ကမ္ဘာမြေအား ချစ်သူများ

ကမ္ဘာမြေအား ချစ်သူများ

ကမ္ဘာမြေအား ချစ်သူများက
စိတ်ထားဖွေးလက် ယုံကြည်ချက်ဖြင့်
ခက်လက်ဝေဆာ အေးရိပ်သာအောင်
ပြည်ရွာအလှ ဖန်တီးကြသည်
စိုက်ကြသစ်ပင် ပြေ(ပြည်)တစ်ခွင်ဝယ်
ချစ်ခင်သူများ သူတို့အားကို
တို့များအားကျ မိပါသည်။

အားကျမိခါ စိတ်လက်ပါ၍
ကိုယ့်ရွာဒေသ ကိုယ်စိုက်ကြသော်
လှပဝန်းကျင် စိမ်းလန်းရွှင်၍
ပြည်ခွင်အလှ စိမ်းစိုမြ၍
လောကအပူ တလူလူသည်
ဘယ်မူဘယ်ရေး ဘယ်သို့ဝေးလိမ့်
အတွေးမှာပဲ ပျော်မိသည်။

အတွေးကိုယ်စီ အလီလီကို
ညီညီညာစု အတူပြု၍
ယခုကာလ သမယက
အစပြုကာ မြေကမ္ဘာကို
သေချာကျန စိမ်းစိုမြအောင်
အလှဖန်တီး စေချင်သည်။

တကယ်လို့သာ ဒီကမ္ဘာမြေ
ဖြာဝေအလှ စိမ်းစိုမြသော်
နေရထိုင်ရ အေးချမ်းလှ၍
သောကလည်းကင်း စိတ်လည်းရှင်း၍
လက်ငင်းချမ်းသာ သံသရာပါ
ဘယ်ခါအလှ မဆုံးရသော်
လုံးဝ အကျိုး များသတည်း။

အောင်ကိုထိုက် ( အရာတော် )

About The Author

greenness_mm

No Comments

Leave a Reply