ကျောက်ကလပ်ကို သွားလည်မယ်
ကျောက်ကလပ် တည်ရှိရာနေရာက ဧရာဝတီတိုင်း ၊ငပုတောမြို့နယ် မော်တင်တင်စွန်းနဲ့ မျက်နှာချင်းဆိုင် ထိပ်စွန်းခေါ်တဲ့ အရပ်ဒေသ တောင်ဘက်အစွန်းလေးမှာပါ။ သူ့အနီးဝန်းကျင်မှာ ပြင်ခရိုင်၊ ဒီးဒူးကုန်း၊ ချောင်းဝ၊ သက္ကယ်သောင်၊ ဘုန်းတော်ပြည့်၊ အုတ်တွင်းဆိုတဲ့ ရွာကလေးများတည်ရှိပါတယ်။ရေညှိစိမ်းစိမ်းတွေ ပေါ်လမ်းလျှောက်ချင်ရင်တော့ ရေကျချိန်အထာသိဖို့လိုပါတယ်။
ကျောက်ကလပ်ဒေသမှာ ဒီဒူးချိုင်ကမ်းခြေ၊ ဓားသွေးကျောက်ကမ်းခြေ၊ မေဓာအိုင်ကမ်းခြေ၊ထိပ်စွန်း ၊ကျောက်ကလပ်စေတီ၊ရေညှိပြင်၊ ကျောက်မီးဖိုလုပ်ငန်း၊တံငါလုပ်ငန်းတို့ကို ဓာတ်ပုံရိုက်နိုင်ပါတယ်. ဓာတ်ပုံ သမားစစ်စစ်တွေကမြန်မာရက် လပြည့် ၊လကွယ်၊ ၁.၂.၃ရက် နေ့များကိုသွားပါ…မနက်ပိုင်း ရေကျချိန်နဲ့ ညနေပိုင်းရေကျချိန်များနဲ့ တွေ့ရမှာ ဖြစ်ပြီး ရေညှိစိမ်းပြင်ကြီးကို sunset နဲ့ sunrise ပေါင်းပြီး
တံငါလုပ်ငန်း အထူးသဖြင့် ငါးပိုက်လှေဝင်ချိန် ငါးဘမ်းဆေးခြင်းအလှပုံများ ရိုက်နိုင်ပါလိမ့်မယ်…
အကယ်၍ starနဲ့ milky လိုချင်ပါက လကွယ်ရက်ကို သွားပါ… Reflection နဲ့ Seascape ကို မေဓာအိုင်ကမ်းခြေ အကောင်းဆုံးဖြစ်ပြီး ၊sunsetကဒီးဒူးချိုင်ကမ်းခြေနဲ့ ထိပ်စွန်းကမ်းခြေက အကောင်းဆုံးပါ…Preသမားများက ကျောက်ကလပ်နဲ့ ထပ်စွန်းအဆင်းလမ်းမှာ အကောင်းဆုံးဖြစ်ပါကြောင်း၊drone သမားများအတွက်တော့ pattern အကြမ်းစားများရှိပြီးခွင့်ပြုချက်ယူရပါမယ် ။
ပေါ်ပင် ပျော်ချင်ကြသော နေ့ချင်းပြန်သမားများက. မိမိတို့ရောက်မဲ့ အချိန်နဲ့ကျောက်ကလပ်မှာ ရေကျချိန်ကို ချိန်ကိုက်သွားကြပါ. ကျောက်ကလပ်ကို လမ်းသုံးလမ်းဖြင့်သွားနိုင်ပါတယ်။ ပုသိမ် မော်တင် ဟိုင်းကြီးကျွန်းမြို့ ကားလမ်းသွားပြီး ဟိုင်းကြီးကျွန်းမြို့မှ ပြင်ခရိုင်ချောင်းဝကို ကူးတို့ ၄၅မိနစ်စီး ၎င်းမှတစ်ဆင့် ဆိုင်ကယ်များ ကားများနှင့် ၃၀မိနစ်ခန့်စီးပြီး လည်ပါတ်ရပါမယ်။ ဒုတိယနည်းက ပုသိမ်မှ ရှပ်ပြေးသင်္ဘောများစီး ပြင်ခရိုင်ချောင်းဝမှတစ်ဆင့် လည်ပါတ်လို့ရပါတယ်။
တတိယ အကောင်းဆုံးလည်ပါတ်နည်းမှာ မိမိတို့ရဲ့ ကိုယ်ပိုင်ကားနဲ့ ရန်ကုန်မှ လပွတ္တာမြို့သို့ ၁၅၀မိုင်ခန့် မောင်းရပါမယ်…။ လပွတ္တာမှ လပွတ္တလုပ်ရွာသို့ ၂၀မိနစ်ခန့်မောင်း ဇက်ဆိပ်သို့ရောက်ပြီး ၃၀မိနစ်ခန့် ဇက်စီးပြီး ရေပေါ့ကြီးဘက်ကမ်းသို့ကူးရပါမယ်။ ဇက်ကူးချိန်က နံနက်၆နာရီ နဲ့ ညနေ၅နာရီ ၂ ကြိမ်ပဲ ကူးပါတယ်…။ ကျန်အချိန်များဇက်ကူးချင်ပါက အထူးအော်ဒါကြေးပေးပြီး ကူးလို့ရပါတယ်။
ဇက်ကူးပြီးလျှင် တံတားကြီးသေး ၁၃ခုဖြတ်ပြီး ၅၅မိုင် မောင်းပြီးပါက ရေညှိစိမ်းတွေနဲ့ ကျောက်ကလပ်အလှကို တွေ့မြင်ရှုစားလည်ပါတ် နိုင်ပြီဖြစ်ပါတယ်။ အထူးသတိထားရမှာကတော့ မိမိတို့သွားရောက်လည်ပါတ်ချိန်နဲ့ ရေပြည့်ချိန် မဖြစ်ဖို့လိုပါတယ်…ရေပြည့်ချိန်မှာ ရေညှိစိမ်းပြင်ကြီးကို လုံးဝမတွေ့နိုင်ပါ… ရေညှိအစိမ်းဆုံးအချိန်က ၉လပိုင်းနဲ့ ၁၁လပိုင်းပါ… ကျန်အချိန်များ ရေညှိသိပ်မစိမ်းတော့ပါ… .အကယ်၍ ဒေသအသီးသီးက ကျောက်ကလပ်ကို သွားလို၍သော်လည်း မသွားတတ်သူများကိုတည်းလည်စားဓာတ်ပုံ အားလုံးငြိမ်း ခရီးစဥ် များ စီစဥ်ပေးပါတယ်… စျေနှုန်းများက လူဦးရေ အနည်းအများ တည်းမည့်ရက် နဲ့ ကိုယ်ပိုင်ကားလာမည့်သူများ စသဖြင့် ကွဲပြားသွားခြင်းကြောင့် ဖုန်းဆက်မှ ခရီးစဉ်ပေါ်မူတည်၍ သတ်မှတ် ပေးလို့ရပါတယ်။.
ကိုကွေကာနဲ့ ဆက်သွယ်ပါကွယ်
ကိုကွေကာဂေါ်ရန်ဂျီလမ်းညွှန်
09260721077
09775825303
No Comments