ရာသီဥတုအထောက်အကူပြု ဝက်သားဆိုပြီးလိမ်ရောင်းတဲ့ ဝက်မွေးလုပ်ငန်းကို တရားစွဲနိုင်ခဲ့ပြီ

ရာသီဥတုအထောက်အကူပြု ဝက်သားဆိုပြီးလိမ်ရောင်းတဲ့ ဝက်မွေးလုပ်ငန်းကို တရားစွဲနိုင်ခဲ့ပြီ

ပြီးခဲ့တဲ့လက ဒိန်းမတ်မှာ “ခင်ဗျားတို့တွေးထားတာထက် ပိုပြီးတော့ရာသီဥတုကို အထောက်အကူဖြစ်စေတဲ့ ၀က်သား”ဆိုပြီး စာတမ်းကပ်ထားတဲ့ ဝက်သားပါကင်ထုတ်တွေ ထုတ်ရောင်းတဲ့ နာမည်ကြီးဝက်သားထုတ်လုပ်ရေးလုပ်ငန်းတစ်ခုကို အန်ဂျီအိုအဖွဲ့တွေ တရားစွဲနိုင်ခဲ့ပါတယ်။
ဒန်းနစ်ကရောင်းတဲ့ဝက်သားထုတ်လုပ်ရေးကုမ္ပဏီက ဒိန်းမတ်နိုင်ငံက လယ်သမားအများစုပိုင်တဲ့ နာမည်ကြီးဝက်သားကုမ္ပဏီပါ။ မနေ့ကတော့ ဗဟိုတရားရုံးရဲ့ ဆုံးဖြတ်ချက်အရ သူတို့တွေလိမ်လည်ပြီး ကြော်ညာမိကြောင်းနဲ့ ဈေးကွက်ဥပဒေကိုချိုးဖောက်မိကြောင်း လူသိရှင်ကြား ကြေညာချက်ထုတ်ခဲ့ရပါတယ်။
အဲ့ဒိကုမ္ပဏီကိုတရားစွဲတဲ့ အန်ဂျီအိုအဖွဲ့ ၂ ဖွဲ့ကတော့ ဒိန်းမတ်သက်သက်လွတ်အဖွဲ့အစည်းနဲ့ ရာသီဥတုလှုပ်ရှားမှုအဖွဲ့ပဲ ဖြစ်ပါတယ်။ သူတို့က မတ်လ ၁ ရက်နေ့ကစတင်တရားစွဲခဲ့တာပါ။ ‘Climate contorlled pig’ဆိုတဲ့ စာတန်းကို ဝက်သားထုတ်တွေများကပ်ပြီး ရောင်းခဲ့တာနဲ့ ပတ်သက်ပြီး တရားရုံးကမှားယွင်းတဲ့လုပ်ဆောင်ချက်ဖြစ်ကြောင်း ဆုံးဖြတ်ချက်ချပေးခဲ့ပါတယ်။
ဒိန်းမတ်မှာ လူဦးရေထက် ဝက်ကောင်ရေကပိုများပါတယ်။ အဲ့ဒိကသားသတ်သမားတွေက တစ်နှစ်ကို ဝက်​ကောင်ရေ သန်း၄၊ ၅ဆယ် ပေါ်ပြီး နိုင်ငံခြားပို့နေကြပါတယ်။ ဒိန်းမတ်တွေရဲ့ နိုင်ငံခြားငွေရှာပေးတဲ့လုပ်ငန်း တစ်ခုလဲဲဖြစ်ပါတယ်။ ဒါပေမယ့် တရားရုံးက ပထမဆုံးအနေနဲ့ သဘာ၀ပတ်၀န်းကျင် ထိန်းသိမ်းရေးသမားတွေကို အနိုင်ပေးလိုက်တာနဲ့ ပတ်သက်ပြီး သမိုင်းမှတ်တိုင်တစ်ခု ဖြစ်ခဲ့ပါတယ်။
ဝက်သားထုတ်လုပ်ရေးဆိုတာ အမဲသားနဲ့ နို့ထုတ်လုပ်ရေးလုပ်ငန်းပြီးရင် ဖန်လံအိမ်ဓာတ်ငွေ့ထုတ်လွှတ်တဲ့လုပ်ငန်းဖြစ်ပါတယ်။ ဝက်မွေးဖို့ အစာထုတ်လုပ်ရေးလုပ်ငန်းတွေကြောင့် သစ်တောပိုင်းများစွာခုတ်လှဲခံနေရပါတယ်။ ပဲပိစပ်စိုက်ခင်းတွေတိုးချဲ့ရတဲ့အခါမှာ သစ်တောပြုန်းတီးတွေကြုံရတဲ့အထိ ရှိခဲ့ပါတယ်။ အချို့ဒေသတွေမှာ ပြုန်းတီးသွားတဲ့ သစ်တောတွေကို ပြန်အစားမထိုးနိုင်သေးပါဘူး။
ရင်ငြိမ်းနွေ
Ref; euronews

About The Author

greenness_mm

No Comments

Leave a Reply