ကျွန်တော်ချစ်သောသစ်ပင်များ

ကျွန်တော်ချစ်သောသစ်ပင်များ

အိပ်ယာနိုးလို့ နာရီကြည့်မိတော့ ခြောက်နာရီခြဲနေပြီ။ ဒါနဲ့ အိပ်ယာထဲက လူးလိမ့်ထပြီး မီနီဘားပေါ်က စီးကရက်ဘူးနဲ့ မီးခြစ်ကိုယူပြီး အခန်းအပြင်ထွက်ခဲ့တယ်။ အခန်းက No Smoking Room ဖြစ်တယ်။ အခန်းထဲမှာ စီးကရက်ဖွာလို့အဆင်မပြေဘူး။ အခန်းတံခါးကိုတွန်းဖွင့်လိုက်တာနဲ့ ဆောင်းပီသတဲ့ လွိုင်ကော်ဆောင်းက မင်္ဂလာမနက်ခင်းပါလို့ ချမ်းချမ်းစီးစီး နှုတ်ဆက်တယ်။ အညာဆောင်းနဲ့ လွိုင်ကော်ဆောင်းရဲ့ခြားနားချက်က အညာဆောင်းက လူကို ခြေလက်တွေ ထုံထိုင်းကိုက်ခဲသည်အထိ ကမူးရှုးထိုးအေးလေ့ရှိပြီး လွိုင်ကော်ဆောင်းကတော့ ညင်သာသိမ်မွေ့စွာနဲ့ ခပ်စိမ့်စိမ့်လေး အေးနေတာမျိုးဖြစ်တယ်။ ကျွန်တော်တည်းခိုနေတဲ့ အခန်းရဲ့ရှေ့မှာ အသီးတွေ လှိုင်လှိုင်ဝေအောင်သီးနေတဲ့ ထောပတ်ပင်ကိုတွေ့ရတယ်။ ကျွန်တော့်ဘဝမှာ ထောပတ်သီးပင်ကို ပထမဦးဆုံးမြင်တွေ့ဖူးခြင်း ဖြစ်တယ်။

စီးကရက်ဖွာပြီး အခန်းထဲပြန်ဝင်တယ်။ အခန်းထဲမွာတော့ A/C ဖွင့်ထားပေမယ့် နွေးနွေးထွေးထွေးပါပဲ။ ရေမိုးချိုး အဝတ်အစားလဲပြီး ဟိုတယ် Dinning Room ကိုသွားတယ်။ Dining Room မှာ လူတော်များများရောက်နေပြီ။ ဧည့်သည်အားလုံးနီးပါးဟာ မြန်မာအစိမ်းရောင်ကွန်ရက် တွေ့ဆုံပွဲကိုရောက်လာကြတဲ့ အနယ်နယ်အရပ်ရပ်က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဝါသနာရှင်တွေနဲ့ ပညာရှင်တွေဖြစ်တယ်။ ဧည့်သည်အများစု ပြောနေကြတဲ့စကားတွေကလည်း မြန်မာနိုင်ငံအရပ်ရပ်မှာရှိတဲ့ သဘာဝပတ်ဝန်းကျင်ယိုယွင်းပျက်စီးမှုတွေအကြောင်း၊ အဖွဲ့အစည်းနဲ့ လုပ်ဆောင်မှုတွေအကြောင်း၊ သဘာဝတွင်းထွက်ပစ္စည်းနဲ့ စီမံကိန်းတွေအကြောင်း အစုံပဲဖြစ်တယ်။

Dinning Room ကနေကြည့်ရင် ရှေ့တည့်တည့်မှာ ရေကန်ကျယ်ကြီးတစ်ကန်ကိုတွေ့ရတယ်။ ဘာဒိုကန်လို့ခေါ်တယ်။ ကယားစကားနဲ့တော့ ထေသျှားကန်လို့လည်းခေါ်သေးတယ်။ အမှန်က ဒီကန်နဲ့တဆက်တစပ်တည်း ရေကန်သုံးကန်ရှိတယ်။ ကန်ရဲ့ဟိုဘက်ခြမ်းနဲ့ ဒီဘက်ခြမ်းကို ကူးလူးရာလမ်းတွေဖောက်လိုက်တဲ့အတွက် ရေကန်တွေ များသွွား တော့တယ်။ ရေကန်ရဲ့ တစ်ဘက်ကမ်းမှာတော့ လွိုင်ကော်တက္ကသိုလ်ရှိတယ်။ ဟိုးအရင်တုန်းက ဒီရေကန်က ဘီလူးချောင်းဖြစ်ခဲ့ပါသတဲ့။ ရေလမ်းကြောင်းပြောင်းသြားတဲ့ ဘီလူးချောင်းကြောင့် ဒီနေရာမှာ ရေကန်ကြီးအဖြစ်သာကျန်ရစ်နေခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောပြတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်းဘယ်လောက်က ဘီလူးချောင်းဟာ ဒီနေရာကနေဖြတ်စီးခဲ့တယ်ဆိုတာတော့ ကျွန်တော်တို့လိုက်မမီသေးတဲ့ ဒဏ္ဍာရီတစ်ခုပါပဲ။

မနက်စာစားပြီးတော့ တွေ့ဆုံဆွေးနွေးပွဲရှိရာ လွိုင်ကော်မြို့နယ်ခန်းမကိုသွားဖို့အတွက် ကားရောက်လာတယ်။ ကားက အဝေးပြေး express ကားကြီးပါ။ အဲဒီကားကြီးနဲ့ပဲ ကျွန်တော်လည်း မြို့နယ်ခန်းမကိုလိုက်ခဲ့တယ်။ ခန်းမရောက်တော့ ပွဲကိုရောက်လာတဲ့ တက်ရောက်သူတွေကို သဘာဝပတ်ဝန်းကျင်ဆိုင်ရာစာအုပ်တွေကို ကူညီပြီး ဝေငှပေးဖြစ်တယ်။ ဒီကိုလာရောက်ပြီး ပါဝင်ဆွေးနွေးသူ၊ တက်ရောက်နာကြားသူတွေအနေနဲ့ ဒီစာအုပ်စာတမ်းတွေနဲ့ ဆွေးနွေးဟောပြောမှုတွေက သူတို့ရဲ့ ဆိုင်ရာဒေသအသီးသီးမှာ နယ်ပယ်အသီးသီးမွာ အသိပညာအတတ်ပညာတွေကို ပြန်လည်မျှဝေနိုင်လိမ့်မယ်လို့လည်း ကျွန်တော် ယုံကြည်ပါတယ်။

ဆွေးနွေးတွေ့ဆုံပွဲစတော့ ကိုယ့်အလုပ်နဲ့ကို ကိုယ့်တာဝန်ယူမှုနဲ့ကို ခန်းမထဲမွာ ကျကျနနထိုင်ပြီး ဆွေးနွေးမှုတွေ ဟောပြောပို့ချမှုတွေကို စိမ်ပြေနပြေနားထောင်နိုင်စွမ်းမရှိပါဘူး။ ဒါပေမယ့် ဟောပြောမှုတွေ၊ ဆွေးနွေးစကားသံတွေက ကျွန်တော့်အကြားအာရုံကို လာရောက်နှိုးဆွနေပါတယ်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုတဲ့ စကားလုံးက ကမ်ဘာမှာ အသုံးတွင်ကျယ်ခဲ့တာကြာပါပြီ။ သစ်ပင်သစ်တောချစ်သူတွေ။ မြစ်ချောင်းအင်းအိုင် ကာကွယ်သူတွေ။ ရေသယံဇာတ စောင့်ကြည့်လေ့လာသူတွေ။ ရှားပါးတိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်သူတွေ။ လေထုညစ်ညမ်းမှုကို သန့်စင်ကင်းရှင်းစေရေးလှုပ်ရှားသူတွေ စသဖြင့် လူတွေ အဖွဲ့အစည်းတွေလည်း အမ်ားအျပားပေါ်ထွက်လာပါတယ်။ ဒါပေမယ့် သဘာဝပတ်ဝန်းကျင်ယိုယွင်းပျက်စီးမှုကိုတော့ အမှန်တကယ်ထိရောက်တဲ့လုပ်ဆောင်မှုတွေ သိပ်မတွေ့ရသေးဘူးလို့ ကျွန်တော်မြင်ပါတယ်။ နိုင်ငံတကာ အစိုးရအဖွဲ့တွေကိုယ်တိုင်လည်း လူကြားကောင်းအောင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးစကားတွေ ပြောနေကြပေမယ့် အမှန်တကယ်ထိရောက်တဲ့ လုပ်ဆောင်မှုတွေက ရွားပါးနေတုန်းပဲဖြစ်တယ်။

ဒီနေရာမှာ။ မြန်မာအစိမ်းရောင်ကွန်ရက် တွေ့ဆုံပွဲမှာ အဖွင့်အမွာစကားပြောသွားတဲ့ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်သယံဇာတဝန်ကြီးရဲ့ ကျွန်တော်သတိထားမိတဲ့စကားက “ဒေသခံပြည်သူတွေ သဘောမတူရင် အစိုးရအဖွဲ့အနေနဲ့ မည်သည့်စီမံကိန်းမွ လုပ်မှာမဟုတ်ဘူး”တဲ့။ အားရစရာ စကားဖြစ်ပါတယ်။ အစိုးရစီမံကိန်းမှန်သမွ်အနေနဲ့ ဒေသခံပြည်သူတွေရဲ့ အကျိုးစီးပွားတွေဖြစ်တဲ့ စီးပြားရေး၊ပညာရေး၊ကျန်းမာရေး အဲဒီအရေးသုံးပါးကို မဖြစ်မနေတိုးတက်အောင်ဆောင်ရွက်ပေးနိုင်မွ၊ မထိခိုက်အောင်ကာကွယ်ပေးနိုင်မွသာ စီမံကိန်းတွေကို အကောင်အထည်ဖော်သင့်ပါတယ်။ မြန်မာအစိမ်းရောင်ကွန်ရက်တာဝန်ခံ ဒေါ်လေးဒေဝီသန့်စင်က “သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးမှာ ပြောနေကြတာတွေကများပြီး အစစ်အမှန်လက်တွေ့လုပ်ဆောင်မှုက အင်မတန်နည်းပါးသေးတယ်”လို့ပြောသွားပါတယ်။ ဒီစကားနဲ့ပက်သက်ပြီး ကျွန်တော်တို့အနေနဲ့ ဝိဝါဒကွဲစရာမရှိပါဘူး။
တကယ်တော့ ကျွန်တော်ဟာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်တစ်ယောက် မဟုတ်သလို် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတစ်ယောက်လည်း မဟုတ်ပါဘူး။ ကျွန်တော်ကကဗျာ ရေးသူတစ်ယောက် စာရေးသူတစ်ယောက်သာဖြစ်တယ်။ သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးသူတစ်ယောက်သာဖြစ်တယ်။ သဘာဝရင်းမြစ်၊သဘာဝသယံဇာတ၊ သဘာဝအလွအပ၊ သဘာဝတောတောင်ရေမြေ အားလုံးကို ကျွန်တော်ချစ်ပါတယ်။ ကျွန်တော် ဒီလိုသဘာဝတရားတွေကိုချစ်တာက မွေးရာပါဗီဇကြောင့် ချစ်ခဲ့တာဖြစ်တယ်။ ဘယ့်အတွက် ဘာကြောင့် ဘယ်လိုရည်ရွယ်ချက်ဆိုတာတွေမရှိပါဘူး။ ဒီနေရာမှာ လွိုင်ကော်ဒေသခံ မြို့သူမြို့သားတွေနဲ့ လွိုင်ကော်မြို့လေးကို သတိထားကြည့်မိတယ်။ ကျွန်တော် သြားရောက်ခဲ့ဖူးတဲ့ မြို့တွေထဲမှာတော့ လွိုင်ကော်မြို့နဲ့ ကလောမြို့လေးတွေဟာ အင်မတန်သပ်ရပ်သန့်ရှင်းတဲ့ မြို့လေးတွေဖြစ်ပါတယ်။ ဒါ ဒေသခံတွေရဲ့ သဘာဝတရားဆီက ရထားတဲ့ ကိုယ့်ပတ်ဝန်းကျင်ကို သပ်ရပ်သန့်ရှင်းအောင်ထားလိုစိတ်နဲ့ သဘာဝတရားကိုချစ်မြတ်နိုးတဲ့စိတ်ကြောင့်ဆိုရင် မှားမယ်မထင်ဘူး။ ပြည်နယ်အစိုးရအဖွဲ့နဲ့ မြို ့တော်မြူ နီစပါယ်ရဲ့ ကူညီပံပိုးမှုလည်း ပါမွာပေါ့လေ။

နေ့ခင်းပိုင်း တွေ့ဆုံဆွေးနွေးပွဲ ခဏနားချိန်မွာတော့ ခန်းမဘေးနားမှာရှိတဲ့ သစ်ပင်ကြီးရဲ့အောက်မွာ ထိုင်ရင်း သစ်ပင်တွေအကြောင်းကို တွေးနေမိပြန်တယ်။ အရွယ်ရောက်ပြီး သစ်ပင်တစ်ပင်ဟာ တစ်နှစ်ကို အောက်ဆီဂျင် ၁၁၇ ကီလိုဂရမ်ထုတ်ပေးနိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။ ဒါက လူတစ်ယောက်စာအတွက် လိုအပ်တဲ့အောက်ဆီဂျင်ပမာဏထက် သာပါတယ်။ သစ်ပင်တွေက လေထုထဲမှာရှိတဲ့ လူကိုအန္တရာယ်ဖြစ်စေမယ့် ကာဗွန်တွေကိုလည်း ဖယ်ရှားပေးနိုင်တယ်။ အဲဒါကြောင့် သစ်ပင်တွေကိုချစ်ရတာ ထိုက်တန်တယ်လို့ ကျွန်တော်ခံစားရတယ်။ သစ်ပင်ဆိုတာ ကမ်ဘာမြေနဲ့ ကျွန်တော်တို့သက်ရှိမျိုးစိတ်တွေအတွက် ကျေးဇူးရှင်တွေဖြစ်တယ်။ သစ်တစ်ပင်ရဲ့သက်တမ်းဟာ နှစ်ရှည်ကြာလေ ကမ်ဘာမြေအတွက် ကျေးဇူးများလေဆိုတာ မေ့ထားလို့မရပါဘူး။
ကျွန်တော့်မွေးရပ်မြေဖြစ်တဲ့ ဝမ်းတွင်းမြို့နယ်အတွင်းက ဇာတိရွာလေးဟာ သစ်ပင်ပန်းပင်စိုက်ဖို့ အင်မတန်ခက်ခဲပါတယ်။ ရွာမြေက ကျပ်တီးမြေတွေလို့ ပြောရမယ်။ ဘာအပင်ပဲစိုက်စိုက် ရှင်သန်ဖို့က အင်မတန်ခက်ခဲတယ်။ ကျွန်တော် ဇာတိရွာလေးကို ပြန်ရောက်သွားတုန်းက အမေ့အိမ်မြေထဲမှာ ကန္တာရပင်တွေကလွဲလို့ တခြားသစ်ပင် မရှိသလောက်ပါပဲ။ အဖေရှိတုန်းက အိမ်ထဲမွာ ဧကရာဇ်ပန်းပင်တစ်ပင်ရှိတယ်။ နောက်တော့ မြေဆီမြေသြဇာ အပြည့်အဝမရလို ့ထင်ပါရဲ့ ဧကရာဇ်ပန်းပင်ဟာ သေဆုံးသွားခဲ့တယ်။ ခြံစည်းရိုးမှာ သဘာဝအရပေါက်နေတဲ့ ရှားစောင်းလက်ပက်ပင်တန်းကလည်း မရှိတော့ဘူး။ ညီဖြစ်သူကတော့ သစ်ပင်စိုက်ခြင်းကို ခုထိဇြဲမလျှော့ဘူး။ သူက ဘယ်လောက်ပဲကြိုးစားစိုက်စိုက် နှစ်နှစ်၊သုံးနှစ်ဆို သေတာပဲ။

တကယ်တော့ ကျွန်တော်တို့ဆီမှာ ကန္တာရပင်တွေက အင်မတန်ပေါတယ်။ ကျွန်တော်သိသလောက် ကန္တာရပင်တွေက မြေဆီလွှာအရမ်းစားတဲ့အပင်အမျိုးအစားပါ။ သူ့ဘေးနားတဝိုက်မွာ တခြားအပင်စိုက်ရင် ဖြစ်ထွန်းဖို့ ခက်ခဲလွန်းပါတယ်။ သူက ရှိသမျှ မြေဆီမြေနှစ်ကိုစားပစ်လိုက်တော့ တခြားအပင်တွေအတွက် မြေဆီလွှာရဖို့ ခက်ခဲသွားတယ်။ ဒါပေမယ့် လတ်တလော ကျွန်တော်တို့ သူ့ဆီကရနေတဲ့ တန်ဘိုးက အရိပ်ရခြင်းဖြစ်တယ်။ ဘာအပင်မွ မယ်မယ်ရရမဖြစ်ထွန်းတဲ့မြေမှာ ကန္တာရပင်ရဲ့အရိပ်က ခိုနားစရာဖြစ်နေတာ အမှန်ပဲ။ ပြီးတော့ ရေအရင်းအမြစ်လည်း ကောင်းကောင်းမရ။ မြေဆီမြေနှစ်လည်းကောင်းကောင်းမရှိတဲ့ ကျပ်တီးမြေမှာ သူမို့သာရှင်သန်နိုင်စွမ်းရှိတာ မဟုတ်လား။ သူ့အပေါ် အကောင်းမမြင်တဲ့ သူ့ပတ်ဝန်းကျင်ကလူသားတွေကို အရိပ်ပေးထားတယ်။ ထင်းပေးထားတယ်။ ကျွန်တော်တို့နယ်မွာက ထမင်းဟင်းချက်တာ ရေနွေးတည်တာကအစ ကန္တာရသားကိုပဲ ထင်းအဖြစ်သုံးကြတာလေ။ ကန္တာရတောထဲက ကန္တာရပင်တောင် သူ့တန်ဘိုးနဲ့သူရှိပါတယ်။
ကျွန်တော်ပြောခဲ့သလိုပါပဲ။ ကျွန်တော်က ကဗ်ာရေးသူ စာရေးသူတစ်ယောက်ပါ။ မွေးရာပါဗီဇကိုက သဘာဝတရားကို ချစ်မြတ်နိုးပါတယ်။ ကျွန်တော်ရေးတဲ့ စာ၊ကဗ်ာတွေကလည်း စိမ်းစိုနေလေ့ရှိပြီး နာကျင်စရာနိမိတ်ပုံကိုတောင် တောတွေတောင်တွေနဲ့ မြစ်၊ချောင်း၊ပင်လယ်စတာတွေနဲ့သာ ပြလေ့ရှိပါတယ်။ ဒီလို နိမိတ်ပုံတွေ စိမ်းစိုတောက်ပနေအောင် တကူးတကရေးသားတာမဟုတ်ပါဘူး။ အလိုအလျောက်စီးဆင်းလာတဲ့ နှလုံးသွင်းမှုကြောင့်ဖြစ်လာတာပါ။ အဲဒါကြောင့်လည်း လူတိုင်းကို သစ်ပင်တွေကို ချစ်စေ့ချင်ပါတယ်။ သစ်ပင်တွေကိုချစ်ကြပါ။ တန်ဘိုးထားကြပါ။ ကျွန်တော်ကတော့ သစ်ပင်တွေကို ခံစားမှုထဲမှာ ထာဝရစိုက်ပျိုးထားသူတစ်ယောက်ဖြစ်ကြောင်း ကဗ်ာတွေ၊စာတွေ ရေးဖြစ်နေဦးမှာပါ။ ။
ခိုင်သွေးကို

 

About The Author

greenness_mm

No Comments

Leave a Reply