” ဇာတိမြေလွမ်းချင်း”
အခြေအနေ အကြောင်းကြောင်းကြောင့် ရေကြည်ရာ မြက်နုရာအရပ်သို့ ရွှေ့ပြောင်း ရောက်ရှိ နေ
ထိုင်နေခဲ့ရသော်လည်း ကျွန်တော်၏ ဇာတိက ရန်ကုန် တစ်ဖက်ကမ်းမှ “သန်လျင်” ဟု အမည်ရသည့် မြို့ကေ
လးဖြစ်ပါသည်။သန်လျင်သည် တစ်ချိန်က ဟံသာဝတီခရိုင်၊ သန်လျင်နယ်၏ ရုံးစိုက်ရာ မြို့တစ်မြို့ဖြစ်ပါသည်။
ပဲခူးမြစ်ပေါ်တွင် တည်ရှိပြီး မြန်မာနိုင်ငံ၏ အဓိက ဆိပ်ကမ်းတည်ရှိရာ မြို့လည်း ဖြစ်ပါသည်။ယခင်က သန်လျင်
နယ်တွင် ကျောက်တန်း၊ သုံးခြ ၊ ခရမ်းမြို့နယ်တို့ ပါဝင်ခဲ့ပါသည်။၎င်းအစုအဝေးကိုပင် အင်္ဂလိပ်တို့က (ဆီရီယမ်)
Syriam ဟု ခေါ်ဆိုခဲ့ကြပါသည်။
သန်လျင်သည် ရှေးမြန်မာဘုရင်များလက်ထက်ကပင် ထင်ရှားသော မြို့တစ်မြို့ အဖြစ်ရှိခဲ့ပါသည်။မြို့
ကိုတည်သူ ငသန်လျင်အား အစွဲပြု၍ သန်လျင်မြို့ဟု တွင်ကြောင်း သန်လျင် သမိုင်း၌ဆိုသော်လည်း အချို့သော
မှတ်တမ်းများကတော့ သန်လျင်ကို မွန်လူမျိုးတို့ အုပ်စိုးစဉ် “စညင်” ဟု ခေါ်ရာမှ နောင်အခါ သန်လျင်ဖြစ်လာသ
ည်ဟု ဆိုပါသည်။(ဒေါက်တာသန်းထွန်း ရေးသားသော မြန်မာသမိုင်းနိဒါန်းတွင်တော့ သန်လျင် = သံလျင်း၊ ေ
ဆာင်ပန်း ဟု အဓိပ္ပါယ် ဖွင့်ဆိုထားပါသည်။)စာဖြင့်ရေးသားရာတွင်”သန်လျင် “ဟု ရေးသားသော်လည်း ခေါ်ဆို
အသုံးပြုရာတွင်တော့ များသောအားဖြင့် “တညင်” ဟုသာ ခေါ်ဆိုလေ့ရှိတတ်ကြပါသည်။အမှန်အတိုင်း ဝန္ခံရ
လျှင် ကျွန်တော်ကိုယ်တိုင် သန်လျင်ဆိုသည်ထက် ငယ်စဉ်ကပင် နှုတ်ကျိုးနေခဲ့သည့် တညင်ဆိုသည့် အသုံးအ
နှုန်းကိုသာ ပို၍ သေဘာက် မိ နှစ်ခြိုက်မိခဲ့ပါသည်။
သေချာသည်က မည်သို့ပင် ခေါ်ခေါ် မည်သို့ပင် သတ်မှတ် သတ်မှတ် အမည်နာမတို့ကြောင့်တော့ဖြင့်
မြို့ကလေး၏ အလြအပ မြို့ကလေး၏ ဂုဏ်သတင်းတို့ကို ညှိုးရော်သွားစေလိမ့်မည် မဟုတ်ပါ။ခေတ်အဆက်
ဆက် အမည်နာမ အမျိုးမျိုး ကင်ပွန်းအတပ်ခံခဲ့ရသော်လည်း မြို့ကလေး၏ အေသရက ညိုးရော် မှိန်ဖျော့သွားသ
ည်မရှိခဲ့ပါ။တကယ်လည်း နှစ်ပေါင်းထောင်ချီ သက်တမ်းရှိနေပြီဖြစ်သည့် မြို့ကလေး၏ ကျက်သရေဆောင် ကျို
က်ခေါက်စေတီတော်မြတ်ကြီးက ရွှေရောင်တို့ဖြင့် ဝင်းပမြဲ ဝင်းပလျှက် ရှိနေခဲ့သလို မြို့ကလေး၏ ရတနာ အမြူ
တေများ းဖြစ်ကြသည့် ရှေးဟောင်းအဆောက်အဦးများ အမွေအနှစ်များ နေရာဋ္ဌာနများကလည်း သူတို့၏ တန္ဖို
းမ်ားကို ပွေ့ပိုက်ထားမြဲ ပွေ့ပိုက်ထားလျက်ပင် ရှိနေခဲ့ကြပါသည်။စိမ်းလန်းသော သစ်ရိပ် ဝါးရိပ္မ်ား မွှေးပျံသော ရနံ့ရှိသည့် ပန်းများက စိမ်းစိုမြဲ စိမ်းစိုလျှက် မွေးပျံ့မြဲ မွှေးပျံ့လျှက်ရှိနေခဲ့ကြသလို ဆံပင်ရှည်ရှည်များ သနပ်ခါးပါးး
ကွက်ကြားများ ရိုးသား ဖော်ရွေပျူ ငှာမှုများ လရောင်ဖြန်းပက်ထားသော ညမ်ား ကောက်ရိုးရနံ့သင်းနေသည့် လေ
ပြည် လေညင်းများသည်ကလည်း လွင့်ဝဲ လှပ အေးမြမြဲ အေးမြလျက်ပင် ရှိနေခဲ့ကြပါသည်။ကိုယ့်ငါးချဉ်မို့ ကိုယ်
ချဉ်သည်ဟုပင်ဆိုဆို လြေပသာ သဘာဝပတ်ဝန်းကျင် မ်ွတေသာရာသီဥတု ထင်ရှားသော သမိုင်းပုံရိပ်မှတ်တမ်းများနှင့် အရိုးသား အဖော်ရွေဆုံး မြို့တစ်မြို့၏ အကြောင်းကို ပြောပြပါဟု ဆိုလာလျှင် သန်လျင် သို့မဟုတ် တ
ညင်ဆိုသည့် ကျွန်တော့် ဇာတိမြို့ကလေး၏ အကြောင်းမှလွဲ၍ အခြားသော မည်သည့် အမည်နာမ အကြောင်း
ကိုမြ စာလုံးပေါင်းကြည့်၍ ရလိမ့်မည်ဟု မထင်မိပါ။
သေချာသည်က သန်လျင်၏ အကြောင်းကို ပြောမည်ဆိုလျှင် ထင်ရှားသည့် သမိုင်းအဖြစ်အပျက်များ
၊ဝန်ကြီးပဒေသရာဇာ နတ်ရှင်နောင်၊တက္ကသိုလ်ဘုန်းနိုင်တို့ကဲ့သို့ ထင်ရှားသည့် စာဆိုပညာရှင်ကြီးများ၏ မွှေးပျံ့
သည့် ဂုဏ်သတင်းများအကြောင်းကို ခ်န္ထားခဲ့၍ မရသလို ရှင်မွေ့နွမ်းနှင့် မင်းနန္ဒာတို့၏ လွမ်းမောဖွယ် ဒဏ်ဏ္ဍာ
ရီဇာတ်လမ်းကလေးတစ်ပုဒ်၏ အကြောင်းကိုလည်း မည်သို့မျှ မေ့ထားခဲ့၍ ရလိမ့်မည် မဟုတ်ပါ။ဟုတ်ပါသည်။
သန်လျင်ဟု ဆိုလိုက်သည်နှင့် ကျွန်တော်တို၏ ရင်နှလုံးသားများအတွင်းသို့ ဦးစြာ ပထမ တိုးဝင် မွှေးပျံ့လာတတ်
သည်က ဆွတ်ပျံ့လွမ်းမောဖွယ်ရာအတိနှင့် ချစ်တတ်လွန်းသူနှစ်ယောက်၏ အကြောင်းပင် ဖြစ်ပါသည်။မီးခိုးေ
ငွ့များ အဖြစ်နှင့်သာ ပေါင်းစပ်ခွင့် ရခဲ့ကြရသည့် သစ္စာကြီးသူတို့၏ သစ္စာရနံများ ကံဆိုးမိုးမှောင်ကျခဲ့ရမှုများ အေ
ကြာင်းသာ ဖြစ်ပါသည်။
တကယ်တော့ ပြောချင်သည်က သန်လျင်ဆိုသည့် လှပ ငြိမ်းချမ်းသည့် မြို့ကလေး၏ ရင်ခွင်အတွင်း
မြ ကျွန်တော်၏ နုငယ်ပျိုမျစ်ခြင်းတို့ ရွိခဲ့ရာ မြို့ဟောင်းအနောက်ဆိုသည့် ရပ္ကြက္ကေလးတစ္ခု၏ အကြောင်း
ကိုဖြစ်ပါသည်။ရပ်ကွက်ကလေး၏ အကြောင်းဟု ဆိုလိုက်တော့ တချို့ အခြားသော ရပ်ကွက်များထက် ပိုမိုကာ
ထူးခြားနေသည့် အကြောင်းအရာများ ရှိကောင်းရှိနေလိမ့်မည်ဟု ထင်ကောင်းထင်မိကြပေလိမ့်မည်။မရှိပါ။ရှေ
းဟောင်း စေတီနှစ်ဆူ ၊ဘုန်းတော်ကြီးကျောင်း တစ်ကျောင်း ၊မူလတန်းကျောင်းတစ်ကျောင်း၊ဈေးတစ်ဈေး၊သင်္ဘေ
ာဆိပ်ကမ်းတစ်ခုနှင့် ထိစပ်နေသည့် အခြေအနေမှလွဲ၍ အခြားသော ရပ်ကွက်တို့ထက် ပိုမို ထူးခြားနေသည့်
အကြောင်းအရာ အခြေအနေတို့ မရှိပါ။ထို့အတူ တခြားသော ရပ်ကွက်တို့ထက် လိုသည် အကြောင်းအရာဟူ၍
လည်း မရှိခဲ့ပါ။အခြားသော ရပ်ကွက်များ၌ အခပေးကြည့်ရသည့် ဗီဒီယိုရုံမ်ား ရှိကြသလို ရပ္ကြက္ကေလးဆီ၌
၌လည်း ပြသမည်ဇာတ်ကား၏ နာမည်ကို ကျောက်သင်ပုန်းပေါ်တွင်ရေးကာ လမ်းထိမ်တွင် ထောင်ထားကာ ေ
ကြငြာတတ်သည် ့ဗီဒီယိုရုံမ်ား ရှိခဲ့သည်သာ ဖြစ်ပါသည်။တခြားသောရပ်ကွက်များ၌ နှစ်စဉ် ဘုရားပွဲတော်များ
ကို ကျင်းပတတ်ကြသလို ရပ်ကွက်ကလေးတွင်လည်း နှစ်စဉ် ဘုရားပွဲတော်ကို ခြိမ့်ခြိမ့်သဲသဲ ကျင်းပနိုင်ခဲ့သည်
သာ ဖြစ်ပါသည်။တခြားသော ရပ်ကွက်များ၌ ပိတ်ကားထောင် ရုပ်ရှင်များ ပြသတတ်သလို ရပ္ကြက္ကေလးတြ
င်လည်း ပြသခဲ့ပါသည်။ယုတ်စွအဆုံး တခြားသော ရပ်ကွက်များဆီမှ ဆရာဝန် အင်ဂျင်နီယာ ကျောင်းဆရာ ဆ
ရာမတို့ ပေါ်ထွန်းခဲ့သလို ရပ္ကြက္ကေလး၏ ရင်ခွင်အတွင်းမှလည်း သည်သို့သော လူမျိုးများ ပေါ်ထွက်ခဲ့သည်
သာ ဖြစ်ပါသည်။သေချာသည်က ကျွန်တော့်အဖို့ရာအတွက်တော့ နှစ်ပေါင်းများစွာ မနားတမ်း ပြောလျှင်ပင် ကုန်
နိုင်ဖွယ်ရာ မရှိသည့် အမှတ်ရမှု မြောက်များစွာ ရှိခဲ့သည့် နေရာဒေသကလေး တစ်ခုပင် ဖြစ်ပါသည်။
သည်ရပ်ကွက်ကလေး၏ ဥယျာဉ် တစ္ခု ဖြစ်သည့် ဆိပ်ဟောင်း အ မ က ဆိုသည့် မူလတန်းကျေ
ာင်းကလေး၏ ရင်ခွင်ထဲ၌ သူငယ်တန်းမှ စတုတ္တတန်းအထိ ပျော်ရွှင်စွာ ပညာသင်ကြားခွင့် ရရွိခဲ့သလို ရပ်ကွက်
ကေလး၏ ဂဝံရောင်ဖျဖျ မြေသားများ၏ အထိအတွေ့ဖြင့်လည်း ကျွန်တော့်၏ ခြေလှမ်းတို့ကို ခိုင်မြဲ မြန်ဆန်စွာ
လှမ်းနိုင်လာခဲ့ရပါသည်။။ရပ်ကွက်ကလေးရင်ခွင်၌ ပေါက်ရောက်ရှင်သန်နေသော သစ်ပင်များ၏ ကျေးဇူးဖြင့် သ
န့်စင်လတ်ဆတ်နေသည့် လေများကို ရှုရှိုက်ခွင့် ရရွိခဲ့ရသလို အေးမြသော အရိပ်အာဝါသတို့၏ အောက်မှာ ငြိ
မ်းချမ်းစွာ ကြီးထွားရှင်သန် ပေါက်ရောက်ခွင့် ရရှိခဲ့ရပါသည်။သေချာသည်က မည်သည်အရပ်ဒေသသို့ ရောက်ေ
ရာက် ကျွန်တော်၏ စိတ်အတွင်းမှ သစ်ကပ်အမြစ်လို ရစ်ပတ်ငြိတွယ်နေခဲ့သည့် သည်အရပ်ဒေသကလေး၏ ပုံ
ရိပ်များကိုတော့ဖြင့် မည်သို့မျှ ဖျောက်က်ဖျက်ပစ်၍ ရလိမ့်မည် မဟုတ်တော့ပါ။ယုတ်စွအဆုံး သည်အရပ် သည်
ဒေသကလေးထက် သာလွန်သည့် အခြေအနေရှိသော အရပ်ဒေသတစ်ခု နေရာတစ်ခုသို့ ရောက်ရှိ နေထိုင်ခွင့်
ရမည်ဆိုလျှင်ပင် သည်ရပ်ကွက်ကလေး၏ ရနံ့လောက် ကျွန်တော့်၏ စိတ္ကို လန်းဆန်းတက်ကြွစေနိုင်လိမ့်မည်
ဟု မထင်မိပါ။သည်အရပ်က ပေးသည့် ခံစားချက်လောက် ကျွန်တော်၏ စိတ်အခြေအနေကို ကောင်းမွန်စေနိုင်
လိမ့်မည် မဟုတ်ပါ။ဒေသအစွဲကြီးသူဟုပင် ဆိုဆို သည်အရပ်ဒေသလောက် ချစ်ခင်တွယ်တာ သံယောဇဉ် ဖြစ်ရ
မည့် အရပ်ဒေသဆိုသည်က ကျွန်တော့်အတွက် ရှိလာနိုင်လိမ့်မည် မဟုတ်တော့ပါ။
ကျွန်တော်မှ မဟုတ် မည်သူမဆို မည်မျှ ကောင်းမွန် သင့်တော်သည့် နေရာဒေသ၌ ရောက်ရှိနေ
ထိုင်နေရသည်ဟု ဆိုဆို မိမိတို့ မွေးရပ်ဇာတိ ချက်မြှုပ်ရာ အရပ်မှ အနွေးဓာတ်ကိုတော့ ခံယူခြင်ကြလိမ့်မည် ဆို
သည်က မလြဲ အသေအချာ။အမြဲတမ်း မဟုတ်တောင် တစ်နှစ်ကိုတစ်ခေါက် နှစ်နှစ်ကို တစ်ခေါက်လောက်တော့
ဖြင့် အေရာက်သြားကာ ပေါက်ရောက် ရှင်သန်ချင်မိကြလိမ့်မည်သာ။မှတ်မှတ်ရရ လွန်ခဲ့သော သုံးနှစ်ခန့်က ကျွန်
တော် လက်ရှိ နေထိုင်ရာအိမ်၏ အိမ်အနီးမှ အိမ်နီချင်း ညီငယ်တစ်ယောက် အခြေအနေအကြောင်းကြောင်းေြ
ကာင့် ပြည်ပနိုင်ငံကြီးတစ်နိုင်ငံသို့ ရောက်ရှိသွားခဲ့ပါသည်။သူ၏ ပြောပြမှုအရ သူရောက်ရှိသွားသည့် အရပ်သ
ည် သူ၏မွေးရပ်ဇာတိဖြစ်ရာ ကျွန်တော်တို့အရပ်ထက် အစစအရာရာ များစွာသာလွန်သည်ဟု သိရပါသည်။အ
သြာ၊းအလာ၊ အစားအသောက် ၊ အနေအထိုင် ၊အလုပ်အကိုင် အကုန္လုံး သည်နေရာ သည်အရပ်ထက် အေဆ
ပါင်းများစွာ သာလွန်သည်ဟုဆိုပါသည်။သို့ပါသော်လည်း ထိုအရပ်၌ သူ၏ စိတ်သည် အစဉ်သဖြင့် ပျော်ရွှင်မနေ
ဟု ဆိုပါသည်။အထူးသဖြင့် နံနက်အရုဏ်တက်ချိန်သို့ ရောက်တိုင်း သူ၏ နားထဲ၌ ကြားယောင်နေမိသည်က
ဘုန်းကြီးကျောင်းမှ အုန်းမောင်း ခေါက်သံသာ ဖြစ်သည်ဟု ဆိုပါသည်။ပဲပြုသယ်လို နံနက်ခင်းးဘက် ရောင်း
ချတတ်သည့် ဈေးသယ်တို့၏ အသံကိုသာ ဖြစ်သည်ဟု ဆိုပါသည်။
အခြေအနေ အကြောင်းကြောင်းကြောင့်သာ ရေကြည်ရာ မြက်နုရာ အရပ်သို့ ရောက်ရှိနေထိုင်နေခဲ့ရပေမဲ့ အ
ခွင့်အရေးသာပေးမည်ဆိုလျှင် မွေးရပ်ဇာတိမြေသို့ အပြေးပင် လာလိုက်ချင်သည်ဟု ဆိုပါသည်။ထို့နည်းတူစွာ
ပင် ဖြစ်ပါသည်။အိမ်နှင့်အဆက်အသွယ်ပြုတိုင်း မိသားစုအကြောင်း ဆွေမျိုးသားချင်းများအကြောင်း သူငယ်ချင်း
မိတ်ဆွေများ၏ အကြောင်း ရပ်ကွက်အတွင်းမှ လူများ၏အကြောင်း မြို့ကလေး၏ အကြောင်းများကို ခရစေ့တွင်း
က် မေးကာ ရှိုက်ကြီးတငင် င်ိုတတ်သည့် နိုင်ငံရပ်ခြားရောက် ညီငယ်လေးတစ်ယောက်၏ လွမ်းဆွတ်သံကို
လည်း ယခုထိထက်တိုင်အောင် နားထဲ၌ ကြားယောင် နေခဲ့ပါသေးသည်။ယုတ်စွအဆုံး မွေးရပ်ချက်ကြွေဇာတိေ
မြမဟုတ်သည့် အရပ်၌ အသက္ဓာကို မကုန်ခမ်းလို ခေါင်းကို မခ္လို ဆိုသည့် မွေးရပ်ဇာတိမြေ ခရေစီများကိုပင်
မြောက်များစွာ ကြုံတွေ့ခဲ့ရဖူးပါသည်။
သေချာသည်က အိပ်မက်များ အထမြောက်ဖို့ အိမ်များကိုခြေစုံကန်ထွက်ရင်း အိမ်နှင့် ဝေးမှန်းမသိ
ဝေးနေခဲ့ကြရသည့် သူမ်ား ဝမ်းတစ်ထွာ ခေါင်တစ်မိုးအရေးအတွက် အိမ်နှင့် မဝေးချင်ဘဲ ဝေးနေခဲ့ကြရသည့် သူ
မ်ား အခြားသော အကြောင်းအမျိုးမျိုးကြောင့် အိမ်နှင့်မိဘညီအကို မောင်နှမများနှင့် မွေးရပ်ဇာတိမြေနှင့် ဝေးကွာ
နေကြရသည့်သူများ မည်သည့်အကြောင်းကြောင်းကြောင့် ဝေးကွာ ခြဲခြာ နေကြရသူများပင်ဖြစ်စေ ထိုသူတို့၏ စိ
တ် နှလုံးသားများအတွင်း၌ မိသားစုကို လွမ်းသည့် စိတ် အိမ္ကို လွမ်းသည့်စိတ် ဇာတိချက်ကြွေ မွေးရပ်မြေကို လွမ်းသည့် စိတ်တို့ တဖိတ်ဖိတ်လက်လို့ နေလိမ့်မည်ဆိုသည်ကတော့ မြေကြီးကို လက်နှင့်ခတ်ရသည်သို့ မလွဲ
အသေအချာပင် ဖြစ်ပါလိမ့်မည် ဆိုသည့်အကြောင်း။
မင်းည
No Comments