ရန်ကုန်ဆောင်း

ညတုန်းက လျှော်ပြီး လှမ်းထားတဲ့ အဝတ်ဟာ မနက်ကျတော့ ခြောက်နေပြီ။ မနက်ခင်းကိုယ်တိုင်က အိုက်လွန်းလို့ဆိုပြီး ကိုယ်တုံးလုံးကြီး ချွတ်လို့။ နှင်းကို မမြင်ဖူးတဲ့ မုန်ညင်းပင်လေးတွေဟာ စျေးကနေ အိမ်ရောက်ရင် ညှုိးဖို့ပဲ သိတယ်။ ဆောင်းအကြောင်း စာစီစာကုံး ရေးတတ်ဖို့ သားကို ရေခဲသေတ္တာထဲ ဝင်ထိုင်ခိုင်းရမလို ဖြစ်နေပြီ။ အရင်တုန်းက နှင်းပဲ ပျောက်တာ အခုတော့ ဆောင်းပါ ပျောက်သွားပြီ။ ။ စိုးနောင်(မုံရွာ)

မြစ်နှင့်လူ

မြစ်ကတော့ ဖြစ်ချင်ရာဖြစ် သူချစ်တဲ့ ပင်လယ်ဆီ မရောက်ရောက်အောင် ချီမှာပဲ။ နွေတုန်းက အားသေးလိုက်တဲ့မြစ် သောင်တွေ အထစ်ထစ်ထွန်း ကျောက်စွန်းကျောက်ခက်ရှရှ မီးယပ်သည်မကလေး။ မုတ်သုံဦးနဲ့ ဖူးကြွလာတဲ့ လှိုင်းတွေ ကျောက်နဲ့သောင် ရှာဖွေအတွေ့ သမင်မွေ့ ခြင်္သေ့မွှေသလို နေစွေး မိုးဝေး မြစ်သေးတုန်းက ကုန်းရုန်းကြိုးဆွဲခဲ့ရသမျှ မြစ်ဝ လေထလာတော့ လိပ်ပြာလှကလေးတွေ ရောင်စုံပျံ။ မြစ်ကတော့ ဖြစ်ချင်ရာဖြစ် သူချစ်တဲ့ ပင်လယ်ဆီ မရောက်ရောက်အောင်ချီမှာပဲ။ မြစ်ကမ်းစပ် တစ်လျှောက် ထင်းကောက်သူ ငါးရှာသူ ရွှေကျင်သူ ရေချိုးသူ အားလုံး အားလုံးကို ကြည်ဖြူ။ … အံ့မောင် #Greenness (ကွယ်လွန်သွားပြီဖြစ် ဆရာကြီး အံ့မောင်ကို သတိရလျက်)

တပို့တွဲလဖွဲ့-အဲချင်း

ခြိုးဥမှတိမ်ဂုံ။ ။သတ္တဗိသျှ၊ နက္ခတ္တနှင့်၊ ယှဉ်ကြမလွဲ၊ တပို့တွဲနှင့်၊ ပေါက်လဲငုံကင်း၊ ထန်းရည်ငယ်နင်းကြသည်၊ နှင်းထုံထုံငယ်နှင့်လေး။ လွန်းဟုန်မှဆင့်ကဲ၊ ပန်းမွန်ပွင့်ချပ်၊ နဝရတ်ကို၊ သုဒဿန၊ ဘုံကပြသို့၊ သနားတော်အိမ်၊ ရွှေကြိုးလိမ်သည်၊ တိမ်သင်းတွဲနှင့်၊ ရောင့်ရဲမှမပြေ၊ မျက်စိမခံ့၊ နားမဆံ့အောင်၊ မှန်နန့်းသရဖီ၊ တန်ခိုးတော်ချီတဲ့လို့၊ ပြီပြီငယ်သွေသည်၊ အစိန္တေလက်ကင်တဲ့၊ လ-သဘင်ထူး။ ကြည်နူးမှုအံ့ဖွယ်၊ နက်ဖန်သံဘက်၊ ဖိန်းနွဲရက်ကို၊ ချိန်းချက်စကား၊ သစ္စာထားလို့၊ မပြားရည်တူ၊ ရှိတဲ့သူတို့၊ စိတ်ပူဖွယ်ကို၊ နယ်ရှစ်ရပ်က၊ လှုံ့ထပ်သောသူ၊ မြူအသင်္ချေ၊ လေအနန္တ၊ မိုးကြွင်းကျလို့၊ မှိုင်းမြမြညိုသည်၊ ဟိုသထုံ ရွှေပြည်သာက၊ ချိန်တာရာဝင်း။ ကုန်လဂ်ဂေါဇာ၊ သည်အခါမှာ၊ ကမာသေးနု၊ ငှက်ကျေးဥလို့၊ ယာဂုမြှောက်ချီ၊ လေးနာရီနှင့်၊ နဒီအောင်ချာ၊ ကြည့်တိုင်းသာလှတယ်၊ တံငါသည် ဒေါင်တင်တီးလို့၊ ပိုက်ကြီးခင်း။ ။ (မယ်ခွေ-ဆယ့်နှစ်လရာသီဖွဲ့ပေါင်းချုပ်) #crd_to_owner

ဦးကြင်ဥ၏ တပို့တွဲလဖွဲ့

ထန်းရည်နင်း ပေါက်ကင်းတဲ့ လဲငုံ ဆက်ရက်ကယ် သရကာနဲ့ ရော်ရွက်ဝါ တမာနု လွမ်းသူ့ပူပုံ စရိုက်ကယ်လုံ ပင်မြုံမြင့်သိုက်နန်း ထွက်စီးငယ်ဝှန် ကျောက်စက်ရေတံခွန်နဲ့ ဟေမဝန် သာယာနုပါဘိ ယွန်းလုနွေဆန်း ။ ။ Photo-Credit

မုံရွေးဆရာတော်၏ ၁၂ လရာသီမိုးဖွဲ့

တန်ခူးမည်မှတ်၊ ဖက်ဆွတ်ရေတိုး၊ သင်္ကြန်မိုး ။ ကဆုန်အတွင်း၊ မြေသင်းပြန့်ပြန့်၊ မိုးနံနံ့ ။ နယုန်မိုးသေး၊ မြက်သားမွေး ။ ဝါဆိုလပြောင်း၊ မိကျောင်းဖွေးဖွေး၊ မိုးအေးအေး ။ ဝါခေါင်တစ်ကြောင်း၊ ထနောင်းကြောင်ကျစ်၊ ဆူးရစ်ပွင့်ခါ၊ မိုးမရွာ။ ရွာပါသော်လည်း မိုးမသည်း။ တော်သလင်းတိမ်ညို၊ စားဖိုသည်ဆင်းရဲ၊ မိုးမစဲ ။ သီတင်းကျွတ်တွင်၊ ပလ္လင်ဆေးမိုး၊ ရွာသွန်းဖြိုး ။ တန်ဆောင်မုန်းတွင်း၊ ဆီးနှင်းတစ်ပြိုက်၊ မိုးတစ်လိုက် ။ နတ်တော်ရောက်ငြား၊ မိုးသားမငြိမ်၊ ဆင်ရာတိမ် ။ ပြာသိုချမ်းပြင်း၊ ဆီးနှင်းရောယှက်၊ နှမ်းပုံဖျက် ။ တပို့တွဲ၊ နွှဲ၍ရွာခြင်း၊ သန်မိုးကြွင်း ။ တပေါင်းလည်းကူး၊ မိုးသားကျူး ။ #မုံရွေးဆရာတော်

ရှင်အုန်းညို၏ ပတ်ဝန်းကျင်အလှ

အံ့ဩမခန်း ၊ တောထက်ဝန်းတုံ ၊ ငုံသွန်းရွှေသား ၊ စကားထင်းရူး ၊ ဆိပ်ဖလူးနှင့် ၊ ကွမ်းဖူးကံ့ကော် ၊ စွယ်တော်ပရဝါ ၊ ရင်းမာဖက်ဆွတ် ၊ရင်ခတ်သရဖီ ၊ ကတ္တရီမြစ်ကိုင်း ၊ရွှေနှိုင်းပိတောက် ၊ လဲးနှင့်ပေါက်လည်း ၊ တောက်သည့်မီးရောင် ၊ ပြောင်ပြောင်ညီးညီး ၊ ပန်းတောင်ကြီးသို့ ၊ခရီးတောဝယ် ၊ မြိုင်အလယ်နှိုက် ၊ အံဘြယ္သရဲ ၊ မဖြစ်မြဲးတည်း ၊ လွံကဲးဆထက် ၊ စောကြံတက်ကို ၊ အသက်ရှိဟန် ၊ ခါမတန်နှင့် ၊ ခါတန်မွှေးကြူ ၊ အတူတူလျှင် ၊ လုလုဆိုင်းဆိုင်း ၊အားလုံးလှိုင်း၍ ၊ ပင်တိုင်းကင်းငုံ ၊ ကြိုင်နံ့ထုံသည် ၊ ပင်စုံအပွင့်အပွင့်တည်း […]

ညမွှေးပန်း

သူ့ရဲ့ညင်သာတဲ့ ခြေသံက ညရဲ့ရင်ဘတ်ပေါ် ဖွဖွလေးနင်းလျှောက်…။ သူရဲ့မွှေးအီတဲ့ ကိုယ်သင်းရနံ့က လေပြေရဲ့သွေးကြောထဲ တိတ်တိတ်ကလေးထိုးစိုက်…။ သူ့ရဲ့ဖြူစင်တဲ့မျက်ဝန်းအကြည့်က လရောင်မှာ တလက်လက်ဖိတ်ကျ…။ ညမွှေးပန်း တဲ့ ဥပေက္ခာတရားတွေကြား သူ့အတွက် မေတ္တာတရားဟာ သန်းခေါင်ယံထက် ညဉ့်နက်ခဲ့ရတယ်။ ။ မိုးဟိန်းထက်

Risk များ 

အိမ်ရာတွေကို ခုတ်လှဲပစ်နေတာလား အသိုက်အမြုံတွေကို ဖျက်ဆီးပစ်နေတာလား ခိုကိုးရာမဲ့လာတဲ့ သတ္တဝါတွေကိုမြင်ရတော့ ခြေသလုံးအိမ်တိုင်ဆိုတဲ့စကားကို သတိရမိတယ်။ နေ့စဉ်သောက်သုံးနေကျ … ရေ ကိုယ်လက်သန့်စင် ဆေးကြောနေကျ … ရေ မရှိမဖြစ် ” ရေ ” အရင်းမြစ်ထဲကို မသိလိုက်မသိဘာသာ အဆိပ်အတောက်တွေ ပစ်ထည့်နေကြတယ်။ ပြည်ပက လိပ်စာမှားလာတဲ့ ထင်တိုင်းကြဲ ရင်းနှီးမြှုပ်နှံမှုတွေ အထွက်နှုန်းမြင့် မွေးမြူရေးလုပ်ငန်းကြီးတွေ ကူညီသူမဲ့ ဥတုဘေးသင့်တောင်သူတွေနဲ့ … ။ ပြောပြန်ရင်လည်း ချနင်းခံပြည်သူတွေရဲ့ မြေ ရေ လေ မီး ဘေးကင်းလုံခြုံမှုတွေကို တစ်ကြိမ်တစ်ခါမျှ တွေးဆကြံစည် ကြည့်ခဲ့ဖူးဟန်မရှိတဲ့ ပြည်တော်ပြန်များရဲ့ဓနအင်အားဟာ နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှု ဖြစ်နေတော့တယ်။ ။   ဝန်းရံခ ဓာတ်ပုံ-အင်တာနက်

ထန်းတက်သမားတျာချင်း

အညာဒေသမှာ ခုချိန်ဆို ထန်းရည်တွေလှိုင်လှိုင်ပေါပါပြီ။ လူကျဲကျဲနဲ့ သွေ့ခြောက်နေတဲ့ ထန်းတောအလယ်က ထန်းတဲလေးတွေလည်း ချိုတမြမြ ခါးသေလေလဆိုတဲ့ ပုစွန်ဆိတ်ခုန်ပင်ကျရည်လေးတွေနဲ့ စိုစိုပြေပြေ စည်စည်ကားဖြစ်နေပြီပေါ့။ ထန်းသမားတွေလည်း မျက်နှာရွှင် ငွေရွှင်တဲ့ကာလလေးပေါ့။ အညာမွာ ထန်းတောတွေကျဲပါး၊ ထန်းတက်သူတွေနည်းပါးကုန်ပေမယ့် ကိုယ့်ကိုယ့်ရွာ မခွာနိုင်၊ ထန်းသမားအလုပ်ကိုမစွန့်လွတ်နိုင်သူတွေလည်း ရှိနေပါသေးတယ်။ ဘာပဲဖြစ်ဖြစ် ထန်းတက်တယ်၊ ထန်းလှီးတယ်ဆိုတာ ကျွန်တော်တို့မေ့ပစ်လို့မရတဲ့ အညာဒေသရဲ့ သင်္ကေတဖြစ်ပါတယ်။ ဒါကြောင့် ခုလို ထန်းရည်မြိုင်မြိုင်ဝေချိန်မှာ အင်းဝခေတ်ရဲ့ အသည်ဝန်ကြီဖြစ်တဲ့ စာဆိုတော် ဝန်ကြီးပဒေသရာဇာရဲ့ ထန်းတက်သမားတျာချင်းကို ဖော်ပြလိုက်ပါတယ်။ #နွေဦးကာလ မြူထသောခါ နွေဦးကာလ မြူထသောခါ၊ ရင်းထောင်ရင်းဆွဲ ဆောင်မြဲအိုးလွယ်ကာ၊ ဓါးနှီးထက်စွာ ခါးမှာချပ်လျက်၊ ထန်းပွင့်ထန်းခိုင် ရွှန်းမြိုင်မြိုင်၊ ကလိုင်သာလွယ်လို့ တက်သည်နှင့်လေး။ ထန်းပင်ထန်းလက် ထန်းရွက်ကယ်ဝေဝေ၊ စင်အောင်ခုတ်ထစ် နုမျစ်ကယ်ထန်းဦးရေ၊ မယားငယ်ဆွေ ထန်းရေသိမ်းဆည်း၊ […]

ကျွန်သက်ရှည်တဲ့ကြက်သွန်တွေ

မိုးပေါ်က ဒုက္ခက မြေကြီးပေါ်ကို တန်းကျတာပဲ ရာသီဥတုကလည်း ထင်သလိုဖြစ်မလာဘူး မြေကြီးက ရွှေသီးတယ်ငွေသီးတယ်ဆိုတာတွေ ချန်ခဲ့ သူ့စိုက်ခင်းထဲက ဒဏ်ရာနဲ့ ကိုယ့်စိုက်ခင်းထဲက ဒဏ်ရာ ဘယ်သူက ချွေးပိုကျထားရကြောင်း ပြောကြ သက်ပြင်းမောကိုယ်စီနဲ့ ပြိုလဲနေတဲ့ ကမ်ဘာကို ထွန်ယက်ပြုပြင် မျက်ရည်တစ်ဖက် အပြုံးတစ်ဖက် မျက်နှာပိုင်ရှင်တွေဟာ လယ်သမားတွေပဲ ငွေရှင်ကြေးရှင်ဆိုတဲ့ ကောင်တွေကလည်း သူတို့ဆီက ဒုက္ခတွေကိုပဲ လာ လာပေးနေကြတယ် ကိုယ့်ဆီက ဒုက္ခကိုကျ ဘယ်တော့မှ ဈေးကောင်းပေးမဝယ်ကြဘူး ငါတို့ဟာ ကိုယ့်ဆေးနဲ့ကိုယ်မှားထိုးခံရ ငါတို့ဟာ ။ ကိုယ့်ထွန်သွားနဲ့ကိုယ် ခြစ်ကုတ်ခံရ ပဲနဲ့လည်း အရင်းမကြေ နှမ်းနဲ့လည်း အရင်းမကြေ စပါးလည်း ဒီလိုပဲ ကြက်သွန် နေကြာလည်း ဒီလိုပဲ လောကကြီးက ဘယ်တော့မှငါတို့ကို အပျင်းမပြေခဲ့ တချို့က ငွေတွင်းပေါ်တက်ထိုင်နေတဲ့ကောင်တွေလို့ ပြောကြတယ် […]

Page 1 of 10
1 2 3 4 5 6 7 8 9 10