တောင်ပေါ်မြို့လေးရဲ့သီချင်း
ကျွဲကော်ကိုင်း မျက်မှန် ပင့်ပြီး
တမြို့လုံးကို ကျော်ကြည့်လိုက်ရင်
မာဖလာအတိုင်းနွေးဆဲသွေးဟာ
မြောက်အရပ် ရင်ပြင်တခွင်
ခဲမသွားခဲ့ဘူး
ယုံကြည်သူတွေအတွက်
ပုံပြင်ထက် ပိုခဲ့တဲ့ ဇာတ်လမ်းတွေ
သူ့အကြောင်းကစလို့ နောက်ဆို
ရှိခဲ့တဲ့ အရာတွေကိုပဲ
အိပ်ယာဝင်ရင် ပုံပြင်အဖြစ်ပြောရတော့မယ်
သောက်လက်စ စီးကရက်ရယ်
မက်မွန်ပင်တန်း မြူခါးခါးများရယ်
ပြန်ပြန်ရစ်ပြီးကြည့်ရတဲ့ ဇာတ်ဝင်ခန်းများလို
နှင်းတွေကျပြီးနောက်
သူဟာ မရှိတော့ပါဘူး
သူရှိခဲ့တယ်ဆိုတာ တတောလုံး တတောင်လုံး
တလမ်းမလုံး
ဝေခိုးနေတဲ့ နှင်းတွေပါပဲ။။
ရွှေကြယ်မိုး
နိုဝင်ဘာ၊ ၂၀၂၁
No Comments