကို ဝန်ထောက်ကိုဝင့်မော်နှင့် တောအုပ်၊တောခေါင်းများက သတ်မှတ် ပေးကြရသည်။ ပထမဦးစွာ ဥပဒေစည်းကမ်းနဲ့ညီသော အပင်များကို တောအုပ်၊တောခေါင်းများက ရွေးချယ်ပြီး အကောက်ဝန်ထောက် ကိုဝင့်မော်ကို ခေါ်ပြရသည်။ ဝန်ထောက်ကိုဝင့်မော်ကဥပဒေစည်းကမ်းနဲ့ညီသည်ဟု သတ်မှတ်ကာ လက်မှတ်ထိုးပြီးမှ ထိုအပင်ကို […]

ရွှေ့ပြောင်းခရီးသွား ဆောင်းခိုငှက်ကလေးတို့၏ သဘာဝများ

မိုးရာသီ ကုန်ဆုံး၍ တိမ်များကင်းစင်သော ဆောင်းဝင်စ ညနေခင်းများတွင် ကောင်းကင်၌ငှက်ကလေးများ အုပ်စုဖွဲ့ အပြိုင်အဆိုင် ပျံသန်းနေကြသည်ကို မြို့ပြတွင်နေနေ၊ ကျေးလက်တွင်နေနေ မြင်ဖူးကြပါ လိမ့်မည်။ ထိုငှက်လေးများသည် ဘယ်ကနေလာပြီး ဘယ်ကိုသွားနေကြသည် ဆိုတာကို မေးခွန်းထုတ် စပ်စုဖူးကြလိမ့်မည် ထင်ပါသည်။ ထိုသို့ အုပ်စုဖွဲ့ ရွှေ့ပြောင်းပျံသန်းလေ့ရှိသော ငှက်အုပ်စုတစ်မျိုးကို ရေပျော်ငှက် (Shorebirds)ဟူ၍ ခေါ်ကြပါ သည်။ မြင်ဖူးနေကြ ဗျိုင်း၊ ဇင်ယော်၊ ပျံလွှားများသည် ရေပျော်ငှက်အုပ်စုဝင်များ ဖြစ်ပါသည်။ ရေပျော်ငှက် (ဆောင်းခိုငှက်) ဆိုသည်မှာ ရေတိမ်ပိုင်း(သို့)ရေကန်များ၊ မြစ်ချောင်းများနှင့် ပင်လယ်များ၏ ရွံ့နွံကဲ့သို့ ပျော့ပျောင်းသော ကမ်းစပ်တလျောက်တွင် ကျက်စားကြသော ငှက်မျိုးစိတ်များဖြစ်ကြပါသည်။ ရေပျော်ငှက်များ ကျက်စားလေ့ရှိသော နေရာများမှာ ရေချိုရေငန်ထိတွေ့ရာ မြစ်ဝနှင့် ပင်လယ်ဝ ဒေသများ၊ ဒီရေအတက်အကျရှိသော ရွံ့လတာပြင်များ၊ မြက်ခင်းပြင်များနှင့် […]

“သစ်တောပြုန်းတီးခြင်းအတွက် အလားအလာကောင်း(သို့မဟုတ်) ရေရှည်ထိန်းသိမ်းနိုင်တဲ့ သစ်ပင်တွေဆီမှ သစ်သား”

တစ်နှစ်မှာ ၁၅ ဘီလီယံသော အပင်တွေက ခုတ်လှဲခံနေရပါတယ်။ ကမ္ဘာ အနှံ့အပြားမှာ သစ်တော ပမာဏ နည်းလာပြီး သစ်တောပြုန်းတီးမှုဟာ ဂေဟစနစ်ကို ထိခိုက်စေ နိုင်တာပဲ ဖြစ်ပါတယ်။မိုးသစ်တော၊မုတ်သုံတောလို သစ်တောတွေ သာမက ဒီရေတော ပြုန်းတီးမှု ကလည်း အာရုံစိုက်သင့်တဲ့ ပြဿနာတစ်ခု ဖြစ်လို့ နေပါတယ်။ လူ့အသုံးအဆောင် ပစ္စည်းတွေဖြစ်တဲ့ စားပွဲ၊ထိုင်ခုံ၊ ကုတင် ၊မှန်တင်ခုံ စတာတွေသာမက ဂျပန်နိုင်ငံမှာဆိုရင် ရိုးရာ အိမ်တွေကို သစ်သားနဲ့ ဆောက်လုပ် ကြတာကြောင့် သစ်ထုတ်လုပ်မှု ပမာဏတွေ မြင့်တက်ခဲ့သလို သစ်ဈေးကွက် ကလည်း တန်ဖိုးကြီးမြင့်တဲ့ အခြေအနေတစ်ခုမှာ ရှိနေခဲ့ပါတယ်။ သစ်ပင်တွေ ပြန်လည်စိုက်ပျိုးဖို့ကိုပဲ ပညာရှင်အားလုံးက အကြံပြုခဲ့ပါတယ်။ ဒီလိုပဲ ခေတ်စနစ်ရဲ့ သုတေသနတွေနဲ့ အားလုံးရဲ့ အလိုရမ္မက်တွေကို ဖြည့်ဆည်းပေး နိုင်မယ့် […]

Page 1 of 7
1 2 3 4 5 6 7