ငယ်ဘဝက စိမ်းလန်းသော သင်္ကြန်

သင်္ကြန် အကျနေ့ မနက်မှာ ကျွန်တော်တို့ ကလေးတစ်သိုက်သည် ဘုန်းကြီးကျောင်းအောက်မှာ တုတ်ချောင်းကိုယ်စီကိုင်ပြီး ပန်းကန်စုတ်၊ ဒန်အိုးအစုတ်၊ သံပြားတို့ကို ကိုင်ကာစောင့်နေကြရလေသည်။ ဤသို့စောင့်နေရင်း ဘုန်းကြီးကျောင်းပေါ်မှ ကျောင်းသားကြီးနှင့် ကိုရင်ကြီးတီးမည့် စည်သံနှင့် ကြေးစည်သံကို နားစွင့်နေကြရသည်။ ဘုန်းကြီးကျောင်းပေါ်မှ စည်သံ၊ ကြေးစည်သံတို့ကို ကြားရပြီဆိုသည်နှင့် ကျွန်တော်တို့ ဘုန်းကြီးကျောင်းသားတစ်သိုက် မိမိအနားကိုယ်စီယူထား ကြသော ပန်းကန်စုတ်၊ ဒန်အိုးစုတ်၊ သံပြားအပေါက်တို့ကို အားပါးတရ ထုရိုက်ကြလေတော့သည်။ ဤကဲ့သို့ နားကွဲလုမတတ်ထုရိုက်ပြီး နတ်ပြည်မှ ဆင်းလာမည်ဆိုသော သကြားမင်းကို ကြိုဆိုခဲ့ကြရလေသည်။ ကျွန်တော််ငယ်ငယ်ကနေခဲ့သော ဘုန်းကြီး ကျောင်းမှာ ရွာက အရှေ့ကျောင်းဟုခေါ်ကြသော ဘုန်းကြီး ကျောင်း ဖြစ်ပါသည်။ ဘုန်းကြီးကျောင်းဝင်းမှာကျယ်ပြန့်ပြီး မန်ကျည်းပင်၊ ခရေပင်၊ သီးသီးပင်ကြီးတွေရှိပြီး အရိပ်အာဝါသကောင်းပါသည်။ မိုးရာသီတွင်ရေရှိသည့် ရေကန်ကြီးတစ်ကန်လည်းရှိပါသေးသည်။ ဘုန်းကြီးကျောင်း ဝင်းမှာ နွေရာသီတွင် […]

အစိမ်းရောင် အအေးပေးစက်များ

နေသည် ထင်းထင်းကြီးပူနေ၏။ ဒေါ်ကောက်သည် တဲအောက်မှာ ရေနွေးထိုင်သောက်ရင်း ဘေးပတ်ဝန်းကျင်ကို ငေးမောနေသည်။ ညက TV ထဲမှာ အပူဒဏ်ကြောင့် လူတွေသေဆုံးသည့် သတင်းတွေကိုသူကြည့်ခဲ့ရသည်။ မြို့ပေါ်က လူတွေ သစ်ပင်မရှိ၊ လေမတိုက်နဲ့ တိုက်ခန်းတွေ၊ ကတ္တရာလမ်းမပေါ်တွေထဲ ဘယ်လွယ်လိမ့်မလည်း ဟုတွေးရင်း စိတ်တွင် သူတို့ကိုယ်စားမွန်းကျပ်လာပါသည်။ ရေနွေးတစ်ခွက်ကို ထပ်ငှဲ့သောက်လိုက်ပြန်သည်။ ချွေးကလေးတွေစို့လာ၏။ လေပြေတစ်ချက်ဝှေ့လိုက်ရာ အေးခနဲ ခံစားလိုက်ရ၏။ သူ့တဲအနီးကပ်ရက်က မန်ကျည်းပင်ကို မော့ကြည့်လိုက်မိသည်။ ပြီးတော့ တောစပ်က ငှက်ပျောပင်များနှင့် ခြုံပုတ်ကလေးတွေကိုလည်းကြည့်လိုက်သေး၏။ သူ့စိတ်ထဲတွင် ထိုအပင်များကို ကျေးဇူးတင်နေလေသည်။ ကလေးသုံးယောက်သည် နေ့လယ်ခင်းတွင်ပင် ဆော့ကစားနေကြသည်။ သစ်ပင်မှတွဲလောင်းချထားသော ဒန်းပေါ်တွင်ထိုင်ကာ ဒန်းစီးနေကြခြင်းဖြစ်သည်။ ဒန်းဆင်ထားသည့်အပင်က မျောက်ငိုပင်ကြီးဖြစ်သည်။ မျောက်ငိုပင်နှင့်ကပ်ရက်မှာ ပိန်နဲပငျနှငျ့သရကျပငျလညျးရှိသေးသညျ။ ထို့ကြောင့်အရိပ်ကောင်းစွာရ၏။ ကလေးသုံးယောက်ရဲ့ အဖွားဖြစ်သူ ဒေါ်ရှားတင်က သူ့မြေးသုံးယောက်ကို နေ့လယ်မှာမဆော့ဖို့ […]

တခါတုန်းက လရောင်အောက်က ရွာကလေး

လရောင်ဆန်း၍ ရွာလမ်းမြေမာ၊ ဝင်းဝင်းဝါ၏။ အုန်းထန်းပေလက်၊ တမာရွက်တို့ ရွှေစက်ရွှေပြောက်၊ ရွှေရည်သောက်၏။ တစ်ရံတစ်ခါ၊ လေအလာအတွင် ရွာလယ်ပေါင်းကူး၊ တံတားဦးမှ ဆိတ်ဖလူးနံ့၊ ရွာလုံးပျံ့၏။ ကျွန်တော်တို့ငယ်ငယ်က ရွာမှာ လျှပ်စက်မီးများမရှိပါ။ ညအလင်းရောင်အတွက် ရေနံဆီမီးခွက်တွေကိုသာ အားထားခဲ့ရသည်။ ထို့ကြောင့် လသာသောညများသည် ကျွန်တော်တို့အတွက် စိတ်ပျော်ရွှင်ဖွယ်ညများဖြစ်ပါသည်။ ကျွန်တော်တို့ရွာကလေးပေါ်သို့ လရောင်ကျလာသောအခါ ရွာလယ်လမ်းမမှာ ကဗျာထဲကအတိုင်း ဝင်းဝင်းဝါနေပါသည်။ လမ်းဘေးတလျောက်တွင်ရှိသည့် အုန်းပင်၊ သရက်ပင်၊ သပြေပင်၊ မာလကာပင်တွေပေါ်တွေကိုလည်း လရောင်ကဖြာကျနေပါသည်။ အပင်အောက်တွေကို သွားကြည့်လျှင် သစ်ရွက်၊ သစ်ကိုင်းတွေကြားမှ လရောင်စက်ကလေးတွေ မြေပေါ်မှာကျနေသည်။ သစ်ခက်သစ်ရွက်တို့အရိပ်ကြား မြေပေါ်ကျနေသည့် လရောင်ပြောက်ကလေးတွေက ပိုလင်းသည်ဟု ထင်ရပါသည်။ ရွာထိပ်ကျွန်တော်တို့ အဖွားလေးအိမ်ဝင်းထဲက ဆိတ်ဖလူးပန်းနံ့သည်လည်း လေကြောသင့်ရာရပ် မွှေးမြနေပါသည်။ သည်လိုလသာသည့်ညများမှာ ကျွန်တော်တို့ကလေးတွေ ဆော့ကစားကြသည်။ အများဆုံးကစားဖြစ်ကြသည်က ထုပ်စည်းတိုးတန်းဖြစ်သည်။ […]

လောင်ကျွမ်းနေတဲ့နွေဦး

ဒီနှစ်နွေဦးဟာ လောင်ကျွမ်းတယ်။ အရင်နှစ်ကနွေဦးတွေထက် ပိုလောင်ကျွမ်းနေတာသေချာတယ်။ ကမ္ဘာ့အပူဆုံးတွေထဲက နှစ်တစ်နှစ်ဖြစ်မယ်လို့ ပညာရှင်တွေခန့်မှန်းကြတဲ့ ဒီနွေဦး။ အယ်နီညိုလာမယ့် ဒီနွေဦး။ ကမ္ဘာမှာ တောမီးတွေ မြို့တွေအထိကူးစက်နေတဲ့ ဒီနွေဦး။ ဒီနှစ်နွေဦးမှာ ကောင်းကင်ကနေ မိုးမရွာပါဘဲ မိုးချိန်းသံတွေဟာ တညံညံနဲ့ ထိတ်လန့်ဖွယ်ကောင်းလှတယ်။ ဒီနှစ်နွေဦးဟာ ဆောင်းလက်ကျန်ရာသီထဲ ထိုးခွဲဝင်လာခဲ့တာပေါ့။ ညနှောင်းပိုင်းနှင့်မနက်ပိုင်းမှာ ဆောင်းလက်ကျန်ဟာအေးကောင်းတုန်း။ နေ့လယ်ခင်းကစလို့ နွေဦးဟာ သူ့အစွမ်းကိုစပြီးပြတယ်။ အရိပ်ထဲကလူကို အပူဟာစပြီး ချိန်းခြောက်စပြုလာတယ်။ နေပူနဲ့ထိတဲ့အသားတွေ သိသိသာမဲနက်လာတာသတိထားမိတယ်။ သေချာတယ်။ နွေဦးဟာ ခရမ်းလွန်ရောင်ခြည်တော်တော်များများကို သယ်ဆောင်ခဲ့ပြီ။ နွေဦးဟာ တောင်ယာတွေမီးရှို့တဲ့အချိန်ပေါ့။ နွေဦးမှာ တောင်ယာတောတွေဟာ မီးခိုးတွေအူလို့။ ဒီနှစ်နွေဦးမှာတော့ တောင်ယာကမီးခိုးတွေအပြင် အချို့ရွာတွေမှာပါ မီးခိုးတွေအူနေတာကို မြင်ရ၊တွေ့ရ၊ ကြားရတယ်။ ရွာတွေဆီက မီးခိုးတွေဟာ တောင်ယာကထွက်တဲ့ မီးခိုးတွေထက် ပိုမဲသတဲ့။ ပမာဏလည်း ပိုများသတဲ့။ […]

လွမ်းဖွယ်ကောင်းတဲ့နွေဦးရာသီ

ပျော်ခင်းငယ်မှ သာလှ သည်ချိန်ကျလျှင် တောဝဂနိုင်၊ စုံသာမြိုင်မှာ မခိုင်ရွက်ညောင်း၊ ကြွေကျပြောင်းလို့ ထောင်းထောင်းငယ်လျံငွေ့ လောင်ဓလေ့နှင့် လွမ်း၍ငယ်တစေ အလိုသေရချည့် စိတ်ဖြေလို့မရနိုင် ဘယ်နှယ့်လူခိုင်ပါ့မယ် ( ဦးယာ) လွမ်းစရာကောင်းလိုက်တဲ့ ရာသီအချိန်ဟာရောက်လာခဲ့ပြီ။ မြို့ပေါ်မှာတော့ နွေဦးရဲ့ သရုပ်ကို ဗံဒါပင်တွေကအရင်ပြ ပေတယ်။ အရွက်ကြီးကြီးတွေနဲ့ အုပ်နေတဲ့ ဗံဒါပင်က ရိုးတံကျဲကျဲကိုမြင်ကတည်းက နဂိုကမှ မပျော်ရွှင်သူတွေရဲ့စိတ်ထဲ လွမ်းဖွယ်ရာသီဟာ လာခဲ့ပြီ။ ပူနေတဲ့စိတ်ကို အငွေ့ပျံစေတဲ့ရာသီ။ ဆွေးနေတဲ့စိတ်ကို အလွမ်းစိတ်ပြန်ပေါ်လာအောင် ကိုင်လှုပ်တဲ့ရာသီ။ အမြုပ်တစီစီထနေတဲ့ ထန်းရည်ကို မသောက်ရတော့တဲ့သူတွေ၊ ကိုယ့်ဇာတိရွာတောတန်းကလေးကို မငေးနိုင်တော့တဲ့သူတွေဟာ ဒီနွေကို ဘယ်လိုကျော်ဖြတ်ကြရပါ့။ သူတို့အတွက် နွေဟာ အပူသက်သက်ကိုကြီးယူလာခဲ့လေပြီ။ တော်ထဲကသစ်ရွက်တွေကြွေသလို မျော်လင့်ချက်တွေကြွေကြပြီ။ တောထဲက စမ်းချောင်းတွေလို ပျော်ရွှင်မှုတွေ ခမ်းကြပြီ။ တောမီးလောင်သလို စိတ်တွေလောင်ကြပြီ။ နာရေးကဖွင့်တဲ့ အသံချဲ့စက်သံတွေဟာ […]

လက်ပံပွင့်တွေကို လွမ်းရတဲ့အကြောင်း

လက်ပံပင်ကြီး ဆက်ရက်တွေဆူညံပျော်မြူးကြ ငါတို့တွေဆော့ကစားကြ။ ငါတို့ငယ်ဘဝအားလုံး သူ့အရိပ်အောက်မှာ။ ဆောင်းနှောင်းနွေဦး လရောင်အောက် လက်ပံပွင့်ကောက်ခဲ့တုန်းက ကိုယ့်အရိပ်ဟာ လွမ်းစရာလို့ ကလေးတစ်ယောက် မတွေးတတ်ခဲ့ပါ။ ” ဆက်ရက်ကလေးတွေရေ ငါ့အတွက် လက်ပံပွင့်လေးတစ်ပွင့်လောက်ပါ” ကျွန်တော်တို့ငယ်စဥ် လက်ပံပင်အောက်ကနေ အပင်ပေါ်ကိုမော့ကြည့်ရင်း ပြောခဲ့ရသောစကားဖြစ်သည်။ လက်ပံပင်ကြီးက မြင့်တော့ လက်ပံပွင့်အကြွေကိုသာ စောင့်ကြရသည်။ အပင်ပေါ်မှာ ဆက်ရက်တွေကဆူညံပျော်မြူးနေကြသည်။ သူတို့ကိုယ်ပြောတာနားမလည်မှန်းသိသော်လည်း အော်ပြောခဲ့ကြသည်။ ဆက်ရက်ကလေးတွေ နှုတ်သီးနှင့်ဆိတ်လို့ ကြွေကျလာသည့် လက်ပံပွင့်က လတ်လတ်ဆတ်ဆတ် ရဲရဲနီနေပါသည်။ လက်ပံပွင့်သည့်အချိန်က ဆောင်းနှောင်းနွေအကူးအချိန်။ ကျွန်တော်တို့စာမေးပွဲဖြေခါနီး ဖေဖော်ဝါရီလဆန်းပိုင်းဆို လက်ပံပွင့်တွေစပွင့်ပြီဖြစ်သည်။ ဆရာကြီးက ညကျောင်းခေါ်သဖြင့် ကျောင်းကအပြန် ကျောင်းဝင်းထဲက လက်ပံပင်ကြီးအောက်မှာ လရောင်ထဲမှာ ဆီမီးခွက်ကလေးတွေနဲ့ လက်ပံပွင့် ကြွေရှာရသည်။ ပွင့်ဦးကာလမို့ တပွင့်တလေသာရပါသည်။ ရံဖန်ရံခါ တဝဲဝဲကြွေလာသည့် လက်ပံပွင့်ကို အောက်ကနေ အချင်းချင်း […]

ဆောင်းအတိတ် လွမ်းရိပ်ဝေ

အညာနွေ၊ အညာမိုးနဲ့ အညာဆောင်းကား တမူထူးခြားတာတော့အမှန်ပဲဖြစ်ပါတယ်။ အညာနွေ၊ ဘယ်လောက်ပူပူ တမာရနံ့သင်းသင်းနဲ့ အညာဒေသရဲ့ ဖုန်လုံးကြီးတွေကိုက စွဲဆောင်မှုတစ်မျိုး ဖြစ်နေတတ်တာမဟုတ်လား ။ အညာမိုးလား၊ မရွာရင်လည်း နေပေဦးရော့။ ရွာပြီဟေ့လို့ ဆိုလိုက်ရင်ဖြင့် သည်းသည်းမည်းမည်း ထစ်ချုန်းမြည်ဟည်းပြီးကို ရွာတတ်ပြန်သေးတာ။ အညာဆောင်း၊ ချမ်းရင်လည်းခိုက်ခိုက်တုန်အောင်ချမ်း သမို့ “ပြာသိုချမ်းပြင်း ဆီးနှင်းရောယှက် နှမ်းပုံဖျက်” လို့တောင် ဆိုစမှတ်တွင်ခဲ့ရတဲ့ အထိ။ ကျွန်မတို့အိမ်ရှေ့က ကွင်းပြင်မှာ ဝါးခြမ်းပြားတွေကို ထန်းလျှော်နဲ့တုပ်ပြီး ကွပ်ထားတဲ့ ကွပ်ပျစ်ချပ်ကြီးတစ်ချပ်ကို ပျဉ်ငုတ်တွေပေါ်မှာ တင်ပြီး ခင်းထားတယ်။ ဒီကွပ်ပျစ်ကြီးပေါ်မှာ ထိုင်ရင်း လက်ဖက်ရည်ကြမ်းတစ်အိုး၊ လက်ဖက်သုပ်လေးတမြုံ့မြုံ့နဲ့ စကားစမြည်တွေပြောခဲ့ကြတာလည်း ရွာဓလေ့တစ်ခုလို့ပဲပြောရပေမယ်။ ခုလိုဆောင်းတွင်းကာလရောက်လာရင်တော့ မနက်လင်းတာနဲ့ အအေးဒဏ်ကိုခံနိုင်ဖို့ အိမ်ရှေ့ကွင်းပြင်လေးမှာ ထန်းလက်ခြောက်လေးတွေနဲ့ ထင်းခြောက်လေးတွေစုပြီး မီးဖို ဖိုလို့ မိသားစုတွေဝိုင်းဖွဲ့မီးလှုံတတ်ကြတယ်။ မီးလှုံရင်း ပြောင်းဖူးလေးကို […]

ချစ်စရာဓလေ့များရဲ့ နေ၀င်ချိန်

မြောက်အရပ်ဆီက ဝင်လာတဲ့ခြေသံတို့သည် တိုးတိုးဖွဖွလေး။ မျက်ရည်စက်လက်နဲ့သစ်ရွက်တွေက ညလုံးပေါက်။ စိုထိုင်းနေတဲ့ အိမ်ရှေ့မြေပြင်၏ ထောင့်စွန်းနားတွင် ဆိတ်ဖလူးပန်းတို့ ပြန့်ကျဲလျက်ရှိသည်။ မသိမသာလေးထိခတ်နေပေမယ့် သိနေခဲ့သည့်အငွေ့အသက်များ။ ရွာအဝင် မြေနီလမ်းလေးအတိုင်း ညနေခင်းဆိုလမ်းလျှောက်ထွက်ဖြစ်သည်။ လမ်းဘေးဝဲယာ တလျှောက် လေတိုက်တိုင်းယိမ်းနွဲ့ ကနေသည့် ရွှေဝါရောင်ကွင်းပြင်ကြီး၏ အလှနှင့် ညနေဆည်းဆာသည်ကား လိုက်ဖက်တင့်တယ်လွန်းလှပေသည်။ လတ်ဆတ်နေသည့်လေညှင်းတို့၏ အရသာသည် စွဲမက်စရာကောင်းနေပြန်၏။ရွေ့လျားနေသည့်တိမ်တွေနှင့်အပြိုင် ခဏတာရွက်လွင့်ရင်း တနေ့တာပင်ပန်းမှုတွေကို ဖြေလျော့ပစ်လိုက်သည်။ဓာတ်တိုင်မီးကြိုးပေါ်တွင်ကျေးငှက်တချို့ နားခိုလျက်။မကြာမကြာဝင်ရောက်လာသည့် စပါးနံ့လေးတွေကို ရှူရှိုက်ရင်း ငယ်ငယ်က ဆောင်းရက်စွဲတွေကို ပြန်ပြီးသတိရစေခဲ့၏။ အရင်တုန်းက သီးနှံရိတ်သိမ်းချိန်နှင့် ယခုကား ကွာခြားလွန်းနေ၏။ကျွန်တော်တို့ငယ်ငယ်က ကောက်ရိတ်ကာနီးရင် စပါးပင်တွေကိုလှဲပေးရသည်။ကျွန်တော်တို့ညီကိုတွေလည်း နံနက်စောစောထကာ ဝါးလုံးကိုယ်စီနှင့် စပါးလှဲခဲ့ဖူးသည်။ ကောက်ရိတ်သမားတွေ အငှားချရသည်။ကောက်လှိုင်းစည်းရသည်။နေလှန်းရသည်။ကောက်လှိုင်းတိုက်ဖို့ လှည်းတွေဆင်ရသည်။ခြံထဲတွင် နွားချေးနှင့် တလင်းကြံရသည်။ထို့နောက် ညနေကောက်လှိုင်းတိုက်ဖို့ အတွက် မနက်ဆို နွားကျောင်းရင်း ကောက်လှိုင်းပုံရပြန်သည်။ အဲသည်အချိန်က […]

ဆည်းဆာပေါင်းများစွာကို မြင်တွေ့ခွင့်ရကြပါစေ

ခုကာလကြီးသည် ဆည်းဆာချိန်အကုန်မြန်သောကာလကြီးဖြစ်သည်။ နှလုံးနွမ်းနယ်မူဖြင့် အိပ်ယာသို့ဝင်ကြရသည်။ နှလုံးနွမ်းနေသော်လည်း ထိုလှပသော ဆည်းဆာများရှိသောကြောင့်သာ ဘဝတွင် ဖြေဆည်ရာရကြပေသည်ဟုလည်း အောက်မေ့ရလေသည်။ ထို့ကြောင့် သဘာဝတရားကြီးကို ကျေးဇူးစကားဆိုပါသည်။ တကယ်စဥ်းစားကြည့်ပြန်တော့လည်း လူတိုင်းသည်ဆည်းဆာကိုမြင်ခွင့်ရကြသည်မဟုတ်။ ဆည်းဆာကို ဘယ်လိုမှမမြင်နိုင်သူတွေရှိသလို မြင်သော်လည်း မခံစားနိုင်အားကြသူတွေရှိလေသည်။ ဆည်းဆာကိုမြင်ရတာခြင်းတူလျင်တောင် လှပသောဆည်းဆာကို မြင်ခွင့်ရသူတို့မှာ ပိုမိုကံကောင်းကြမည်ဟု ဆိုချင်ပါသည်။ လှပသော ညနေဆည်းဆာကို မြင်ခွင့်၊ ခံစားခွင့်ရဖို့ ဆိုသည်က ဆည်းဆာရှုခင်းတစ်ခုတည်းနှင့် ပြည့်စုံသည်မဟုတ်။ ဆည်းဆာ၏ ရာသီဥတုကလည်း ကောင်းဖို့၊ သာယာဖို့လိုပါသည်။ ယခုလိုဆောင်းရာသီတွင်တော့ ရာသီဥတုက အေးမြသာယာသည်။ ဆည်းဆာကလှပသည်။ ထိုလှပသောဆည်းဆာ၊ သာယာသော ရာသီဥတို့ကို ခဏမျှခံစားရင်း ပူလောင်နေသော နှလုံးသားကို ချွေးသိပ်ရပါသည်။ ညနေဆည်းဆာလှပဖို့ အရာများစွာလိုအပ်ပါသည်။ စိမ်းလန်းသောတောင်ကုန်းလေးတစ်ခုလိုအပ်ပါသည်။ ကြည်လင်စွာစီးဆင်းနေသော မြစ်တစ်စင်းလိုအပ်ပါသည်။ စိမ်းလန်းသောကွင်းပြင်တစ်ခုလည်းလိုအပ်ပါသည်။ အုပ်ဆိုင်းနေသော သစ်ပင်ကြီးတွေလည်း လိုအပ်ပါသေးသည်။ […]

ချစ်တဲ့ ချင်းတောင်ဇလပ်ရေ

တောင်ပေါ်မြေမှာ ပွင့်ဖူးတဲ့… တောင်ဇလပ်ပန်းနီလေးရယ် မင်းဘဝ ချွေမှာစိုး ကိုယ်တွေးတိုင်းစိုးရိမ် ချစ်တဲ့ချင်းတောင်ဇလပ်ရေ” အထက်ပါစာပိုဒ်ဟာ ချင်းလူမျိုးတေးရေးဆရာစံပီးရဲ့ သီချင်းစာသားဖြစ်ပါတယ်။ ဒီစာသားထဲမှာ မင်းဘဝ ချွေမှာစိုး ဆိုတဲ့ စာသားကို သထိထားမိမယ်ထင်ပါတယ်။ သတိထားမိပြီးရင် မင်းဘဝ ကြွေမှာစိုး ဖြစ်ရမယ်လို့ ထင်မိကြမှာပါ။ တကယ်တော့တောင်ဇလပ်ပန်းဟာ တော်ရုံတန်ရုံမကြွေပါ။ ချင်းတောင်မှာ လေထန်နေလည်းမကြွေပါ။ တောင်ဇလပ်ပန်းဟာ အနီရောင်နဲ့လှပသလောက် အကြမ်းခံတဲ့ပန်း၊ အပင်ကနေ ကြွေဖို့ မလွယ်တဲ့ပန်းဖြစ်ပါတယ်။ ပွင့်နေတုန်း လူကချွေတာတောင် တော်တော်ချွေယူမှရတာပါ။ ဒါကြောင့် တေးရေးဆရာ စံပီးက ” မင်းဘဝ ချွေမှာစိုး” ဆိုပြီး သုံးခဲ့ပုံရပါတယ်။ တောင်ဇလပ်ပန်းတွေပွင့်တဲ့ ခုလိုရာသီဆိုရင် ချင်းတောင်ဟာ သိပ်လှပါတယ်။ တောင်ကုန်းတောင်တန်းတွေပေါ်မှာ အနီရောင်ပန်းတွေပွင့်နေတဲ့ တောင်ဇလပ်ပန်းပင်တွေကို မြင်လိုက်ရရင် သင်ဟာလည်း ချင်းတောင်ကို ပိုချစ်မြတ်နိုးလာမှာသေချာပါတယ်။ တောင်ဇလပ်ပန်း ပွင့်ဖတ်တွေက […]

Page 1 of 7
1 2 3 4 5 6 7