တန်ဖိုးရှိခြင်း
အုန်းသီးပြောင်ချော ၊ ပုံဖော်နှောက
မျောက်ချောတစ်ကောင် ၊ သဏ္ဍာန်ဆောင်၍
ရ အောင်ဖိုးတန် ၊ ဝင်ငွေတိုး ။
ရွှံ့ကိုခူးခွါ ၊ ပြုလုပ်ရာတွင်
လောက်စာ နွားရုပ် ၊ ပြောင်းပြီးလုပ်က
ဆေးလှရောင်တင် ၊ များလိုချင် ။
သဘာဝကို ၊ လုပ်အားပို၍
အလိုရှိရာ ၊ ပုံဖော်ပါမူ
သင့်ရာတန်ဖိုး ၊ အဆတိုး ။
သြော်- — – —
လူပြည်လူ့ရွာ ၊ မှတ်သားကာဖြင့်
ပညာထပ်တိုး ၊ ပြုလုပ်ပိုးလျှင်
အကျိုးကောင်းလှ ၊ နေပျော်ရ
သဘာဝက ၊ ပေးဝေငှ
အားလုံးကိုယ်စီ လူတိုင်းရ ။ ။
ခေတ်သစ် (ကြွေပုဂံ)
ဦးအောင်သင်း ဟောပြောပွဲများသတိရ
Natural + labour power = Value
Photo -FB
လောက်စာ =လောက်စလုံး
No Comments