” နွေဦးရဲ့ ပုံပြင်”

” နွေဦးရဲ့ ပုံပြင်”

ဥသြငှက်မွန်
တွန်ပါပေါ့လေး။
ပုရစ်ကလေးငယ်တို့
မြသွေး တစ်ထည်ဆင်နှင့်
နွေအဝင် သည်စခန်းမှာ
လန်းတော့မယ်လေး။
(ဇော်ဂျီ)
အိပ်ရာမှ နိုးနိုးခြင်း ပထမဦးဆုံး ကြားလိိုက်ရသည်က ဆွေးဆွေးမြေ့မြေ့ အော်မြည်လိုက်သည့် ဥသြ
ငှက်ငယ်တစ်ကောင်၏ တြန္သံ ချိုမြမြကို ဖြစ်သည်။အမှန်အတိုင်း ဝန်ခံရလျှင် “ဥသြ ဥသြ “ဆိုသည့် လွမ်းလွမ်း
ဆွေးဆွေး ဆွေးဆွေးမြေ့မြေ့ အော်မြည်သံကလေး၏နောက် စိတ်ထဲသို့ တိုးဝင်ရောက်ရှိလာခဲ့သည်က အေးမြ
သည့် အရသာကိုမ်ွ ပြည့်ပြည့်ဝဝ မခံစားရသေးခင် ဆောင်းရာသီက ကုန်ဆုံးတော့မည်လားဟူသည့် မေးခွန်း
ပင်ဖြစ်သည်။အမှန်တကယ်ပင် နှင်းမှုန် နှင်းစက်များ၏ လွွှမ်းခြုံဖြန်းပက်ခြင်းကိုမှ နေရာဒေသစုံအောင် မခံစားရ
သေးခင် ဆောင်းက နှုတ်ဆက်ကာ ထွက်ခွာသွားတော့မည်လား ၊နွေကကော ကျွန်တော်တို့ရှိရာဆီသို့ တိုးဝင်ေ
ရာက်ရှိလာဖို့ရာအတွက်များ စိုင်းပြင်းနေခဲ့ပြီလား။
သေချာသည်က ဥသြဆိုသည့် ငှက်မျိုးက နွေရက်တို့ ရောက်ရှိလာတော့မည် ဆိုပါမွ အကြိုထော
က်ဖို့ ပေါ်ပေါက်လာတတ်သည့် ငှက်တစ်မျိုးသာ ဖြစ်ပါသည်။နွေ၏ ရနံ့ကို ရပါမွ အတောင်ပံကို ဖြန့်ကာ ပျံသန်း
လာတတ်သည့် နွေ၏ အငွေ့အသက်နှင့် ငှက်ငယ်မျိုးပင် ြဖြစ်ပါသည်။( လေ့လာသူများ၏ အဆိုအရ ဥသြဆိုသ
ည့် ငှက်တိုသည့်က များသောအားဖြင့် နွေရာသီ၌သာ တွန်ကျူးအော်မြည်တတ်သည် ငှက်မျိုးဖြစ်သည်ဟု ဆိုပါ
သည်။ တစ်နေကုန် နီးပါးမ်ွ အော်မြည်တတ်ပြီး တစ်ခါတရံ၌ ညအချိန်၌ပင် အော်မြည်တတ်ကြသည်ဟု ဆိုပါသ
ည်။အထူးသဖြင့် မိတ်လိုက်ချိန်များ၌ အဆက်မပြတ် အော်မြည်တတ်ပြီး အခြားသောအချိန်များ၌မှု ဆူညံစြာ အေ
ာ်မြည်တတ်လေ့ မရှိသည့် ငှက်တစ်မျိုး ဖြစ်သည်ဟု ဆိုပါသည်။)
မည်သို့ပင်ဆိုစေကာမှု နံနက်စောစော ဥသြတွန်သံကို ကြားနာ၍ နိုးထခွင့်ရလိုက်ခြင်းက လန်းဆ
န်း မွှေးပျံ့သည့် ပန်းတစ်ပွင့်၏ ရနံ့ကို မွှေးကြူ နမ်းရှိုှုက်ခွင့် ခွင့် ရလိုက်သကဲ့သို့ပင် စိတ်ကြည်နူးဖွယ် ကောင်း
လှပါသည်။။မြစ်ကမ်းနံဘေးမှ နေ၍ မြစ်ပြင်ကို ဖြတ်သန်းတိုက်ခတ်လာသည့် လေနုနုအေးတို့ကို ဆီးကြို ပွေ့ဖ
က်ခွင့် ရလိုက်သကဲ့သိုပင် ကြည်လင်လန်းဆန်း ညွှတ်နူးဖွယ် ကောင်းလှပါသည်။ငယ်စဉ်ကလို စိတ်အတိုင်းသာ
ဆို သာယာငြိမ့်ညောင်း ဆွတ်ပျံ့ လွမ်းမောဖွယ်ကောင်းးသည့် အသံထွက်ပေါ်ရာ အရပ္ကို လှည့်ပတ်ကာ ရှာေ
ဖြ ကြည့်မိမည်လား မပြောတတ်ပေမဲ့ ယခုအချိန်မှာတော့ ငြိမ်ငြိမ်ဆိတ်ဆိတ်သာလျှင် စီးမျော ပျော်ဝင်နေချင်စိ
တ် ဖြစ်နေမိခဲ့ပါသည်။ဟိုးတစ်ချိန် တစ်ခါကတော့ ဥသြငှက်တို့၏ တြန္သံကို ကြားရလေတိုင်း အသံထွက်ပေါ်
လာရာ အရပ္ကို လှည့်ပတ်ကာ ရှာဖွေမိတတ်ခဲ့ပါသည်။သာယာသော လွမ်းဆွေး ညွှတ်နူးဖွယ်ရာ အတိပြီးသေ
ာ အသံကိုဖြစ်စေသည့်သူ၏ ပုံသဏ္႑ာန်က မည်သို့ မည်ပုံ ရှိမည်လဲဟု သိချင်စိတ်ဖြစ် စူးစမ်းရှာဖွေမိခဲ့ဘူးပါသ
ည်။
သေချာသည်က မည်သည့်အခြေအနေတို့၏ နောက်ကွယ်၌မဆို ပြောပြစရာ ဇာတ်လမ်းတို့ ရှိနေ
ခဲ့သည် ဆိုသည့်အတိုင်း ဥသြတို့၏ တြန္သံ ဆွေးလျလျ နောက်ကွယ်၌လည်း မျက်ရည်ဝိုင်းကာ နားထောင်ခဲ့ကြ
ရသည့် သမိုင်းမဟုတ်သည့် ဇာတ်လမ်း ပုံပြင်တို့ ရှိခဲ့ဖူးသည်သာ ဖြစ်ပါသည်။ဆိုတော့ နားထောင်မိသူ ကြားရ
သူတို့၏ စိတ်ဘဝင်ကို လွှမ်းစိတ်တို့ တစိမ့်စိမ့်တိုးဝင်လာအောင် စွမ်းဆောင်နိုင်သည့် ဥသြငှက်ကလေးတို့၏ ရင်
အတွင်း ၌ မည်ကဲ့သို့သော ရင်ကွဲစရာ အဖြစ်အပျက်တို့ ရှိနေခဲ့ပါသနည်။ဆွေးဆွေးလျလျ အသံတို့၏ နောက်မှ
မည်မျှလောက်အထိ ဝမ်းနည်းဖွယ်ရာ အဖြစ်အပျက်ဇာတ်လမ်း ပုံပြင် ဒဏ္႑ာရီတို့ ရှိနေခဲ့ပါသနည်း။ကလေးဘဝ
၏ ညအိပ်ရာဝင်ချိန်များ၌ နားထောင်ခဲ့ရဖူးသည့် ပုံပြင်ကလေးတစ်ပုဒ်၏ အထဲမှာတော့ ဥသြငှက်ကလေးတို့၏
အလွမ်းဓာတ်တို့ဖြင့် ရစ်ပတ်ထုံးဖွဲ့ထားရာ အသံသာသာကေလးမ်ား၏ နောက်ကွယ်၌ တစ်ဦးနှင့်တစ်ဦး အလွန်
ချစ်ခင်မြတ်နိုးကြသည့် ကိုရိုးနှင့် မစာဆိုသည့် ဇနီးမောင်နှံ၏ ကြေကွဲဖွယ်ရာ အဖြစ်အပျက်တို့ ရှိနေခဲ့သည်ဟု
ဆိုပါသည်။
မှတ်မိသ၍ ကိုရိုးနှင့်မစာသည် တစ်ဦးအပေါ် တစ်ဦး အလွန် ချစ်ခင်မြတ်နိုး တန်ဖိုးထားကြသည့်
ဇနီးမောင်နှံဖြစ်သည်ဟု ဆိုပါသည်။သို့ပါသော်လည်း ဘဝကံအကျိုးပေးမကောင်း၍ အလြန္တရာမွ ဆင်းရဲကြသ
ည်ဟုဆိုပါသည်။ ကိုရိုးသည် ထင်းခွေသောအလုပ်ကို လုပ်၍ မစာကေတာ့ တောထဲမှ ရသမျှသော ဟင်းရွက် ၊ဟင်းသီးများကို ခူးကာ ရောင်းချ သည့် အလုပ္ကို လုပ်သည်ဟု ဆိုပါသည်။ကိုရိုးသည် နေ့စဉ်နံနက်စောစော
အိပ်ရာမှထ၍ မယားဖြစ်သူ မစာ အသင့် ချက်ပြုတ်ထားသော ထမင်းနှင့်ဟင်းရွက်ပြုတ်ကို စားသောက်ကာ ထ
င်းခွေသွားလေ့ ရှိတတ်ပြီး မစာကေတာ့ ကိုရိုး သွားပြီးနောက်မှာသာ ထမင်းကို ကပ်ာကရာစား၍ ဟင်းရွက်ခူး
ထွက်လေ့ရှိတတ်ပါသည်။ အထူးသဖြင့် ညနေခင်း၌ ခင်ပွန်းဖြစ်သူ ပြန်မရောက်မီ ထမင်းဟင်းတို့ကို အဆင်သင့်
ချက်ပြုတ်ထားနိုင်ရန်အတွက် အိမ်သို့စောစောပြန်ရောက်ဖို့ မစာတစ်ယောက် အားထုတ်တတ်လေ့ ရှိသည်ဟု
ဆိုပါသည်။သေချာသည်က ၄င်းအခြေအနေတို့သည် ကိုရိုးနှင့် မစာတို့၏ ဘဝထဲသို့ ကံကြမ္မာဆိုးင်္ကြး တစ္ခု က်
ရောက်ရှိမလာခင်က အခြေအနေများသာလျှင် ဖြစ်ပါသည်။တကယ်လည်း တစ်နေ့သ၌ မစာပြန်ရောက်၍ ထမ
င်းဟင်းတို့ကို ချက်ပြုတ်ပြီးစီးသော်လည်း ကိုရိုးကား ပြန်မရောက်လာဟု ဆိုပါသည်။ မစာလည်း ကိုရိုး အချိန်တ
န် ပြန်မလာခြင်းကြောင့် စိတ္ပူကာ တမျှော်မျှော် ဖြစ်နေသည်ဟု ဆိုပါသည်။သို့ပါသော်လည်း မိုးသာစုံးစုံးချုပ်၍
ကိုရိုးက ပြန်ရောက်မလာ ။ေနာက္ဆုံး ဖြစ်လိုရာသာ ဖြစ်ပါစေတော့ဟု ဆုံးဖြတ်လျှက် မစာတစ်ယောက် ကိုရိုး
ပျောက် ရှာပုံတော်ဖွင့်ဖို့ အိမ်မှထွက်ကာ တောသို့ ဝင်ခဲ့သည်ဟု ဆိုပါသည်။
တစ်ဖက်၌လည်း ကိုရိုးသည် ထင်းများများရစေရန် တစ်တော၀င် တစ်တောထွက် ရှာဖွေရင်း ရေ
ကန်ကြီးတစ်ကန်၏ အနီးသို့ ရောက်သွားခဲ့သည်ဟု ဆိုပါသည်။ထိုရေကန်အနီး၌လည်း စုန်းမကြီးတစ်ယောက်
သည် သူ၏ မှော်သေတ္တာကလေး ရေအိုင်ထဲသို့ က်သြား၍ မဆယ်တတ်ဖြစ်ကာ အကူအညီရလိုရျငား ခရီးသြား
မ်ားကို စောင့်နေခဲ့သည်ဟု ဆိုပါသည်။ထိုသို့ဖြင့် ကိုရိုးနှင့် ဆုံလျှင် စုန်းမကြီးက ငါ့မြေးရယ် အမေကြီး သေတ္တ
ာကေလး ရေထဲကျသွားလို့ ဆင်းယူပေးပါလား” ဟု ဆိုသည်ဟု ဆိုပါသည်။ ကိုရိုးကလည်း ကျွန်တော် ဆယ်
ယူပေးပါ့မယ်ဟု ဆိုလျက် ရေကန်အတွငိးသို့ ဆင်းသည်ဟု ဆိုပါသည်။အတန်ကြာ ငုပ်၍ ရှာဖွေတွေ့ရှိသောအ
ခါ သေတ္တာကလေးကို တွေ့သည်ဟုဆိုပါသည်။ကိုရိုးလည်း သေတ္တာကလေးကိုကိုင်လျှက် စုန်းမကြီးကို “အေမ
ကြီး ဒီသေတ္တာကလေးက ဘာသေတ္တာကလေးပါလဲခင်ဗျာဟု မေးကြည့်မိသည်ဟု ဆိုပါသည်။။ ထိုအခါ စုန်းမ
ကြီးက မဆိုင်တာကို မမေးပါနဲ့၊ ဆယ်ခလိုချင်ရင် ပေးမယ်ဟု မာထန်သော အသံဖြင့် ဆိုသည်ဟု ဆိုပါသည်။
ထိုအခါ ကိုရိုးက ကျွန်တော် အခကြေးငွေ မလိုချင်ပါဘူး၊ စေတနာနဲ့ ဆယ်ပေးတာပါဟု ပြန်ပြီးပြောသည်ဟု
ဆိုပါသည်။ စုန်းမကြီးကလည်း ” အခကြေးငွေမလိုချင်ရင် လျှာမရှည်နဲ့၊ ငါဟာပေးဟု အတင်းတောင်းသည်ဟု
ဆိုပါသည်။။စုန်းမကြီး၏ မောက်မာသည့် အပြုအမှုကို မြင်လျှင် ကိုရိုး၏ စိတ်၌ ဒေါသစိတ်တို့ ဖြစ်ပေါ်လာသည်
ဟု ဆိုပါသည်။ထို့နောက် စိတ်ရင်း မဟုတ်သော်လည်း မေပးဘူးဗ်ာ ခင်ဗျား ဘာလုပ်ချင် သလဲဟု မေးလိုက်
မိသည်ဟု ဆိုပါသည်။ါ စုန်းမကြီးကလည်း ” မပေးချင်ဦး “ဟု ဆိုကာ ကိုရိုးကို သစ်ပင်ကြီးဖြစ်အောင် ပြုစားပြီး
သေတ္တာကလေးကို ယူကာ ထွက်သွားခဲ့သည်ဟု ဆိုပါသည်။
အတိုချုပ်ရလျှင် မစာသည် တစ်တော၀င် တစ်တောထွက် ကိုရိုးပျောက် ရှာဖွေရင်း နောက်ဆုံး အပြူ
စားခံရ၍ သစ်ပင်ဖြစ်သွားရရှာသော သူခင်ပွန်းသည်တစ်ဖြစ်လည်း အပင်ကြီးအောက်မှာပင် ရင်ကွဲနာကျ၍ ေ
သဆုံးသွားရှာရသည်ဟုဆိုပါသည်။သေဆုံးသွားပြီးသည့်နောက်တွင်လည်း စွဲလမ်းစိတ်က မပျောက်၍ ငွက္က
လေးတစ်ကောင် အဖြစ်သို့ ရောက်ရှိခဲ့ ငှက်ကလေးဘဝသို့ ရောက်ရှိသော်လည်း လူ့ဘ၀က ခင်ပွန်းဖြစ်သူ ကို
မေ့မရ သည့်စိတ်ဖြင့် သစ်ပင်ကြီးတစ်ပင်ပေါ်မှနေ၍ ကိုရိုး ကိုရိုးဟု ခေါ်နေခဲ့သည်ဟု ဆိုပါသည်။အံသြစ
ရာ ကာင်းသည်က ၄င်းငှက်ကလေး နားခို အော်မြည်နေတတ်သည့် သစ်ပင်ကြီးမှာ သစ်ပင်ကြီးအဖြစ်သို့ ရော
က်ရှိသွားရှာသည့် ကိုရိုး တစ်ဖြစ်လည်း ကိုရိုးသစ်ပင်ကြီး ဖြစ်နေခဲ့ခြင်း ဖြစ်သည်ဟု ဆိုပါသည်။၄င်းအဖြစ်အပျ
က် အကြောင်းအရာများက ယနေ့ ကျွန်တော်တို့ ” ကိုရိုး ကိုရိုး” သို့မဟုတ် “ဥသြ ဥသြ” ဟု ဆွေးဆွေးလျလျ
အော်မြည်သံကလေးများကို ကြားနေခဲ့ကြရခြင်း၏ အကြောင်း သို့မဟုတ် နွေဦးကို တေးဆိုကာ ကြိုတတ်သည့်
ဥသြငှက်ငယ်ကလေးများ အကြောင်း သို့မဟုတ် ပုံပြင်ကလေးပင် ဖြစ်သည်ဟု ဆိုပါသည်။
မည်သို့ပင် ဆိုစေကာမှု ဥသြတွန်သံချိုချိုတို့၏နောက်မှ ရွှေရောင်လို တောက်နေသည့် နေရောင်ခြ
ည်တို့ ပေါက်ရောက်ရှင်သန်ရာ “နွေ “ဟု အမည်ရှိသည့် လွပေသာ သာယာသော ရာသီတစ္ခု ရောက်ရှိလာ
လိမ့်မည်ဆိုတာကတော့မလွဲ အသေအချာပင် ဖြစ်ပါသည်။ဆွေလျလျ ဥသြသံချိုတို့၏ နောက်မှ အညွှန့်၊အဖူးကေ
လးများဖြင့် စိမ်းလန်းဝေစီနေသည့် သစ်ပင် သစ်ခက်များကို တွေ့ရမည့် နေ့ရက်တို့ ရောက်ရှိလာတော့မည် ဆို
သည်က မလွဲအသေအချာပင် ဖြစ်ပါသည်။အမှန်တကယ်လည်း ဥသြသံတို့၏ လှုက်နိုးမှုမှာ နွေးဦးက သေချာေ
ပါက်ပင် အသက်ဝင် နိုးထ လာလိမ့်မည်ဖြစ်ပါသည်။အထူးသဖြင့် နွေကြိုငှက်တို့၏ ဆွဲဆာင်မှု နွေအဦး၌ ပျော်ရွှင်
မြူးထူးတတ်သည့် လေရူူးတို၏ နှိုးဆော်မှုတို့ကြောင့် နွေဦး၏ သငေ်္ကတများဖြစ်သည့် ကံ့ကော် သရဖီ အစရွိသ
ည့် နွေကြိုပန်းတို့၏ ရနံတို့က သေချာပေါက်ပင် သင်းပျံမွှေးကြိုင် လာကြတော့မည် ဖြစ်ပါသည်။
သေချာသည်က နွေ ဆိုသည့် ရာသီတစ္ခု မရှိလျှင် သဘာဝတရားကြီး၏ အလွအပ ကမ်ဘာကြီး၏
အလွအပက ပြည်စုံနိုင်လိမ့်မည်မဟုတ်သလို ဥသြသံချိုမြမြကို မကြားရသည့် နွေဦးရက်များဆိုသည်ကလည်း
ဆားမပါသည့် ဟင်းတမယ်ကိုစားရသလို အရသာ မပြည်စုံဖြစ်နေလိမ့်မည်သာ ဖြစ်ပါသည်ထို့အတူ နွေဦး၏ ပုံ
ပြင် သို့မဟုတ် ကိုရိုးငှက် ပုံပြင်ကလေး၏ အကြောင်းကို သိနေမှသာလည်း ဥသြငှက်ငယ်တို့၏ တြန္သံ ဆွေးေ
ဆွးမြမြ၏ အရသာကို ခံစားရရှိနိုင်လိမ့်မည် ဖြစ်ပါသည်ဆိုသည့် အကြောင်း။
မင်းည
Daily Eleven
26 1.2022

About The Author

greenness_mm

No Comments

Leave a Reply