တောလမ်းကလေး

တောလမ်းကလေး

တရားသံနည်းနည်း
တောအဖျားမှာ လှိုက်ခတ် ဝေဖြာ
ခြေလှမ်းတိုင်း
အေးချမ်းမှုကို ခင်းထားတယ်။
ဘဝဆိုတာ စစ်မြေပြင်တစ်ခုပဲ…လို့
သင်ကြားပေးသူ မမတစ်ယောက်
စိန်တစ်ဆင်စာမှာ စစ်ရှုံးသွားခဲ့ပုံ
ဦးနှောက်ထဲဝင်ပြီး တောခြောက်ဆဲ။
ကြာပြီလား/ကြာခဲ့ပြီလား/ကြာပါပြီ
တောလုံးစိမ်းမြ နှင်းရည်သောက်
သောကတချို့ ဆောင်းဦးပေါက်ခဲ့တာ….။
အောင်မှူးဝေ
၃၊၁၀၊၂၀၂၁

About The Author

greenness_mm

No Comments

Leave a Reply