ကမ္ဘာကျော်ဘောလုံးသမားမက်ဆီကတော့ ပလက်စတစ်တွေရှင်းဖို့အတွက် လူစုနေပြီ

ကမ္ဘာကျော်ဘောလုံးသမားမက်ဆီကတော့ ပလက်စတစ်တွေရှင်းဖို့အတွက် လူစုနေပြီ

လူသားတွေနဲ့ ကမ္ဘာဂြိုဟ်ကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုတည်ဆောက်ဖို့ နဲ့ ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် လုပ်ငန်းများလုပ်ဆောင်နိုင်ဖို့အတွက် ကမ္ဘာကျော် ဘောလုံးသမား အာဂျင်တီးနားသား လိုင်ယွန်နယ်မက်ဆီက Join The Planet အဖွဲ့ ပေါင်းပြီး ပတ်ဝန်ကျင်ထိန်းသိမ်းရေး လုပ်ငန်းတွေ စတင်လုပ်ကိုင်နေပါပြီ ။
သူ အဓိကလုပ်မှာကတော့ ငါးဖမ်းပိုက်တွေလို နိုင်လွန် နဲ့ပတ်သက်တဲ့နေရာတွေ ၊ ကြိုးအဖြစ်သုံးတဲ့ ပိုလီပရိုပိုင်လင်းနဲ့ ပတ်သက်တဲ့နေရာတွေ ၊ ဖိုင်ဘာခွက်တွေလို ရေရှည်ခံပစ္စည်းတွေ နေရာတွေမှာ အစားထိုးဖို့အတွက် သဘာဝပတ်ဝန်းကျင်နဲ့ ကိုက်ညီမဲ့ အထူးပစ္စည်း တစ်မျိုးကို ထုတ်လုပ်မှာပဲ ဖြစ်ပါတယ် ။
Join The Planet ၏ ပထမဆုံး သံတမန် လီယွန်နယ်မက်ဆီက သဘာဝပတ်ဝန်းကျင် စောင့်ရှောက်မှုနှင့် လူမှုပေါင်းစည်းမှုဆိုင်ရာ အမှတ်တံဆိပ်ရဲ့ ကတိကဝတ်ကို ချဲ့ထွင်ဖို့အတွက် သူရဲ့ သြဇာလွှမ်းမိုးမှု နဲ့ ပုံရိပ်ကို သုံးမှာဖြစ်ပါတယ် ။ စီမံကိန်းမှရရှိသောငွေများကို ဒေသခံပြည်သူများရဲ့ ပံ့ပိုးမှုဖြင့် မြစ်နှင့်ပင်လယ်ပြင် ရှင်းလင်းရေး နဲ့ သစ်တောပြန်လည်ထူထောင်ရေးအပါအဝင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပဏာမခြေလှမ်းများကို The Planet Foundation သို့ ချိတ်ဆက်ပြီး လုပ်သွားမှာပဲ ဖြစ်ပါတယ်။
The Planet Foundation တွင် ပူးပေါင်းပါဝင်ဆောင်ရွက်မည့် ပထမဆုံးပရောဂျက်မှာ ကမ္ဘာပေါ်တွင် အကြီးဆုံး ရေဝေရေလဲ နဲ့ တောင်အမေရိကရှိ အကျယ်အဝန်းဆုံး မြစ်စနစ်ဖြစ်တဲ့ အာဂျင်တီးနား၊ Rosario ရှိ Paraná မြစ်ကို သန့်ရှင်းရေးနှင့် ထိန်းသိမ်းရေး လုပ်မှပဲ ဖြစ်ပါတယ် ။
“ကြိုးစားအားထုတ်မှုနဲ့ အသိုက်အဝန်းသဘောမျိုးနဲ့ ကျွန်တော်တို့ ကမ္ဘာမြေကြီးကို စောင့်ရှောက်နိုင်မှာပါ” လို့ Join The Planet ၏ သံတမန် Lionel Messi ကဆိုပါတယ်။ မက်ဆီက ပဏာမခြေလှမ်းကို ချဲ့ထွင်ရန်အတွက် ၎င်း၏ယုံကြည်စိတ်ချရမှုကို အသုံးချရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေပြီး Join The Planet ၏ သတင်းစကားကို တစ်ကမ္ဘာလုံးသို့ ပြန့်နှံ့စေခဲ့ပါတယ် ။
Join The Planet အတွက် အဖွင့်သံတမန်အဖြစ် လီယွန်နယ်မက်ဆီရဲ့ အခန်းကဏ္ဍက ကမ္ဘာ့ယဉ်ကျေးမှုကို တုနှိုင်းမယှဉ်နိုင်သော သြဇာသက်ရောက်စေတယ်လို့ Join The Planet Foundation ၏ ဒါရိုက်တာ Thomas Kimber က ပြောကြားခဲ့ပါတယ် ။ “မက်ဆီရဲ့ ပါဝင်ပတ်သက်မှုက သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆွေးနွေးမှုမှာ မပါဝင်တဲ့ သန်းနဲ့ချီတဲ့ လူတွေဆီကို ရောက်ရှိစေတာပါပဲ ။ သူ့ရဲ့ စည်းရုံးလှုံ့ဆော်မှုက ကျွန်တော်တို့ရဲ့ မျှဝေထားတဲ့ ရည်မှန်းချက်တွေအပေါ် အပြုသဘောဆောင်တဲ့ သက်ရောက်မှုတွေကို မျှော်လင့်နေပါတယ်။”လို့ ၎င်းကဆိုပါတယ်။
မောင်ယဿ
REF: newswire

About The Author

greenness_mm

No Comments

Leave a Reply