တောင်သမန်

တောင်သမန်

သစ်သားတိုင်လုံးတွေက
အတိအကျဝေးနေကြတာလား
အင်းရေပြင်နဲ့သိပ်မဝေးချင်လို့
တံတားပေါ်ကဖြတ်မလျှောက်ခဲ့ပါဘူး

တိမ်တွေကငုံ့ကြည့်နေမှန်းသိတော့
တိမ်တွေကိုလည်းမော့မကြည့်မိ
ကောင်းကင်မှာကြယ်တွေဝှက်ထားမှန်းသိတယ်

ဖြစ်ပြီးပျက်တတ်သဘောတရား
ဦးပိန်ကဦးပိန် တံတားကတံတား

ကန်ရေပြင်နာကျင်လေမလား
ကြင်နာသောအတွေး
လှေကိုတိုးတိုးလေးသာလှော်မိတယ်

လင်းမွန်ခ

ဓာတ်ပုံ ခရက်ဒစ်

About The Author

greenness_mm

No Comments

Leave a Reply