အနာဂါတ်ရောင်ခြည်ခေတ်သို့

အနာဂါတ်ရောင်ခြည်ခေတ်သို့

စာအုပ်သက်တမ်းက ၅၄ နှစ်ရှိပါပြီ၊ တော်လေးလည်း ဟောင်းနေလို့ greenness အနေနဲ့ ခက်ခက်ခဲခဲ သိမ်းထားရတဲ့ စာအုပ်လေးပါ။
ဒီစာအုပ်ထဲမှာတော့ နေဗိမာန်အကြောင်း အသေးစိတ် ဖတ်ရှုရမှာဖြစ်ပြီး နေစွမ်းအင်ရှာဖွေတွေ့ရှိမှု ၊ နေ၏ အလင်းရောင်ခြည် ကမ္ဘာမြေ ပေါ်ရှိလူသားတွေကို အကျိုးပြုပုံ ၊ အလင်းသုံးဓာတုဗေဒ၊ နေခြည်သုံးပြီး တီထွင်ပျံသန်းမှုများ ၊ နေအား လျှပ်စစ်အကြောင်းတစေ့တစောင်းနဲ့ နေအင်အား တခေတ်ဆန်းချိန် စတဲ့ စိတ်ဝင်စားဖွယ်တွေကို ဖတ်ရှုရမှာဖြစ်ပါတယ်။
မူရင်းစာရေးသူက ဒီစာအုပ်ကို ရေးသားစဥ်မှာ နေဗိမာန်ကြီးကို မျက်လုံးအစုံမှာ ထင်ယောင်မြင်ယောင်လျက် ရေးသားထားတယ်လို့ ဆိုထားပါတယ်။
တောတော်လေးပြည့်စုံကောင်းမွန်သလို ဗဟုသုတများစွာပေးစွမ်းနိုင်မယ့် စာအုပ်ကောင်းတစ်အုပ်ပါ။
ဆရာဦးစံမြင့်အောင်က ဘာသာပြန်ဆိုထားတာဖြစ်ပါတယ် ။ အဖုံးဒီဇိုင်းကို ဦးသောင်းလှရေးဆွဲပြီး ၁၉၆၉ ခုနှစ်မှာ ပထမအကြိမ် အဖြစ် အုပ်ရေ ၃၀၀၀ ထုတ်ဝေခဲ့တာဖြစ်ပြီး စာမျက်နှာ ၃၁၉ မျက်နှာ ပါဝင်ပါတယ်။
နှစ်ပေါင်း ငါးဆယ်ကျော်က ထုတ်ဝေခဲ့တဲ့စာအုပ်ဟာ ဒီကနေ့ ကမ္ဘာကြီးပူနွေးမှုနဲ့ ရာသီဥတုပြောင်းလဲမှုကို လျှော့ချဖို့ ပြန်ပြည့်မြဲစွမ်းအင်ကို ရွေးချယ်အသုံးပြုနေချိန်မှာ ဗဟုသုတအနေနဲ့ မှတ်သားဖွယ်ရာတွေ ရရှိနိုင်မယ် ယူဆမိလို့ ဖော်ပြလိုက်ရခြင်း ဖြစ်ပါတယ်။

About The Author

greenness_mm

No Comments

Leave a Reply