သစ်တောပြုန်းတီးမှုနဲ့ ငှက်ဖျားရောဂါက ကလေးတွေကို ပိုထိခိုက်

လေ့လာမှုအသစ်တစ်ခုအရ သစ်တောပြုန်းတီးမှုနဲ့ ငှက်ဖျားရောဂါက ဆက်စပ်မှုရှိတယ်ဆိုတာကို အာဖရိက ဆာဟာရအောက်ပိုင်း ‌ဒေသတွေကို လေ့လာပြီးနောက်မှာ တွေ့ရှိခဲ့ပါတယ်။ သစ်တောဖုံးလွှမ်းမှု ဆုံးရှုံးခြင်းက ဂေဟစနစ်များကို ထိခိုက်စေရုံသာမက အထူးသဖြင့် ထိခိုက်လွယ်သော ကလေးငယ်များကြားမှာ ငှက်ဖျားရောဂါ ပျံ့နှံ့မှုကိုလည်း အထောက်အကူပြုကြောင်း အမေရိကန်ပြည်ထောင်စု၊ ဗားမောင့်တက္ကသိုလ် က လေ့လာမှု လုပ်ခဲ့ပါတယ်။ သစ်တောပြုန်းတီးမှုသည် ဒေသတွင်း ရာသီဥတုပုံစံများကို နှောင့်ယှက်စေပြီး ငှက်ဖျားပိုးသယ်ဆောင်သည့် ခြင်များအတွက် စံပြမျိုးပွားရာနေရာများ ဖန်တီးပေးနေပါတယ်။ ဒါကြောင့် သစ်တောပြုန်းတီးတဲ့ ဒေသများတွင် နေထိုင်သော ကလေးများသည် ရောဂါရနိုင်ခြေ ပိုများတယ်လို့ ဆိုပါတယ် ။ လေ့လာမှုက သဘာဝပတ်ဝန်းကျင် ယိုယွင်းမှုနှင့် ပြည်သူ့ကျန်းမာရေးတို့ကြား ဆက်စပ်မှုကို အလေးပေးဖော်ပြခဲ့ပြီး အထူးသဖြင့် စီးပွားရေးအရ ချို့တဲ့သော အသိုင်းအဝိုင်းများမှာ အဲ့ဒိဖြစ်စဉ်တွေ ပိုမိုဖြစ်ပွားပါတယ်။ သစ်တောပြုန်းတီးသောဒေသများတွင်နေထိုင်သောကလေးများ အထူးသဖြင့် […]

ရွှေ့ပြောင်းမျိုးစိတ် ၅ စိတ်မှာ မျိုးစိတ်တစ်ခုက မျိုးတုန်းသွားနိုင်တယ်လို့ ကုလ ဆိုပြီ

ရွှေ့ပြောင်းနေထိုင်သော တိရစ္ဆာန်များသည် ပတ်ဝန်းကျင်ပြောင်းလဲမှု၏ အညွှန်းများအဖြစ် လုပ်ဆောင် သော်လည်း ကျွန်ုပ်တို့ကမ္ဘာဂြိုဟ်၏ ရှုပ်ထွေးသောဂေဟစနစ်များကို ထိန်းသိမ်းရာတွင်လည်း အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။ နှစ်စဉ် သန်းပေါင်းများစွာသော တိရိစ္ဆာန်များသည် ကုန်းမြေ၊ ပင်လယ်နှင့် ကောင်းကင်များကို ဖြတ်၍ ရွှေ့ပြောင်းသွားလာကြသည်။ နိုင်ငံများနှင့် တိုက်ကြီးများကို ဖြတ်ကျော်ကာ အချို့သည် အစာရှာဖွေရန်နှင့် မျိုးပွားရန် ကမ္ဘာတဝှမ်း ကီလိုမီတာ ထောင်နှင့်ချီ၍ ခရီးသွားကြသည်။ သို့သော် ယခုအချိန်အထိ ဤတိရစ္ဆာန်များ၏ ထိန်းသိမ်းစောင့်ရှောက်ရေးအခြေအနေ သို့မဟုတ် ဦးရေ လမ်းကြောင်းများနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် အချက်အလက်မတွေ့ရှိရသေးပါ။ ပထမဆုံးအကြိမ်အဖြစ်၊ ယခု သူတို့ရင်ဆိုင်ရမည့် အန္တရာယ်များအကြောင်း ခိုင်လုံသော အထောက်အထားများ ရှိနေပြီဖြစ်သည်။ ကုလသမဂ္ဂ ဇီဝမျိုးစုံမျိုးကွဲများဆိုင်ရာ သဘောတူစာချုပ် (UN Biodiversity Treaty) အရ ရွှေ့ပြောင်းနေထိုင်ခြင်းဆိုင်ရာ […]

ပြောင် အထီး ၂ကောင်ကို မိုင် ၂၀၀ အကွာကို ပို့ဖို့ WWF ရန်ပုံငွေ ရှာနေ

ယူကရိန်းနိုင်ငံအခြေစိုက် ကမ္ဘာ့တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးရန်ပုံငွေအဖွဲ့ ( WWF) က ပြောင်အထီး တစ်ကောင်ကို မိုင် ၂၀၀ ‌ကျော်အကွာက တိရစ္ဆာန်ဥယျာဉ် တစ်ခုကို ပို့ဖို့အတွက် ရန်ပုံငွေ ရှာနေတယ်လို့ သိရပါတယ် ။ မြို့တော်ကိဗ် ရဲ့အ‌ရှေ့ဖက် ဇာလစ်ဆီယား သဘာဝ အမျိုးသားဥယျာဉ် မှာ မွေးထားတဲ့ ပြောင်ထီးတွေ တစ်ကောင်မှ မရှိတော့လို့ မျိုးဆက်ပွားရန်အခက်အခဲဖြစ်နေတဲ့အတွက်ကြောင့် အနီးဆုံးနေရာ ဗင်နီတစ်စီးယားက ပြောင်ထီးတစ်ကောင်ကို ပို့ဖို့အတွက် အစီအစဉ်တစ်ခုလုပ်ရာမှာ သယ်ယူပို့ဆောင်ရေးတွက် ရန်ပုံငွေ လိုအပ်နေတာပါ ။ ပြောင်ဆိုတဲ့ အမွေးရှည် နွားနောက်တွေကို ဥရောပမှာ ၁၇ ရာစုကနေ ၁၉ ရာစုအတွင်းမှာ မျိုးပြုန်းသွားလောက် အောင်ကို သတ်ဖျက်ခဲ့ကြပါတယ်။ ၁၉၀၀ လောက်မှာ ပြောင်တွေကို ဘီလာရုစ်နဲ့ ပိုလန် နယ်စပ်က ဘိုင်ရာလိုဝီဇာ […]

အကောင်ရေတိုးလာတဲ့ ဝက်ဝံညိုတွေနဲ့နေထိုင်ဖို့ အီတလီသားတွေ အခက်အခဲဖြစ်နေ

အီးယူမှ ထောက်ပံ့ပေးထားသည့် ပရောဂျက်ကြောင့် တောရိုင်းဝက်ဝံညိုများ ပြန်လည်ရှင်သန်လာခဲ့သော်လည်း ယခုအခါမှာ ၎င်းတို့ကို ဒေသဆိုင်ရာ အာဏာပိုင်များက ပြန်လည် သုတ်သင်နေရပါတယ်။ အီတလီနိုင်ငံမြောက်ပိုင်းရှိ အာဏာပိုင်များသည် လူသားများအတွက် အန္တရာယ်ရှိသည်ဟု ယူဆရသော ဝက်ဝံညိုတစ်ကောင်ကို အင်္ဂါနေ့တွင် သတ်ဖြတ်ခဲ့တဲ့အတွက်ကြောင့် တိရစ္ဆာန်အခွင့်အရေး လှုပ်ရှားသူများနှင့် အီတလီ သဘာဝပတ်ဝန်းကျင်ဝန်ကြီးတို့ကြားမှာ ပဋိပက္ခတွေဖြစ်ပွားနေပါတယ်။ M90 လို့ နာမည်ပေးထားတဲ့ အဲ့ဒိဝက်ဝံညိုကို အဲလ်ပ်စ် အရှေ့ပိုင်းရှိ Sole Valley တွင် သစ်တော အဖွဲ့ဝင်တွေက သတ်ဖြတ်ခဲ့ကြောင်း တရားဝင်ထုတ်ပြန်ချက်တစ်ခုအရ သိရပါတယ်။ ဝက်ဝံကြီးက “မြို့ပြဒေသမှာ ယုံကြည်မှုလွန်ကဲပြီး မကြာခဏ သွားလာခြင်း” ကို ပြသခဲ့ပြီး မကြာသေးမီက တောအုပ်လမ်းတစ်ခုတွင် တောင်တက်သမားစုံတွဲတစ်တွဲ ကိုတိုက်ခိုက်ခဲ့တယ် လို့ ခရိုင်အာဏါပိုင်တွေက ပြောပါတယ်။ အဲ့ဒါအပြင် အီတလီနိုင်ငံ၏ Ispra […]

ပေါင်မြို့နယ်ရှိ ချောင်းရိုးမြောင်းရိုးများအတွင်း အသားစား စုပ်ခွက်ငါး အများအပြား တွေ့လာရသည့် အတွက် ငါးမျိုးရင်းများ ပျောက်ကွယ်မည်ကို ဒေသခံများ စိုးရိမ်နေ

ပေါင်မြို့နယ်ရှိ ချောင်းရိုးမြောင်းရိုးများ အတွင်း အသားစား စုပ်ခွက်ငါး အများအပြား တွေ့လာရသည့်အတွက် ငါးမျိုးရင်းများ ပျောက်ကွယ်မည်ကို ဒေသခံများ စိုးရိမ်နေကြ ရကြောင်း ဒေသခံများ၏ ပြောကြားချက်များ အရ သိရသည်။ ပေါင်မြို့နယ်၊ ကျုံဟော်ကျေးရွာ အတွင်းရှိ ချောင်းရိုးများအတွင်း ပြီးခဲ့သည့် နှစ်များက စုပ်ခွက်ငါး သုံးလေးငါး ကောင်ခန့် သာတွေ့ရှိခဲ့ရသော်လည်း ယခုအခါ အကောင် ရေ ၅၀ ကျော်တွေ့ရှိကြောင်း ချောင်းရိုးများ၌ ငါးပက်သူ ဒေသခံတစ်ဦးကပြောကြားသည်။ ၎င်း“ကဆက်လက်ပြီး “ဒီငါးတွေကို တွေ့နေရတာ သုံးလေးနှစ်လောက်ရှိပြီ။ ခါ တိုင်း ဒီငါးတွေက အကောင်သေးပေမယ် အခုနောက်ပိုင်း ဖမ်းမိရင် ငါးတွေက အရင်က ထက် နှစ်ဆ၊ သုံးဆလောက်ပိုကြီးလာတဲ့ အနေအထားမျိုးတွေ့ရတ ယ်။ အရှည်က တစ်ပေလောက်၊ လုံးပတ်က ငါးလက်မ […]

လွန်ခဲ့တဲ့ နှစ်နှစ်သိန်းလောက်က ဖြစ်ခဲ့တဲ့ ရာသီဥတုပြောင်းလဲမှုကြောင့် လူဝံကြီးများ မျိုးသုဉ်

ရာသီဥတုဖောက်ပြန်မှုကြောင့်ဖြစ်တဲ့ ခြောက်သွေ့ရာသီတစ်ခု ဝင်ရောက်ခဲ့တဲ့အတွက် ရှေး လူဝံအကောင်ကြီး မျိုးနွယ်စုတွေက ၎င်းတို့ရဲ့ အကြိုက်ဆုံးအသီးအနှံများကို လက်လှမ်းမမီနိုင်တော့တဲ့ အတွက်ကြောင့် မျိုးသုဉ်း သွားခဲ့တယ်လို့ ယူဆရကြောင်း လေ့လာမှုအသစ်တစ်ခုက ဆိုပါတယ်။ တရုတ်နိုင်ငံတောင်ပိုင်းတွင် တစ်ချိန်ကနေထိုင်ခဲ့သည့် Gigantopithecus blacki မျိုးစိတ်သည် သိပ္ပံပညာရှင်များ သိကြသည့် အကြီးဆုံးမျောက်ဝံကြီးမျိုးဖြစ်ပြီး အရပ် ၃ မီတာရှိပြီး အလေးချိန် ၂၉၅ ကီလိုဂရမ်အထိရှိပါတယ်။ သြစတြေးလျနိုင်ငံ Southern Cross တက္ကသိုလ်မှ သုတေသီ Renaud Joannes-Boyau က “ အစားအစာ ရှားပါးလာတဲ့အခါမှာ အဲ့လို အကောင်ကြီးတွေက သစ်ပင်ပေါ်ကိုတက်ပြီး သူတို့ရဲ့ အစာရင်းမြစ်သစ်အတွက် မရှာနိုင်ခဲ့ကြပါဘူး ။ အကောင်က ကြီးလွန်းအားကြီးတော့ သူတို့မတတ်နိုင်ဘဲ သေဆုံးကုန်ကြတာ” လို့ ပြောပါတယ်။ ခေတ်သစ် လူဝံများနှင့် […]

လောင်စာဆီ အမတော်ကြေးဖြတ်တောက်မှုကြောင့် လယ်သမားတွေက ဘာလင်မြို့ပေါ်ထိတက်ပြီး ဆန္ဒပြ

ဂျာမနီနိုင်ငံတစ်ဝှမ်းမှ လယ်သမားများသည် ၎င်းတို့၏ လယ်ထွန်စက်များကို ဘာလင်မြို့လယ်တွင် မောင်းနှင်ကာ ၎င်းတို့ကို ထိခိုက်စေမည့် ဘတ်ဂျက်ဖြတ်တောက်မည့် အစီအစဉ်ကို ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ် ။ လယ်သမား ၃၀၀၀ ခန့်သည် ရာနှင့်ချီသော လယ်ထွန်စက်များပေါ်တွင် တက်ရောက်ကြပြီး အထင်ကရ ဘရန်ဒန်ဘာ့ဂ်ဂိတ် အနီးတဝိုက်တွင် စုရုံးပြီး ဆန္ဒပြနေတဲ့အတွက်ကြောင့် လမ်းပိတ်ဆို့မှု ဖြစ်ပွားသွားပါတယ် ။ လယ်သမားများက ၎င်းတို့လက်ရှိခံစားနေကြရသော အခွန်အခွင့်အရေးများနှင့် ထောက်ပံ့ကြေးများကို ဖြတ်တောက်ရန်ကြိုးစားနေတဲ့ အစိုးရရဲ့ အစီအစဉ်ကို ကန့်ကွက်ဆန္ဒပြခြင်းဖြစ် ပါတယ် ။ ရာသီဥတုဖောက်ပြန်မှု ဒဏ်ကို ခံစားနေရတဲ့ လယ်သမားတွေကို ကာကွယ်ဖို့ အစိုးရက ကူညီသင့်တယ်လို့ ၎င်းတို့က ပြောပါတယ်။ အစိုးရရဲ့ အစီအစဉ်အရ လယ်သမားများအနေနဲ့ လယ်ယာ စိုက်ပျိုးနေစဉ်အတွင်း အသုံးပြုသည့် ဒီဇယ်ဆီ အတွက် အခွန် ဖြတ်တောက်ခြင်း […]

ဂျပန်ကမ်းခြေကို ငါးအသေ သောင်းနဲ့ချီပြီး သောင်တင်တာ နျူအဆိပ်သင့်ရေတွေကြောင့်လား

ဂျပန်နိုင်ငံမြောက်ပိုင်းက ကမ်းခြေတစ်ခုကို ငါးအသေပေါင်း မြောက်များစွာ လှိုင်ပုတ်ခံရပြီး သောင်တင်လာတဲ့ ဗီဒီယိုဖိုင်တစ်ခုက အိတ်စ် ဆိုရှယ်မီဒီယာ ( ယခင် တွစ်တာ ) မှာ ပေါ်ထွက်လာခဲ့ပါတယ်။ အဲ့ဒိဗီဒီယိုဖိုင်က အခြားဆိုရှယ်မီဒီယာတွေမှာလည်း ပျံ့နှံ့သွားပါတယ် ။ ရေလှိုင်းက ပုတ်လို့ ငါးအသေပေါင်း သောင်းနဲ့ချီကမ်းတင်လာတာပါ ။ လိုင်းသုံးတဲ့ သူတွေကတော့ ငါးတွေသေကုန်ပါပြီ ဆိုပြီး ရေးတင်ကြတာပါ ။ အဲ့လို ငါးအသေတွေ ကမ်းတင်လာတာနဲ့ပတ်သက်ပြီး စိုးရိမ်မှုမြင့်တက်နေရတဲ့ အကြောင်းက မကြာသေးခင်လအတွင်းမှာ ဂျပန်အစိုးရက နျူ့အဆိပ်သင့်ရေတွေကို သမုဒ္ဒရာထဲကို ဖောက်ချခဲ့တာနဲ့ သက်ဆိုင်နေပါတယ်။ လက်ရှိကတော့ အဲ့ဒိကိစ္စနဲ့ ပတ်သက်မှုရှိမရှိကို စုံးစမ်းစစ်ဆေးနေပါတယ်။ အခြားသောသူတွေကတော့ အဲ့ဒိကိစ္စက ရေအောက် ငလျင်လှုတ်တာနဲ့ သက်ဆိုင်နေတယ်လို့ ပြောကြပါတယ် ။ ဒါပေမဲ့ ဘယ်သူမှ အတိအကျ […]

အိမ်မွေးကြက်ဥတွေ မစားဖို့အတွက် ပြင်သစ်အစိုးရ သတိပေးပြီ

ပြင်သစ်နိုင်ငံမှာ လူနေထူထပ်တဲ့ ဒေသကြီး ၁၈ ခုရှိပါတယ်။ အဲ့ဒိဒေသကလူတွေကို အိမ်မွေးကြက်ဥတွေ မစားဖို့ အတွက် ပြင်သစ်အစိုးရ ကျန်းမာရေးအာဏါပိုင်တွေက သတိပေးချက်ထုတ်ပြန်ထားပါတယ် ။ အကြောင်းကတော့ အဲ့ဒိဒေသတွေက မြေကြီးတွေမှာ ထာဝရဓာတုပစ္စည်းတွေ အများကြီးဖြစ်နေတဲ့အတွက်ကြောင့်ပါပဲ ။ ထာဝရဓာတုပစ္စည်းဆိုတာ အစာချေလမ်းကြောင်းမှာ မကျေပျက်ဘဲ သွေးကြောထဲအထိရောက်သွားနိုင်တဲ့ ဓာတုပစ္စည်တွေလို့ အကြမ်းဖျဉ်း ခေါ်ကြတာပါ ။ လေ့လာမှုအသစ်တစ်ခုက မြေကြီးများနဲ့ကြက်ဥ ၊ဘဲဥ များတွင် ထာဝရဓာတုပစ္စည်းများနှင့် အဆိပ် အတောက် များ ညစ်ညမ်းနေကြောင်း အတည်ပြုပြီးနောက် အဲ့ဒိသတိပေးချက်ထွက်ပေါ်လာခြင်း ဖြစ်ပါတယ်။ ဒေသအချို့ အတွက် ကြိုတင်ကာကွယ်မှုသတိပေးချက်ကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ပထမဆုံးထွက်ပေါ် လာခဲ့သည်။ ပဏာမစုံစမ်းစစ်ဆေးပြီးနောက် ၎င်းကို ၂၀၂၃ မေလတွင် ဒေသတစ်ခုလုံးသို့ တိုးချဲ့ပြီးသတိပေချက်ထုတ်ပြန် ခဲ့ပါတယ်။အဆိုပါလေ့လာမှု၏ရလဒ်များကို အတည်ပြုပြီး […]

ချန်ပန်ဇီတွေက အခြားအုပ်စုများကို ထောက်လှမ်းဖို့ စစ်နည်းဗျူဟာကို အသုံးပြုကြောင်းဆို

အနောက်အာဖရိက၏ အကြီးဆုံး မိုးသစ်တောနယ်မြေ၊ အနောက်တောင်ဘက် အိုင်ဗရီကို့စ် အနောက်တောင် ပိုင်းရှိ တိုင်အမျိုးသားဥယျာဉ် ရဲ့ တောင်ကုန်း ၁ခုမှာ ချန်ပန်ဇီ ၂ကောင်က တိတ်တိတ်ကလေး လေးဖက်သွားပြီး တောအုပ်အစွန်က အခြားချန်ပန်ဇီအုပ်စုတစ်စု ကိုချောင်းနေတာကို သုတေသီတွေက ဗီဒီယိုမှတ်တမ်းကနေ တွေ့လိုက်ပါတယ် ။ သူတို့က အချိန်အတော်ကြာ ချောင်ကြည့်ပြီးနောက်မှာတော့ သူတို့နေတဲ့ တောအုပ်ကို ပြန်သွားကြပါတယ်။ အဲ့လိုမျိုးအပြုအမှုကို တစ်ရက်ခြားလောက်ကို အဲ့ဒိ ၂ကောင် လုပ်လေ့ရှိပါတယ်။ စစ်သားတွေ ထောက်လှမ်းရေးလုပ်သလိုမျိုးပေါ့ ။ Tai National Park ရှိ တောရိုင်းအနောက် ချင်ပန်ဇီများ၏ အိမ်နီးချင်း အသိုင်းအဝိုင်းနှစ်ခုကို ၃ နှစ်ကြာ လေ့လာ ကြည့်ရှုစဉ် စစ်ပွဲအခြေအနေများတွင် မြင့်မားသော မြေပြင်နည်းဗျူဟာကို အသုံးပြုနေတာကို သုတေသီများက မှတ်တမ်းတင်ခဲ့ကြောင်း ကြာသပတေးနေ့တွင် […]

Page 1 of 10
1 2 3 4 5 6 7 8 9 10