သဘာဝပတ်ဝန်းကျင်ပညာရေးအတွက် ဆရာ၊ဆရာမတွေကို အားကိုးပါရစေ

သဘာဝပတ်ဝန်းကျင်ပညာရေး ဆိုတဲ့စကားဟာ အများပြည်သူတွေနဲ့ စိမ်းတဲ့စကားလုံးလို့ဆိုရမှာပါ။ ကျနော်တို့နိုင်ငံ အဖို့မှာတော့ သဘာဝပတ်ဝန်းကျင်ပညာ ရေးဆိုတာ ကမ္ဘာ့သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့မှာ ကလေးတွေကို စာစီစာကုံးပြိုင်ပွဲလုပ်ပေးတာထက် မပိုပါဘူး။ ဒီလိုစာစီစာကုံးပြိုင်ပွဲမျိုးမှာ တောင် ကျောင်းသူကျောင်းသားအားလုံး ပါဝင်တဲ့ပြိုင်ပွဲမျိုးမဟုတ်ပြန်ပါဘူး။ ကျောင်းတစ်ကျောင်းက စာအရဆုံး ကလေးနှစ်ယောက်သုံးယောက်ကို ပြိုင်ပွဲဝင်ခိုင်းလိုက်တဲ့သဘောပဲရှိပါတယ်။ ခုသင်ရိုးသစ်မှာ သဘာဝပတ်ဝန်းကျင်နှင့်ပတ်သက်တဲ့ သင်ခန်းစားတွေ မြန်မာစာမှာရော၊ အင်္ဂလိပ်စာမှာပါ အထိုက်အ လျောက်ပါဝင်လာတာ တွေ့ရပါတယ်။ ဒီလိုသင်ခန်းစာတွေကို သင်ကြားပေးတဲ့အခါ ဆရာ၊ဆရာမတွေအနေနဲ့ သင်ခန်းစာပါ အကြောင်းအရာတွေတင်မက သင်ခန်းစာနှင့်ဆက်နွယ်နေတဲ့ အကြောင်းအရာတွေကိုပါ ကျယ်ကျယ်ပြန့်ပြန့်ကလေးတွေကို ရှင်းလင်းပြောပြကြဖို့ မေတ္တာရပ်ခံလိုက်ရပါတယ်။ ကလေးတစ်ယောက် ကိုယ်သင်တဲ့ဘာ သာရပ်ကို တော်စေချင်တယ်ဆိုရင် ကိုယ်သင်တဲ့ဘာသာရပ်ကို ကလေးစိတ်ဝင်စားအောင်၊ ချစ်တတ်အောင်သင် ကြရတယ်ဆိုတာ ဆရာ၊ဆရာမတော်တော် များများသိကြပြီးသားဖြစ်မှာပါ။ ဒီတော့သဘာဝပတ်ဝန်းကျင်ဘာသာရပ်မှာလည်း သဘာဝကိုချစ်တတ်အောင်သင်ကြားပေးကြရမှာပဲဖြစ်ပါတယ်။ ကလေးတွေရဲ့သဘာဝက အငြိမ်မနေတတ်ကြပါဘူး။ ပန်းပင်မှာပန်းကလေးတွေပွင့်နေရင်ခူးချင်တယ်။ လမ်းဘေးမှာသစ်ပင်ကလေးတွေတွေ့ရင်တောင် […]

CLASS XI ပတ်ဝန်းကျင်ဆိုင်ရာ ပညာရေး အခန်း : ၁၊ ၂ ဆိုင်ရာအမေးအဖြေများ

( အခန်း ၁) မေးခွန်းတိုများ- ၁။ပတ်ဝန်းကျင် ဟူသော အသုံးအနှုန်းကို သတ်မှတ်ပါ ။ Environment ဆိုသည်မှာ သတ်မှတ်ထားသော အချိန်တစ်ခု နှင့် နေရာတစ်ခုတွင် လူကို ဝန်းရံထားသည့် အခြေအနေစုစုပေါင်းကို ရည်ညွှန်းသည်။ ၂။ပတ်ဝန်းကျင်၏ အဓိက ပုံစံမှာ အဘယ်နည်း။ ပတ်ဝန်းကျင်၏ အဓိက ပုံစံများမှာ- (က) ရုပ်ပိုင်းဆိုင်ရာ ပုံစံ (ခ) ဇီဝဗေဒ ပုံစံ (ဂ) ယဉ်ကျေးမှု သို့မဟုတ် လူမှုရေး ပုံစံ တို့ဖြစ်ပါသည်။ ၃။ ပတ်ဝန်းကျင်၏ ရုပ်ပိုင်းဆိုင်ရာ ပုံစံတွင် မည့်သည့် အရာများ ပါဝင်သနည်း။ ပတ်ဝန်းကျင်၏ ရုပ်ပိုင်းဆိုင်ရာပုံစံတွင် ( ၁) Lithospheric (အစိုင်အခဲ) ပတ်ဝန်းကျင် ( ၂ ) […]