နားခို လှည့်ပါ..ငှက်စာဝါ
ညကမကွေး မှ စီးခဲ့တဲ့ကား ကသာမန် အမြန်လမ်း ကိုဖြတ်နေကျ ကား နဲ့ မတူနွေဦး ရဲ့ ရသတွေ တစ်ပုံတစ်ပင် နဲ့ ..။ ရိုးတံ ပြိုင်းပြိုင်းကျ နေတဲ့ အပင်ဝါဝါခြောက်ခြောက် တွေ ဝန်းရံထားတဲ့ မကွေး မှနေပြည်တော်လမ်းလေးက ကျဉ်း ကျဉ်းလေး နဲ့ကွေ့ကွေ့ကောက်ကောက်။ ကားမောင်းသူ ကလည်း သူများ နဲ့ မတူ. ဖွင့်တဲ့ သီချင်းက တမာလမ်းကိုပြန်ခဲ့ပါတဲ့..။ ဒီအာရုံ တွေ ကို တွန်သံချိုသော ဥသြ ဆိုတာရယ် ပါ ပေါင်းစပ် လိုက်မှဖြင့်..။ ငှက်တွေသည် တစ်ခါ တစ်ရံ လွမ်းတေးကို သီဖွဲ့ တတ် ပါတကား..။
ရောက်တတ်ရာရာ.ဟိုဟိုဒီဒီ တွေး မိရင်း အရုဏ်တက်ချိန် မလင်းတလင်းလေး မှ ရန်ကုန်ပြန်ရောက်ခဲ့ ပါတယ်..။ ခဏမှေးလိုက်ရာကနေ BANCA မှ ဒေါက်တာသီရိဒေဝီအောင် ကဖိတ်ကြား ထားတာ သတိရမိတာမို့ လူးလဲထရပါတယ်..။
မြန်မာနိုင်ငံ စာဝါငှက်မျိုးစိတ် ထိန်းသိမ်းရေး ပူးပေါင်းပါဝင် ညှိုနှိုင်းဆွေးနွေးပွဲ မှာ Opening Speech ပေးရမယ် ဆိုပဲ ။ တော်ပါသေးတယ် ဥသြ မဟုတ်ပေလို့။
ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးအသင်း (BANCA) ဟာ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာ၀ ထိန်းသိမ်းရေးလုပ်ငန်း တွေ ကို ၂၀၀၂ မှ စတင်ပြီး မြန်မာနိုင်ငံတစ်နိုင်ငံလုံးရှိမျိုးစိတ်များတည် နေထိုင်ကျက်စားရာနေရာ တွေရယ် မျိုးသုဉ်းပျောက်ကွယ်ရန်စိုးရိမ်နေရ တဲ့ မျိုးစိတ်များကို သုတေသန ပြုခြင်း နှင့် ထိန်းသိမ်းရေးလုပ်ငန်းများကို သက်ဆိုင်ရာ အစိုးရဌာနဆိုင်ရာများ၊ တက္ကသိုလ်များ၊ အခြားမိတ်ဖက်အဖွဲ့အစည်းများ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်းကာ ဆောင်ရွက် လျှက်ရှိ ခဲ့တာပါ..။
ရင်ပတ် မှာ အဝါရောင်တောက်တောက် ကလေး ပေါ် မှာ လည်ပင်းအညိုရစ် တစ်ရစ် နဲ့ စာဝါလေး ကတော့ လွမ်း စရာ တော့မဟုတ် ချစ်စရာ၊ သနားစရာ သာဖြစ်ပါတယ်..။ ကမ္ဘာပေါ် မှာ မျိုးသုဉ်းပျောက်ကွယ်မှု အန္တရာယ် နဲ့ ရင်ဆိုင်နေရ တဲ့ ငှက်မျိုးစိတ် (critically endangered species) ဖြစ်နေတော့တာ။
အဲဒီ ချစ်စရာ သနားစရာ စာငှက်မျိုးစိတ်လေးကို အင်္ဂလိပ်လို Yellow-breasted Bunting လို့ခေါ်ပါတယ်..။ သိပ္ပံနာမည် ကတော့ Emberiza aureola ဖြစ်ပါတယ်..။
ငှက်ကို မြန်မာနိုင်ငံတွင် လေ့လာသုတေသနပြုသူ တွေကတော့ အင်းတော်ကြီး ဘေးမဲ့တောပတ်ဝန်းကျင်၊ ဝါးခယ်မမြို့နယ်၊ ဧရာဝတီတိုင်း၊ မန္တလေးတိုင်း နှင့် ရှမ်းပြည်နယ် တို့တွင် လေ့လာတွေ့ရှိထားတယ်လို့ ဆိုကြပါတယ်..။
စာဝါ ငှက်ငယ်လေး ရေ…. လူတို့နှလုံးသားဆိုတာ အမျိုးမျိုးရှိကြတယ် မဟုတ်လား..။ လွမ်းတတ် ခံစားတတ်တဲ့သူတွေ..ရှိသလို မုန်းတတ် ၊ရက်စက်တတ်တဲ့သူတွေလည်းရှိကြပါတယ်..။ဒုတိယ အမျိုးအစားတွေ များလာ တာမို့ မင်းတို့လည်း အရည်အတွက်တွေလျော့ကျလာလိုက်တာ. စိုးရိမ် စရာ ဖြစ်ခဲ့ပါပကောလား ..။
ကိုယ် တို့ ရဲ့မြန်မာနိုင်ငံ ဆိုတာ အရှေ့တောင်အာရှ မှာ ဇီဝမျိုးစုံမျိုးကွဲများ အလွန်ပေါကြွယ်ဝြပီး ကွဲပြားခြားနားသည့် ရာသီဥတုအခြေအနေ တွေ မျိုးစိတ်မျိုးကွဲများ အများအပြားတို့ မှီတင်း နေထိုင် ကြတဲ့ ထူးခြားလှတဲ့ နယ်မြေ တွေ ၊ဂေဟစနစ်များဖြင့်ဖွဲ့စည်း တည်ရှိနေ တဲ့ နိုင်ငံတစ်နိုင်ငံ ပါကွယ် ။ အရှေ့တောင်အာရှ မှာ ကုန်းမြေဧရိယာအကြီးမား အကျယ်ပြန့်ဆုံး တည်ရှိနေပြီး ဧရိယာ ( ၆၇၆၅၈၇၇) စတုရနျးကီလိုမီတာ ကျယ်ဝန်းတဲ့နိုင်ငံ တစ်နိုင်ငံလည်း ဖြစ်ပါတယ်။
ကိုယ်တို့ ရဲ့ဘိုးဘွားများ လက်ထက်က အလွန်တရာကောင်းမွန်ခဲ့ တဲ့ ရေမြေတောတောင်များဟာ အခုတော့ တဖြေးဖြေး ပျက်သုန်းလာနေတာ..စာဝါလေး တွေ နေစရာမရှိ ဖြစ်မှာ အမှန်ပါ..။
ကိုယ်တို့ အိမ်နားက ဟံသာဝတီ အဝိုင်း ကမြက်ခင်း မှာကျက်စားတတ်တဲ့ ဗျိုင်းဖြူဖြူလေးကို အဝိုင်းပတ်တိုင်း ရေတွက် ပျော်ရွှင် တတ်ပါတယ်..။ ကိုယ် ဟာ သြဂဲနစ် စိုက်ပျိုးရေးခြံတွေ မှာ တစ်မျိုးထဲ စိုက်ပျိုး (Monoculture) စိုက်ထားရင်.ကိုယ်ကမေးတယ်..။
ငှက်သံလေး တွေ ကပေးတဲ့ဂီတ သံ မကြားချင်ကြဘူးလား ၊
အကျိုးပြုအင်းဆက်တွေ ဖြစ်တဲ့ပုဇဉ်းလေး တွေ။
ပျားလေးတွေ ၊ လိပ်ခုံးကျိုင်းလေးတွေ ခိုအောင်းနေဘို့ နေရာမပေးတော့ဘူးလား လို့ ကိုယ် အမြဲမေးခွန်းထုတ် ခဲ့ဘူးတယ်..။
စာဝါငှက်ငယ် လေးရေ ..တကယ် တော့လည်း .ငှက် ဆိုတာဟာ ရှေးယခင်က တည်းက လူသားများနှင့် အကျွမ်းတဝင်နေထိုင်ခဲ့ကြပြီး နိမိတ် တဘောင်များ ၊ စာကဗျာ တွေ နဲ့ ယဉ်ကျေးမှုအထောက်အထားများ တွေ တွေ့ရှိကြရမှာ ပါ..။
ကိုယ်တို့ သြဂဲနစ် စိုက်ခင်း တွေကို ဖျက်ဆီးတတ် တဲ့ ခရုတွေ ၊ ကျိုင်းကောင် တွေ ၊ ပြပိုး ချ တွေ နဲ့ ငမြောင်တောင် စတဲ့ ဖျက်ပိုး တွေကို စားသောက်ကာ နှိမ်နင်းပေးကာ လူသားများကို အကျိုးပြုနေကြတာ ငှက်ငယ်လေးတွေပါ ။ ဒီလို အကျိုးပြုငှက်တွေဟာ နိုင်ငံအဝှမ်း နေရာပေါင်းစုံမှာ ကျင်လည်ကျက်စား လျက်ရှိနေကြပါတယ်။
ဒါကြောင့်မို့ ကိုယ်ကတော့ ချစ်စရာ စာဝါငှက်လေးတွေ..အခု တစ်ခေါက် နတ်မောက်မှာ တွေ့ခဲ့တဲ့ ဗွတ်ကလုံငှက်လေးတွေ ခိုအောင်းနေထိုင်ဘို့ သြဂဲနစ် စိုက်ခင်းတွေ မှာ Buffer Zone တွေ ထားခိုင်းတယ် ..။
မြေနိမ့်ချယ် ရီတို့ ၊ ဘောစကိုင်းတို့ ၊ဒန့်ဒလွန် တို့ ၊ ပေါက်ပန်းဖြူ တို့ စတာလေးတွေ စိုက်ဘို့ ပန်ကြားထားတယ် ..။ငှက်ကလေး တွေခိုအောင်းနေတဲ့ ကိုင်းတော တွေ မဖျက်ဆီးဘို့. ငှက် တွေကု စားစရာအဖြစ် မသတ်မှတ်ကြဘို့ ကြင်နာ ကြဘို့ လည်း ထပ်မှာချင်ပါသေးတယ် စာဝါလေးရေ..။
ကိုယ်တို့ မြန်မာနိုင်ငံအတွင်းမှာ ငှက်မျိုးစိတ်ပေါင်း ( ၁၁၃၆ မျိုး ) ရှိပြီးတော့ သူများနိုင်ငံမှာမရှိပဲကိုယ်တို့ ဆီမှာသာရှိနေတဲ့ ငှက်မျိုးစိတ်များ ကျန်ရှိနေ သေးတာကို ကိုယ်က ဂုဏ်ယူ နေပါတယ်..။ တကယ် တော့ ငှက် တွေ ဟာ ဒေသတစ်ခု ရဲ့ အညွှန်းကိန်း တစ်ခု ဖြစ်ပြီး ငှက်များပုံမှန် နေထိုင် ကျက်စားနေခြင်းအား ဖြင့် မိမိတို့ဒေသများဟာ အစာရေစာများ ပေါများ ကြောင်းနှင့် ရာသီဥတု ကောင်းမွန်ကြောင်း တို့ကို သိရှိနိုင်ပါတယ်..။
တကယ်လို့ ငှက်များ လာရောက်နေထိုင် ကျက်စားခြင်း မရှိတော ဘူးဆို့လျှင် တော့ အစာရေစာများရှားပါးလာပြီးကြီးမားသော သဘာဝဘေး အန္တရာယ်များကျရောက်လာတော့မယ် ဆိုတာကိုသထိထားကြရမှာ ဖြစ်ပါတယ် ။
နောက်တစ်ခု က မွေးနေ့ မှာ ငှက်လွှတ်တဲ့ ဓလေ့ ။ ကိုယ်လည်းလုပ်ခဲ့ဘူးတယ်..။ ပြန်ဖမ်းလိမ့်မယ် ဆိုတာ သိရက်နဲ့ အခိုက်အတန့်မ ြှလှတျမွောကျပါစတေော့လို့ တွေးခဲ့ဘူးတာကိုး..။
ဒီအပြုအမူဟာ .. ရေရှည်တွေးတောကြည့်မယ် ဆိုရင် ငှက်မုဆိုး ကို ဒီဝမ်းရေး ကိုလုပ်ပေတော့ (ထာဝရငှက်ဖမ်းပေတော့) လို့ ညွှန်ပြရာရောက်သလို ငှက်ကလေး တွေ ဟာ လည်းထာဝရသားကောင် ဖြစ်နောတ့ မယ် ဆိုတာ ဒီနေ့မှ ကိုယ်တွေးမိတယ်။
ငယ်ငယ်က နားယဉ်နေတဲ့ ( စာကလေး၊ ဂျိုးကြော်၊ ဆီထမင်းရယ် ) ဆိုတာကလည်း ။ သတ်ကြဖြတ်ကြ..စားကြပါ စေ့ဆော်ပေးနေတယ်..။
တကယ်တော့ စာဝါ ငှက်လေး တွေဟာ ဒီဓလေ့တွေ အောက် မှာ မကြာခင်ကွယ်ပျောက်တော့မယ် ..။
ကိုယ်တို့ဟာ.တစ်ဦး ကို တစ်ဦး အပြန်အလှန်လိုအပ်ကြပါတယ်..။ လောကကို လှပစေတဲ့အရာတွေ လှတဲ့အတိုင်းရှိနေစေသင့်တယ် မဟုတ်ပါလား ..။
စာဝါငှက်ကလေးရေ..မင်းတို့ ကသားပေါက်ရာသီ တွေမှာ ဥရောပအရှေ့မြောက်ပိုင်း ရုရှ နိုင်ငံက ဆိုက်ဘေးရီးယား ဒေသတွေက ရေဝပ်ရေချိုကန် နဲ့ နီးတဲ့ဒေသတွေက အပင်ပုလေးတွေမှာနေတယ် ..။
ဆောင်းမှာတော့မှာ မျိုးပွား ပြီး ကိုယ် တို့ရဲ့ အရှေ့တောင်အာရှ နိုင်ငံတွေဆီကို East Asian Australian Fly Way လမ်းကိုအသုံးပြုပြီးတော့အုပ်စုလိုက် ဆောင်းခို ဘို့လာတယ် နော်..။
နောက်နှစ်ကျရင် တော့ကိုယ်တို့ သြဂဲနစ် နှလုံးသားတွေ နဲ့ တည်ဆောက်ထားတဲ့ စိုက်ခင်းတွေ ဆီ ခိုနားလှည့်ပါလို့ ဖိတ်ခေါ်ပါရစေကွယ် ..။
ကိုယ်တို့ ပိုင်ဆိုင်ရာ မေတ္တာမြေ မှာ သစ္စာအသီးအပွင့် တွေ သီးပွင့်နေမှာ မို့..
တစ်ဆောင်းသစ်ရင်ပြန်လာပါ လို့..။
မေတ္တာဖြင့်
#သစ္စာအလင်း
မှတ်ချက် ။ ။ စာဝါကျားငှက် သည် သယံဇာတ သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးဝန်ကြီးဋ္ဌာန ၊သစ်တောဦးစီးဋ္ဌာန ၏ လုံးဝ ကာကွယ် ထားသောမျိုးစိတ်ဖြစ်ပါသည်။
ထိုလုံးဝကာကွယ ထားသော သတ္တဝါတို့ကို သတ်ဖြတ်ခြင်း၊ အနာတရဖြစ်စေခြင်း ၊ဖမ်းဆီးခြင်း ဆို့ပြုလုပ်ပါက ..
ဇီဝမျိုးစုံ၊ မျိုးကွဲ နှင့် သဘာဝနယ် မြေများ ကာကွယ် စောင့်ရှောက်ခြင်း ဆိုင်ရာ ဥပဒေ ပုဒ်မ (၄၁) အရ
ထောင်ဒဏ် (၃)နှစ် မှ (၁၀) နှစ်အထိ ချမှတ်မည့် အပြင်
ငွေဒဏ် (၁၀) သိန်းထိလည်းချမှတ်နိုင်ပါသည်။
(( ငှက်ကြော်ရောင်းသူများသတိ))
Photo Credit : Ko Saw Mya Min
No Comments