မိုးယွန်း​ကြီးရေတိမ်ဒေသမှ ငှက်ကလေးတွေ….

World Wetlands Day 2022 (2-feb) ကမ္ဘာ့ရေတိမ်ဒေသများနေ့အတွက် မိုးယွန်း​ကြီးရေတိမ်ဒေသမှ ငှက်ကလေးတချို့ကိုဖော်ပြပေးလိုက်ရပါတယ်။ Photo by Lin Aung Pyae ကြာဖက်နင်းငှက်ကလေးများ ပျံလွှားငှက်ကလေးများ တင်ကျီးနှင့်ဗျိုင်းကြီးများ ဗျိုင်းကြီး ဗျိုင်းကြီးနှင့်ကျွဲကျောင်းဗျိုင်း ခရုစုပ်ငှက်နှင့်ဒေါင်းလန်းခြေထောက်ငှက်များ ခရုစုပ်ငှက်များ စစ္စလီများ ရေညှောင့်ငှက် မယ်ညိုငှက်များ ငဟစ် မြစ်တွေးငှက် ဥပန်းငှက်

ရေပျံကြီးရေတံခွန်

ရှမ်းပြည် တောင်ပိုင်းနဲ့ မြောက်ပိုင်း ပေါင်းကူးပေးရာ နောင်ချိုမြို့အနီးက ဒုဋ္ဌဝတီတံတားအနီးမှာ ရှိပါတယ်။ ညောင်ရွှေ၊ ရပ်စောက်၊ နောင်ချိုလမ်းအတိုင်း တောင်ပိုင်းကနေလည်း သွားလို့ရပါတယ်။ ဓာတ်ပုံ-စိုင်းစွမ်

မြန်မာပြည်မြောက်ဖျားက ပူတာအို

ကမ္ဘာမှာ နှင်းတွေ ရေခဲတွေ ဖုံးလွှမ်းတဲ့ဒေသကို ပိုင်ဆိုင်ထားတဲ့နိုင်ငံတွေ အတော်များများရှိပါတယ် အဲဒီလိုနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံလည်းအပါအဝင်ပါပဲ။ PhotoCredit-DVB

နမ့်ပန်မြစ်နဲ့ ကွန်အော်ရေတံခွန်

ငြင်သာစွာစီးဆင်းနေတဲ့ နမ့်ပန်မြစ်ထဲက လှပလွန်းတဲ့ ကွန်အော်ရေတံခွန်။ နှစ်စဉ်နှစ်တိုင်းရဲ့ နိုဝင်ဘာလပိုင်းကတော့ ကွန်အော်ရေတံခွန်ရဲ့ အလွဆုံး၊ အသာယာဆုံးအချိန်တွေဖြစ်ပါတယ်။ ကွန်ဟိန်းမြို့အနီး၊ ကွန်ဟိန်းမြို့နယ် ရှမ်းပြည်နယ်တောင်ပိုင်းမှာ တည်ရှိပါတယ်။ Credit:Sai Swan ဓာတ်ပုံ၊ စိုင်းစွမ်

Page 1 of 4
1 2 3 4