ရေအောက်ကြမ်းပြင်ထိရောက်အောင်ဆွဲတဲ့ ငါးဖမ်းပိုက်ကြီးတွေကို စ,တားပြီ

ရေအောက်ကြမ်းပြင်ထိရောက်အောင်ဆွဲတဲ့ ငါးဖမ်းပိုက်ကြီးတွေကို စ,တားပြီ

မနေ့က အေသင်မြို့မှာ ပြုလုပ်ခဲ့တဲ့ Our ocean conference အစည်းအဝေးမှာ ဂရိ၀န်ကြီးချုပ် ကိုင်ရီယာကောစ့် မစ်ဆိုတာကစ် က လာမယ့် ၂၀၃၀ကနေစပြီး ဂရိနိုင်ငံရဲ့ အဏ္ဏဝါဘေးမဲ့ဒေသတွေမှာ ငါးဖမ်းပိုက်ကြီးတွေနဲ့ ပင်လယ်ရေအောက်မှာရှိတဲ့ သက်ရှိတွေကိုဆွဲယူဖမ်းဆီတာတွေ ဥပဒေနဲ့တားမြစ်တော့မယ်လို့ ပြောလိုက်ပါတယ်။

အဲ့ဒိလိုတရား၀င်ပြောကြားပြီး ဥပဒေနဲ့သတ်မှတ်မယ်ဆိုတာက ဥရောပမှာပထမဆုံးသမိုင်းဝင်ခြေလှမ်းဖြစ်လညပါတော့မယ်။ ဥရောပက အ​ခြားနိုင်ငံတွေမှာ အဲ့ဒိလိုမျိုး ဥပဒေတွေ ထုတ်ပြန်ထားပြီးတားဆီးထားတာမရှိပေမဲ့ ကန့်သတ်ချက်အချို့လုပ်ပြီး တားဆီးမှုတော့ရှိပါတယ်။ ဒါပေမယ့်လည်း ဒီကနေ့ ဂရိနိုင်ငံက လုပ်သလိုမျိုး တင်းတင်းကြပ်ကြပ် တားဆီးမှုတွေတော့မရှိသေးပါဘူး။

ဂရိအစိုးရက ပထမအဆင့်အနေနဲ့ အမျိုးသား အဏ္ဏဝါဥယျာဥ် ၃ ခုမှာ တားဆီးမှုတွေကိုစတင်လုပ်မှာပါ။ အဲ့ဒိထဲကတစ်ခုက မြေထဲပင်လယ်ဒေသ အရှေ့ဘက်ပိုင်းမှာရှိပြီး ၂၀၂၆ ခုနှစ်မှာ စတင်အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။ ကျန်တဲ့ဒေသတွေကိုတော့ ၂၀၃၀ အကုန်အတွင်းအပြီး တားဆီးမှုတွေကိုလုပ်မှာပါ။
ရေအောက်ကြမ်းပြင်ထိချပြီး ဆွဲတဲ့ငါးဖမ်းပိုက်ကြီးတွေက ရေအောက်ဂေဟစနစ်ကို ဆိုးဆိုးဝါးဝါး ပျက်စီးစေတဲ့အပြင် ရေအောက်မှာ ထိန်းသိမ်းထားတဲ့ ကာဗွန်တွေကိုလည်း လွှတ်ထွက်သွားစေပါတယ်။

ကမ္ဘ့ာရာသီဥတု ပြဿနာကိုဖြေရှင်းတဲ့အရေးမှာ ရေအောက်ကကာဗွန်တွေ လွှတ်ထွက်မလာအောင် လုပ်ဖို့လည်းအရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သမုဒ္ဒရာကြမ်းခင်းတွေက ကမ္ဘာ့အရေးကြီးဆုံး ကာဗွန်သိုလှောင်ရုံကြီးဖြစ်နေလို့ပါပဲ။ “သမုဒ္ဒရာကြမ်းခင်းတွေကို တည်ငြိမ်အောင်ထားတာက အရေးပါတဲ့ကိစ္စတစ်ခုပါပဲ။” လို့ ၀န်ကြီးချုပ်ကဆိုပါတယ်

မောင်ယဿ
Ref; euronews

About The Author

greenness_mm

No Comments

Leave a Reply