ကျိန်စာ

ကျိန်စာ

မိုးရွာခြင်းအကျိုးတရားဆိုတာလည်း
ခိုင်လုံတဲ့အကြောင်းတရားကိုယ်စီနဲ့။
လေတိုက်တော့လည်းအတူတူ။
မိုးနတ်သားလေနတ်သားဆိုတာ
ညီမျှခြင်းကိုချောင်မှာထိုး
ထင်ရာကိုအစိုးမရသူရယ်မဟုတ်ခဲ့ပါဘူး။
ရိုးရိုးသားသားလေးပါပဲ
စဉ်းစားပါ
ဆင်ခြင်ပါ
ကိုယ့်မျက်နှာပေါ်ကျတဲ့တံတွေးစက်က
ကိုယ်ကိုတိုင်ပက်လက်လှန်မထွေးခဲ့တာ
သေချာရဲ့လား။
ခုတော့ …
ကိုယ်ထိုင်တဲ့ကိုင်းကိုမချိုင်သင့်တော့ကြောင်း
တဇွတ်ထိုးရာသီဥတုများ
အလွဲလွဲအမှားမှားနဲ့
တို့တတွေအနားမှာလမ်းသလားရင်း
နာဂစ်ဆိုတဲ့ဓာတ်ပြားဟောင်းက
သတိပေးလို့တံခါးခေါက်ပြထားလေရဲ့။

ခို င် လွ င် ကောင်း ဇံ

About The Author

greenness_mm

No Comments

Leave a Reply