နေဝင်ရီတရောပန်းခင်း
ငြိမ်နေတဲ့အချစ်ထဲ
ကိုယ့်နှလုံးသားက ချွေးပြန်နေတယ်
မင်းဆီလာမယ် တွေးပြီး
ကိုယ်မလာဖြစ်တဲ့ အကြောင်းတွေ
ငြိမ်နေတဲ့ အပူငွေ့နဲ့
ပိုပိုပြင်းလာတဲ့ ရာသီဥတုမွာ
ကိုယ်ကမချိုင်ဘဲ သစ်ခက်တွေ ပြတ်ကျ
ကိုယ်ကမခူးဘဲ သစ်ရွက်တွေတဝုန်းဝုန်းကြွေ
သေသွားတဲ့သစ်ပင်တွေကို ရေရွတ်ကြည့်မိတယ်
ရှင်သန်ဟန်ဆောင်နေတဲ့ သစ်ပင်
တိမ်ရိပ်တိမ်မျှင်တွေကြား ကိုယ် သေဆုံးသွား
လမသာတဲ့ညမှာလည်း မြက သာတယ်
အပိုလိုရဲ့ လကမ္ဘာခရီးကလည်း
ကိုယ်လိုက်ဖြစ်တဲ့အခေါက်မှ မအောင်မြင်ခဲ့
ခက် ခက် လွန်း တယ်
အင်း. . .
ဝေး ဝေ လွန်းတယ်
ပန်းရဲ့ရနံတွေကလည်း မွှေးလွန်းတဲ့ ညနေပါပဲ ။
No Comments