ကာဗွန်ဒိုင်အောက်ဆိုက်ထက် အဆသောင်းနဲ့ချီပိုပြင်းတဲ့ SF6 ဓာတ်ငွေ့

ကာဗွန်ဒိုင်အောက်ဆိုက်ထက် အဆသောင်းနဲ့ချီပိုပြင်းတဲ့ SF6 ဓာတ်ငွေ့

SF6 ( sulphur hexafluoride )ဆိုတာ အရောင်မဲ့ ၊ အနံ့မဲ့ ၊ ရေမှာမပျော် ၊ မီးမလောင်နိုင်တဲ့ လူလုပ်ဓာတ် ပေါင်း တစ်မျိုးဖြစ်ပါတယ် ။ အဲ့ဒိဓာတ်ပေါင်းက ဖန်လုံအိမ် ဓာတ်ငွေ့တစ်မျိုးဖြစ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက် ထက် အဆ ပေါင်း ၂၃၅၀၀ ဆ အပူကို စုတ်ယူထားနိုင်စွမ်းရှိပါတယ် ။ ကမ္ဘာကြီးပူနွေးလာမှုကိုဖြစ်စေတဲ့ ဖန်လုံအိမ်ဓာတ်ငွေတွေထဲမှာ အစွမ်းထက်ဆုံး ဓာတ်ငွေ့ တစ်ခုလို့ဆိုရင် မမှားပါဘူး ။

ပြဿနာက အဲ့ဓာတ်ငွေ့က လျှပ်စစ်ပစ္စည်းထုတ်လုပ်တဲ့နေရာမှာ လျှပ်ကာပစ္စည်းတွေမှာ ထည့်သွင်း အသုံးပြု တာပဲ ဖြစ်ပါတယ် ။ ကမ္ဘာကြီးပူနွေးလာမှုကို ထိန်းချုပ်ဖို့အတွက် ရုပ်ကြွင်းလောင်စာတွေ လောင်ကျွမ်းခြင်း ကနေ ကာဗွန်ဒိုင်အောက်ဆိုက်တွေ ထွက်လာတာကို တားဆီးဖို့အတွက် လျှပ်စစ်စွမ်းအင်ကို ပြောင်းလဲသုံးစွဲဖို့ ကြိုးစားနေချိန်မှာ SF6 က ပြဿနာတစ်ရပ်ဖြစ်လာပါတယ်။ လျှပ်စစ်ပစ္စည်းတွေကို သုံးစွဲရင် လျှပ်ကာပစ္စည်း တွေကို မဖြစ်မနေသုံးစွဲရတာတော့မှာပါ ။ အဲ့ဒိလျှပ်ကာပစ္စည်းတွေကနေ ကာဗွန်ဒိုင်အောက်ဆိုက်ထက် အဆပေါင်း သောင်းနဲ့ချီ ပိုပြီး အပူစုပ်တဲ့ SF6 တွေကြောင့် ကမ္ဘာကြီးက ပိုပူနွေး ရတော့မဲ့ အခြေအနေကို ရောက်လာပါတယ် ။

ကမ္ဘာကြီးပူနွေးလာမှုကို ဖြစ်စေတဲ့ ဓာတ်ငွေ့တွေထဲမှာ ကာဗွန်ဒိုင်အောက်ဓာတ်ငွေ့ တစ်ခုတည်းကြောင့် မဟုတ်ပါဘူး ။ အခြား လူလုပ် ဖလူအိုရီနိတ် ဓာတ်ပေါင်းတွေကြောင့်လည်း ပါတယ်လို့ နိုင်ငံတကာ သိပ္ပံပညာရှင်တွေက တညီတညွတ်တည်း ဆိုထားပါတယ် ။ လျှပ်စစ်ဓာတ်အား သုံးစွဲမှုက တနေ့တခြား ပိုပိုများလာသလို SF6ဓာတ်ငွေ့ ထွက်မှုကလည်း ပိုပိုများလာပါတယ် ။ ကမ္ဘာ့လေထုထဲမှာ SF6 ဓာတ်ငွေ့ ပြင်းအားက တနေ့တခြား တိုးလာနေပါတယ် ။ နိုင်ငံတကာ လေ့လာမှုအရ တရုတ်နိုင်ငံက ပြီးခဲ့တဲ့ ၁၀ စုနှစ်အတွင်းမှာ SF6ဓာတ်ငွေ့ ထုတ်လွှတ်မှု အမြင့်ဆုံးဖြစ်ခဲ့တယ်လို့ သိရပါတယ်။

၂၀၂၁ ခုနှစ်တွင် တရုတ်နိုင်ငံကနေ SF6 ထုတ်လွှတ်မှုက တစ်နိုင်ငံလုံး ကာဗွန်ထုတ်လွှတ်မှု စုစုပေါင်းရဲ့ ၁ ရာခိုင်နှုန်း ဝန်းကျင်ရှိခဲ့ပြီး ကာဗွန်ဒိုင်အောက်ဆိုက်တန်ချိန် ၁၂၅ သန်းထုတ်တာနဲ့ ညီမျှခဲ့ပါတယ် ။ အဲ့ဒိပမာဏက နယ်သာလန် သို့မဟုတ် ဘယ်လ်ဂျီယံရဲ့ နိုင်ငံလုံးဆိုင်ရာ ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှု စုစုပေါင်းနဲ့ညီနေပါတယ် ။ တရုတ်နိုင်ငံသည် ၁၉၉၀ ခုနှစ်များအတွင်း ကုလသမဂ္ဂ ရာသီဥတုဆိုင်ရာ သဘောတူညီချက်မှ ရေးဆွဲထားသော စက်မှုဖွံ့ဖြိုးပြီး နိုင်ငံစာရင်းတွင် မပါဝင်သောကြောင့် ၎င်း၏ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို ကိုင်တွယ်ဖြေရှင်းရန် ဥရောပနိုင်ငံများနှင့် တူညီသော တာဝန်အောက်တွင် မရှိပါဘူး ။

လျှပ်စစ်ပစ္စည်းကိရိယာတွေမှာ SF6 ကိုလျှော့ချဖို့လုပ်နေကြပေမဲ့ လျင်မြန်စွာ တိုးချဲ့လာတဲ့ဓာတ်အား လိုအပ်ချက်နှင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်နည်းပညာများကို လျင်မြန်စွာ သုံးစွဲခြင်းတို့ကို ကိုင်တွယ် ဖြေရှင်းနေတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများမှာတော့ တိုးမြင့်လာမှုမရှိဘူးဖြစ်နေပါတယ် ။ ၂၀၁၀ စာရင်းအရ ဂျာမနီက ဥရောပနိုင်ငံများတွင် SF6 ဓာတ်ငွေ့ထုတ်လွှတ်မှု အများဆုံးဖြစ်ပါတယ် ။ ဒါပေမဲ့ ၎င်းမှာက လုပ်ငန်းများရဲ့ ဆန္ဒအလျောက် ကတိကဝတ်ပြုမှုနဲ့ အခြားရွေးချယ်စရာတွေမှာ ရင်းနှီးမြှုပ်နှံမှုများလုပ်လို့ရလို့ SF6 ထုတ်လွှတ်မှုက ပြန်ကျသွားပါတယ် ။

မောင်ယဿ
REF: euronews

About The Author

greenness_mm

No Comments

Leave a Reply