ရုပ်ကြွင်းလောင်စာစွမ်းအင်ကနေ လျှပ်စစ်စွမ်းအင် အကူအပြောင်းကာလမှ အာဆီယံနိုင်ငံတွေ ဘာလဲ ဘယ်လဲ

ရုပ်ကြွင်းလောင်စာစွမ်းအင်ကနေ လျှပ်စစ်စွမ်းအင် အကူအပြောင်းကာလမှ အာဆီယံနိုင်ငံတွေ ဘာလဲ ဘယ်လဲ

ဒီကနေ့ကမ္ဘာကြီးက ရုပ်ကြွင်းလောင်စာတွေဖြစ်တဲ့ ရေနံ ၊ ကျောက်မီးသွေးနဲ့ သဘာဝဓာတ်‌ငွေ့တွေကို စွန့်လွှတ်ပြီးတော့ သန့်စင်ပြီး ပြန်ပြည့်မြဲစွမ်အင်ဖြစ်တဲ့ လျှပ်စစ်စွမ်းအင်ကို လူမှုဘဝလုံခြုံရေးအတွက် သုံးစွဲရန် ကြိုးစားနေတဲ့ အကူးအပြောင်းကာလထဲကို ရောက်နေပါတယ်။ အဲ့ဒိလို အကူးအပြောင်းကာလမှ အာဆီယံနိုင်ငံတွေအနေနဲ့ အနာဂတ်မှာသုံးစွဲမယ့် စွမ်းအင် ဘေးကင်လုံခြုံရေးကို အာရုံစိုက်ရတော့မှာ ဖြစ်ပါတယ်။

၂၀၃၀ မှာ ကမ္ဘာ့ကြီးပူနွေးလာမှုကို ၁.၅ ဒီဂရီအထိ လျှော့ချရန်နဲ့ ၂၀၅၀ မှာ ကမ္ဘာ့လေထုထဲကို ကာဗွန်ထုတ်လွှတ်မှု သုည အခြေအနေထိ ရောက်အောင် ကြိုးစားကြဖို့အတွက် နိုင်ငံတကာက ကြိုးစားချိန်မှာ လက်ရှိသုံးနေတဲ့ ရုပ်ကြွင်းလောင်စာကနေ ရယူတဲ့ စွမ်းအင်တွေကို အပြီးတိုင် အစားထိုးနိုင်ဖို့က အရေးကြီးနေပါတယ်။ အစားမထိုးနိုင်ဘူးဆိုရင်တော့ စွမ်းအင်ပြဿနာတွေက ဒေသတွင်း ပဋိပက္ခ တစ်ခုတောင် ဖြစ်သွားနိုင်ပါတယ်။

အရှိန်အဟုန်ဖြင့် ပြောင်းလဲနေသော ကမ္ဘာ့အခင်းအကျင်းတွင် အာဆီယံနိုင်ငံများအနေနဲ့ စွမ်းအင်အသွင် ကူးပြောင်းမှုကို အရှိန်မြှင့်ရန် လက်ရှိအခိုက်အတန့်ကို ဆုပ်ကိုင်ထားမှဖြစ်မှာပါ ။ စွမ်းအင်လုံခြုံရေးကို ငွေကြေးတတ်နိုင်မှုနဲ့ ဖြည့်ဆည်းပေးနေစည်မှာပဲ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ရည်မှန်းချက် ပစ်မှတ်များကို ဖြည့်ဆည်းပေးဖို့လိုသလို ဖွံ့ဖြိုးတိုးတက်မှုအတွက် ပိုမိုစိမ်းလန်းသောလမ်းကြောင်းကို တည်ဆောက်ရန် အရေးကြီးပါတယ်။

အာဆီယံ ၁၀ နိုင်ငံမှာ လူဦးရေ သန်း ၆၅၀ ခန့် နေထိုင်ကြပြီး ကမ္ဘာ့စီးပွားရေး တိုးတက်မှု အလျင်မြန်ဆုံး နိုင်ငံတွေလည်း ဖြစ်နေပါတယ် ။ ဒေသတွင်း တိုးတက်မှုကို ဖြည့်ဆည်းရန်အတွက် စွမ်းအင်လိုအပ်ချက်က ပြီးခဲ့သောဆယ်စုနှစ်နှစ်ခုအတွင်း တစ်နှစ်လျှင် ပျမ်းမျှ ၃ ရာခိုင်နှုန်းခန့် တိုးလာခဲ့ပြီး တရုတ်၊ အမေရိကန်နှင့် အိန္ဒိယတို့ပြီးလျှင် ကမ္ဘာပေါ်တွင် စတုတ္ထအကြီးဆုံး ဖြစ်နေပါတယ်။ ဗီယက်နမ်တစ်နိုင်ငံတည်းမှာပဲ လျှပ်စစ်ဓာတ်အား လိုအပ်ချက်က တစ်နှစ်လျှင် ၈ ရာခိုင်နှုန်းခန့် မြင့်တက်လာနေပါတယ်။

တစ်ချိန်က မှန်မှန်တိုးတက်ခဲ့သော ကမ္ဘာ့စွမ်းအင်အကူးအပြောင်းသည် ယခုအခါ နိုင်ငံများနှင့်ကုမ္ပဏီများအတွက် စိန်ခေါ်မှု တစ်ခုဖြစ်လာနေပြီး ကြိုတင်မှန်းဆမရနိုင်သော အခင်းအကျင်းတစ်ခု ဖြစ်နေပါတယ် ။

၂၀၂၀ COVID-19 ကပ်ရောဂါကာလအတွင်းက ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်လိုအပ်ချက်၊ ကာဗွန်ထုတ်လွှတ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများကို မကြုံစဖူးစကေးဖြင့် သိသိသာသာ လျော့ကျသွားစေခဲ့ပေမဲ့ နောက်ပိုင်းနှစ်တွင် စွမ်းအင်လိုအပ်ချက်တွေ မြှင့်တက်လာသလို နှင့် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုက အရင်ထက်ပိုပြီးတောင် အားကောင်းလာခဲ့ပါတယ်။ အဲ့ဒိအခြေအနေက စွမ်းအင်ကဏ္ဍတွင် ပါဝင်ပတ်သက်သူအားလုံးအတွက် မရေရာသော ပတ်ဝန်းကျင်ကို ဖန်တီးပေးခဲ့တာပါ ။

ဒါကြောင့် အနာဂတ်စွမ်းအင်လုံခြုံရေးအတွက် အာဆီယံ နိုင်ငံများအနေနဲ့ စွမ်းအင် အကူးအပြောင်းကာလ မှာ ဆုတ်ကိုင်ထားသင့်တဲ့ အခွင့်အလမ်းတွေကို ဒေသတွင်း ဖန်တီးထားခြင်းအားဖြင့် အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုကို‌ ရှေးရှုသင့်ကြောင်း ဆိုလိုက်ပါရစေ ။

မောင်ယဿ
REF: Thailand business news

About The Author

greenness_mm

No Comments

Leave a Reply