အနာဂါတ်ရောင်ခြည်ခေတ်သို့

စာအုပ်သက်တမ်းက ၅၄ နှစ်ရှိပါပြီ၊ တော်လေးလည်း ဟောင်းနေလို့ greenness အနေနဲ့ ခက်ခက်ခဲခဲ သိမ်းထားရတဲ့ စာအုပ်လေးပါ။ ဒီစာအုပ်ထဲမှာတော့ နေဗိမာန်အကြောင်း အသေးစိတ် ဖတ်ရှုရမှာဖြစ်ပြီး နေစွမ်းအင်ရှာဖွေတွေ့ရှိမှု ၊ နေ၏ အလင်းရောင်ခြည် ကမ္ဘာမြေ ပေါ်ရှိလူသားတွေကို အကျိုးပြုပုံ ၊ အလင်းသုံးဓာတုဗေဒ၊ နေခြည်သုံးပြီး တီထွင်ပျံသန်းမှုများ ၊ နေအား လျှပ်စစ်အကြောင်းတစေ့တစောင်းနဲ့ နေအင်အား တခေတ်ဆန်းချိန် စတဲ့ စိတ်ဝင်စားဖွယ်တွေကို ဖတ်ရှုရမှာဖြစ်ပါတယ်။ မူရင်းစာရေးသူက ဒီစာအုပ်ကို ရေးသားစဥ်မှာ နေဗိမာန်ကြီးကို မျက်လုံးအစုံမှာ ထင်ယောင်မြင်ယောင်လျက် ရေးသားထားတယ်လို့ ဆိုထားပါတယ်။ တောတော်လေးပြည့်စုံကောင်းမွန်သလို ဗဟုသုတများစွာပေးစွမ်းနိုင်မယ့် စာအုပ်ကောင်းတစ်အုပ်ပါ။ ဆရာဦးစံမြင့်အောင်က ဘာသာပြန်ဆိုထားတာဖြစ်ပါတယ် ။ အဖုံးဒီဇိုင်းကို ဦးသောင်းလှရေးဆွဲပြီး ၁၉၆၉ ခုနှစ်မှာ ပထမအကြိမ် အဖြစ် အုပ်ရေ ၃၀၀၀ […]

အနာဂတ်ရောင်ခြည်ခေတ်သို့

စာအုပ်သက်တမ်းက ၅၄ နှစ်ရှိပါပြီ၊ တော်လေးလည်း ဟောင်းနေလို့ greenness အနေနဲ့ ခက်ခက်ခဲခဲ သိမ်းထားရတဲ့ စာအုပ်လေးပါ။ ဒီစာအုပ်ထဲမှာတော့ နေဗိမာန်အကြောင်း အသေးစိတ် ဖတ်ရှုရမှာဖြစ်ပြီး နေစွမ်းအင်ရှာဖွေတွေ့ရှိမှု ၊ နေ၏ အလင်းရောင်ခြည် ကမ္ဘာမြေ ပေါ်ရှိလူသားတွေကို အကျိုးပြုပုံ ၊ အလင်းသုံးဓာတုဗေဒ၊ နေခြည်သုံးပြီး တီထွင်ပျံသန်းမှုများ ၊ နေအား လျှပ်စစ်အကြောင်းတစေ့တစောင်းနဲ့ နေအင်အား တခေတ်ဆန်းချိန် စတဲ့ စိတ်ဝင်စားဖွယ်တွေကို ဖတ်ရှုရမှာဖြစ်ပါတယ်။ မူရင်းစာရေးသူက ဒီစာအုပ်ကို ရေးသားစဥ်မှာ နေဗိမာန်ကြီးကို မျက်လုံးအစုံမှာ ထင်ယောင်မြင်ယောင်လျက် ရေးသားထားတယ်လို့ ဆိုထားပါတယ်။ တောတော်လေးပြည့်စုံကောင်းမွန်သလို ဗဟုသုတများစွာပေးစွမ်းနိုင်မယ့် စာအုပ်ကောင်းတစ်အုပ်ပါ။ ဆရာဦးစံမြင့်အောင်က ဘာသာပြန်ဆိုထားတာဖြစ်ပါတယ် ။ အဖုံးဒီဇိုင်းကို ဦးသောင်းလှရေးဆွဲပြီး ၁၉၆၉ ခုနှစ်မှာ ပထမအကြိမ် အဖြစ် အုပ်ရေ ၃၀၀၀ […]

ဖောက်ပြန်လာသောရာသီဥတုနှင့် လူသားအချို့၏နမော်နမဲ့မှုများ

ဒီစာအုပ်ကတော့ ဆရာ ဦးမြင့်ဝေ ရေးသားထားတဲ့ ဖန်လုံအိမ်အာနိသင်ဆိုသည်မှာ အဘယ်နည်း ၊ ရာသီဥတု ပိုမိုနွေးထွေးလာသည် ဆိုသည်မှာ အမှန်ပင်လော ၊ မုန်တိုင်းနောက်တစ်ခေါက်လာရင်ဘယ်လိုရင်ဆိုင်ကြမည်နည်း ၊ ရာသီဥတု မဖောက်ပြန်ရအောင် ဘယ်လိုသတိရှိရှိနေထိုင်သင့်ပါ သနည်း စသော ပြည်သူတွေသိလိုနေကြသည့်မေးခွန်း များကို စာရင်းဇယားများဖြင့် တင်ပြထားသည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်သည်။ လေ့လာလိုသူများ၊ ဗဟုသုတအနေဖြင့် ဖတ်မှတ်လိုသူများ ဖတ်သင့်သည့်စာအုပ်ဖြစ်သောကြောင့် greenness က ဖော်ပြလိုက်ခြင်း ဖြစ်ပါသည်။ ၂၀၀၈ ခုနှစ်တွင် ပထမအကြိမ်အဖြစ်ထုတ်ဝေခဲ့သည့်အတွက် စာအုပ်ကိုတော့ ရှာဖို့ ခက်ခဲသွားပြီဟု ဆိုရမည် ဖြစ်သည်။

အသက်သခင်ရေ

ရေသည်လူသားတို့အတွက် အသက်သခင်ဖြစ်သည်။ အသုံးမပြုတတ်လျှင်မှုကား ရောဂါဝေဒနာပေါင်းစုံနှငိ့ ရင်ဆိုင်ရနိုင်ချေ ရှိသည် ။ ထို့ကြောင့် ရေမည်မျှသောက်ရမည် ၊ မည်သည့်အချိန်သောက်ရမည်။ ရေသောက်ခြင်းရဲ့ အကျိုးကျေးဇူးများနဲ့ ရေများများ သောက်သင့်သူနှင့် မသောက်သင့်သူများ ၊ ရေကြောင့်ဖြစ်သော ရောဂါတွေအကြောင်းကိုအသေးစိတ်ဖတ်ရှုရမယ့် ဆရာ ဒေါက်တာသန်းထွန်းဝေ ရေးသားထားတဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့စာအုပ်ကောင်းတစ်အုပ်ပါ။ ဆရာဦးကျော်ဒင်က ပန်းချီ ရေးဆွဲထားပြီး ၁၉၇၉ ခုနှစ် တွင် ပထမအကြိမ်အဖြစ် ထုတ်ဝေခဲ့ပါတယ်။

မြန်မာ့ဆင်

ဒီစာအုပ်ကတော့ တိရစ္ဆာန်ဆေးကုဆရာဝတ်တစ်ယောက်ဖြစ်တဲ့ ဆရာ အောင်စိုးရေးသားထားတဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်သလို စာပေဗိမာန်စာမူဆုလည်း ရရှိထားတဲ့စာအုပ်ဖြစ်ပါတယ်။ ဒီစာအုပ်မှာ ဆင်များပေါ်ပေါက်လာသော ကမ္ဘာဦးအစ ၊ ဆက်နဲ့ပတ်သက်တဲ့ သိပ္ပံ နည်းကျ အယူအဆတွေ ၊ ရွှေနန်းသုံးဆင် ၊ ဆင်ရောဂါများ အကြောင်း ၊ ဆင်လုပ်သားတွေအကြောင်း နဲ့ အခြား ဆင်နဲ့ပတ်သက်တဲ့ ဗဟုသုတများစွာပါဝင်ပြီး စိတ်ဝင်စားစရာအကြောင်းအရာတွေကို အသေးစိတ် ဖတ်ရှုရမယ့် စာအုပ်ကောင်းတစ်အုပ်ပါ။ အဖုံးပန်းချီကို ​ဆရာမြတ်ဟန် ရေးဆွဲထားပြီး ပထမအကြိမ်အဖြစ် ၁၉၉၅ ခုနှစ်မှာ ထုတ်ဝေခဲ့ပါတယ်။

ရုက္ခဗေဒအဖွင့်နိဒါန်း

ဒီစာအုပ်ကတော့ သက်ရှိသက်မဲ့တို့ရဲ့ ခြားနားချက်များ ၊ သစ်ပင်နှင့်သတ္တဝါတို့၏ ဝိသေသ လက္ခဏာများ ၊ သဘာဝမျှတခြင်းသို့မဟုတ် သဘာဝ ပြေပြစ်မျှတမှု ၊ ရုက္ခဗေဒ မှ ဖြာထွက်သော ဘာသာရပ်အချို့ အပင်လောက မျိုးစေ့ဝှက်ပင် တွေအကြောင်း ၊ သစ်စေ့အကြောင်း ၊ အပင်ပေါက်ခြင်း ၊ သစ်မြစ်အကြောင်း ၊ ပင်စည်အကြောင်း ၊ သစ်ရွက်အကြောင်း ၊ အပွင့်အကြောင်း၊ အသီးအကြောင်း နဲ့ ဖီဆိုအိုလိုဂျီ အကြောင်း စတဲ့ အကြောင်း အရာတွေကို အသေးစိတ်ဖတ်ရှု ရမယ့် စာအုပ်ကောင်းတစ်အုပ်ပါ။ ၁၉၆၈ ခုနှစ်မှာ ပထမအကြိမ်အဖြစ် အုပ်ရေ ၃၀၀ ထုတ်ဝေခဲ့ပြီး စာမျက် နှာ ၃၀၂ ပါဝင်ပါတယ်။ စာအုပ်လေးက နှစ်တွေကြာနေပြီဖြစ်လို့ ရဖို့တော့သိပ်မလွယ်ပါဘူး။ ရှာတွေ့ရင်တော့ […]

မြန်မာ့မုတ်သုံ

ဒီစာအုပ်ကတော့ ဆရာ နိုင်ရွှေမိုးရေးသားထားတဲ့ ပင်လယ်လေညင်း၊ ကုန်းလေညင်း ၊ နွေမုတ်သုံဖြစ်စဥ် ၊ ဆောင်းမုတ်သုံဖြစ်စဥ်၊ ရုရှားသုတေသီ သတ်မှတ်ထားသော မုတ်သုံရပ်ဝန်းတွေအကြောင်း ၊ ပါမောက္ခရာမေ့ချ်ရဲ့ သတ်မှတ်ချက်နဲ့ ကိုညီသော မုတ်သုံရပ်ဝန်းများ ၊ အီကွေတာအောက် ကမ်းရိုးတန်းအောက် ရေလှန်မှု ဖြစ်စဥ်တွေနဲ့ အခြား ဗဟုသုတ များစွာရရှိစေမယ့် သဘာဝပတ်ဝန်းကျင်နဲ့ ရာသီဥတု၊ မိုးလေဝသဆိုင်ရာ စိတ်ဝင်စားသူတွေအနေနဲ့ ဖတ်ရှု သင့်တဲ့ စာအုပ်ကောင်းတစ်အုပ်ပါ။ ၂၀၀၃ ခုနှစ်မှာ ပထမအကြိမ် အဖြစ် အုပ်ရေ ၃၅၀၀ ထုတ်ဝေခဲ့ပါတယ်။ စာအုပ်က ဆိုဒ်ကြီးဖြစ်ပြီး စာမျက်နှာ ၁၅၁ ပါဝင်ပါတယ်။

ဥတုရာသီတည်ငြိမ်ရေး

ဒီစာအုပ်ကတော့ တက္ကသိုလ် တင်လကျာ် ရေးသားထားတဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ခြင်းဆိုင်ရာ အကြောင်းအရာတွေကို ကြိုက်နှစ်သက်သူတွေအနေနဲ့ ဖတ်ရှုသင့်ပြီး ဗဟုသုတများစွာ ရရှိစေမှာဖြစ်ပါတယ်။ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်း ကာကွယ်ချင်တယ်ဆိုရင် မိမိကိုယ်တိုင်လည်း ပါဝင် ဆောင်ရွက် ဖို့လိုကြောင်း အသိပေးထားပါတယ်။ သစ်တောပညာရှင် ကမ္ဘာမြေချစ်သူ ဦးအုန်းအပါအဝင် သစ်တောပညာရှင်တွေက အမှာစာ ရေးပေးထားပါတယ်။ ၂၀၁၁ ခုနှစ်တွင် ပထမအကြိမ်အဖြစ် အုပ်ရေ ၁၀၀၀ ထုတ်ဝေခဲ့ပြီး စာမျက်နှာ ၁၄၈ ပါဝင်ပါတယ်။ စာအုပ်ကတော့ စာအုပ်အဟောင်းဆိုင်တွေမှာ တခါတရံတွေ့ရတတ်ပါသေးတယ်။

အနူမြူဗဟုသုတ

ဒီစာအုပ်ကတော့ ဆရာ ဦးခင်လေး ဘာသာပြန်ဆိုထားတဲ့ အနုမြူ အခြေ ခံသဘောတရား ၊ ဖြစ်တည်မှု ၊ ပေါက်ကွဲ ခြင်း ၊ သေးငယ်သော အနုမြူမှ ကြီးသော အနုမြူ သို့ပြောင်းလဲ ပုံနဲ့ လူအများအတွက် ပို၍ လျှပ်စစ်ဓာတ်အားအသုံးချနိုင်ရေးအတွက် အနုမြူစွမ်းဆောင်ချက်တွေကို အသေးစိတ် ဖတ်ရှုရမှာဖြစ်ပြီး သဘာဝပတ်ဝန်းကျင် အကြောင်း စိတ်ဝင်စားသူတွေအနေနဲ့ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းတစ်အုပ်ပါ။ ၁၉၆၅ ခုနှစ် တွင် ဒုတိယအကြိမ် အဖြစ် ထုတ်ဝေခဲ့ ပြီး စာမျက်နှာ ၃၂၀ ပါဝင်ပါတယ်။ စာအုပ်သက်တမ်းကကြာနေပြီဖြစ်လို့ ဝယ်ယူရရှိနိုင်ဖို့တော့ မသေချာပါဘူး။

ကန်ထဲကရေ ၊ သဲထဲကရေ

ဒီစာအုပ်ကတော့ ဆရာအေးမြင့် ( ညောင်တုန်း) စီစဥ်တင်ပြထားတဲ့ ရေကန်ငယ်များတွင် ရေငွေ့ပြန်ခြင်းကြောင့် ရေခန်းခြောက်မှု သက်သာစေသောနည်းများနဲ့ ရေရှားပါးသောဒေသသဲချောင်းများတွင် မြေအောက် ရေလှောင်ကန်များတည်ဆောက်ရေးနည်းလမ်းများနဲ့ သောက်သုံးရေကန်များ ၊ ဆည်ကန်ငယ်များ ရေမခန်းခြောက်စေသောနည်းလမ်းများ ၊ သဲချောင်းများတွင်ရေစုဆောင်းရေးနည်းလမ်းများနှင့်မြေအောက်ရေအကြောင်း ၊ပါဝင်ရေးသားကြသူ ပညာရှင်တွေရဲ့ သုံးသပ်ချက်တွေနဲ့ အခြား စိတ်ဝင်စားဖို့ကောင်း တဲ့ အကြောင်း အရာ ကောင်း များစွာကို ဖတ်ရှုရမယ့် စာအုပ်ကောင်းတစ်အုပ်ပါ။ ၂၀၂၃ ခုနစ် တွင် ပထမအကြိမ် အဖြစ်အုပ်ရေ ၈၀၀ ထုတ်ဝေခဲ့ပြီး စာမျက်နှာ ၃၉၈ ပါဝင်ပါတယ်။ အသစ်ထုတ်ထားတာမို့ စာအုပ်က ဆိုင်တွေမှာရနိုင်ပါသေးတယ်။

Page 1 of 3
1 2 3