ငယ်ဘဝက စိမ်းလန်းသော သင်္ကြန်

ငယ်ဘဝက စိမ်းလန်းသော သင်္ကြန်

သင်္ကြန် အကျနေ့ မနက်မှာ ကျွန်တော်တို့ ကလေးတစ်သိုက်သည် ဘုန်းကြီးကျောင်းအောက်မှာ တုတ်ချောင်းကိုယ်စီကိုင်ပြီး ပန်းကန်စုတ်၊ ဒန်အိုးအစုတ်၊ သံပြားတို့ကို ကိုင်ကာစောင့်နေကြရလေသည်။ ဤသို့စောင့်နေရင်း ဘုန်းကြီးကျောင်းပေါ်မှ ကျောင်းသားကြီးနှင့် ကိုရင်ကြီးတီးမည့် စည်သံနှင့် ကြေးစည်သံကို နားစွင့်နေကြရသည်။ ဘုန်းကြီးကျောင်းပေါ်မှ စည်သံ၊ ကြေးစည်သံတို့ကို ကြားရပြီဆိုသည်နှင့် ကျွန်တော်တို့ ဘုန်းကြီးကျောင်းသားတစ်သိုက် မိမိအနားကိုယ်စီယူထား ကြသော ပန်းကန်စုတ်၊ ဒန်အိုးစုတ်၊ သံပြားအပေါက်တို့ကို အားပါးတရ ထုရိုက်ကြလေတော့သည်။ ဤကဲ့သို့ နားကွဲလုမတတ်ထုရိုက်ပြီး နတ်ပြည်မှ ဆင်းလာမည်ဆိုသော သကြားမင်းကို ကြိုဆိုခဲ့ကြရလေသည်။
ကျွန်တော််ငယ်ငယ်ကနေခဲ့သော ဘုန်းကြီး ကျောင်းမှာ ရွာက အရှေ့ကျောင်းဟုခေါ်ကြသော ဘုန်းကြီး ကျောင်း ဖြစ်ပါသည်။ ဘုန်းကြီးကျောင်းဝင်းမှာကျယ်ပြန့်ပြီး မန်ကျည်းပင်၊ ခရေပင်၊ သီးသီးပင်ကြီးတွေရှိပြီး အရိပ်အာဝါသကောင်းပါသည်။ မိုးရာသီတွင်ရေရှိသည့် ရေကန်ကြီးတစ်ကန်လည်းရှိပါသေးသည်။ ဘုန်းကြီးကျောင်း ဝင်းမှာ နွေရာသီတွင် ကျွန်တော်တို့အ တွက် အားကစားကွင်းကြီးပင်ဖြစ်သည်။ ကျွန်တော်တို့ခေတ်က နွေရာသီဆိုလျှင် ကလေး အားလုံးနီးပါးဘုန်းကြီးကျောင်းနေကြပါသည်။
သင်္ကြန်အကြိုနေ့ညနေကတည်းက ကျွန်တော်တို့တွေ ဘုန်းကြီးကျောင်းပေါ်က ဘုရားဆင်းထုတော်တွေကို ချပြီး ကျောင်းအရှေ့ဘက်ရှိ ဝတ်တက်သည့် ဇရပ်မှာ ပင့်ထားကြရသည်။ ဘုရားဆင်းတုတော်တွေကို ရွာက မိန်းမပျိုတွေ ရလောသပ်ပါယျဖို့ အဆင်သင့်လုပ်ပေးထားရခြင်းဖြစ်သည်။ ရွာကမိန်းမပျိုတွေက မြစ်ထဲကရေကိုခေါင်းရွက်ခပ်ပြီး ဘုန်းကြီးကျောင်းကိုလာကာ ရသေပ်ပါယျ ကြပါသည်။ မြစ်ထဲကိုရေဆင်းခပ်ရသည်က လွယ်သည်မဟုတ်ပါ။ ကမ်းပါးမှာ တော်တော်မြင့်ပြီး မတ်လည်းမတ်စောက်ပါသည်။ ထိုအချိန်တုန်းကတော့ မြစ်ရေကလည်းသန့်သေးသည်။ မိန်းမပျိုတို့၏ သဒ်ဓါတရားကလညျးသနျ့ကွပါပသေညျ။
ကျွန်တော်တို့ရွာ တောင်တိုက်မှာ ရေကစားသည့် မဏ္ဍပ်နှစ်ခုရှိသည်။ ကာရာအိုကေတွေမရှိသေးတော့ ဒိုးပတ်၊ ခြောက်လုံးပတ်တွေနဲ့ တီးကြ၊ဆိုကြပါသည်။ မဏ္ဍပ်ထဲဝင်လျှင် မန်ကျည်းဖျော်ရည်သောက်ရသည်။ ရေလောင်းလျှင် ပိတောက်ခက်လေးတွေနဲ့ ခေါင်း၊မျက်နှာ၊ လည်ဂုတ်တွေကို အရင်ဆွတ်ပြီးမှ ရေခွက်နဲ့လောင်းကြသည်ကိုတွေ့ရသည်။ မြန်မာ့တူးပို့သံနှင့် ပိတောက်ခက်နှင့်၊ သနပ်ခါးနံ့သာနှင့် မြန်မာ့ တောသင်္ကြန် စစ်စစ်ဖြစ်သည်။ နှစ်ဆန်းတစ်ရက်နေ့ရောက်လျှင် အဖိုး၊အဖွားတွေကို လက်သည်းညှပ်၊ ခေါင်းလျှော်ပေးကြပါသည်။
သင်္ကြန်ကာလအတွင်း ကျွန်တော်တို့ကလေးတွေကတော့ ရွာထဲမဏ္ဍပ်ခဏသွားတာလောက်ကလွဲရင် ဘုန်းကြီးကျောင်းထဲပဲနေကြပါသည်။ ရွာထဲက မိန်းမပျိုတွေ လာပြီး ဘုရားရသေပ်ပါယျတာကို ကူကြသည်။ ရွာထဲကနေ ပို့လာသော မုန့်လုံးရေပေါ်နှင့် ဖျော်ရည်တွေကို ဗိုက်ကားအောင် သောက်ကြသည်။ နေ့ခင်းဆိုလျှင် ကျောင်းအောက်မှာအိပ်သူကအိပ်၊ မန်ကျည်းပင်အောက်မှာ ကစားသူကစားနေကြပါသည်။
အတက်နေ့ညနေပိုင်းဆိုလျှင်တော့ အကျနေ့ကပုံစံအတိုင်း ကျောင်းအောက်မှာ ပန်းကန်စုတ်၊ ဒန်အိုးစုတ်၊ သံပြားအပေါက်တွေအနားမှာထားပြီး တုတ်ကိုယ်စီနဲ့စောင့်ကြရပြန်ပါသည်။ ဘုန်းကြီးကျောင်းပေါ်မှာ ကြေးစည်သံ၊ စည်ရိုက်သံကိုကြားလျှင် နားကွဲလုမတတ် ထုနှက်တီးခတ်ကြပါသည်။ သကြားမင်း နတ်ပြည်သည့်အချိန်ပို့ရခြင်းဖြစ်ပါသည်။ ငယ်စဥ်က တုတ်တစ်ချောင်းနဲ့ သံပြားကိုတီးပြီး သကြားမင်းကိုလည်း ကြိုခဲ့၊ ပြန်ပို့ခဲ့ရဖူးပါသည်။ သကြားမင်းကိုကား တစ်ကြိမ်မျှ မြင်ဖူးခြင်းမရှိခဲ့ပါ။ စိမ်းလန်းသော မြန်မာ့တော သင်္ကြန် ပွဲတော်စစ်စစ်ကိုတော့ မြင်တွေ့ခဲ့ရပါသည်။
ဆန်းလေး

About The Author

greenness_mm

No Comments

Leave a Reply