စတုတ္ထကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ သန္တာကျောက်တန်းများပျက်ဆီးမှုဖြစ်ပေါ်

စတုတ္ထကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ သန္တာကျောက်တန်းများပျက်ဆီးမှုဖြစ်ပေါ်

ကမ္ဘာ့ရာသီပြောင်းလဲမှုက ယခု ၁၀ စုနှစ်အတွင်းမှာ ဒုတိယအကြိမ်မြောက် တစ်ကမ္ဘာလုံးဆိုင်ရာ သန္တာကျောက်တန်းများအရောင်ကျွတ်မှု ဖြစ်ပေါ်နေတယ်လို့ သိပ္ပံပညာရှင်များကိုဆိုလိုက်ပါတယ်။
ကမ္ဘာအနှံ့အပြားရှိသန္တာကျောက်တန်းများ အရောင်ကျွတ်ခြင်းဖြစ်စဥ် ယခုအကြိမ်နှင့်ဆိုလျှင် ၄ ကြိမ်ရှိသွားပါပြီ။ အဓိကအကြောင်းအရငမးကတော့ သမုဒ္ဒရာရေအပူချိန်မြှင့်တက်လာမှုကြောင့် ဖြစ်ပါတယ်။
၂၀၂၃ ဖေဖော်ဝါရီလကတည်းကနေ ဒီနေ့အထိ တိုင်းတာချက်အရ အနည်းဆုံးနိုင်ငံ ၅၀ ကျော်ရဲ့ ကမ်းခြေများမှ သန္တာကျောက်တန်း အရောင်ကျွတ်ခြင်းဖြစ်စဥ် ဖြစ်ပေါ်ခဲ့ပါတယ်။ သန္တာကျောက်တန်းများ အရောင်ကျွတ်ခြင်းဖြစ်စဥ်က ဆိုးရွားလာပြီး ကြာရှာခဲ့ပါက သန္တာကောင်များသေဆုံးကာ ရေနေသတ္တဝါများအတွက် အခက်အခဲအများအပြားကြုံရနိုင်ဖွယ် ရှိပါတယ်။
သန္တာကျောက်တန်းများက ရေအောက်ဂေဟစနစ်အတွက် အလွန်အရေးကြီးသောအစိတ်အပိုင်း တစ်ရပ်ဖြစ်ပါတယ်။ တိုက်စားမှုကိုလျှော့ချပေးခြင်း၊ ဇီဝမျိုးကွဲများကိုကာကွယ်ပေးခြင်း၊ ရေနေသတ္တဝါကိုဖန်တီးပေးတဲ့အပြင် ဒေသအတွင်း စီးပွားရေးဖွံ့ဖြိုးမှုနှင့် ခရီးသွားလုပ်ငန်းကို တိုးတက်စေပါတယ်။
သန္တာကျောက်တန်းများ အရောင်ကျွတ်ခြင်းဖြစ်စဥ်က မကြာခဏဖြစ်လေ့ရှိပေမဲ့ အခုလိုကမ္ဘာလုံးဆိုင်ရာ အရောင်ကျွတ်ခြင်းကတော့ ဖြစ်လေ့ဖြစ်ထနည်းပါတယ်။
သြစတေးလျက ကမ္ဘာ့အကြီးဆုံးဂရိတ်ဘယ်ရီယာက ၂၀၂၂ အကုန်လောက်မှာ ၉၀ ရာခိုင်နှုန်းနီးပါး အရောင်ကျွတ်ခဲ့သလို မနှစ်က ဖလော်ရီဒါက ကမ္ဘာ့တတိယအကြီးဆုံး ကျောက်တန်းလည်း အရောင်ကျွတ်ခဲ့ပါတယ်။
ရင်ငြိမ်းနွေ

About The Author

greenness_mm

No Comments

Leave a Reply