ဆောင်းခိုပျံသန်းငှက်​မျိုးများ တို့ကမ္ဘာ​မြေကိုချိတ်​ဆက်​ထား

ဆောင်းခိုပျံသန်းငှက်​မျိုးများ တို့ကမ္ဘာ​မြေကိုချိတ်​ဆက်​ထား

ရောင်​နီလာ မနက်​ခင်း
အသက်​သွင်းဖို့ ​လေကိုဆန်​ ။
ငှက်​က​လေး​တွေ တိုးတိုးဖွဖွ
နိုးထရှင်​သန်​ ။
​နေ့သစ်​တိုင်း အချိန်​မှန်​
တိမ်​ယံကို ​ဖောက်​ထွင်း။
​သူတို့ဓ​လေ့ သူတို့ဘဝနဲ့
​လောကကမ္ဘာ မကျရှုံး​အောင်​
အလှဆုံးဖန်​ဆင်း ။
​နေ့ ည​တွေ အ​အေးကဲ
​သွေးခဲမတတ်​ ရာသီဆို ။
ငှက်​က​လေး​တွေ အချိန်​​ကောင်​း
အိမ်​​ပြောင်းဖို့လို ။
တစ်​​နေရာမှ တစ်​​နေရာကို
​ဆောင်းခိုရန်​ အလည်​သွား ။
အ​အေးဒဏ်​ကို မခံရဲလို့
ပျံဝဲကာ အသိုက်​​ပြောင်းကြတဲ့
​ဆောင်းခိုငှက်​များ ။
ခရီးစဉ်​ တစ်​​လျှောက်​လုံး
​နောက်​ဆုံးအထိ အားမာန်​ချီ ။
မိုင်​များစွာ မ​ကြောက်​မရွံ့
​နောက်​မတွန့်ပြီ ။
​ဆောင်းခိုငှက်​ အမျိုးအမည်​
ဇလုပ်​နီ ကြိုးကြာငှက်​ ။
ဇလုပ်​ပြာ စာဝါကြားနှင့်
အရှားပါးဆုံး ဘဲစာရင်းက
မင်​နရင်းဒက်​ခ်​ ။
မျိုးစိတ်​​ပေါင်​း (၁၂၀၀)ခန့်
ပြန့်ပွားတဲ့ မြန်​မာနိုင်​ငံ ။
​အောက်​တိုဘာ ​နောက်​ဆုံးပတ်​​လောက်​
ဝင်​​ရောက်​တတ်​ပြန်​ ။
အင်းတော်​ကြီး အင်းလေးကန်​
​ဆောင်းခိုရန်​ ​ဆန်​တက်​ရင်း။
မုတ္တမပင်​လယ်​​ကွေ့နှင့်
​​ပျော်​​မွေ့ရာ ​ဒေသတစ်​ဝန်းက
မိုးယွန်းကြီးအင်း ။
သူတို့​တွေ အသက်​ရှိမှ
ငှက်​ကြည့်လုပ်​ငန်း အ​ရေးပါမှာ ။
တိုင်းပြည်​မှာ ဝင်​​ငွေတိုးဖို့
မျိုးပွားသင့်တာ ။
လူသားတို့ ​နေတဲ့ကမ္ဘာ
သဘာဝ ​ဂေဟစနစ်​ ။
ပတ်​ဝန်းကျင်​ ထိန်းသိမ်းရေးအတွက်​
ငှက်​က​လေး​တွေ အမျိုးမျိုးကို
တိုးတိုးပြီး,ချစ်​ ။
ကမ္ဘာမှာ​တောင်​ အ​လေးထား
မရှားပါးဖို့ ​ဆောင်​ရွက်​​နေ ။
​ဆောင်းခိုလာ ငှက်​က​လေးတို့
​ဘေးကင်းပါ​စေ ။
အဆိပ်​ချ ပိုက်​​ထောင်​​နေ
​လေ​သေနတ်​နှင့် ပစ်​ခတ်​ဖမ်း ။
ဒီလိုသာ ​ရှေ့ဆက်​သွားလျှင်​​တော့
​နောင်​များမှာ အဆိုးဆုံး
မျိုးတုန်းမယ့်လမ်း ။
​ကမ္ဘာ​မြေ ငှက်​အ​ပေါင်း၌
​ဆောင်းခိုငှက်​များ အဓိပ္ပါယ်​ ။
​လောကကို ချိတ်​ဆက်​ထားသည့်
တွဲလက်​များသဖွယ်​ ။
​ရှေ့ဆက်​လည်း အလှ,မပြယ်​
ကမ္ဘာ့အလယ်​ တည်​ရှိဖို့ ။
​​ဆောင်းခိုချိန်​ အလာမခက်​ပါဘဲ
စားကျက်​​မြေ သန့်သန့်ရှင်းရှင်းနဲ့
အင်း,အိုင်​,ကန်​ ​ရေ,မ​ကော​အောင်​
​တော​တောင်​​တွေ အမြဲစိမ်း​အောင်​
ထိန်းသိမ်းပါစို့ ။

သွန်းမိုးစက်​(ပခုက္ကူ)

ဓာတ်ပုံ မူရင်းတင်သူကို ခရက်ဒစ်ပေးပါသည်။

About The Author

greenness_mm

No Comments

Leave a Reply