Nature-Based Solutions

ဘူတန်တောင်တန်းတွေပေါ်က စမ်းပေါက်တွေကို သဘာဝမပျက် စီမံထိန်းသိမ်းခြင်း

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက်ကနေ ၂၁ ရက်နေ့အထိ IUCN Asia က ဘူတန်နိုင်ငံ ရေဌာန၊ စွမ်းအင်နှင့် သဘာဝအရင်းအမြစ် ဝန်ကြီးဌာန နှင့် International Centre for Integrated Mountain Development (ICIMOD) တို့ ပူးပေါင်း၍ သဘာဝအတိုင်း တောင်တန်းဒေသများရှိ ရေထွက် စမ်းပေါက်ရေများ စီမံခန့်ခွဲမှုသင်တန်းကို စီစဉ်ကျင်းပခဲ့ပါသည်။ ဘူတန်နိုင်ငံ ခရိုင်တစ်ခုစီမှ ဒေသခံခေါင်းဆောင် ၂၀ နှင့် နိုင်ငံတစ်ဝှမ်းရှိ စမ်းပေါက်များ ခြောက်သွားခြင်း အန္တရာယ်များကို သတိပြုမိစေရန် ရည်ရွယ်ပြီး သဘာဝအခြေခံချဉ်းကပ်နည်းဖြင့် ၎င်းတို့အား ပြန်လည်ရှင်သန်စေမည့် နည်းလမ်းများကိုလည်း ဆွေးနွေးခဲ့ကြပါသည်။ “ရေဆိုတာ မရှိမဖြစ် လိုအပ်သလို နိုင်ငံရဲ့ ဝေးလံခေါင်သီတဲ့ ဒေသတွေမှာတောင် စမ်းချောင်းတွေနဲ့ ရေတွေ ခန်းခြောက်နေတာကို […]

တိမ်တွေနေတဲ့တော ( သို့ ) ကမ္ဘာ့အလှဆုံးတော

မြောက်အမေရိကတိုက်နဲ့ တောင်အမေရိကတိုက်ကို ဆက်သွယ်ထားတဲ့ လက်တင်အမေရိကနိုင်ငံ တစ်ခုဖြစ်တဲ့ ကော်စတာရီကာနိုင်ငံမှာရှိတဲ့ မွန်တီဗာတီတောက ကမ္ဘာ့အလှဆုံးတောတွေထဲက တောတစ်တောဖြစ်ပါတယ်။ ကော်စတာရီတာနိုင်ငံရဲ့ အလယ်ပိုင်းကုန်းမြင့်ဒေသတွေက အမြဲလို မြူခိုးတွေ တိမ်ခိုးတွေနဲ့ ဖုံးလွှမ်းထားတဲ့ အတွက်ကြောင့် သွားရောက်လည်ပတ်တဲ့ ခရီးသွားတွေကအခြားကမာ္ဘတစ်ခုကို ရောက်သွားသလို ခံစားရပါတယ် ။ လက်ရာမြောက်တဲ့ တိမ်တိုက်သစ်တောများရှိတဲ့အပြင် အဲ့ဒိဒေသက ဇီဝမျိုးစုံမျိုးကွဲတွေက ကမ္ဘာပေါ်ရှိ အလှဆုံးရှုခင်းတွေအဖြစ်နဲ့ နေရာရကြပါတယ်။ ကော်စတာရီကာ သစ်တောများက ၎င်းတို့ရဲ့ မြင့်မားပြီး စိမ်းလန်းစိုပြေသော သဘာဝကြောင့် လူသိများပြီး မတူညီသော တိမ်တိုက်သစ်တောဇုန် ခြောက်ခုတောင် ရှိပါတယ်။ အဲ့ဒိထဲကမှ မွန်တီဗာတီတောက လှပဆန်းကြယ်ပြီး သဘာဝဆန်လွန်း အားကြီးလွန်းလို့ ကော်စတာရီကာမှာ နာမည်အကြီးဆုံး တောဖြစ်ပါတယ်။ အဲ့ဒိတောနားမှာရှိတဲ့ ဆန်တာအယ်လီနာမြို့ကလေး ကနေ မွန်တီဗာတီဘေးမဲ့တောထဲကို သွားရောက်လည်ပတ် နိုင်ပါတယ်။ သစ်တောကြီးက တိမ်တိုက်တွေထဲမှာ […]

လျှပ်စစ်ဓာတ်အားရရှိခြင်းဖြင့် ပိုမိုရေရှည်တည်တံ့သော အနာဂတ်ကို တည်ဆောက်ကြမယ်

လျှပ်စစ်ဓာတ်အားရရှိမှုက စွမ်းအင်ထိရောက်မှုမှသည် ရေရှည်တည်တံ့သောအလေ့အကျင့်များအထိ၊ သယ်ယူပို့ဆောင်ရေးမှ ကုန်ထုတ်လုပ်မှုအထိ၊ လူနေအိမ်၊ စီးပွားရေး နှင့် စက်မှုလုပ်ငန်းဆိုင်ရာ အဆောက်အအုံများအတွက် အဓိကမောင်းနှင်အားတစ်ခုဖြစ်သည်။ ကမ္ဘာတစ်ဝှမ်းတွင် ဝန်ထမ်းပေါင်း ၁၅၀၀ကျော်ရှိသည့် အီတလီတွင် ရုံးချုပ်အခြေစိုက်သည့် ZAPI GROUP သည် လျှပ်စစ်အားလုံး၏ အနာဂတ်သို့ ကူးပြောင်းမှုကို အင်ဂျင်နီယာအဖြစ် ကူညီပေးနေသည့် ကုမ္ပဏီတစ်ခုဖြစ်သည်။ ကုမ္ပဏီသည် လှုပ်ရှားမှုထိန်းချုပ်ရေးကိရိယာများ၊ လျှပ်စစ်မော်တာများ၊ ကြိမ်နှုန်းမြင့်ဘက်ထရီအားသွင်း ကိရိယာများ နှင့် အလိုအလျောက်သွားလာနိုင်သော ဆော့ဖ်ဝဲများပါဝင်သည့် ထုတ်ကုန်လုပ်ငန်းများကိုတီထွင် လုပ်ကိုင်နေသော အဖွဲ့ ဖြစ်သည် ။ ZAPI GROUP မှ အမှုဆောင်ဒါရိုက်တာ Claes Avasj သည် POWER မဂ္ဂဇင်း နှင့် မေးခွန်း-အဖြေကဏ္ဍတွင် လျှပ်စစ်ဓာတ်အားရရှိရေးဆိုင်ရာ ကဏ္ဍပေါင်းစုံနှင့် ၎င်း၏ကဏ္ဍအသီးသီးအပေါ် အကျိုးသက်ရောက်မှုများကို ဆွေးနွေးခဲ့သည်။ Avasj […]

သဘာ၀အခြေပြု ဖြေရှင်းချက် ( Nature Base Solution) ဆိုတာ ဘာလဲ

(ဒီ Nature Base Solution ဆိုတာ ကမ္ဘာမှာတော့ လူပြောသူပြောများနေတဲ့ကိစ္စပါ။ မြန်မာနိုင်ငံမှာတော့ သိပ်ပြီး ကျယ်ကျယ်ပြန့်ပြန့် မရှိသေးပါဘူး။ ဒါဟာ သိထားသင့်တဲ့ ကိစ္စရပ်တစ်ခုဖြစ်သလို ဆက်ပြီး လေ့လာဆောင်ရွက်ရမယ့်ကိစ္စတစ်ခုဖြစ်လို့ ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်) သဘာဝအခြေပြုဖြေရှင်းချက်ဆိုတဲ့ဝေါ်ဟာရ ဆိုတာ လူအဖွဲ့အစည်းနဲ့သက်ဆိုင်တဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ရေရှည်တည်တံ့တဲ့ စီမံခန့်ခွဲမှုနဲ့ သဘာဝပတ်ဝန်းကျင်ကို မပျက်စီးစေတဲ့ အသွင်အပြင်တွေနဲ့ လုပ်ငန်းစဉ်တွေကို အသုံးပြုခြင်းပါပဲ။ အဲ့ဒိစိန်ခေါ်မှုတွေမှာ ရာသီဥတုဖောက်ပြန်မှု ၊ သောက်သုံးရေလုံခြုံမှု ၊ရေထုညစ်ညမ်းမှု ၊ အစားအစာလုံခြုံမှု ၊ လူသားကျန်းမာရေး ၊ ဇီဝမျိုးကွဲဆုံးရှုံးမှု ၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးစီမံမှု အစရှိသည်တို့ ပါဝင်ပါတယ်။ သဘာဝအခြေပြုဖြေရှင်းချက် ( NBS) နဲ့ ပတ်သက်ပြီး ဥရောပကော်မရှင်ရဲ့ ဖွင့်ဆိုချက်မှာ၎င်းဖြေရှင်းချက်က ကုန်ကျစရိတ်သက်သာစွာနဲ့ အလိုအလျောက်ဖြေရှင်းပြီးသားဖြစ်တဲ့ […]

မြေထိန်းမြစ်ရှည်မြက် (ဗက်တီဗာ) စိုက်ကြပါ # Nature-Based Solutions

သဘာဝပတ်ဝန်းကျင် အကြီးအကျယ် ပျက်စီးဒုက္ခရောက်နေရတဲ့ မြန်မာနိုင်ငံမှာ အသုံးချ ကုစားစရာ အများပါဝင် ဆောင်ရွက်နိုင်မဲ့ နည်းလမ်းကောင်းတစ်ခုဖြစ်တဲ့ ဗက်တီဗာခေါ် မြစ်ရှည်မြက် သို့မဟုတ် မြေထိန်းမြစ်ရှည်မြက် စိုက်ပျိုးအသုံးချခြင်း နည်းလမ်းကို ကျယ်ကျယ်ပြန့်ပြန့် အသိပေးနိုင်ရန် တင်ပြရင်း တတ်နိုင်သလောက် စိုက်ပျိုးကြဖို့ အကြံပေးတိုက်တွန်းအပ်ပါတယ်။ သစ်ပင်တွေခုတ်ကြလို့ မိုးရွာတိုင်း မြေကြီးမြေဆီတွေ တိုက်စားခံရပါတယ်။ တိုက်စားခံရသမျှ သဲမြေများဟာ တားဆီးမဲ့ သစ်ပင်တွေမရှိတော့လို့ မိုးရေနဲ့အတူ တောင်စောင်း ချောင်းမြောင်းများတစ်လျောက် မျောပါစီးဆင်းရင်း မြစ်ချောင်းများအတွင်း ဝင်ရောက်လာခဲ့ကြပါတယ်။ ဒီနေရာမှာ တောင်ပေါ်နဲ့ မြင့်ရာနေရာတွေကနေ နိမ့်ရာကို၊ ရေစီးနဲ့အတူ သဲမြေတွေ တောက်လျှောက် စီးဆင်းသွားကြတော့ ရေစီးသန်တဲ့ တောင်ကျချောင်းတွေဖြစ်လာတာကြောင့် လူ တိရိစ္ဆာန်တွေ ဒုက္ခရောက်ကြရသလို၊ မိုးရေတွေအတွက်လည်း မြန်မြန်စီးရင်း မြေကြီးထဲကို စိမ့်ဝင်နိုင်ဖို့ အချိန်မရကြတော့ပါဘူး။ ဒီအကြောင်းကြောင့် မြေကြီးထဲဝင်ရောက်ခိုအောင်းနေတဲ့ […]