ကမ္ဘာကြီးကို နှစ်ခြမ်းခွဲပြီး တစ်ဖက်ခြမ်းမှာ လူတွေမနေရ ဆိုတဲ့ စာအုပ်
Half-Earth: Our Planets Fight for Life
( Edward O. Wilson)
အီးအိုဝယ်ဆင် ဆိုတဲ့ စာရေးဆရာက တကယ့်သဘာဝဓမ္မ ဝါဒီသမားတစ်ယောက်ဖြစ်ပါတယ်။ ကမ္ဘာ့ အကျော်ကြားဆုံး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် စာပေရေးသားနေတဲ့ စာရေးဆရာတွေထဲက တစ်ဦးဖြစ်ပါတယ်။ ပူလစ်ဇာဆု ၂ကြိမ်ရထားပြီး ဓမ္မဓိဌာန်ကျတဲ့ သဘောတရားတွေ အယူအဆတွေကို တင်ပြတဲ့ သူတစ်ဦးလည်း ဖြစ်ပါတယ်။
ဇီဝစက်ဝန်းပျက်နေတဲ့ ကမ္ဘာရယ် ၊ လူသားတွေရဲ့ အခြေခံလိုအပ်ချက်ရယ် ၊ စက်မှုနိုင်ငံတွေရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးမှုရယ် ၊ နိုင်ငံရေးဩဇာတည်ဆောက်မှုရယ် ဆိုတဲ့ ညှိမရတဲ့ ပြောင်းလဲမှုဖြစ်စဉ်တွေပေါ်မှာ အခြေခံကျကျ သုံးသပ်ချက်တွေ၊ ကျိုးကြောင်းဆီလျှော်တဲ့ လုပ်ငန်းစဉ်တွေကို ရေးသားဖော်ပြ နေတဲ့သူပဲဖြစ်ပါတယ်။
ကျနော်တို့ကိုယ်တိုင် ဇီဝမျိုးကွဲတွေကို အစုလိုက်အပြုံလိုက် မျိုးသုဉ်းပစ်နေတာကို ရှောင်ရှားဖို့ နည်းလမ်းတွေ ၊ ကျနော်တို့ နေထိုင်တဲ့ ကမ္ဘာပေါ်မှာ ဇီဝမျိုးကွဲတွေ ပြန်လည်ဖွံ့ဖြိုးလာအောင် လုပ်ဖို့ နည်းတွေကို အဲ့ဒိစာအုပ်ထဲမှာ သူက ဖော်ပြထားပါတယ်။ ၂၀၁၆ ခုနှစ်က ထုတ်ဝေခဲ့တာပါ။
အနည်းဆုံး ကမ္ဘာတစ်ဝက်ကိုတော့ မျိုးသုဉ်းမှု အကျပ်အတည်း ပြေပျောက်အောင် လုပ်ဖို့လိုနေပါတယ်။ အဲ့ဒါမှာ ကမ္ဘာကြီးရဲ့ ကျန်းမာရေးက ရေရှည်ခံနိုင်လိမ့်မယ်လို့ ဆိုထားပါတယ်။
ကမ္ဘာကြီးက ခင်ဗျား ကိုယ်တိုင်ပဲလို့ ခံယူထားရမယ်။ ကျနော်တို့ ကလည်း အဲ့လို ခံယူမယ် ၊ ခင်ဗျားမှာ အရေးေပါ်ဖြစ်တယ်ဆိုရင် ကျနော်တို့မှာလည်း အရေးပေါ်ဖြစ်နေတာနဲ့ အတူတူပဲဆိုတဲ့ အသိစိတ်ဓာတ်က ဝင်လာမယ်။ ဒီလိုမှ မဟုတ်ရင်. ကမ္ဘာရာသီဥတုပြောင်းလဲတာရယ် ၊ ဇီဝစက်ဝန်း ထုနဲ့ထည်နဲ့ မျိုးသုဉ်းကုန်တာရယ် ၊ ဂေဟစနစ်ပြိုလဲကုန်တာတွေရဲ့ အရင်းခံက လူသားတွေဗျ ။ အဲ့ဒါကို လူသားတွေကပဲပြန်ပြီး ကယ်တင်ရမယ် လို့ ဆိုထားပါတယ်။
မောင်ယဿ
REF: the Earth
Photo : lavin angency
#Greenness See Less
No Comments