စီပွားရေး ကျပ်တည်းနေလို့ အင်ဒိုနီးရှားက ဒီရေတောတွေ အလွန်အကျွံ ခိုးခုတ်ခံနေရ
အင်ဒိုနီးရှားက သစ်တောဝန်ထမ်းတွေနဲ့ ရဲတွေရဲ့ အဆိုအရ ရိုင်အူကျွန်းစုအပါအဝင် အခြားကျွန်းတွေမာ ဒီရေရောက်တောတွေ အလွန်အကျွံ ခိုးခုတ်ခံနေရတယ်လို့ သိရပါတယ်။ သူတို့အဆိုအရ မဒမလို သစ်တွေကနေစပြီး ဒီရေရောက်တောတွေမှာ ရှိတဲ့ သစ်မာသားတွေ အများအပြားကို ခုတ်ခံနေရပါတယ်။
ရေလွှမ်းမှုကြောင့် စိုက်ခင်းတွေ ပျက်တာရယ် ၊ ကိုဗစ်ကြောင့် ကုန်သွယ်မှု အခက်အခဲ ဖြစ်တာရယ်ကြောင့် ဒေသတွင်း ကျွန်းတွေမှာ စီပွားရေး ကြတ်တည်း မှုဖြစ်လာတဲ့အတွက် ဒေသခံတွေက ဒီရေတောတွေကို ခိုးခုတ်ပြီး စင်ကာပူ ၊ မလေးရှား အပါအဝင် နိုင်ငံအချို့ကို ဒီရေတောသစ်တွေကို ပို့ဆောင်နေကြပါတယ်။ အင်ဒိုနီးရှားအစိုးရက ဒီရေတော ဧက ၁သန်းခွဲကျော်ကို ပြန်လည်ပျိုးထောင်ဖို့ကြိုးစားနေချိန်မှာ ဒီရေတောတွေ ခိုးခုတ်ခံနေရတာက အစိုးရအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်နေပါတယ်။
အင်ဒိုနီးရှားနိုင်ငံက ကမ္ဘာပေါ်က ဒီရေတော ၄ပုံ၁ ပုံကို ပိုင်ဆိုင်ထားပါတယ်။ ဒီရေတောတွေက ကမ်းခြေနေလူ့အဖွဲ့အစည်းနဲ့ ကျွန်းနေ လူတန်းစားတွေကို မုန်တိုင်းဒဏ်နဲ့ ပင်လယ်ရေ မြှင့် တက်မှုကို အကာအကွယ်ပေးထားပါတယ်။ ရေငံသက်ရှိတွေအတွက် အထောက်အကူပေးနေပြီး ကုန်းတစ်ပိုင်း ရေတစ်ပိုင်း ဂေဟ စနစ်တစ်ခုလုံးရဲ့ သော့ချက်လည်းဖြစ်ပါတယ်။ စီးပွားရေး ကျပ်တည်းလို့ ဒီရေတောတွေကို ခုတ်လှဲရင်း က ဂေဟစနစ် ဖောက်ပြန်ပြီး ရေလွှမ်းမိုးမှုနဲ့ မုန်တိုင်းဒဏ်တွေကို ပိုမိုခံစားရရင် ဒေသတွင်း လူ့ အဖွဲ့ အစည်းက တဖြည်းဖြည်း လုံးပါးပါးသွားနိုင်ပါတယ်။
၂၀၂၀ ခုနှစ်တုန်း ဖမ်းဆီးရမိတဲ့ ပမာဏနဲ့ နှိုင်းယှဉ်ကြည့်ရင် ဒီနှစ်ဖမ်းဆီးရမှုက ၃ဆကျော် တက်လာ ဆိုရမှာပါ ။ ၂၀၂၀ တုန်းက ဒီရေတောသစ်ဖမ်းဆီးရမှု ၇၆၄၇ မှုရှိခဲ့ပြီး ဒီနှစ်တော့ ၂၁၁၈၆ မှု ဖမ်းဆီးရမိပါတယ်။ အစိုးရ ကတော့ ဒီရေတောသစ်ခိုးခုတ်မှုအတွက် ထောင်၅နှစ်နဲ့ ဒဏ်ငွေ သန်း၂၅၀၀ ရူပြား ( ကန်ဒေါ်လာ ၁၇၆၀၀၀ ) ချမှတ်ထားပါတယ်။
မောင်ယဿ ( ဒီဇင်ဘာ ၁၁ )
REF: mongabay
Photo : mongabay
No Comments