တစ်ရက်ကို အပင် ၄သောင်းကျော် စိုက်နိုင်ဖို့ အောက်တိုကော်ပတာဒရုန်းတွေနဲ့ အစေ့ချစိုက်ပျိုး
သြစတေးလျှနိုင်ငံက ၂၀၁၉ နှစ်ကုန် ကနေ ၂၀၂၀ နှစ်ဦးပိုင်းအထိ တောမီးလောင်ခဲ့တဲ့ မြေတွေမှာ သစ်ပင်တွေ ပြန်စိုက်ဖို့အတွက် အောက်တိုကော်ပတာ ဒရုန်းတွေကို အဆင့်မြင့်ပြီး အစေ့ချစိုက်ပျိုးရေး လုပ်ငန်းတွေကို လုပ်ကိုင်နေပါတယ်။
Air Seed Techno လို့ခေါ်တဲ့ ကုမ္ပဏီက စစ်တပ်ကနေ ဒရုန်းတွေကို ငှားပြီး တစ်ရက် ကို အစေ့ ၄ သောင်းနှုန်း စိုက်ပျိုးနိုင်အောင် ကြိုးစားခဲ့ကြပါတယ်။ အဲ့ဒိလုပ်ငန်းက ရိုးရာ အစေ့ချစိုက်ပျိုးခြင်းထက် ၂၅ ဆပိုမြန်ပြီး ၈၀% လောက် ကုန်ကျစားရိတ် သက်သာတယ်လို့ သိရပါတယ်။
ဒရုန်း မှာ အစေ့အိမ်လေးတွေ ထည့်ပြီး လွှတ်လိုက်တာပါ။ လိုချင်တဲ့ နေရာရောက်ရင် လေထဲကနေ မြေပြင် ဆီကို အဲ့ဒိအထုတ်ကလေးကို ပစ်ချလိုက်ရုံပါပဲ ။
အဓိက ကုန်ကျစာရိတ်ကတော့ အစေ့လေးတွေကို ထုပ်တဲ့ အခွံလေးပါပဲ ။ အဲ့ဒိအခွံလေးက ဇီဝအခွံဖြစ်ပြီး အစေ့လေး ကြီးထွာလာချိန်အထိ အင်းဆက်တွေ ၊ ငှက်တွေ နဲ့ တွင်းအောင်းသတ္တဝါတွေရဲ့ ရန်ကိုကာကွယ်ပေးထားမှာပါ။
အစေ့လေး အပင်ပေါက်လာတဲ့ အချိန်မှာတော့ မြေကြီးထဲမှာ ဆွေးမြေ့သွားမှာပါ။ အဲ့ဒိအတွက် အဆင့်မြင့်နည်းပညာ ကို အသုံးပြုထားပါတယ်။
အဲ့ဒိကုမ္ပဏီက ၂၀၂၄ ခုနှစ်အထိ စီမံကိန်းဆွဲထားပြီး အပင် သန်း ၁၀၀ စိုက်မယ်လို့ ရည်မှန်းထားပါတယ်။ လက်ရှိက တစ်ရက် အပင် ၄သောင်းစိုက်ပေမယ့် ရှေ့လထဲကနေ စပြီး တစ်လ ၅သောင်း ကျော်စိုက်နိုင်အောင် ရည်မှန်းထားတယ်လို့ လည်းသိရပါတယ်။
မောင်ယဿ
REF: euronews
Photo : euronews
No Comments