မြစ် ချောင်းတစ်လျှောက် မြို့ ရွာတွေမှာလည်း အမှိုက်ကင်းစင်စေချင်တယ်

ပြီးခဲ့တဲ့လ (၂၀၁၉ ခုနှစ် ဒီဇင်ဘာ ကျောင်းပိတ်ရက်) ကပေါ့၊ ကရင်နှစ်သစ်ကူး ရွာပြန်ချင်တယ်လို့ ဇနီးသည်က ပြောလာတဲ့အတွက် ရွာပြန်ဖို့ စီစဉ်ဖြစ်ခဲ့တယ်။ ရွာဆိုတာက ဇနီးသည်ရဲ့ ရွာ၊ အဲဒီမှာ သူ့အမေ၊ ညီမ မိသားစု၊ မောင် မိသားစုနဲ့ ဆွေမျိုးတွေ ရှိတယ်။ အားလုံးက ဗုဒ္ဓဘာသာ၊ ကရင်လူမျိုးတွေ၊ ဒီတော့ ကရင် နှစ်သစ်ကူးသွားရင်း အလည်အပတ်သွားမယ်။ ကလေးတွေလည်း ရောက်ဖူးမယ်။ စိတ်ပြေလက်ပျောက်လည်း ဖြစ်မယ်ပေါ့။ ကျွန်တော်ကတော့ အလုပ် နှစ်လုပ် လုပ်နေရသလို စာကလည်း ရေးနေရတာမို့ မိသားစုကို လိုက် ပို့ပြီးရင် ချက်ချင်းပြန်လာမယ်။( အဲဒီအစီအစဉ်တောင် ပထမက မပါဘူး။ သူငယ်ချင်း ကဗျာဆရာ တစ်ယောက် က လိုက်ချင်တယ်ဆိုလို့ အားချင်း စီစဉ်လိုက်ရတာ) ဇနီးသည်ရဲ့ […]

မြစ် ချောင်းတစ်လျှောက် မြို့ ရွာတွေမှာလည်း အမှိုက်ကင်းစင်စေချင်တယ်

ပြီးခဲ့တဲ့လ (၂၀၁၉ ခုနှစ် ဒီဇင်ဘာ ကျောင်းပိတ်ရက်) ကပေါ့၊ ကရင်နှစ်သစ်ကူး ရွာပြန်ချင်တယ်လို့ ဇနီးသည်က ပြောလာတဲ့အတွက် ရွာပြန်ဖို့ စီစဉ်ဖြစ်ခဲ့တယ်။ ရွာဆိုတာက ဇနီးသည်ရဲ့ ရွာ၊ အဲဒီမှာ သူ့အမေ၊ ညီမ မိသားစု၊ မောင် မိသားစုနဲ့ ဆွေမျိုးတွေ ရှိတယ်။ အားလုံးက ဗုဒ္ဓဘာသာ၊ ကရင်လူမျိုးတွေ၊ ဒီတော့ ကရင် နှစ်သစ်ကူးသွားရင်း အလည်အပတ်သွားမယ်။ ကလေးတွေလည်း ရောက်ဖူးမယ်။ စိတ်ပြေလက်ပျောက်လည်း ဖြစ်မယ်ပေါ့။ ကျွန်တော်ကတော့ အလုပ် နှစ်လုပ် လုပ်နေရသလို စာကလည်း ရေးနေရတာမို့ မိသားစုကို လိုက် ပို့ပြီးရင် ချက်ချင်းပြန်လာမယ်။( အဲဒီအစီအစဉ်တောင် ပထမက မပါဘူး။ သူငယ်ချင်း ကဗျာဆရာ တစ်ယောက် က လိုက်ချင်တယ်ဆိုလို့ အားချင်း စီစဉ်လိုက်ရတာ) ဇနီးသည်ရဲ့ […]

တပိုင်တနိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေး (၂)

အပြင်ထွက်စျေးဝယ်ရာမှာလဲ သယ်ဆောင်ထုတ်ပိုးဖို့ ခြင်းတောင်း၊ အဝတ်အိတ်စတာတွေကိုယူဆောင်သွားပြီး တခါသုံးပလစတစ်အိတ်နဲ့သယ်ယူတာကိုလျော့ချခြင်းဟာလဲ ပါတ်ဝန်းကျင်ကိုထိမ်းသိမ်းခြင်းပါပဲ။ ဆွေးမြေ့စေတဲ့စက္ကူအိတ်ကိုသုံးတာဖြစ်လို့ပါတ်ဝန်းကျင်ညစ်ညမ်းမှုမရှိပါဘူးလို့ပြောနိုင်ပေမဲ့ အဲဒီစက္ကူဖြစ်လာဖို့ ပါတ်ဝန်းကျင်ထိခိုက်မှုတွေအများကြီးလုပ်ဆောင်ခဲ့ရတာကြောင့် စက္ကူအခြေပြုပစ္စည်းများသုံးစွဲခြင်းကိုလဲ အတတ်နိုင်ဆုံးလျော့ချကြရပါ့မယ်။ ထို့အတူ တခါသုံးပစ္စည်းစုတွေကိုထုတ်လုပ်ရာမှာလဲ သဘာဝပါတ်ဝန်းကျင်ထိခိုက်ပျက်စီးစေတာတွေအများကြီးရှိနိုင်တာကြောင့် တခါသုံးပစ္စည်းတွေသုံးစွဲမှုကိုအတတ်နိုင်ဆုံးလျော့ချကာ ပြန်လည်ဆေးကြောသုံးစွဲနိုင်တဲ့အရာတွေကို အသုံးပြုဖို့အားထုတ်ကြရပါ့မယ်။ ဒါကြောင့် တခါသုံးတူတွေအစား သေချာပြုလုပ်ထားတဲ့တူတွေကို စနစ်တကျပြန်လည်ဆေးကြောကာအသုံးပြုခြင်း။ စက္ကူတစ်ရှူးတွေအစားချည်ထည်နဲ့ယက်လုပ်ထားတဲ့လက်သုတ်ပုဝါတွေကိုလျော်ဖွတ်ကာအဖန်ဖန်ပြန်လည်အသုံးချခြင်း။ တခါသုံး ပုလင်း၊ ခွက်၊ ပန်းကန်တွေအစား ဆေးကြောအသုံးပြုလို့ရတဲ့ ဖန်၊ ကြွေ၊ စတီးအစရှိတဲ့လူသုံးပစ္စည်းတွေကိုအများစုအသုံးပြုခြင်းတို့ကိုဆောင်ရွက်ကြရပါ့မယ်။ ပုလင်း၊ ဗူး၊ ပုံးခွံ စတာတွေကို ဆေးကြောသန့်စင်ကာ လိုအပ်တဲ့နေရာမှာပြန်သုံးတာမျိုးကလဲ ပါတ်ဝန်းကျင်ညစ်ညမ်းမှုကိုလျော့ကျစေတဲ့လုပ်ရပ်ဖြစ်ပါတယ်။ မိမိအိမ်မှာ စက်ယာဥ်နဲ့ပါတ်သက်ပြီးပြုပြင်ဆေးကျောရာမှာသုံးတဲ့ စက်သုံးဆီ၊ချောဆီအဟောင်းတွေကို အလွယ်တကူ မြောင်းထဲ၊ မြေပြင်ပေါ် စွန့်ပြစ်ခြင်းမပြုပဲ စနစ်တကျထဲ့သွင်းသိုလှောင်ကာ အသုံးတဲ့မှုရှိအောင်ကြံဆောင်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းစတာတွေကလဲ သဘာဝပါတ်ဝန်းကျင်ကိုထိမ်းသိမ်းစောင့်ရှောက်ခြင်းနဲ့အကျုံးဝင်တာပါပဲ။ သွားလာလှုပ်ရှားရာမှာလဲ ကား၊ဆိုင်ကယ် အစရှိတဲ့ ကာဗွန်ရုပ်ကျွင်းလောင်စာသုံးယာဥ်တွေသုံးစွဲမှုကို လိုအပ်သလောက်သာသုံးပြီး စက်ဘီးကဲ့သို့လူ့စွမ်းအားသုံးယာဥ်တွေကိုသုံးစွဲခြင်းအားဖြင့် မီးခိုးထုတ်လွတ်မှုလျော့နဲစေတာကလဲ […]

တနိုင်တပိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး (၁)

သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးလို့ဆိုလိုက်တာနဲ့လူအများစုအမြင်မှာ သစ်မခုတ်ဖို့၊ သစ်ပင်စိုက်ဖို့ဆိုတာကို ဦးစွာပထမ ဖြစ်ပေါ်လာတတ်ကြပြီး ဘယ်မှာလဲမြေ၊ ဘယ်မှာလဲစိုက်စရာသစ်ပင်၊ ခုတ်တဲ့သူတွေတော့မတားနိုင်ပဲ ဆိုပြီး အမြင်စောင်းစရာတွေလဲဖြစ်လာတတ်ကြပါတယ်။ သစ်တောသစ်ပင်ဆိုတာကလည်း လူသားတို့ရဲ့မွေးရာပါမိတ်ဆွေတွေလဲဖြစ်လို့ အထက်ကအမြင်ဟာလည်း မမှားပါဘူး။ အိုးအိမ်အတွက်၊ လောင်စာအတွက်၊ လမ်းပမ်းဆက်သွယ်ရေးအတွက်၊ စိုက်ပျိုးရေးအတွက် အစရှိတဲ့ လိုအပ်ချက်ခေါင်းစဥ်တွေအောက်ကနေ သစ်တောသစ်ပင်တွေကိုခုတ်ယူနေကြရတာကလည်း ပကတိအရှိတရားပါပဲ။ တကယ်တမ်း သစ်တောပြုန်းတီးမှုတားဆီဖို့က သစ်ပင်ခုတ်တာတွေရပ်ရမယ်၊ သစ်ပင်တွေစိုက်ရမယ်။ ဒီလောက်လုပ်ရင်လုံလောက်ပြည့်စုံပြီလားဆိုရင်တော့ မရသေးပါဘူး။ သစ်တောပြုစုစောင့်ရှောက်မှုဟာ သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးလုပ်ငန်းစုကြီးနဲ့ယှဥ်ကြည့်ရင်တော့ ရေပေါ်မှာပေါ်နေတဲ့ရေခဲတောင်ရဲ့အစိတ်အပိုင်းတခုလောက်ပဲရှိနေသေးပြီး အခြားလုပ်ငန်းစုတွေက ရေအောက်ကရေခဲတုံးလောက်ထိကြီးမားများပြားလှပါတယ်။ နိုင်ငံ၊ ဒေသတခုမှာ တရားဥပဒေစိုးမိုးမှုအားနည်းချိန်ဟာ သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုအများဆုံး၊ အမြန်ဆုံးဖြစ်စေသလို သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးလုပ်ငန်းတွေ အခြေယိုင်တဲ့ကာလပါပဲ။ အဲလို မတည်ငြိမ်တဲ့ ကာလမှာ ဘာမှမလုပ်ပဲထိုင်ကြည့်နေရတော့မှာလားလို့ မေးလာရင်တော့ ကြီးမားကျယ်ပြန့်တဲ့သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးလုပ်ငန်းတွေကိုညလုပ်မရနိုင်ပေမဲ့ တကိုယ်ရေတကာယနဲ့ မိသားစုအလိုက် လုပ်ဆောင်နိုင်တဲ့သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးလုပ်ငန်းတွေကိုတော့ လုပ်ဆောင်နိုင်ကြရပါမယ်။ ဘာတွေ လုပ်ရမလဲဆိုရင်… မီးဖိုချောင်ကထွက်တဲ့ ဆွေးမြေ့လွယ်တဲ့ အမှိုက်တဖြစ်လဲ […]

အလွယ်ကြိုက်စိတ်ဓာတ်နဲ့ သဘာဝကို ဖျက်နေတဲ့လက်တွေ

ကိုယ့်လက်ချောင်းတွေကို ကိုယ်ကြည့်ပြီးစဥ်းစား ဆင်ခြင်ကြည့်စေချင်ပါတယ်။ တစ်နေ့တာအဖို့ ကိုယ့်လက်တွေနဲ့ ဘာတွေကို ကိုင်တွယ်သုံးစွဲခဲ့သလဲဆိုတာ ဆန်းစစ်ကြည့်ဖို့ပါ။ လက်တွေနဲ့ကိုင်တွယ်ထိတွေ့ခဲ့တာတွေထဲကမှ ပလစ်တစ်နှင့်ပတ်သက်တဲ့ အရာတစ်ခုကိုပဲ စဥ်းစားကြည့်ကြပါဦးစို့။ လူတစ်ယောက်ဟာ တစ်ရက်ကို ကြွပ်ကြွပ်အိတ် လို့ခေါ်ကြတဲ့ ပလစ်စတစ်တွေ ဘယ်နှအိတ်သုံးစွဲမိပါသလဲ။ ကြွပ်ကြွပ်အိတ်ကို အဓိကသုံးစွဲကြသူတွေဟာ မြို့နေလူတန်းစားတွေဖြစ်ပါတယ်။ လဖက်ရည်ဝယ်ရင်လည်း ကြွပ်ကြွပ်အိတ် ၊ မုန့်ဝယ်ရင်လည်း ကြွပ်ကြွပ် အိတ်၊ ဘာပစ္စည်းဝယ်ဝယ် ကြွပ်ကြွပ်အိတ်တွေနဲ့ပဲ ထုပ်ပိုးသယ်ဆောင်ခဲ့ကြတာပါပဲ။ နောက်ဆုံး စျေးကို စျေးခြင်းတောင်းကိုင်သွားတဲ့ ခေတ်ဟာ ကုန်ခဲ့ပြီလို့ဆိုနိုင်နေပါပြီ။ စျေးသွားရင်လက်ဗလာနဲ့သွားပြီး ကြွပ်ကြွပ်အိတ်အထုပ်ကြီးငယ်ဆွဲပြီး ပြန်လာကြတာ နေ့တိုင်းရက်တိုင်းပဲဖြစ်ပါတယ်။ အိမ်ထောင်စုတစ်စုဟာ တစ်ရက်ကို အနည်းဆုံးကြွပ်ကြွပ်အိတ် သုံးအိတ်လောက်သုံးစွဲတယ်ဆိုပါစို့။ အိမ်ခြေတစ်သောင်းရှိတဲ့မြို့ဟာ တစ်ရက်ကို ကြွပ်ကြွပ်အိတ် သုံးသောင်းကိုအသုံးပြုနေတာဖြစ်ပါတယ်။ အဲ့ဒီကြွပ်ကြွပ်အိတ် သုံးသောင်းထဲက နှစ်သောင်းကျော်ဟာ ပြန်လည်အသုံးပြုမခံရဘဲ အမှိုက်တွေအဖြစ်ရောက်ရှိသွားပါတယ်။ သဘာဝပတ်ဝန်းကျင်ကို အထိခိုက်ဆုံးအမှိုက်တွေထဲက တစ်ခုအဖြစ်ရောက်ရှိသွားတာပါ။ […]

ချောင်းကလေး၊ မြောင်းကလေးတွေရဲ့ ကျေးဇူးကိုသိတတ်ကြပါစေ

တောင်ရိုးပေါ်က၊ အခြေစ၍ နိုးထဆင်းလာ၊ ရေစီးသာနှင့် ရပ်ကျိုးရွာကျိုး၊ ဆောင်သယ်ပိုးသည့် အဖိုးတန်သော၊ ချောင်းကလေး။ သည်ချောင်းရေပေါက်၊တို့သုံးသောက်၏ သည်ချောင်းရေလျှံ၊ နုန်းတင်ကျန်တွင် သည်းနှံမျိုးစုံ၊ တို့စိုက်ကုန်၏ သည်ချောင်းငယ်ကား၊ တို့ရွာများ၏ အားထားဖွယ်ရာ ကျေးဇူးရှင်။ ကဗျာဆရာ ဘုတလင်ချစ်လေး၏ ချောင်းကလေးကဗျာမှ ပထမနှစ်ပိုဒ်ဖြစ်ပါသည်။ ထိုကဗျာကို ၂၀ ရာစုအတွင်းရေးခဲ့ခြင်းဖြစ်သည်။ ယခု ၂၁ ရာစုမှာလည်း ချောင်းကလေးများသည် ရွာများ၊မြို့များကို အကျိုးပြုနေဆဲဖြစ်ပါသည်။ ချောင်းကလေးထဲက ငါးတွေကို စားရဆဲ။ ချောင်းကလေးက ပို့ချထားခဲ့သည့်နူန်းမြေမှာ သီးနှံတွေစိုက်ပျိုးကြဆဲဖြစ်ပါသည်။ သို့သော်ချောင်းကလေး၏ရေကိုကား သောက်သုံးဖို့ဝေးစွ။ သုံးရေအဖြစ်ပင် မရတော့ပါ။ ချိုးရေအဖြစ်ပင်မရတော့ပါ။ ချောင်းမြောင်းများသည် လူတွေ၏ ကျေးဇူးကန်းမှုကြောင့် များစွာ ညစ်ပတ်ခဲ့ပြီဖြစ်သည်။ ကျွန်တော်တို့တောင်ခြေမြို့ကလေးသည် ချောင်းမြောင်းပေါသောမြို့ကလေးဟု ဆိုနိုင်ပါသည်။ မြို့ထဲကိုဖြတ်သန်းစီးဆင်းနေသော ချောင်းနှစ်ချောင်းရှိပြီး ရပ်ကွက်ထဲမှာစီးဆင်းနေကြသည့်မြောင်းကလေးတွေလည်းရှိပါသည်။ သည်ချောင်းသည်မြောင်းကလေးတွေ သန့်ရှင်းလျှင် မြို့ကလေးသည် […]

တစ်ခါသုံးပလပ်စတစ်ပစ္စည်းကို ရှင်းထုတ်ရန်ကြိုးစားနေသည့် နီပေါဟိုတယ်များနှင့် စနစ်တကျ ထိန်းသိမ်းရန်လိုအပ်နေသာ ပလပ်စတစ်အန္တရာယ်

နီပေါ၏ဟိုတယ်များသည် ပလတ်စတစ်ညစ်ညမ်းမှုကို တိုက်ဖျက်ရန်နှင့် ရေရှည်တည်တံ့သောခရီးသွားလုပ်ငန်းကို မြှင့်တင်ရန် ဆုံးဖြတ်ခဲ့ပြီးနောက် ဟိုတယ်များတွင် တစ်ခါသုံး ပလတ်စတစ်များကို အသုံးမပြုတော့ရန် ပိတ်ပင်သွားတော့မည်ဖြစ်သည်။ ပလပ်စတစ်ရေသန့်ဗူးများ၊ ပလပ်စတစ်ပိုက်များ၊ မီးဖိုချောင်သုံး ပလပ်စတစ်ခက်ရင်း၊ ဇွန်း၊ ပန်းကန်ပြားများနှင့် ပလပ်စတစ်တစ်ခါသုံးခွက်များ၊၊ ပလပ်စတစ်မွှေတံများ၊ သွားတိုက်တံ၊ သွားတိုက်ဆေးဗူး၊ ခေါင်းဘီးနှင့် တစ်ခါသုံး ပလပ်စတစစ်ပစ္စည်းများကို ၂၀၂၅ ခုနှစ် ဇန္နဝါရီ ၁ ရက်မှ စတင်ကာ အလုံးစုံအသုံးမပြုရေးကို ပြုလုပ်သွားမည်ဖြစ်ဖြစ်ပြီး ယင်းတားမြစ်ချက်ကို နီပေါရှိ ဟိုတယ် ၃၀၀၀ ခန့်အား လိုက်နာရန်ညွှန်ကြားထားသည်။ တစ်ခါသုံး၍ စွန့်ပစ်ရန် ဒီဇိုင်းထုတ်ထားသည့် ဟိုတယ်သုံး ပလပ်စတစ်ပစ္စည်း အမျိုးမျိုးကို နီပေါ ဇိမ်ခံဟိုတယ်အများစုက အသုံးမပြုတော့ဘဲ အဆိုပါမူဝါဒကို စတင် အကောင်အထည်ဖော်နေပြီ ဖြစ်သည်ဟုလည်းဆိုသည်။ ဟိုတယ်ခန်းများမှ တစ်ခါသုံး ပလတ်စတစ်များကို ဖယ်ရှားရန်နှင့် […]

အမှိုက်ပြဿနာဖြေရှင်းရာတွင် အတုယူရမည့် စံနမူနာကောင်းတစ်ခု

သည်ကနေ့ ရွှေလက်တစ်ယောက်စာရေးခြင်း၊ စာဖတ်ခြင်းများကို အနားပေးပြီး 4TV မှ ထုတ်လွှင့်သည့် အစီအစဉ်များကို ကြည့်နေမိသည်။ ဖျော်ဖြေရေးအစီအစဉ်များ ကြည့်ရသည်မှာ ငြီးငွေ့ လာသဖြင့် Reader Channal လိုင်းသို့ ပြောင်းလိုက်သည်။ ကံအားလျော်စွာပင် စာပေဟောပြောပွဲအစီအစဉ် ထုတ်လွှင့်နေသည်ကို တွေ့ရသည်။ ရွှေလက်လည်း စာပေဟောပြောပွဲငတ်နေသည့်အတွက် ရေငတ်တုန်း ရေတွင်းထဲကျသလို ဖြစ်သွားသည်။ ဟောပြောနေသူက စာရေးဆရာမတစ်ဦးဖြစ်သည်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်ခင်က ဟောပြောခဲ့သည့်ပွဲကို ပြန်လည်ထုတ်လွှင့်ခြင်း ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ရွှေလက်နှစ်ခြိုက်မိပါသည်။ ရွှေလက်က သဘာဝချစ်သူဆိုတော့ ထိုစာရေးဆရာမဟောပြောခဲ့သည်များထဲမှ အမှိုက်နှင့် ပတ်သက်သည့် အကြောင်းအရာလေးက စိတ်ထဲစွဲသွားသည်။ နှစ်သက်လွန်းလို့ စာဖတ်သူများကို ပြန်လည်ဝေငှချင်မိသည်။ ကြားလိုက်ရသည်ကို ပြန်လည်ဝေငှမှာ ဖြစ်သည့်အတွက် စာရေးဆရာမဟောပြောသကဲ့သို့ တစ်ထပ်တည်းကျမည်မဟုတ်ပေ။ ရွှေလက်အနေဖြင့် ကြားသိလိုက်ရသည်များကို အခြေခံကာ ထိုစာရေးဆရာမနေ […]

တာဝန်သိမှု တာဝန်ယူမှုနဲ့ နောက်ဖေးလမ်းကြားက အမှိုက်ပြဿနာ

နောက်ဖေးလမ်းကြားဆိုတာ အမှိုက်ပစ်စရာနေရာတစ်ခုလို ဖြစ်နေတာကြာခဲ့ပါပြီ။ အထူးသဖြင့် အထပ် မြင့် တိုက်တွေပေါ်ကနေ ပစ်ချလိုက်တဲ့အမှိုက်တွေကြောင့် နောက်ဖေးလမ်းကြားတွေမှာ အမြဲတမ်း ရှုပ်ပွပြီး ညစ်ပတ်နံစော် နေတတ်ပါတယ်။ အဲဒီအမှိုက်တွေကြောင့် ကြွက် ခြင် ယင်တွေက ပေါများလာပြီး ပတ်ဝန်း ကျင်မှာ နေတဲ့လူတွေကို ဒုက္ခအကြီးအကျယ်ပေးလေ့ရှိပါတယ်။ ဒါကြောင့် ကိုယ့်တိုက်ခန်းမှာ အမှိုက် မရှိရင် ပြီးရော စိတ်နဲ့ စွန့်ပစ်လိုက်တဲ့အမှိုက်တွေဟာ ကိုယ်အပါအဝင် ပတ်ဝန်းကျင်ကလူတွေကို ထိခိုက်စေတယ် ဆိုတာ စည်းမဲ့ကမ်းမဲ့ အမှိုက်စွန့်ပစ်သူတွေ သိထားဖို့ လိုပါတယ်။ (၁) ကျွန်တော်က ရန်ကုန်မှာ အိမ်ပိုင်ရှိသူမဟုတ်တော့ မိသားစုနဲ့အတူ အိမ်ငှားနေခဲ့ရပါတယ်။ ရန်ကုန်မှာ အိမ်စငှားနေကတည်းက ဒဂုံမြို့သစ်မြောက်ပိုင်းမှာ လုံးချင်းအိမ်ကလေးတွေ ငှားနေခဲ့တဲ့အတွက် တိုက်ခန်းနေ တဲ့ အတွေ့အကြုံ မရှိခဲ့ပါဘူး။ ဒါပေမယ့်လည်း တိုက်ခန်းနဲ့နေတဲ့ မိတ်ဆွေ […]

ပိုးသတ်ဆေးနဲ့ ပတ်ဝန်းကျင်ပြဿနာ

ဂေဟစနစ်အတွက် အန္တရာယ်ကြီးမှန်း မသိတဲ့အခါ မြစ်ထဲကို စုပ်ခွက်ငါးတွေ လွှတ်လိုက်တယ်တဲ့..။ ကျွန်တော်လည်း ယခင်က အဲဒီငါး အန္တရာယ်ရှိမှန်း မသိ။ ဒီမနက် ငါးခူတစ်သောင်းဖိုးဝယ်ပြီး ချောင်းထဲကို ကုသိုလ်ဖြစ် သွားလွှတ်ရင်း စိမ်းစိမ်းစိုစို ပဲခင်းတွေထဲမှာ လယ်သမားတွေ ဆေးဖျန်းနေတာကို ကြည့်ရင်း “နောက်ထပ် မသိခြင်း အကြောင်းတစ်ခု..”ကိုပါ ဆက်စပ်တွေးမိလို့ မချိပြုံး ပြုံးမိပါတယ်။ မတ်ပဲ ၊ ပဲတီစိမ်းတွေ သီးပွင့်တဲ့ ဒီလိုလမျိုးမှာ ထိုင်းနိုင်ငံဘက်ကနေ ပိုးသတ်ဆေးမျိုးစုံ တင်လာကြတဲ့ ကားကြီး ကားငယ်တွေဟာ မြန်မာပြည်ထဲကို အတားအဆီးမရှိ ဝင်လာကြပါတယ်။ အဲဒီပိုးသတ်ဆေးတွေဟာ သူတို့နိုင်ငံမှာ သဘာဝ ပတ်ဝန်းကျင်ကို အကြီးအကျယ် ထိခိုက်လို့ လုံးဝပိတ်ထားကြပြီး နိုင်ငံတကာမှာပါ ထိပ်တန်းအန္တရာယ်အဖြစ် Black List ထားတဲ့ ပိုးသတ်ဆေးတွေပါ..။ ကမ်ဘာပေါ်မှာ အန္တရာယ်အကြီးဆုံးလို့ […]

Page 1 of 3
1 2 3