တစ်ခါသုံးပလပ်စတစ်ပစ္စည်းကို ရှင်းထုတ်ရန်ကြိုးစားနေသည့် နီပေါဟိုတယ်များနှင့် စနစ်တကျ ထိန်းသိမ်းရန်လိုအပ်နေသာ ပလပ်စတစ်အန္တရာယ်

နီပေါ၏ဟိုတယ်များသည် ပလတ်စတစ်ညစ်ညမ်းမှုကို တိုက်ဖျက်ရန်နှင့် ရေရှည်တည်တံ့သောခရီးသွားလုပ်ငန်းကို မြှင့်တင်ရန် ဆုံးဖြတ်ခဲ့ပြီးနောက် ဟိုတယ်များတွင် တစ်ခါသုံး ပလတ်စတစ်များကို အသုံးမပြုတော့ရန် ပိတ်ပင်သွားတော့မည်ဖြစ်သည်။ ပလပ်စတစ်ရေသန့်ဗူးများ၊ ပလပ်စတစ်ပိုက်များ၊ မီးဖိုချောင်သုံး ပလပ်စတစ်ခက်ရင်း၊ ဇွန်း၊ ပန်းကန်ပြားများနှင့် ပလပ်စတစ်တစ်ခါသုံးခွက်များ၊၊ ပလပ်စတစ်မွှေတံများ၊ သွားတိုက်တံ၊ သွားတိုက်ဆေးဗူး၊ ခေါင်းဘီးနှင့် တစ်ခါသုံး ပလပ်စတစစ်ပစ္စည်းများကို ၂၀၂၅ ခုနှစ် ဇန္နဝါရီ ၁ ရက်မှ စတင်ကာ အလုံးစုံအသုံးမပြုရေးကို ပြုလုပ်သွားမည်ဖြစ်ဖြစ်ပြီး ယင်းတားမြစ်ချက်ကို နီပေါရှိ ဟိုတယ် ၃၀၀၀ ခန့်အား လိုက်နာရန်ညွှန်ကြားထားသည်။ တစ်ခါသုံး၍ စွန့်ပစ်ရန် ဒီဇိုင်းထုတ်ထားသည့် ဟိုတယ်သုံး ပလပ်စတစ်ပစ္စည်း အမျိုးမျိုးကို နီပေါ ဇိမ်ခံဟိုတယ်အများစုက အသုံးမပြုတော့ဘဲ အဆိုပါမူဝါဒကို စတင် အကောင်အထည်ဖော်နေပြီ ဖြစ်သည်ဟုလည်းဆိုသည်။ ဟိုတယ်ခန်းများမှ တစ်ခါသုံး ပလတ်စတစ်များကို ဖယ်ရှားရန်နှင့် […]

ပလတ်စတစ်မြစ်များ

ပင်လယ်သမုဒ္ဒရာတွေထဲ ဝင်ရောက်လာတဲ့ ပလတ်စတစ်ပမာဏရဲ့ (90)%ဟာ ကမ္ဘာ့မြစ်ကြီး (၁၀)စင်း စီးဝင်လာတာကို သင်ယုံပါသလား။ အဲ့ဒီမြစ်ကြီး (၁၀)စင်းထဲက အထင်ကရမြစ်ကြီး (၉)စင်းဟာ အာရှတိုက်အတွင်းတည်ရှိပြီးတစ်စင်းဟာ အာဖရိကတိုက်မှာတည်ရှိပါတယ်။ အာရှတိုက်ရှိမြစ်(၉)စင်းထဲက တစ်စင်းဟာထိုင်းနိုင်ငံအပါအဝင် နိုင်ငံပေါင်း(၅)နိုင်ငံရဲ့ နယ်ခြားမြစ်တစ်စင်း ဖြစ်နေတာကို လေ့လာတွေ့ရှိရပါသည်။ နှစ်စဉ်ကမ္ဘာတစ်ဝှမ်း ပလတ်စတစ် တန်ပေါင်း သန်း (၃၀၀) ထုတ်လုပ်သုံးစွဲပြီး ပလတ်စတစ်အမှိုက် တန်ချိန် (၈.၈)သန်းဟာ ပင်လယ်သမုဒ္ဒရာတွေထဲ စွန့်ပစ်ကြပါတယ်။ ဒီပလတ်စတစ်အမှိုက်တွေထဲမှာ ရေပုလင်း (၄၀) ဘီလျံ၊ တစ်ခါသုံး (၁၀၀) ဘီလျံနဲ့ တစ်ကိုယ်ရေသုံး (၅၂၂) သန်း ပါဝင်ပါတယ်။ လက်ရှိသမုဒ္ဒရာထဲ စွန့်ပစ်တဲ့ ပလတ်စတစ်အမှိုက်ထဲက တန်ပေါင်း (၂၇၀၀၀၀) ဟာ သမုဒ္ဒရာရေမျက်နှာပြင်မှာ ပေါလောပေါ်နေပြီး၊ လေတိုက်ခတ်မှုနဲ့ သမုဒ္ဒရာရေစီးကြောင်းတွေကြောင့် ကမ္ဘာ့သမုဒ္ဒရာရေမျက်နှာပြင်အနှံ့ စီးမျောနေပါတယ်။ ဒီစီးမျောနေတဲ့ […]