နိယာမ အလွဲများ

နိယာမ အလွဲများ

ကမ္မစိတ္တာ နိယာမရယ်နဲ့
ဥတုဗီဇတဲ့ ဓမ္မနိယံ။
ချမ်းသာလို မြဲကြိုးစားတော့
တိုးပွားအမှန်။
ဖြစ်ပွားခြင်း အကြောင်းကံ
ကုသလံ အကုသလ။
ကံ ကိုပုံ ဉာဏ်မသုံးတော့
လူဖြစ်ရှုံးရ။
စိတ်အလို လိုက်သမျှတော့
အမိုက်ဘဝ တဏှာနွံ။
လှုပ်လေလေ နွံမှာနစ်လို့
စင်စစ်နယ်ကျွံ။
စိတ်အတွေး မလွန်
ဉာဏ်တံခွန်နဲ့ ချွန်းအုပ်ကောင်း။
မိတ်အပေါင်းရွှင်
စိတ်ကောင်းလျှင် ဒေါသဝေးတော့
လောကအေးကြောင်း။
သုံးရာသီ နွေမိုးဆောင်းရယ်က
ပြောင်းလဲကြ အချိန်မှန်။
ပူ နေလျှင် အေးအောင်လုပ်လို့
ကျုပ်တို့စီမံ။
အေးလေတော့ နွေးအောင်ဖန်
ရာသီဒဏ်ကို ကုစား။
တစ်မျိုးပြောင်းစေ
မိုးဆောင်းနွေ အချိန်ကိုက်ပေါ့
အလိုက်ပြင်သွား။
ဗီဇအနွယ် ဖြစ်မြဲတရားကိုလ
လွဲမှားဖို့ ကြံဆယူ။
တိုးတက်လာ ကမ္ဘာကြီးက
မီး လိုပဲပူ။
ပေါင်းကူးလို့ သန္ဓေယူ
ဉာဏ်တွေကူလို့ အသစ်စမ်း။
စွမ်းအားရှင် တည်သမျှလက်ရယ်က
လမ်းမှားလျှင် ဗီဇပျက်တယ်
ခက်ဖွယ် သည် နန်း။
အဓမ္မာ ရာဂလွှမ်းပါလို့
စာဂခန်းတော့ ရယူချင်။
စိမ်းလန်းစို ခက်ညွန့်သစ်ကိုလ
ခုတ်ထစ်အပင်။
အေးချမ်းခဲ့ ဘုံတိုင်းတစ်ခွင်
မုန်တိုင်းဝင်လို့ မွှေကာဖျက်။
ရှင်လူဆွေ အစဥ်မအေးပါဘူး
ပူပင်ဝေ ငလျှင်ဘေးရယ်ကြောင့်
( ကမ္ဘာကြီးကလေ)
ပူနွေးလို့ပျက်။
မင်းစိုး( အရာတော်)

About The Author

greenness_mm

No Comments

Leave a Reply