ကချင်မှာ မြေရှားသတ္တုစွန့်ပစ်ရည်ကြောင့် ဒေသခံ သုံးရာနီးပါး အရေပြားရောဂါဖြစ်နေ

■ ကချင်ပြည်နယ် လိုင်ဇာနဲ့ မိုင်ဂျာယန်မြို့ကြားမှာရှိတဲ့ အင်ခေါင်းပါရွာက မြေရှားသတ္တုတူးဖော်ရာမှာအသုံးပြုတဲ့ ဓာတုစွန့်ပစ်ပစ္စည်းတွေကြောင့် ဒေသခံ သုံးရာနီးပါး အရေပြားရောဂါ ဖြစ်နေတယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ပြောပါတယ်။ မြေရှားသတ္တုကန်က စွန့်ပစ်ရည်တွေဟာ အင်ခေါင်းပါရွာအနီးက ချောင်းထဲကိုစီးဆင်းနေပြီး အဲဒီချောင်းရေကို အသုံးပြုရာကနေ အရေပြားရောဂါဖြစ်နေကြတာလို့ ဆိုပါတယ်။ လက်ဖဝါး၊ ခြေထောက်နဲ့ ခန္ဓာကိုယ်မှာဖြစ်ပွားနေတာလို့ အင်ခေါင်းပါရွာက လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။ “ဒီလိုမျိုး တစ်ခါမှမဖြစ်ဖူးဘူး။ ကျွန်တော်တို့ရွာက ချောင်းရေကိုပဲ အဓိက အသုံးပြုကြတာ။ အနာဖြစ်တယ်ဆိုတာ မရှိခဲ့ဘူး။ ပြီးခဲ့တဲ့နှစ်က ရွာအနီးမှာ မြေရှားတူးဖော်ရေးလုပ်ငန်းတွေ စတယ်။ အဲဒီမြေရှားတူးဖော်တဲ့ သတ္တုကန်တွေကနေ အက်ဆစ်ရည်လို အပြင်းစား အသုံးပြုထားတဲ့ စွန့်ပစ်ရည်တွေ ထုတ်တော့ ချောင်းထဲကို သွန်တာ။ အဲဒါကို သုံးမိပြီး အနာတွေ […]

ရမ်ဆာဒေသအဖြစ် သတ်မှတ်ထားသော အင်းတော်ကြီးကန်အတွင်းသို့ ရွှေတူးဖော်သည့် စွန့်ပစ်မြေနှင့် ရေများ ဝင်ရောက်မှု များပြားလာ

နိုင်ငံတကာ အရေးပါသော ရေတိမ်ဒေ သ အထူးသဖြင့် ရေပျော်ငှက်များကျက်စားရာ ဒေသအဖြစ် (ရမ်ဆာဒေသ- Ramsar Site အဖြစ် ) ထည့်သွင်းသတ်မှတ်ထားသော အင်းတော်ကြီးကန်အတွင်းသို့ ရွှေတူးဖော်သည့် စွန့်ပစ်မြေနှင့်ရေများ ဝင်ရောက်မှုများပြားလာ ကြောင်း သတင်းရရှိသည်။ ကချင်ပြည်နယ် အင်းတော်ကြီးကန်အ နီးရွိ ကျေးရွာများဖြစ်သည့် မိုင်းနောင်ကျေးရွာ နှင့် မန်မုံကိုင်ကျေးရွာအနီးရှိ ရွှေတူးဖော်ထုတ် လုပ်သည့်လုပ်ငန်းများမှ စွန့်ပစ်မြေနှင့် ရေ များသည် အင်းတော်ကြီးကန်အတွင်းသို့ တိုက် ရိုက်စီးဝင်နေပြီး ဝင်ရောက်သည့်ပမာဏ သိသာစြာ များပြားလာခြင်းဖြစ်ကြောင်း သိရ သည်။ မိုင်းနောင်ရွာနဲ့ မန်မံကိုင်ရွာနားမှာ မျော တွေလုပ်တော့ (ရွှေတူးဖော် ) မျောမြီးရေတွေ၊ နွံတွေက ( ရွှေတူးဖော်သည့်စွန့်ပစ်မြေစာများ) မိုင်းနောင်ချောင်းနဲ့ မန်မုံကိုင်ရွာနားမှာရှိတဲ့ ချောင်းထဲကတစ်ဆင့် အင်းထဲကို ရောက်ကုန် တာ။ […]

လီသီယံတွေကို ပြန်သုံးလို့ မရရင်တော့ ကမ္ဘာပေါ်မှာ အမှိုက်အဖြစ်စုပုံ လာမှာပါ

ယနေ့ ကမ္ဘာကြီးရဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းတွေ ၊ ကမ္ဘာကြီးပူနွေးလာမှုကို ကာကွယ်ဖို့ အတွက် ကာဗွန်ထုတ်လုပ်မှု ကိုလျှော့ချနိုင်ဖို့ ၊ ရုပ်ကြွင်းလောင်စာအစားထိုး လျှပ်စစ်မိုးဘိုင်းလုပ်ငန်းတွေ ကို ဖွံ့ဖြိုး ဖို့အတွက် ဆိုရင် လျှပ်စစ်ကို သိုလှောင်ပြီး သယ်ဆောင်သွားလို့ ရတဲ့ ဘတ်ထရီတွေ ရဲ့ အခန်းကဏ္ဍက အရေးပါတဲ့ နေရာမှာ ရှိပါတယ်။ လျှပ်သို ပစ္စည်းတစ်မျိုး ဖြစ်တဲ့ ဘတ်ထရီတွေက အက်ဒီဆင် မတိုင်ခင်ကတည်းက နေ ယနေ့ အထိ အဆင့်ဆင့် ပြောင်းလဲတိုးတက်ခဲ့ပါတယ် ၊ ဧရာမ အိုးကြီး တွေကနေ သေးငယ်ဆုံး ဆဲလ်ကလေးတွေ အထိ တီထွင်လာခဲ့ကြပါတယ်။ နောက်ဆုံးပေါ် အဖြစ်နဲ့ လစ်သီယံ ဓာတ်စင်သုံး ဘတ်ထရီတွေက လျှပ်စစ်ကို အကြာကြီး နဲ့ အမျာကြီး […]

ပလပ်စတစ် အစားထိုး ရေမှာပျော်နိုင်တဲ့ ကြွပ်ကြွပ်အိတ်ကို အင်ဒိုနီးရှားမှာ ထွင်နိုင်ပြီ

ကုလသမဂ္ဂ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပရိုဂမ် ( UNEP) ရဲ့အစီရင်ခံစာအရ ကမ္ဘာမှာ ပလပ်စတစ်ကို နှစ်စဉ်တန် ၃၀၀ ကျော်ထုတ်လုပ်နေပါတယ် ၊ ပြန်သုံးလို့ ရတာ၉% ပဲရှိပါတယ်။ ကျန်တဲ့ ၉၀% ကျော်က အမှိုက်အဖြစ်နဲ့ မြေပြင်ပေါ်မှာ ရေထဲမှာ ရောက်သွားတာပါ။ အခုတော့ သမုဒ္ဒရာတွေထဲကို ကမ္ဘာကမြစ်ကြီးတွေက ပလက်စတစ်တွေကို သယ်ယူပြီးပို့ချပေးနေပါတယ်။ အေဗာနီအီကို လို့ခေါ်တဲ့ အင်ဒိုနီးရှားကုမ္ပဏီတစ်ခုက ပလက်စတစ်ကြွပ်ကြွပ်အိတ်ကို အစားထိုးဖို့အတွက် နည်းပညာတစ်ခုကိုသုံးပြီး ရေထဲမှာပျော်တဲ့ ကြွပ်ကြွပ်အိတ် တစ်မျိုးကို တီထွင်နိုင်ခဲ့ပါတယ်။ အေဗာနီက သူတို့ ဝက်ဘ်ဆိုက်မှာ ကျနော်တို့ တစ်ခါသုံး ကြွပ်ကြွပ်အိတ်တွေကို စားထိုးနိုင်ပါပြီ။ သဘာဝဘေးအန္တရာယ်လည်မဖြစ်ဘူး ၊ အဆိပ်လည်း မသင့်နိုင်ဘဲ။ မီးရှို့စရာလည်းမလိုဘူး၊ ရေနဲ့ဖျော်လိုက်တာနဲ့ ရေထဲမှာ ပျော်ဝင်သွားလို့ စွန်ကပစ်ရတာမခက်ခဲတော့ ဘူး […]