စာဘူးတောင်းငှက်ငယ် အတုယူဖွယ်

စာဘူးတောင်းငှက်ငယ် အတုယူဖွယ်

💢လေဒဏ်လည်းဆင့် ၊ မုန်တိုင်းပင့်နှင့်
မိုးသင့်အစုံ ၊ လာခဲ့ကြုံသော်
လုံခြုံ ပေး ငှ ၊ သိုက်ဆောက်မှ ဟု
သူ က အသိ ၊ သ တိ ရှိ ။
💢မြက်များ ရစ် တပ် ၊ နှုတ်ကြားညှပ်၍
သေသပ်လှစွာ ၊ ကြိုးစားရှာ
လေမှာ ပျံ ရင်း ၊ သယ်ယူခြင်း
မပျင်းမကြောက် ၊ သိုက်အုံဆောက် ။
💢လေဝှေ့အတိုက် ၊ သူမငိုက်ပေ
အသိုက်ဆောက်ရှာ ၊ ဗိသုကာဖြင့်
သူမှာစွမ်းအား ၊ ရှိစိတ်ထားနှင့်
မနား လုံ့လ ၊ တွေ့မြင်ရ ။
💢သြော် — စာဘူးတောင်းငှက်
တောင်ပံ လက် ခြေ ၊ အသက် နေ ဖို့
သူလေ သတိ ၊ အသိ ရှိ ။
💢 တွေ့ မိ လူ မှာ ၊ ကြိုးစား ရှာ ၍
စိတ်ပါ မာန်တင်း ၊ လုပ်ဆောင်ခြင်းဖြင့်
အိမ်ဝင်းသိုက်မြုံ ၊ မေတ္တာခြုံသော
လေလုံ မိုးလုံ ၊ ဘေးဒဏ်လုံသော
ရောင်စုံ အလှ ၊ သဘာဝကို
ကိုယ်တိုင်ကိုယ်ကျ ၊ ဖန်တီး ရ မှာ ပါ တကား ။ ။
🔳 🖌ခေတ်သစ် (ကြွေပုဂံ)🖌

About The Author

greenness_mm

No Comments

Leave a Reply