ဒုဋ္ဌဝတီ
တောင်ကို လက်ဆွဲတက်နေတဲ့ သစ်ပင်နဲ့
တောင်ကို ဆင်းနမ်းနေတဲ့ တိမ်ဆိုင်နဲ့
တောင်ကို ကွေ့ဆင်းနေတဲ့ လမ်းခရီးနဲ့
တောင်ကို ခြဲထြက္သြားတဲ့ လမ်းမကြီးနဲ့
တောင်ကို ဖမ်းယူနှုတ်ဆတ်နေတဲ့ ရေစိမ်းစိမ်းနဲ့
ဒုဋ္ဌဝတီဟာ
ခွဲခွာခြင်း သင်္ကေတဖြစ်သလို
ရှမ်းပြည်နှစ်ခု ပေါင်းဆုံပေးရာတံတား
မြစ်က ကျဉ်းတယ်
ရေစီးက သန်တယ်
ဖြတ်ကူးသွားမယ်ဆို စိတ်ခိုင်ခိုင်ထားဖို့လည်းလိုတယ်။
သုခေတ်အိမ်
23.4.2018
No Comments