နွေအလွမ်း

ရွက်ဝါတွေ ကြွေလူးသည့် နွေဦးသို့ရောက်တိုင်း အညာက ရွာကလေးကို ကျွန်မသတိရ မိနေမြဲ ဖြစ် ပါတယ်။ အထူးသဖြင့် သည်နှစ်မှာနွေဦးကစောသည်ထင့်။ ကျွန်မစိတ်ထဲ ထင်တာလည်းဖြစ်နိုင် ပါသည်။ ဖေဖော်ဝါရီလထဲမှာပင် ကျွန်မတို့တိုက်တန်းရှေ့ရှိ လက်ပံပင်ကြီး အဖူးနီနီကလေးတွေ ပြနေလေပြီ။ နွေ၏ ထုံသော ရနံ့မပြင်း မစူးသေးသော်လည်း ကျွန်မ၏အာရုံမှာတော့ နွေနံ့တို့ လှိုင်လှိုင်ထလို့လာ နေသည်။ တာရိုးလမ်းပေါ် ကားတစ်စင်းဖြတ်မောင်းသွားတိုင်း တာရိုးကြီးဆီမှဖုန်ငွေ့တွေ တောမီးကြီး လောင်သလို အခိုးတွေထသွားတတ်သည်ကို ကျွန်ငေးမောကြည့်နေမိပါသည်။ ကားတွေက မဆုံနိုင်တော့ ဖုန်ခိုးတွေကလည်း မဆုံနိုင်။ ခပ်လှမ်းလှမ်းရှိ ကမ်းနားသစ်တောအုပ်ကလေးသည်ပင် ရော်ရွက်တို့ဖြင့် သွေ့ခြောက်နေသည်။ ကျွန်မငယ်စဉ်ကဆိုလျှင် သည်လို နွေဦးရောက်တိုင်း ရွာကို ကဆုန်စိုင်း၍ ပြန်လေ့ရှိပါသည်။ တစ်မိုးလုံး၊ တစ်ဆောင်းလုံး ကျောင်းစာများဖြင့် နပန်းလုံးခဲ့ရသမျှ နွေကိုရောက်တိုင်းအတိုးချကာ ဆော့ကစားခဲ့သည့် နွေဦးကျောင်းပိတ်ချိန်ဘဝတွေကို […]

တောင်ပြာကြားမှ မလေးငယ်

ငှက်ကလေးများရဲ့ တီတီတာတာ နှုတ်ခွန်းဆက်သံက မနက်ခင်းတစ်ခုလုံးကို လတ်ဆတ်သင်းပြန့်စေတယ်။ တောရိပ်တောင်ရိပ်တွေကြား စိမ့်ဝင်စီးမျောနေတဲ့ဆောင်းက ဆောင်းပီပီသသ။ ခန္ဓာကိုယ်ပေါ် အုပ်မိုးထားတဲ့ တရုတ်ဂွမ်းစောင် အထပ်ထပ်ကိုဖောက်ဝင်ပြီး အေအးဓာတ်က အသွေအသားတွေကို နမ်းရှိုက်လို့။ ခဲကပ်ကပ်အအေး အအေးဓာတ်ကိုအံတုပြီး ဂွမ်းစောင်တွေ အောက်က ကိုယ့်ကိုယ်ကိုယ် ရုန်းထွက်လိုက်တယ်။ လေပြည်ရနံ့ကင်းတဲ့ မနက်မှာ မြူခိုးရနံ့တွေဟာ ကျွန်တော့်ဆီ ပြေးဝင်လာလေရဲ့။ အိမ်တံခါးကိုဖွင့်။ အိမ်ငယ်လေးပေါ်ကနေ ခြံထဲဆင်းလိုက်တော့ ပြာပုံဘေးမှာ ကွေးကွေးလေးခွေနေတဲ့ ခွေးပေါက်စတစ်ကောင်က ကျွန်တော့်ဆီပြေးလာပြီး လျှာနဲ့လျက် တိုးဝှေ့နှုတ်တယ်။ နှင်းမှုန်မြူခိုးတွေကြားမှာ အရွက်မပါတဲ့ သစ်ပင်အကိုင်းအခက်တွေက အဝတ်အစားမကပ်တဲ့ လက်တံရှည်တစ္ဆေတွေလို ကျွန်တော့်ကို ခြောက်လှန့်နေကြတယ်။ နေရဲ့အလင်းရောင်ကို ပိတ်ဆို့ထားတဲ့ ဖွေး ဖွေးလှုပ်မြူခိုးတွေအောက် ကျွန်တော် အသက်ရှူကျပ်နေတာ အမှန်ပဲ။ ရွာဦးဘုန်းကြီးကျောင်းက အုန်းမောင်းခေါက်သံ ရှစ်ချက်ကြားရသည်အထိ မနက်ခင်းနေဟာ ကျွန်တော်နဲ့တောင်တန်းများရဲ့အဝေးမှာ ရှိနေတုန်းပဲ။ […]

ဆရာကြီးသော်တာဆွေ၏ #ထန်းသမားထေကြီး

ထန်းသမားထေကြီး၏ ပထမဦးဆုံး ထူးခြားချက်နှစ်ရပ်ကို ဖော်ပြပါမူ… (၁) ထန်းသမားထေကြီးသည် ထန်းတက်သမားဖြစ်လျက် ထန်းရည်၊ အရက် မသောက်ခြင်း။ (၂) ရေချိုးလေ့မရှိခြင်း။ ငါ့ချီး…. ရေချိုးလို့သေတဲ့မသာ ရှိတယ်၊ ရေမချိုးလို့ သေတဲ့မသာ မရှိဘူးကြ သူ့အား ရေမချိုးရကောင်းလားဟု ပြောသူများအား ချေပသော လက်သုံးစကားတည်း။ ကိုထေကြီး.. ခင်ဗျားကိုယ်က ချေွးတွေ၊ ညှော်တွေနဲ့ စေးထန်းမနေဘူးလား၊ မအီမသာ ဖြစ်မနေဘူးလား” ဟင့်အင်း… မေနဘူးကြ၊ ငါ့ဟာငါ နေထိုင်ကောင်းနေတာပဲ ယင်းကား သူ့အဖို့ သိဒ္ဓိပြီးစီးခြင်းတစ်ရပ် ဖြစ်နေပေသည်။ ကျွန်ုပ်တို့မှာ ရေချိုးချင်၍(သို့မဟုတ်) ရေချိုးချိန်တန်၍ မချိုးရပါက မည်မျှဒုက္ခရောက်ကြပါသနည်း။ ထေကြီးကား ဤဒုက္ခမှ ရာသက်ပန်ကင်းဝေးလျက် ရှိလေပြီ။ အများမျက်မြင်အားဖြင့် ထေကြီးကိုယ်မှာ ချေးကွက်တွေ အထပ်ထပ် ပြီး၍ ရွံဖွယ်လိလိရှိသည်။ မည်သူသည် သူနှင့် […]

ပုစဥ်းရင်ကွဲတွေ အော်နေကြတယ် (ဝတ္ထုတို)

ပုဂ္ဂလိကသစ်တောစိုက်ခင်းများစိုက်ပျိုးလုပ်ကိုင်နေသူ မိတ်ဆွေတစ်ယောက်၏ ဖိတ်ခေါ်မှုဖြင့် ကျွန်တော် ပဲခူးရိုးမဖြတ်လမ်းပေါ်ရှိပုဂ္ဂလိကကျွန်းစိုက်ခင်းတွေဆီကို အလည်အပါတ်သွားရောက်ခဲ့ပါသည်။တောင်ငူအုတ်တွင်း ဘက်မှ တက်ရောက်ခဲ့ခြင်းဖြစ်ပြီး ခပေါင်းကြိုးပြင်ကာကွယ်တောကို ယခင်ကရောက်ခ့ဲဘူးသည်မှာ အနှစ်၂၀ ကျော်ကြာသွားပြီလည်းဖြစ် ပါသည်။ ပဲခူးရိုးမသည် မြန်မာ့ကျွန်းသစ်ရတနာ၏မှုရင်းဒေသလည်းဖြစ် တောင်ကုန်းတောင်စောင်းထူထပ်ပေါများ သော်လည်း အတန်အသင့် ပြေပြစ်မှုရှိပြီး အရှေ့ဘက်နှင့်အနောက်ဘက်တို့တွင် အလြယ္တကူဆက္သြယ္သြားလာ နိုင်သော မြို့ရွာများ ရှိနေခြင်းကြောင့်လည်း သစ်ထုတ်လုပ်ငန်းအတွက် အထင်ကရနေရာများဖြစ်ခဲ့ဘူးပါသည်။ ကျွန်တော် လူငယ္ဘဝ တောခေါင်းဖြစ်စမှာတော့ ပဲခူးရိုးမက စိတ်ဝင်စားစရာ စိတ်ကူးယဉ်စရာများနှင့် ထူးခြားစွဲမက်နေခဲ့ဘူးသည်။ အစိမ်းရင့်ရင့်ညို့မှိုင်းမှိုင်း နိမ့်မြင့်တက်ဆင်းများနှင့်မျက်စေ့တစ်ဆုံးတောအုပ်ကြီးရဲ့အပေါ်က ခရမ်းနုရောင်သန်းနေသည့်မြူပြာပြာများ၊ သွယ်လျရစ်ခွေပြေပြေငြိမ့်ငြိမ့်လေးစီးဆင်းနေသည့် ခပေါင်းချောင်း၊ဘုတ လင်ချောင်း အခေါက်ဖြူဖြူ ရွက်စိမ်းရင့်ရင့်ဖားဖားနှင့် ကျွန်းပင်မြင့်ကြီးများကြား သတ်ပင်၊ချန်ပင်တိုင်းရင်း ဆင်းလိုက်တက်လိုက် အော်လိုက်ဟစ်လိုက် စနောက်လိုက်နှင့်သူငယ်ချင်းတောအုပ်တောခေါင်းများ အမြင်အာရုံတွေက ကိုယ့်ရှေ့မှောက်တကယ်ပဲပြန်ရောက်လာသလို ကြားယောင် မြင်ယောင်နေမိပြန်သည်။ အဲဒီအချိန်တုန်းက ကျွန်းပင်ကို ရင်စို့လုံးပါတ် ၇ ပေ […]

မဲလုံး (ဝတ္ထုတို)

မဲလုံးက ဆရာ၀န်မဟုတ်သဖြင့် သူ့ရောဂါ ဘာမှန်း မသိချေ။ သို့သော် သူကြာကြာခံတော့မှာ မဟုတ် မှန်းတော့ အလိုလိုသိနေသည်။ သူ့မှာဆက်လက် ရှင်သန်နိုင်လောက်သည့်ခွန်အား မရှိတော့။ စင်စစ် ရှင်သန်ချင်သည့်စိတ်ဓာတ်ပင် မရှိတော့။ တစ္သက္လုံး မတ်တတ် မတ်တတ် ဆိုသလိုနေလာခဲ့ရာက ယခုတော့ နေ့လည်ကြောင် တောင်ပင် မြေပြင်မှာ ၀ပ်စင်းချင်နေပြီ။ တုံးလုံးပက်လက်ကြီးသာ လွဲ၍ေန ချင်ပြီ။ သူ့သခင်တွေ မဲလုံးအနီးသို့ ရောက်လာကြသည်။ သူသွားတော့မည်ဆိုတာ သည်လူတွေ သိနေကြ သည်ပဲဟု မဲလုံးတွေးမိသည်။ သို့သော် သူ မအံ့သြပါ။ သည်လူတွေသည် တစ္သက္လုံး သူ့ကိုခိုင်းစေလာကြသူများ၊ သူ့ကို အမျိုးမျိုးအဖုံဖုံ စီမံ ခန့်ခွဲလာကြသူများ၊ သူ့ဘ၀တစ်ခုလုံးကို ချုပ်ကိုင် ခြယ် လှယ်ကြသူများဖြစ်၍ သူ့အကြောင်း သူ့ထက်ပင် သိကြမည်ဆိုလျှင်လည်း မဲလုံးအံ့သြမိမည် မဟုတ်ပါ။ […]

သူ့ တစ်နေရာ (ဝတ္ထုတို)

၁။ သည်အရပ် သည်ဒေသတွင် သူ, ဘယ်အချိန်ကတည်းက တည်ရှိခဲ့မှန်း သူ,ကိုယ်တိုင်ပင် သေချာမသိ။ သူ, သိသည်က ကျယ်ပြောလှသော ကောင်းကင်ကြီးတစ်ခု သူ့,အပေါ် မှာ အုပ်မိုးနေသည်။ထို ကောင်းကင်ကြီး မှောင်လာသည့်အခါ ကြယ်ကလေးတွေကို ငေးခွင့် ရှိပြီး၊ကောင်းကင်ကြီး လင်းလာသည့်အခါ သူ့,တစ်ကိုယ်လုံး နွေးနေတတ်သည်။နေသာရုံ အနွေးဓာတ်မှတစ်ဆင့် တရိပ်ရိပ်မြင့်တက်လာသည့် အပူရှိန်နှင့်အတူ ခြောက်သွေ့ညစ်ညူးဖွယ် ကောင်းသော နေ့ရက်များကို မရှောင်သာ၊မလွှဲသာ ရောက်ရပြန်သည်။ထိုအချိန်မျိုးတွေဆီရောက်လာသည့်အခါ သူ့,အပေါ်ယံ မြေဆီလွှာတချို့ မခံမရပ်နိုင်အောင် အက်ကွဲလာ၏။ ထိုကာလကား သိပ်တော့မကြာပေ။သူ့, ခံနိုင်ရည်စွမ်းတို့ မကုန်ဆုံးမီပင် မိုးစက်မိုးပေါက်များ ရွာလေ့ရှိသည်။နေ့စဉ်ရက်ဆက် ရွာပါများတော့ သူ့,ကျောပေါ်က တောတန်းကလေးမှာ သက်ရင့်ပင်တို့ မြူးရွှင်ကြ၏။လိပ်ပြာရောင်စုံ၊ပန်းပေါင်းစုံဖြင့် ကျေးငှက်မျိုးစုံ တွန်သံအောက်ဝယ် သူ့,အသွင်က ကြည်နူးဖွယ်အတိ။ သူ,တင်မဟုတ်။ သူ့,ဝန်းကျင် တစ်ခွင်လုံးမှာလည်း အမျိုးတူ တောင်တန်းများက […]

သစ်ပင် (ဝတ္ထုတို)

၁။ ဖိုးထူးအဖို့ ဒီလိုအဖြစ်အပျက်မျိုးက ရိုးတောင်ရိုးနေပါပြီ။ အိမ်ကလည်း တစ်ခုခုခိုင်းစရာရှိတိုင်း ဖိုးထူးတစ်ယောက် ခေါ်မကြားအော်မကြားပျောက်နေတယ်ဆို အပင်တစ်ပင်ပင်ပေါ် ရောက်နေလောက်ပြီဆိုတာကို အတပ်သိသလို အိမ်မွာတော့ ဖိုးထူးကိုရှာချင်လျှင်ခေါင်းကို မော့ထားရသည်ဟု ပြောတတ်ကြသည်။ ဖိုးထူးအဖို့ကလည်း အပင်ပေါ်တက်နေရတာကို ပျော်လည်းပျော်သည်။ စိတ်လည်းလှုပ်ရှားသည်။ တီဗီမှာလာတတ်သည့် ကာတွန်းကားတွေထဲက လူစွမ်းကောင်းတွေလုပ်လေ့ရှိသလို စွန့်စားတဲ့အရာတစ်ခုခုလုပ်ခွင့်ရသည်ဟုသာ ဖိုးထူးထင်သည်။ ဖိုးထူးတို့အရွယ်တွေအတွက် အိမ်ပတ်ဝန်းကျင်မွာ စွန့်စွန့်စားစားလုပ်လို့ရတာကလည်း သစ်ပင်ပေါ်တက်သည့်အလုပ်လောက်သာ လောက်လောက်လားလားရှိသည် မဟုတ်လား။ အိမ်ကသူ့ကိုတစ်ခုခုခိုင်းဖို့လိုက်ရွာနေပြီဆိုတာနဲ့ အိမ်နောက်ဖေးက သရက်ပင်ပေါ် ဖိုးထူးတက်ပုန်းနေတတ်တော့တာပါပဲ။ ဖိုးထူးတို့ အိမ်နောက်ဖေးဝင်းထဲမွာ သရက်ပင် မာလကာပင် မရမ်းပင်စသည့် တက်စရာအပင်တွေ ခပ်များများရှိပါသည်။ အပင်အားလုံးကလည်း နယ်ကထုံးစံအတိုင်းနှစ်ရှည်မခုတ်ပဲ ဒီအတိုင်းပစ်ထား၍ရသည့်အတွက် အကိုင်းအခတ်တွေ အုပ်အုပ်ဆိုင်းဆိုင်းရွိသည်။ နောက်ပြီး ဖိုးထူးတို့ခြံက နောက်ဘက်မွာအတော်ကျယ်သလို ဘေးပတ်ဝန်းကျင်ကခြံတွေကလည်း ဖိုးထူးတို့ခြံလိုပဲ အတန်အသင့်ကျယ်ဝန်းပြီး ဖိုးထူးတို့ခြံလိုပဲ အပင်တွေရှိသည်။ အပင်တက်တာကိုသိပ်ကြိုက်သည့် […]