နွေးစေထွေး ဝေးဝေးနေ မိုးစက်တွေ

နွေးစေထွေး ဝေးဝေးနေ မိုးစက်တွေ

ညနေစောင်းလာတော့ အေအးဓာတ္က အနည်းငယ်ဝင်လာခဲ့ပြီ။ခြံရဲ့ တာထိပ္ကေန လယ်ကွင်းပြင်ဘက်ကို အကြည့်က အလိုလို ရောက်သွားခဲ့တယ်။တချို့ ထောင်လျက်သား စပါးပင်တွေ၊တချို့ ကိုင်းညွှတ်နေတဲ့ စပါးပင်တွေကို ကျွန်တော် ငေးကြည့်နေမိတယ်။မြောက်လေနဲ့အတူပါလာတဲ့ လယ်သင်းရနံ့တွေက ကျွန်တော့်စိတ်ထဲ တစ်မျိုးတစ်ဖုံ ကြည်နူးသွားသလို ခံစားလိုက်ရတယ်။ကျွန်တော် အသက္ကို တဝကြီး ရှုလိုက်မိတယ်။ကျွန်တော့် အဆုတ်ထဲမှာ ရိတ်သိမ်းလို့ရပြီဖြစ်တဲ့ စပါးနှံတွေ လေအတိုးမှာ ဝင်ရောက်လှုပ်ယမ်းသွားသလိုပဲ ခံစားလိုက်ရတယ်။ကောက်ရိတ်ပြီး ပြန်လာကြတဲ့ လယ်သူမတချို့ကို ဟိုးခပ်ဝေးဝေး လယ်ကန်သင်းရိုးပေါ်ကနေ လမ်းလျှောက်ပြန်လာကြတာကိုလည်း တွေ့နေရတယ်။တချို့က သီချင်းညည်းလို့။တချို့က ရယ်မော စကားပြောလို့။တချို့က တံစဉ်တွေကို ဘဝအပေါ် ထမ်းတင်လို့။
ညက ပျိုမျစ်လာခဲ့ပြီ။ဝန်းကျင်က အနည်းငယ် မှောင်လာခဲ့ပြီ။မြေမျက်နှာသွင်ပြင်က အရောင်တချို့ကို ပြောင်းလဲပစ်ဖို့ ကြိုးစားနေခဲ့ပြီ။လယ်ကွင်းပြင်ထဲမှာလည်း အနည်းငယ် မှောင်လာခဲ့ပြီ။စပါးပင်တွေလည်း ဝိုးတဝါး။သစ်ပင်တောတန်းတွေလည်း ဝိုးတဝါး။ကောင်းကင်ပြင်လည်း ဝိုးတဝါး။ဒါပေမဲ့ လပြည့်ကျော်ရုံ လမင်းကြီးကတော့ တောက်ပမှုအရောင် ကျသွားရုံကလွဲပြီး လပြည့်ညရဲ့ ဝိုင်းစက်မှုအတိုင်း သစ်ပင်တောတန်းတွေနဲ့ နီးနီးကပ်ကပ်မှာ လိမေ္မာ်ရောင်အသွေးနဲ့ ထင်လင်းလို့ နေနေသေးတယ်။ပိုးကောင်ငယ်လေးတွေကတော့ ညထဲမွာ ဆူညံလို့နေမြဲပဲ။ကျွန်တော် တစ်စုံတစ်ရာကို သတိရနေမိတယ်။ချစ်ခြင်းတရားနဲ့ ယက္လုပ္ထားတဲ့ မိုးကောင်းကင်အခုံးအောက်က ညတွေကိုပေါ့။သူမရဲ့နွေးထွေးတဲ့ လက်အစုံ။သိမ်မွေ့တဲ့ လရောင်။ကျွန်တော် ရုန်းမထွက်နိုင်တဲ့ အကြင်နာတရားတွေအကြောင်းရောပေါ့။
အခုတော့ မိုးချုပ်စပြုလာတဲ့ ညအစထဲမှာတော့ လယ်ကွင်းပြင်နဲ့ လရောင်က ကျွန်တော့်ကို လယ်ကွင်းထိပ်မှာ အချိန်ကြာကြာနေရအောင် ဆွဲဆောင်နေခဲ့တယ်။ကျွန်တော် အဲဒီအချိန်မှာ မနက်ခင်းတွေကို သတိမရတော့။နေ့လယ်ခင်းတွေကို သတိမရေတာ့။အခုလို ညခင်းထဲမှာသာ တွေးချင်ရာတွေးပြီး ရပ်ငေးနေခဲ့မိတယ်။ငယ်ငယ်ကဆိုရင် လယ်ယာချောင်းမြောင်းတွေထဲမှာသာ ကြီးပြင်းလာခဲ့ရတဲ့ ကျွန်တော့်အတွက် စပါးပင်တွေ၊လယ်ကွင်းပြင်တွေဆိုတာက တကယ့်မိတ်ဆွေရင်းချာတွေလိုပဲ။ကျွန်တော် ချစ်လည်းချစ်တယ်။ကောက်စိုက်နေကြပုံတွေကို ချစ်တယ်။ပျိုးနုတ်နေကြပုံတွေကို ချစ်တယ်။ကောက်ရိတ်နေကြပုံတွေကို ချစ်တယ်။စပါးခြွေလှေ့နေကြပုံတွေကို ချစ်တယ်။နောက်ပြီးတော့ ကောက်ပင်တွေ၊စပါးပင်တွေကို ချစ်တယ်။ငယ်ငယ်တုန်းက ကျောင်းစာတွေထဲကလို “တောင်သူလယ်သမားကြီးတွေဟာ ကျေးဇူးရှင်ကြီးတွေပဲ”ဆိုသမျိုး မဟုတ်ပဲနဲ့ သူ့ဘာသာကို ကျွန်တော် လယ်ကွင်းတွေ၊စပါးပင်တွေကို ချစ်နေခဲ့တယ် ဆိုပါစို့။
လယ်ကွင်းထိပ် တာကေန ဘုန်းကြီးကျောင်း ဘုရားပရဝဏ်ထဲ ပြန်လျှောက်လာခဲ့တယ်။ဘုရားပရဝဏ်ထဲရောက်လို့ သိပ်မကြာခင်မှာပဲ မထင်မှတ်ဘဲ မိုးက ရွာချလာခဲ့တယ်။မိုးရေစက်တွေကို ငေးကြည့်နေရင်း ကျွန်တော် မိုးရေစက်တွေကို မုန်းတီးသွားမိတယ်။ဒီမိုးရေစက်တွေဟာ သိပ်အတင့်ရဲပြီး မျက်နှာပြောင်တိုက်လွန်းရာကျတယ်လို့ စိတ်ထဲ အတော်လေး ကသိကအောက် ဖြစ်သွားမိတယ်။မိုးကတော့ တစ္ခ်က္ကေလးမွ ရပ်နားမသွားခဲ့ဘူး။ဝန်းကျင်ကလည်း အစစအရာရာ ပြောင်းလဲကုန်ကြပြီ။ဝိုင်းစက်နေတဲ့ လိမေ္မာ်ရောင် လမင်းကြီးကိုလည်း တိမ်မည်းတိမ်ညိုတွေက ဖုံးအုပ်သွားခဲ့ပြီလေ။သစ်ပင်တောတန်းတွေ၊လယ်ကွင်းပြင်တွေထဲမှာ မိုးရေစက်တွေက ဒုန်းဆိုင်းပြေးလွှားနေကြတယ်။ညနေဘက်မြင်ကွင်းထဲမှာ ထိုးထိုးထောင်ထောင်ဖြစ်နေတဲ့ စပါးပင်တွေဟာလည်း လယ်ကွက်ထဲက မြေသားပေါ်မှာ ပိပြားကုန်ကြပြီ။ကောင်းကင်နဲ့ မြေပြင်ရဲ့ အဟဟာ ပိုမိုခြားနားသွားခဲ့ရပြီ။ဒါဟာ အင်မတန်မှ ဝမ်းနည်းစရာကောင်းတဲ့ အဖြစ်အပျက်လို့ ကျွန်တော် ကြိတ်မှိတ်လက်ခံလိုက်ရတယ်။စိတ်ထဲလည်း မကောင်းဖြစ်နေခဲ့ရတယ်။ကျွန်တော့်အတွေးတွေဟာလည်း မိုးရေစက်တွေထဲမှာ မျောချင်ရာ မျောပါနေခဲ့တယ်။
ရေမြုပ်နေတဲ့ လယ်ကွင်းပြင်ထဲမှာ လူလေးငါးယောက်တစ်စုက တစ်နေရာမှာ မီးရောင်မှိန်မှိန်လေးနဲ့။နောက်ထပ် လူလေးငါးယောက် တစ်စုကလည်း လယ်ကွင်းပြင်ရဲ့ တစ်နေရာမှာ မီးရောင်မှိန်မှိန်လေးနဲ့။ဒီလိုနဲ့ လယ်ကွင်းပြင် တစ္နံတလ်ားမွာ လူအစုပေါင်းများစွာဟာ ရေမျောနေတဲ့ ရိတ်ဖြတ်ပြီးသား ကောက်ပင်တွေကို နွားတွေ၊ကျွဲတွေနဲ့ စပါးနယ်နေကြတယ်။ကျွဲနွားတွေနဲ့ နယ်ပြီးသား ကောင်ပင်(ကောက်ပြန့်)တွေကို ရေစက်လက်နဲ့ စပါးအသီးရဖို့အေရး ခါချနေကြရ၊ချေွယူနေကြရတယ်။သူတို့ရဲ့ စိတ်ထဲမှာ ရေထဲကနေ ဆယ်ယူနေရတဲ့ စပါးပင်တွေဟာ စပါးအစစ်မှ ဟုတ်ရဲ့လားလို့ သံသယဝင်နေကြရတယ်။စပါးအရောင်က သိပ်မဝါတော့။စိတ်အတွေးတွေကလည်း မကြည်လင်တော့။အဲဒီလိုပဲ ကောင်းကင်ကလည်း မကြည်လင်တော့။လရောင် ကြယ်ရောင်တွေကိုလည်း တိမ်မည်းတိမ်ညိုတွေက ဖုံးအုပ်လို့ထားခဲ့ပြီ။သူတို့ရဲ့ သိစိတ်တွေထဲမှာ ဒီညေတာ့ အိပ်စက်အနားယူဖို့ရာ မဖြစ်နိုင်တော့မှန်းလည်း သိနေကြပြီ။တစ်နှစ်ပတ်လည်လုံး ကြိုးစားလာခဲ့ရသမျှ “ခဲလေသမျှ သဲရေကျ”ဆိုသလို အဖြစ်မျိုး ဆိုက်နေမှန်းလည်း သတိပြုမိနေကြပြီလေ။အဲဒီတော့ မျှော်လင့်ချက်ဆိုတာ သူတို့အတွက် ဘာလဲ။လရောင်၊ကြယ်ရောင်တွေ ပြန်သာလာမှာကိုလား၊ဒါကလည်း ဖြစ်နိုင်ချေနည်းတယ်။ညတွင်းချင်း နေပြန်ပွင့်လာမှာကိုလား၊ဒါကလည်းမဖြစ်နိုင်ပြန်။သေချာတာကတော့ နောက်ရက်တွေကျရင် အခုလို ရေမြုပ်နေတဲ့ စပါးတွေ အညှောက်ပေါက်ပြီး ပျက်စီးမယ်၊အများဆုံးမျှော်လင့်ချက်က စပါးအဝယ်ဒိုင်တွေမှာ ဈေးအနှိမ်ခံရမယ် ဆိုတာပါပဲ။အဲဒီတော့ သူတို့တွေဟာ တစ်ရာသီလုံး ကြိုးစားလာခဲ့ရသမျှကို တစ်ညတည်းမှာ လွင့်ပစ်လိုက်ရတယ်ဆိုတဲ့ ခံစားချက်နဲ့ ကောက်ပြန့်ထဲက စပါးတွေကို ရနိုင်သမျှသာ ခါချနေရတော့တယ် ဆိုတာပါပဲ။
မိုးတိတ်သွားခဲ့တော့ ကျွန်တော် ဘုရားပရဝဏ်ထဲကနေ လယ်ကွင်းပြင်ဘက်ကိုပဲ ငေးမောကြည့်နေခဲ့မိပြန်တယ်။
ပိုးကောင်ငယ်လေးတွေရဲ့ အသံတွေနဲ့အတူ ဖားအော်သံလေးတွေကိုပါ တိုးပြီး ကြားနေခဲ့ရတယ်။မိုးရွာပြီးစအချိန် ဖြစ်နေခဲ့တာကိုး။လယ်ကွင်းပြင်ထဲက စပါးပင်တွေကတော့ ကျွန်တော်ထင်တဲ့အတိုင်းပဲ အတော်များများ မြေပြင်ပေါ်မှာ ပြားကပ်ကုန်ကြပြီ။လယ်သမားတွေအတွက် မနက်ဖြန်ဆိုတဲ့အရာကို ကျွန်တော် မတွေးဝံ့တော့။ဒါပေမဲ့ တိမ်မည်းတိမ်ညိုတွေထဲမှာ ပျောက်ကွယ်သွားခဲ့တဲ့ လိမေ္မာ်ရောင် လမင်းကြီးကတော့ ပြန်လည်ပေါ်ထွက်လာခဲ့ပြန်တယ်။သူလည်း မိုးရေစက်တွေလိုပဲ မျက်နှာပြောင်တိုက်နေတာလားတော့ ကျွန်တော်မသိ။
ပြည်သစ်ဟန်
DailyEleven သတင်းစာ 4.12.2021 တွင် ဖော်ပြထားသော အက်ဆေးအား ပြန်လည်ဖော်ပြခြင်း ဖြစ်ပါသည်။

About The Author

greenness_mm

No Comments

Leave a Reply