ချောကလက်နဲ့ ကလေးလုပ်သားပြဿနာ ဘယ်လိုရှင်းကြမှာလဲ

ချောကလက်နဲ့ ကလေးလုပ်သားပြဿနာ ဘယ်လိုရှင်းကြမှာလဲ

ကမ္ဘာကျော် ချောကလက်ဘရန်းတွေဖြစ်တဲ့ Mars ၊ Nestle ၊ Ferrero ၊ Mondelez တို့လို ချောကလက်ချောင်းတွေကို အင်္ဂလန်အခြေစိုက် Cadbury အများပိုင်ကုမ္ပဏီ ကနေထုတ်လုပ်နေတာပါ ။ အဲ့ဒိ ကုမ္ပဏီကထုတ်တဲ့ ချောကလက်ရဲ့ အဓိကကုန်ကြမ်းဖြစ်တဲ့ ကိုကာတွေကိုတော့ အနောက်အာဖရိကနိုင်ငံတွေကနေရတာပါ ။ မနေ့က ကုလသမဂ္ဂကိုတင်တဲ့ အစီရင်ခံစာသစ်တစ်ခုမှာ အနောက်အာဖရိကနိုင်ငံတွေက ကိုကာ စိုက်ခင်းတွေမှာ ကလေးသူငယ်တွေကို အဓမ္မခိုင်းစေနေတယ်ဆိုတာပါရှိပါတယ် ။
ကမ္ဘာ့နာမည်ကြီး ချောကလက်ဘရန်း ၈၂ ခုမှာ ၁၇ ခုက ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ မောက်မှားတွေ ရှိနေတယ်လို့လည်း အဲ့ဒိအစီရင်ခံစာက စွတ်စွဲထားပါတယ်။ ကိုကာစိုက်ခင်းတွေမှာ အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေကို အဓမ္မခိုင်းစေနေတာက လူအခွင့်ရေး ဆိုင်ရာ ကြီးမားတဲ့ ဖောက်ပြန်မှုကြီးဖြစ်ပါတယ်။ အဲ့ဒါကို အား‌ပေးအားမြှောက်ပြုနေတဲ့ အရင်းရှင်နိုင်ငံတွေကို ကုလသမဂ္ဂ အနေနဲ့ အထူးအလေးပေးပြီး သတိပေးသင့်ပါတယ်လို့ လည်း အကြံပြုထားပါတယ်။
ဂါနာနိုင်ငံက ကိုကာစိုက်ခင်းတွေမှာ ဆိုရင် ကလေးတွေကို အဓမ္မခိုင်းစေတာ စိုက်ခင်း ၁၀ ခုမှာ ၆ ခုလောက် ရှိနေပါတယ်။ အဲ့ဒိစိုက်ခင်းတွေက ကလေးတွေဟာ ဓာတုပစ္စည်းတွေနဲ့ မဆက်မပြတ်ထိတွေ့ နေရတာတွေ ၊ အလုပ်ချိန်ကြာမြှင့်စွာ လုပ်ကိုင်နေရတာတွေ ၊ စာပေသင်ကြားခွင့်မရတာတွေကို အဓိကရင်ဆိုင်နေရပါတယ်။
အရင်းရှင်နိုင်ငံတွေက သူတို့ရဲ့ ထုတ်ကုန်ချောကလက်တွေကို ကုန်တိုက်တွေမှာ ပါကင်လှလှလေးတွေနဲ့ စျေးကောင်းကောင်းရအောင် ရောင်းနေချိန်မှာ အာဖရိက ကိုကာစိုက်ခင်းက လယ်သမားတွေက ကိုကာကို အောက်စျေးနဲ့ အဆွဲခံနေရပါတယ်။ ဝင်ငွေနည်းတော့ လယ်သမားတွေက သူတို့ရဲ့ကလေးတွေကို ကျောင်းကနေ ထုတ်ပြီး စိုက်ခင်းထဲကို ထည့်ခိုင်းနေရတာတွေ ရှိနေပါတယ် ။
အဓိက ထိခိုက်နေတာက တစ်ပိုင်တစ်နိုင်စိုက်ခင်းတွေပါပဲ ။ အာဖရိကလူငယ်တွေက ဒီလိုဆင်းရဲတွင်းက မလွတ်မြောက်နိုင်တဲ့ ကိုကာစိုက်ခင်းတွေကိုစွန့်ပြီး အခြားအလုပ်သစ်တွေကိုပြောင်းနေတော့ အသက်ကြီးကြီး လူကြီးတွေနဲ့ ကလေးတွေက စိုက်ခင်းတွေမှာ ကျန်နေခဲ့တာပါ ။ ဂါနာနိုင်ငံမှာဆိုရင် ကိုကာသီးတွေကို ခူးဖို့အတွက် ၅နှစ် ပတ်ခြာလည်ကလေးတွေကိုတောင် အသုံးပြုနေတယ်လို့ သိရပါတယ်။ အဲ့ဒိနုနယ်တဲ့ ကလေးတွေရဲ့လက်ကလေးတွေနဲ့ ခူးတဲ့ ကိုကာတွေက အမေရိကန်နိုင်ငံရဲ့ ကုန်တိုက်တွေမှာ စားကောင်းတဲ့ ချောကလက်အဖြစ်အဆုံးသက်သွားပါတယ်။ ကလေးသားငယ်တွေရဲ့ ချွေးတွေ ကို နိုင်ငံရပ်ခြားမှာ မြိန်ယှက်ဖွယ် စားကုန်ဖြစ်သွားတာပါ ။
ချောကလက်ကုမ္ပဏီတွေကတော့ သူတို့ရဲ့ စားသောက်ကုန်တွေမှာ ကလေးလုပ်သားတွေအသုံးပြုပြီး ထုတ်လုပ် ထားတာမဟုတ်ဘူးဆိုပြီး စာတမ်းတွေ ကပ်ထားပေမဲ့ လက်တွေ့ကတော့ ကိုယ်ကျင့်တရား ဖောက်ပြန်မှုကြီးကို အရသာကောင်းကောင်းနဲ့ ပါကင်လှလှလေးတွေနဲ့ ထုတ်ပိုးထားတာပါ ။ ချောကလက်တွေမှာ ကလေးတွေရဲ့ချွေးစက်တွေ အနာဂတ်တွေ နဲ့ ဘဝတွေအများကြီး ထုတ်ပိုးထားတာကို ကိုယ်ချင်းစာနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ် ။
မောင်ယဿ
REF; Cbs News

About The Author

greenness_mm

No Comments

Leave a Reply