ဒီရေတောများကိုကာကွယ်ထိန်းသိမ်းကြပါစို့

ဒီရေတောများကိုကာကွယ်ထိန်းသိမ်းကြပါစို့

မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှနိုင်ငံတွေထဲ ဒီရေတောအများအပြားရှိတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ ဒီရေတောတွေဟာ ကမ်းရိုးတန်းဒေသက မုန်တိုင်းဒဏ်နဲ့ သဘာဝဘေးအန္တရာယ်တွေကို ခုခံကာကွယ်ပေးနိုင်သလို ပင်လယ်သယံဇာတတွေဖြစ်တဲ့ ငါး၊ ပုစွန်တို့ရဲ့ ခိုအောင်းမှီခိုသားပေါက်ရာ နေရာလည်း ဖြစ်ပါတယ်။

ကမ္ဘာ့ဒီရေတောတည်ရှိသည့် နိုင်ငံများတွင်လည်း မြန်မာနိုင်ငံသည် သတ္တမမြောက် ဧရိယာအများဆုံးနိုင်ငံဖြစ်ပြီး ၂ဝ၁ဝ ပြည့်နှစ် တိုင်းတာရရှိမှုများအရ ဒီရေတောဖုံးလွှမ်းဧရိယာ တစ်သန်းနှစ်သိန်းခန့် ရှိနေသေးကြောင်း သိရပါတယ်၊

ဒီရေတောတွေဟာ ပင်လယ်ကမ်းစပ် ကမ်းဦးရေတိမ်ပိုင်းကမ်းတက် မြေများတွင် သဘာဝအလျောက် ပေါက်ရောက်ရှင်သန်လျက်ရှိနေသော လမု၊ ကနစို၊ ဓနိစသည့် ရေငန်ကြိုက်အပင်မျိုးစုံ  စုပြုံလျက် တိုးမပေါက် လောက်အောင်ထိ ထူထပ်စွာပေါက်ရောက်လျက်ရှိနေသော သဘာဝတောများဖြစ်ပြီး ကျွန်တော်တို့နိုင်ငံမှာ ဒီရေတော ၅ရဝဝရဝ ဟက်တာရှိပြီး ဧရာ ဝတီတိုင်းဒေသကြီးတွင် ၄၆ ရာခိုင်နှုန်း၊ တနင်္သာရီတိုင်းဒေသကြီးတွင် ၃၇ ရာခိုင်နှုန်းနှင့် ရခိုင်ပြည်နယ်ကမ်းရိုးတန်းတွင် ၁၇ ရာခိုင်နှုန်းရှင်သန်ဖြစ် ထွန်းလျက်ရှိနေကြောင်းသိရသည်။ရေငံဒေသတွေသာမက ရေဝေရေလဲဒေသတွေမှာပါ များစွာပေါက်ရောက်နေပါတယ်။

 

ဒီရေရောက်တောများ

🌳🌳🌳🌳🌳🌳🌳

 

ကမ္ဘာအရပ်ရပ်ရှိ ပင်လယ်ကမ်းရိုးတန်းဒေသများ တွင် ဒီရေရောက်တောများကို နေရာအနှံ့ တွေ့ရှိ နိုင်သည်။ အထူးသဖြင့် ဖွံ့ဖြိုးမှုနောက်ကျသော ဒေသများရှိ ပင်လယ်ကမ်းရိုးတန်းဒေသများ၌ ရှည်လျားကျယ်ပြန့်လှသော ဒီရေရောက်တော များကို တွေ့မြင်နိုင်ပါတယ်၊

ကျွန်တော်တို့မြန်မာပြည်က ဒီရေတော ဆားငံရေ၊ရေငံ Coastal saline or Brackish water မှာပေါက်ရောက်တဲ့အပင်တွေဟာ သဘာဝပေါက်ပင်(vegetation)တွေဖြစ်ပြီး အပင်အမျိုးအစားတွေကတော့..

(1)Avicennia marina

(2)Rhizophora mucronata

(3)Nypa fruticans

(4)Kandelia candel

(5)Sonneratia caseolaris

(6)Conocarpus erectus

(7)Avicennia alba

(8)Laguncularia တို့ဖြစ်ပြီး ဒီအထဲမှာ လမုပင်၊ဓနိပင်နှင့်သစ်မာပင်များလည်းပါရှိပါတယ်။

 

ဒီရေရောက်တောများလျော့နည်းလာခြင်း

🌳🌳🌳🌳🌳🌳🌳🌳🌳🌳🌳🌳🌳🌳🌳

 

ကမ်းရိုးတန်းဒေသများ ဖွံ့ဖြိုးလာသည့်အခါ ရေနက်ဆိပ်ကမ်းများ တည်ဆောက်ခြင်း၊ ဒီရေ လှိုင်းကိုသုံး၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၊ ပင်လယ်ကမ်းခြေ အပန်းဖြေစခန်းများ တည် ဆောက်ခြင်း၊ အဆင့်မြင့်ရေထွက်ပစ္စည်း ထုတ် လုပ်ခြင်း၊ ပင်လယ်ကမ်းခြေအားကစားရွာများ တည်ဆောက်ခြင်း၊ သင်္ဘောဆိပ်များ တည်ဆောက် ခြင်းစသည့် ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများကို လုပ်ဆောင်လာကြသည့်အတွက် ဒီရေရောက် တောများကို ခုတ်ထွင်ရှင်းလင်းလေ့ရှိကြသည်။ ထို့ကြောင့်ပင်လျှင် ဖွံ့ဖြိုးမှုအရှိန်အဟုန်ကောင်း သော ပင်လယ်ကမ်းခြေများ၌ ဒီရေရောက်တော များကိုတွေ့မြင်ရမှု လျော့နည်းသွားခြင်းဖြစ်ပေ သည်။

 

ဒီရေတောသစ်ပင်များ၏ သဘာဝ

🌳🌳🌳🌳🌳🌳🌳🌳🌳🌳🌳

 

ဒီရေရောက်တောများ၌ ပေါက်ရောက်နေကြ သည့် အပင်များ၏ ထူးခြားသော အမြစ်ဖွဲ့စည်းပုံ သည် ရည်ရွယ်ချက်ရှိရှိဖြင့် မြေလှန်ဖျက်ဆီးခြင်း မျိုးမှတစ်ပါး အကြောင်းအမျိုးမျိုးကြောင့် ဖြစ် ပေါ်လာသည့် သဘာဝဘေးအန္တရာယ်ကြောင့် ဒီရေရောက်တောများ လွယ်လင့်တကူ ပျက်စီး ပြုန်းတီးသွားခြင်းမရှိအောင် ကာကွယ်ပေးထား လျက်ရှိသည်။

ပင်လယ်ကမ်းစပ်ရှိ နုန်းမြေများထဲ၌ မြဲမြံစွာ ထိုးစိုက်တည်ရှိနေရုံမျှမက ဒီရေတက်လာသည့် အခါ၌လည်း လေကိုစုပ်ယူနိုင်ရန်အတွက် ရွှံ့နွံ မျက်နှာပြင်ပေါ်သို့ သိသာစွာ ထိုးထိုးထောင်ထောင် ထွက်ပေါ်နေသော အမြစ်များကြောင့် ဒီရေရောက် တောများသည် ကမ္ဘာပေါ်၌ ပေါက်ရောက် ရှင်သန်လျက်ရှိသော သစ်ပင်မျိုးစိတ်များအနက် အလွန်ထူးခြားသည့် အပင်များဖြစ်သည်ဟု ဆိုရ ပေမည်။

 

ဒီရေရောက်တောများပေါက်ရောက်ရာ နေရာ ဒေသ အနေအထားအရ သာမန်အချိန်များတွင် ပင်လယ်ထဲသို့စီးဝင်သော မြစ်ချောင်းများ၏ မြစ်ရေ ချောင်းရေများ ဖြတ်သန်းစီးဆင်းမှုကို ခံနေရသလို ဒီရေတက်ချိန်၌လည်း ပင်လယ်ရေ ၏ ဖုံးလွှမ်းမှုကို မကြာခဏဆိုသလို ခံကြရသည်။ ရွှံ့နွံများအတွင်း၌ ရှင်သန်ပေါက်ရောက်နေကြ သော ဒီရေရောက်တောများသည် ရေချိုနှင့် ရေငန် နှစ်မျိုးစလုံး၏ ဖုံးလွှမ်းမှုဒဏ်ကိုခံနိုင် သော အရည်အသွေးနှင့် ပြည့်စုံရုံမျှမက ရေ၏ ချဉ်ဖန်နှုန်းပြောင်းလဲမှုဒဏ်ကိုပါ ခံနိုင်သော အစွမ်းသတ္တိနှင့်လည်း ပြည့်စုံကြသည်။

 

ဒီရေရောက်တောများကို သာမန်အမြင်ဖြင့် ကြည့်လျှင် ပင်လယ်ကမ်းစပ်များ၌ အလေ့ကျ ပေါက်ရောက်နေကြသော တန်ဖိုးမဲ့ သစ်ပင်များ ဟုသာ ထင်ရသော်လည်း တကယ့်လက်တွေ့၌မူ လူနှင့် သတ္တဝါတို့၏ အကျိုးစီးပွားကို ဘက်စုံ ထောင့်စုံမှ ထိထိရောက်ရောက် ကာကွယ်ပေးနေ ကြသော သဘာဝ၏လက်ဆောင်မွန်များသာ ဖြစ်သည်ကို တွေ့ရှိကြရမည်ဖြစ်သည်။

ဒီရေတောများသည် ကုန်းတွင်းပိုင်းနှင့် အဏ္ဏဝါဂေဟစနစ်များအကြား ဆက်စပ်နေရာများတွင် ရပ်တည် တည်ရှိနေပြီး ကုန်းနေ၊ရေနေသတ္တဝါများနှင့် အပင်များနှစ်မျိုးလုံးရှင်သန်နိုင်သည့် ဂေဟစနစ်မျိုးဖြစ်သည်။ လူသားများအတွက် ကုန်း၊ရေ နှစ်ထွေ အကျိုးပြုပေးနေသည့် သဘာဝမိုးသစ်တော တမျိုးပင်ဖြစ်သည်။

 

သဘာဝဘေးမှကာကွယ်ပေးခြင်း

🌳🌳🌳🌳🌳🌳🌳🌳🌳🌳

 

ဒီရေရောက်တောများသည် ဒီရေလှိုင်းများ၏ ရိုက်ခတ်မှုဒဏ်ကို ကောင်းစွာ ခံနိုင်ရည်ရှိသည့် အတွက် ကမ်းပြိုခြင်းမှ ကာကွယ်ပေးထားလျက် ရှိသည်။ ထူးခြားသည့် အမြစ်ဖွဲ့စည်းပုံများနှင့် အုပ်စုဖွဲ့ ပေါက်ရောက်နေမှုတို့ကြောင့်လည်း မြေ တိုက်စားမှုကို တားဆီးကာကွယ်ပေးထားလျက် ရှိသည်။ ရေတက်ချိန်နှင့် ရေပြန်ကျချိန်များ၌ ပင်လယ်ကမ်းနဖူးကို ဒီရေ၏ ဖျက်ဆီးမှုမှလည်း ကောင်းစွာ ကာကွယ်ပေးထားသလို မုန်တိုင်း နှင့် လေပြင်းများ တိုက်ခတ်သည့်ဒဏ်မှလည်း အကာအကွယ်ပြုထားပေးလျက် ရှိသည်။

၂ဝဝ၈ နာဂစ်ဖြစ်ပွားစဉ်ကဘိုကလေးမြစ်ဝရှိ မိန်းမလှကျွန်း ဒီရေတောများ ကြောင့် ဧရာဝတီတိုင်းသားများအသက်ချမ်းသာရခဲ့ကြသည်။ဒီရေတောများသည် အထူးသဖြင့် ဧရာဝတီသားများ၏ အသက်သွေးဟုဆိုနိုင်သည်။ဒီရေတောများသည် လူတို့အား အစားအစာကို လည်းပေးသည်။ အမိုးအကာနေစရာကိုလည်း ပေးသည်။ လှိုင်းဒဏ်၊ လေဒဏ်၊ မိုးဒဏ်စသည့် သဘာဝဘေးအန္တရာယ်များမှလည်း ကာကွယ်ပေးခဲ့ပါသည်။

ယုတ်စွအဆုံး အဖျက်စွမ်းအား လွန်စွာ ကြီးမားလှသော ဆူနာမီလှိုင်းတံပိုးကြီးများ ကမ်းခြေသို့ဝင်ရောက်ချိန်၌ပင် လှိုင်း၏အရှိန်ကို များစွာလျော့ကျစေခြင်းဖြင့် လူနှင့်သတ္တဝါတို့၏ အသက်အိုးအိမ်ကို တတ်နိုင်သမျှ စောင့်ရှောက် ကာကွယ်ပေးထားလျက် ရှိသည်။ ရေနေသတ္တဝါ များအတွက် သာမက ရေလုပ်သားများအတွက်ပါ အန္တရာယ်ဖြစ်စေနိုင်သော ခဲနှင့် အာဆင်းနစ် စသည့် အဆိပ်အတောက်များကိုလည်း ဒီရေတော သစ်ပင်များက စုပ်ယူပေးထားနိုင်စွမ်း ရှိကြ သည်။

 

ဒီရေရောက်တောမှ သယံဇာတများ

🌳🌳🌳🌳🌳🌳🌳🌳🌳🌳🌳

 

ဒီရေရောက်တောများသည် ရေချိုငါးနှင့် ပုစွန်များ၊ ရေငန်ငါးနှင့်ပုစွန်များ၊ ရေချိုနှင့်ရေငန် နှစ်မျိုးစလုံး၌ ရှင်သန်သော ငါး၊ပုစွန်စသည်တို့၏ မှီခိုကျက်စားရာ၊ ဥချရာ၊ သားပေါက်ရာ၊ မျိုးပွား ရာ အသိုက်အမြုံကြီးတစ်ခုလည်း ဖြစ်သည်။ ဒီရေရောက်တောများ၌ ငါး၊ ပုစွန်များသာမက ဝက်ဝံ၊ ရှဉ့်၊ ဖျံ စသည့် သတ္တဝါများပါ မှီခိုရှင်သန် နေထိုင်ကျက်စားလျက်ရှိနေသည့်အတွက် ငါး နှင့် ပုစွန်များ၊ သားရဲတိရ္ဆာန်တို့၏ သားရေ၊ အရိုးနှင့်အစွယ်များစသည့် ရေထွက်သယံဇာတ များနှင့် သစ်တောသယံဇာတများကိုလည်း ဒီရေ ရောက်တောများ၌ ထုတ်ယူရရှိနိုင်သည်။

 

ဒီရေတောများကို ပျက်စီးစေသောအကြောင်းရင်းများ

🌳🌳🌳🌳🌳🌳🌳🌳🌳🌳🌳🌳🌳🌳🌳🌳🌳🌳

 

ကမ္ဘာအရပ်ရပ်တွင် ဒီရေရောက်တောများ သည် အကြောင်းအမျိုးမျိုးကြောင့် ပျက်စီး ပြုန်းတီးလျက်ရှိနေကြပါသည်၊ စိုက်ပျိုးမြေများ ချဲ့ထွင်ခြင်း၊ လူနေမြို့ရွာများ ချဲ့ထွင်ခြင်း၊ ကမ်း ခြေစီမံကိန်းများ ပြုလုပ်ခြင်း စသည်တို့သည် ဒီရေတောများကို ပျက်စီးပြုန်းတီးစေသော အကြောင်းရင်းများဖြစ်ကြသည်။

ထို့ပြင် ဆားကွင်းများဖော်ထုတ်၍ ပင်လယ် ကမ်းခြေဆားချက်လုပ်ငန်း လုပ်ကိုင်ခြင်းကြောင့် လည်း ဒီရေရောက်တောများကို ဖျက်ဆီးခြင်း ခံကြရသလို သစ်ထုတ်လုပ်မှုကို အလွန်အကျွံ ဆောင်ရွက်ခြင်းများကြောင့်လည်း ဒီရေရောက် တောများ ပြုန်းတီးနေကြရသည်။

 

သွယ်ဝိုက်ပျက်စီးစေသောအကြောင်းရင်းများ

🌳🌳🌳🌳🌳🌳🌳🌳🌳🌳🌳🌳🌳🌳🌳

 

အလားတူပဲ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာခြင်းကြောင့် စွန့်ပစ်ပစ္စည်းများနှင့် ဓာတုအညစ်အကြေးများ စုပုံလာခြင်းသည် လည်း ဒီရေရောက်တောများကို ပျက်စီးစေသော အကြောင်းရင်းများဖြစ်ပညတယ်။

ခေတ်သစ် စိုက်ပျိုးရေးလုပ်ငန်းများ၌ အလွန်အကျွံ သုံးစွဲ နေကြသော ဓာတ်မြေဩဇာ အကြွင်းအကျန် များက စိုက်ခင်းများမှတစ်ဆင့် ရေစီးကြောင်းနှင့် လိုက်ပါလျက် ဒီရေရောက်တောများတွင် လာ ရောက်စုဝေးနေကြခြင်းသည်လည်း ဒီရေရောက် တောများကို ဖျက်ဆီးနေသော အကြောင်း ရင်းများ ဖြစ်ကြပါတယ်။

ပင်လယ်ကမ်းပြိုခြင်းနှင့် ရေတိုက်စားခြင်း များသည် ဒီရေရောက်တောများကို သွယ်ဝိုက် သောနည်းဖြင့် ပျက်စီးစေနိုင်သော အကြောင်း ရင်းများ ဖြစ်ကြသည်။ ပင်လယ်ရေအောက်ရှိ သန္တာကျောက်တန်းများသည် အောက်လွှာ ရေစီးကြောင်းနှင့်အတူ မျောပါလာသော နုန်းနှင့် အနည်အနှစ်များကို စစ်ထုတ်ပေးနေကြပါတယ်အကယ်၍သန္တာ ကျောက်တန်း များ ပျက်စီးသွားမည်ဆိုပါကလည်း နုန်းနှင့် အနည်အနှစ်များကို စစ်ထုတ်ပေးခြင်းမပြုနိုင် တော့သည့်အတွက် အဆိုပါ နုန်းအနည်အနှစ် များအားလုံးသည် ဒီရေရောက်တောများ၌ လာရောက်စုပုံနေခြင်းဖြင့် ဒီရေရောက်တော များ၏ ရှင်သန်ပေါက်ရောက်ဖွံ့ဖြိုးမှုကို သိသာ စွာ ထိခိုက်စေလိမ့်မည် ဖြစ်ပါတယ်၊

 

အထက်ကလို စည်းကမ်း မဲ့မှု၏ အကျိုးဆက်တွေကတော့ ဒီရေတောများ တဖြည်းဖြည်းပြုန်းတီးလာပြီးယခုအခါ ဧရာဝတီဒေသတွင် ဒီရေတောသစ်တောကြီးများ မရှိသလောက် ဖြစ်လာနေရပါပြီ

ဒီရေတောများသည် ပင်လယ်ဘက်မှ တရကြမ်းဝင်မွှေတတ်သည့် လှိုင်းကြမ်းလေကြမ်းဒဏ်ကို မားမားမတ်မတ် ရပ်တည်ကာကွယ်ပေးသည်။ ကုန်းတွင်းပိုင်းသို့ ရေငန်များ မဝင်ရောက်နိုင်အောင် တားဆီးပေးသည်။ ယခုအခါ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ ဒီရေတောပျက်စီးလာမှုကို ဧရာဝတီမြစ်ကြီးက သက်သေပြလာသည်။ ပင်လယ်ရေငန်များ ဧရာဝတီကို ဆန်တက်ကာ ယခုအခါ ပြည်မြို့နားအထိ တိုးဝင်လျက် ကမ်းနှစ်ဖက်ရှိ ရေချိုတွင်းများကို ဒုက္ခပေးလာ နေပြီဖြစ်ပါတယ်၊

 

ပင်လယ်ပြင်၌ ခုတ်မောင်းသွားလာလျက်ရှိ ကြသော ရေနံနှင့် ဓာတုပစ္စည်းများ တင်ဆောင် ထားသည့်သင်္ဘောများ နစ်မြုပ်ပျက်စီးသည့် အခါနှင့် ရေနံဓာတုပစ္စည်းများ ယိုဖိတ်သည့် အခါမျိုးများ၌လည်း ပင်လယ်ရေပြင်ပေါ်၌ စုပုံ မျောပါနေသော ရေနံနှင့် ဓာတုပစ္စည်းများသည် ပင်လယ်ကမ်းစပ်ရှိ ဒီရေရောက်တောများ၌ လာရောက်စုစည်းကြလေ့ရှိကြသည်။ ဤဖြစ်ရပ် မျိုးသည်လည်း ဒီရေရောက်တောများကို ပျက်စီးပြုန်းတီးစေနိုင်သော သွယ်ဝိုက်သည့် အကြောင်းတရားများ ဖြစ်ကြသည်။

ကမ္ဘာကြီးပူနွေးလာခြင်းကြောင့် ဝင်ရိုးစွန်း ရေခဲလွှာများ ထုထည်ပမာဏများပြားစွာ အရည်ပျော်ကျကာ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်းသည်လည်း ဒီရေရောက်တော များကို အစုလိုက်အပြုံလိုက် ပျက်သုဉ်းသွားစေ မည့်အကြောင်းရင်းများ ဖြစ်ကြသည်။

 

ကမ္ဘာကြီးပူနွေးလာမှုနှင့် ဒီရေတောများ

🌳🌳🌳🌳🌳🌳🌳🌳🌳🌳🌳🌳🌳🌳🌳

ကမ္ဘာ့အပူပိုင်းဒေသ၌ ပေါက်ရောက်နေ ကြသော ဒီရေရောက်တောများသည် အခြား ဒေသများရှိ သစ်တောများထက် ကာဗွန်ဒိုင် အောက်ဆိုက်ကို ပိုမိုစုပ်ယူ သိုလှောင်ပေးထား နိုင်ကြသည်။ ကမ္ဘာ့အပူပိုင်းဒေသရှိ သစ်တော ဧရိယာ၏ ဝ ဒသမ ၇ ရာခိုင်နှုန်းသည် ဒီရေရောက် တောများဖြစ်ကြပြီး အပူပိုင်း မုတ်သုံသစ်တော များထက် ဖန်လုံအိမ်အာနိသင်ဓာတ်ငွေ့ဖြစ် သော ကာဗွန်ဒိုင်အောက်ဆိုက်ကို နှစ်ဆမှ လေးဆခန့်အထိ ပိုမိုစုပ်ယူ သိုလှောင်ပေးထား ကြခြင်းဖြင့် ကမ္ဘာကြီးပူနွေးလာမှုကို လျော့ကျ အောင် စွမ်းဆောင်ပေးလျက်ရှိနေတယ်လို့သိရပါတယ်၊

 

ဒီရေရောက်တောများပျက်စီးသွားခဲ့လျှင်

🌳🌳🌳🌳🌳🌳🌳🌳🌳🌳🌳🌳🌳🌳🌳

 

အကယ်၍ ကမ္ဘာပေါ်ရှိ အပူပိုင်းဒေသ ဒီရေ ရောက်တောများအားလုံး ပျက်စီးသွားခဲ့မည် ဆိုလျှင် တစ်ကမ္ဘာလုံးရှိသစ်တောများ ပြုန်းတီး မှုကြောင့် ထွက်ပေါ်လာမည့် ကာဗွန်ဓာတ်ငွေ့ စုစုပေါင်း၏ တစ်ဆယ်ရာခိုင်နှုန်းနှင့်ညီမျှသော ပမာဏကို လေထုထဲသို့ ပြန်လည်ထုတ်လွှတ် လိမ့်မည်ဖြစ်သည်။ ထိုအခါ ကမ္ဘာကြီးကလည်း ပိုမိုဆိုးရွားပြင်းထန်စွာ ပူပြင်းလာလိမ့်မည်ဖြစ် ပါတယ်။

အထူးသဖြင့် ဒီရေတောများ ရှင်သန်ဖွံ့ဖြိုးလာမှုသည် ကမ်းရိုးတန်းနေပြည်သူများ၏   အသက်အိုးအိမ်နှင့် အာဟာရအတွက်   ကြီးစွာအထောက်အကူဖြစ်စေမည်မှာ ငြင်းမရသောအချက်ဖြစ်သည်။ ယခုအခါ ကမ္ဘာကြီးပူနွေးလာ၍ အိုဇုန်းလွှာများယိုယွင်းလာပြီး ခရမ်းလွန်ရောင် ခြည်များဒုက္ခပေးလာနေချိန် ရေခဲပြင်များ အရည်ပျော်ကာ သမုဒ္ဒရာရေပြင်မြင့်တက်ကာ  ကမ်းစပ်နေလူနေရပ်ဝန်း မြို့ပြများကို ခြိမ်းခြောက်လာ နေချိန်တွင် ထိုထိုသော အန္တရာယ်မှ ကာကွယ်ပေးသည့် ဒီရေတောများဖွံ့ထွားရှင်သန်ရှိနေဖို့ မရှိမဖြစ် လိုအပ်နေပါတယ်။

 

ဒါကြောင့် လူနှင့်သတ္တဝါတို့၏ အကျိုးစီးပွားကို ထိရောက်စွာ ကာကွယ်ပေးနေသော၊ ကမ္ဘာကြီး ပူနွေးလာမှုကို ဟန့်တားပေးထားနိုင်စွမ်းရှိသော၊ ရေထွက်သယံဇာတနှင့် သစ်တောထွက်သယံဇာတ များကို ထုတ်လုပ်ပေးနေသော၊ အန္တရာယ်ရှိ အဆိပ်အတောက်များကို စုပ်ယူ စစ်ထုတ်ပေး နိုင်စွမ်းရှိသော ဒီရေရောက်တောများ ပြုန်းတီး မသွားစေဖို့ အရေးကြီးတဲ့အခြေအနေပါ။ယခုအခါ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသရဲ့ဒီရေတောများကို အဆိုးဆုံးအခြေအနေနဲ့တွေ့နေရပြီး နောက်ဆယ်စုနှစ်လောက်မှာပျောက်ကွယ်သွားမယ်လို့ သစ်တောထိန်းသိမ်းရေးလုပ်နေတဲ့အဖွဲ့အစည်းများရဲ့ အစီရင်ခံစာတွေအတွင်းဖော်ပြ ပါရှိနေပါတယ်။

 

ဒီရေတောတွေကိုကယ်တင်ရန်လည်း အားလုံးဝိုင်းပြီးအကြံညဏ်ထုတ်ကြဖို့လိုအပ်နေပါတယ်။ ပထမဦးဆုံး ဒီရေတောကို ပျက်စီးစေတဲ့အဓိကအကြောင်းရင်းဖြစ်တဲ့ဒေသခံတွေက ထင်းနဲ့မီးသွေးလောင်စာတွေအတွက် အလွန့်အလွန် ခုတ်ယူကြတဲ့ဖြစ်စဉ်ကို ရေရှည်မှာဖြေရှင်းဖို့နည်းလမ်းက လျှပ်စစ်ဖြစ်စေ ၊ သဘာဝဓာတ်ငွေ့ဖြစ်စေ ၊ မီးခိုးနဲ့ဆာလ်ဖာလ် ကြိုထုတ်ပြီးသားကျောက်မီးသွေး တို့နဲ့အစားထိုးဖို့ နိုင်ငံတော်ကနေအမြန်ဆုံး စပြီးစီစဉ်ဆောင်ရွက်သင့်ပါတယ်။

အချို့သောသစ်တောဝန်ထမ်းတွေရဲ့လဘ်စားခွင့်ခွင်ကြီးလိုလည်း ဖြစ်နေတဲ့ဒီနေရာကိုအထူးကြပ်မတ်သင့်ပါတယ်။

 

ရေတိုနည်းနဲ့ပြောမယ်ဆိုရင် ဒီရေတောဧရိယာကိုစီးပွားဖြစ် စိုက်တဲ့အနေအထားမျိုးဖြစ်အောင် နည်းပညာနဲ့ငွေကြေးပံ့ပိုးပြီး ပြည်တွင်းကုမ္ပဏီပဲဖြစ်ဖြစ် ၊ ပြည်ပကုမ္ပဏီဖြစ်ဖြစ် ဒီရေတော ဖွံဖြိုးအောင်အာမခံချက်နဲ့(ဒီရေတောကို ရှင်သန်ကြီးထွားအောင် စိုက်ပျိုးပြီး တချို့တဝက်ကိုခုတ်သုံးခွင့်ပြုတဲ့နည်း ၊ အခြား ဆားထုတ်လုပ်ရေး ၊ ငါးပုစွန်မွေးမြူရေး လုပ်ငန်းလည်း ပူးပေါင်းပြီးချပေးလို့ရတယ်) စိုက်ပျိုးဆောင်ရွက်ခိုင်းဖို့ ဖိတ်ခေါ်ညှိနှိုင်းသင့်ပါတယ်။ ဓနိလိုသဘာဝနဲ့ နီးစပ်တဲ့ လူသုံးကုန်အပင်မျိုးတွေစိုက်ပျိုးပြီး အဲကထွက်တဲ့သဘာဝပစ္စည်းတွေလူသုံးများဖို့လည်းလုပ်ပေးသင့်ပါတယ်။

ဒီရေတောပျက်စီးစေတဲ့ ဒုတိယအကြောင်းဖြစ်တဲ့ လယ်မြေတိုးချဲ့ဆောင်ရွက်ခြင်းကိုလည်း ရပ်ဆိုင်းဖို့နည်းလမ်းရှာရန်အကြံပြုပါတယ်။

 

ဒေသခံရဲ့စားဝတ်နေရေးကိစ္စကို ဖြေရှင်းဖို့က ဒေသနဲ့ကိုက်ညီတဲ့ ပတ်ဝန်းကျင်မထိခိုက်နိုင်တဲ့စီးပွားရေးမျိုးကို လုပ်ကိုင်နည်းပညာပေးတဲ့ကိစ္စတွေကိုအစိုးရကလုပ်ကိုင်ပေးသင့်ပါတယ်။

ဆားငန်ရေအများအပြားဝင်ပြီး ဒီရေတောပျက်စီးစေတဲ့အကြောင်းက ဒေသခံတွေကိုမြေအောက်ရေအလွန်အကျွံထုတ်ယူသုံးစွဲခြင်းမပြုဖို့ အစိုးရကစီစဉ်ပေးရမယ်။

နွေရာသီမှာ မြစ်ကြောင်းထဲမှာမြစ်ရေအမြဲရှိနေဖို့ ဧရာဝတီမြစ်ရေကိုသိုလှောင်နိုင်တဲ့စနစ် ၊ မြစ်ကြောင်းကိုထိန်းသိမ်းနိုင်တဲ့စနစ်တွေတည်ဆောက်ရပါမယ်။ကမ်းပြိုမှုတွေကိုလည်းကာကွယ်ရပါမယ်၊

လက်တလောမှာဂျပန်နိုင်ငံရဲ့အကူအညီနဲ့ ဒီရေတောသုတေသနတွေကိုလုပ်နေပေမယ့် ပြန်လည်စိုက်ပျိုးနေတာတွေရှိပေမယ့် ဒေသခံတွေရဲ့ပူးပေါင်းမှုနဲ့ရေရှည်ထိန်းသိမ်းဖို့သာအတွေးမရှိရင် အစိုးရဌာနအချို့အနေနဲ့ဒီရေတောတွေကိုအမှီးပြုပြီး လဘ်စားနေတာမျိုးတွေကိုမတိုက်ဖျက်ရင် နောင်မကြာခင်မှာပဲဒီရေတောတွေပျောက်သွာပြီး ဘေးထွက်ဆိုးကျိုးတွေခံစားရပါလိမ့်မယ်။

#credit

 

About The Author

greenness_mm

No Comments

Leave a Reply