ဒူဘိုင်းက ၂၀၃၀မှာ ကာဗွန်ထုတ်မှု ၃၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ရေး စီစဉ်နေ
ဒူဘိုင်းသည် ကာဗွန်ထုတ်လွှတ်မှုကို ၂၀၃ဝ ခုနှစ်တွင် ၃၀ ရာခိုင်နှုန်းထိ လျှော့ချရန် စီစဉ်နေကြောင်း United Arab Emirate အစိုးရမီဒီယာရုံးမှ ၎င်းတို့၏ ဝက်ဘ်ဆိုဒ်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါ အစီအစဉ်သည် net-zero 2050 ၏ ခြေလှမ်းတစ်ခုဖြစ်ကြောင်းလည်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယူအေအီး၏ ဒေသတွင်း စီးပွားရေး၊ ဘဏ်ဏ္႑ာရေးနှင့် ထောက်ပံ့ပို့ဆောင်ရေး အဓိကအချက်အချာဖြစ်သည့် ဒူဘိုင်းသည် ဒူဘိုင်းတွင် စီစဉ်ထားသော ဒေါ်လာ ၃.၄ ဘီလီယံ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံကို သဘာဝဓာတ်ငွေ့အဖြစ် ပြောင်းလဲအသုံးပြုမည်ဖြစ်ကြောင်းလည်း ပြီးခဲ့သော ဖေဖော်ဝါရီ ၃ ရက်က ကြေညာခဲ့သည်။
photo-AP
No Comments