ကမ္ဘာ့အညစ်ညမ်းဆုံးမြစ်များ(၇)
မစ္စစ္စပီမြစ်(Mississippi River)
——————-
မစ္စစ္စပီသည် အမေရိကန်ရှိ လူသန်းပေါင်းများစွာ မှီတင်းနေထိုင်ရသော မြစ်တစ်စင်းဖြစ်ပြီး ကမ္ဘာပေါ်တွင် အရှည်ဆုံးမြစ်များထဲမှ တစ်ခုဖြစ်သည်။ သို့သော် စိတ်ပျက်စရာကောင်းသည်မှာ မြစ်ရေသည် သန့်ရှင်းမှုနည်းကာ စွန့်ပစ်ပစ္စည်းများ အဆက်မပြတ် စီးဆင်းနေပြီး မြစ်ရေကလည်း မည်းညစ်နေသည်။
ယခင်က ရေနံယိုဖိတ်မှု အမျိုးမျိုးကြောင့် မြစ်ကမ်းရှိ ရေနေသတ္တဝါများ သိသိသာသာ လျော့ပါးလာခဲ့သလို အန္တရာယ်ရှိသော ဓာတုပစ္စည်းများကို အသုံးပြု၍ မြစ်ထဲသို့ စွန့်ထုတ်သည့် စက်မှုလုပ်ငန်းများနှင့် တောင်သူများထံမှ အမှိုက်များကလည်း မြစ်အတွင်း နေရာယူထားကြသည်။ ထို့အပြင် ဆိုးရွားသည်မှာ မြစ်ထဲတွင် နိုက်ထရိုဂျင်အခြေခံ ဓာတ်မြေဩဇာများ စိမ့်ဝင်ပျံ့နှံ့နေပြီး အစာကွင်းဆက်(Food Chain)ကို ပျက်စီးစေခြင်းဖြစ်သည်။ ထိုအရာက ရေထဲတွင် အောက်ဆီဂျင်ပမာဏ လျော့နည်းသွားစေကာ ရေနေသတ္တဝါများကို သေကြေပျက်စီးစေသည်။
ကေဇက်အေ-ရေးသည်
#Greenness
photo:internet

		
No Comments