နှင်းတွေဆင်းတဲ့လမ်း
ဟောဒီလမ်းကို ကျွန်တော် သတိထားမိတာ ဟိုးအရင် လေးငါးခြောက်နှစ်အရွယ်၊ကလေးဘဝကတည်းကဆိုပါတော့။
ဟောဒီလို ဆောင်းလရာသီရောက်လာပြီဆိုရင် ကျွန်တော်သွားလေ့ရှိတဲ့လမ်းမတစ်ခုရဲ့ဘေးက မြက်ပင်တွေမှာအကိုင်းတွေညွှတ်အောင်သီးနေတဲ့ ရေစက်ကလေးတွေကို အျမဲ တွေ့ရလေ့ရှိတယ်။ အဲဒီ ရေစက်ကလေးတွေကိုမြင်ပြီဆိုရင် ကျွန်တော်က လက်ကလေးနဲ့ သွားတောက်လိုက်ရမှ ဒါမှမဟုတ် အဲဒီရေစက်ကလေးတွေကို လက်ဖျားကလေးတွေနဲ့ သဲ့ယူလိုက်ရမှ စိတ်ကျေနပ်သွားတာ။ အေဖကေတာ့ အဲဒီ မြက်ပင်ဖျားက ရေစက်ကလေးတွေကို နှင်းသီးကလေးတွေလို့ ခေါ်ကြောင်း ပြောပြဖူးတယ်။ ကျွန်တော်ဟာ အဲဒီနှင်းသီးကလေးတွေကို ဆောင်းဦးမနက်တွေထဲက တစ်ရက်ရက်မှာ သွားပြီး ခူးလေ့ရှိတယ်။ တစ်ခါတစ်ခါ စိတ်လိုလက်ရရှိတဲ့အခါ မနက်ခင်းတိုင်းလုနီပါးသွားခူးလေးရှိတယ်။ နှင်းသီးကလေးတွေကိုခူးတဲ့အခါ အေးစက်တဲ့အထိအတွေ့နဲ့အတူ မြက်ပင်ဖျားတို့ရဲ့ နှင်းလူးရနံ့ကိုပါ ရလေ့ရှိတယ်။ မြက်ခင်းပြင်ကြီးမှာပဲဖြစ်ဖြစ် ၊လမ်းဘေးက မြက်ပင်ကလေးတွေဆီမှာပဲဖြစ်ဖြစ် မြက်ပင်ကိုင်းဖျားတွေမှာနှင်းတွေအိကျနေအောင်သီးနေတာကိုမြင်ရင် အဲဒီ နှင်းတောထဲကို ကျွန်တော် မသြားဘဲ မနေနိုင်ဘူး။ လူတွေက ချမ်းချမ်းအေးအေးနဲ့ ဘာတွေလုပ်နေတာလဲလို့မေးရင် ကျွန်တော်က နှင်းသီးခူးနေတာလို့ပဲ ဖြေမိတယ် ။ ဒါဟာ ရောဂါတစ်မျိုးလားတော့ ကျွန်တော်လည်း ပြောမပြတတ်ဘူး။ လူတချို့ကတော့ ကျွန်တော့်ကို ရူးနေပြီလို့ ရင့်ရင့်သီးသီးပြောကြတာတွေရှိတယ်။ လူဆိုတာမျိုးက ကိုယ့်အရသာကို ကိုယ်ရှာဖွေရင်းရူးနေကြတာပဲမဟုတ်လား။ ဘာဖြစ်လို့ အရသာအပျက်ခံပြီး အရေးလုပ်နေရဦးမှာလဲ။
အဲဒီ နှင်းသီးတွေဟာ သစ်ပင်ကြီးတွေပေါ်မှာလည်း ရှိနေတတ်ကြတာပဲ။ ဒါပေမဲ့ မြက်ပင်ဖျားက နှင်းသီးတွေလောက်တော့ မကြီးဘူး၊ မလွဘူး။ သူတို့အရွယ်က နှင်းစက်ကလေးတွေအဆင့်လောက်ပဲရှိတာ။ နှင်းစက်တွေနဲ့ စိုအိတွဲကျနေတဲ့ သစ်ရွက်တွေဟာ လွေတာ့လွပါရဲ့။ ဒါပေမဲ့ လမ်းဘေးကမြက်ပင်တွေပေါ်မှာ ကိုင်းကျနေတဲ့ နှင်းသီးတွေလောက်တော့မလှဘူး။ ကျေးငှက်တွေ နိုးလာလို့ အတောင်ဆန့်ပြီးပျံသန်းလိုက်တဲ့အခါ သစ်ရွက်တွေပေါ်က နှင်းစက်တွေဟာ အထိတ်တလန့်နဲ့ အုပ်စုကြီးလိုက် ဝုန်းခနဲ ခုန်ဆင်းလာတာကို မြင်ရလေ့ရှိတယ်။ တချို့နှင်းစက်တွေဟာ ကျေးငှက်တွေရဲ့ အတောင်ဖားဖားကြီးတွေကို ကြောက်လွန်းလို့ထင်ပါရဲ့။ သစ်ရွက်တွေကြားထဲမှာ တိတ်တိတ်ကလေးပုန်းနေကြတာကိုတွေ့ရတယ်။ တချို့နှင်းစက်တွေဆိုရင် သစ်ရွက်တွေဆီမှာ ပြုတ်မကျအောင်ကုတ်တွယ်ထားတာကို တွေ့ရတယ်။ သစ်ကိုင်းလွတ်မှာ ကြောက်နေတဲ့ မျောက်ငယ်ကလေးတွေ သူတို့အေမရဲ့ ဝမ်းဗိုက်မှာ အပီအပြင်တွယ်ကပ်နေသလို သစ်ရွက်တွေဆီမှာ နှင်းစက်တွေ တွယ်ကပ်နေပုံက သူတို့ရဲ့ထိတ်လန့်နေမှုကို အတိုင်းသားမြင်နေရတယ်။ ဘာလုပ်မှာလဲ။ အဲဒီသစ်ပင်ပေါ်မှာ မတင်မကျဘဝနဲ့ အရည်ပျော်သွားရမှာမျိုးကို။ မြက်ခင်းထဲခုန်ချပြီး အလှဆုံးနေထိုင်လိုက်ပါတော့လား။
မြက်ပင်ထိပ်ဖျားမှာ ညွှတ်နေအောင်သီးနေတဲ့ နှင်းသီးကလေးတွေဟာ မြက်ပင်ကနေသီးတာမျိုး မဟုတ်ဘူးဆိုတာကိုတော့ ငယ်ငယ္က သူငယ်ချင်းတွေနဲ့အပြိုင်ငြင်းဖူးတယ်။ သူတို့က နှင်းသီးကလေးတွေဟာ မြက်ပင်တွေထဲကနေ တိုးထြက္လာတာတဲ့။ မဖြစ်နိုင်တာပဲ။ နှင်းသီးကလေးတွေသီးဖို့အတွက် နှင်းပွင့်ကလေးတွေ မလိုအပ္ဘူးလား။ ဘယ်မှာလဲ နှင်းပွင့်ကလေးတွေ။ ဒါဟာ မြေဩဇာကောင်းလို့ သီးလာတဲ့ အသီးမျိုးမှ မဟုတ္တာ။ ဟောဒီနှင်းသီးကလေးတွေဟာ နတ်ဒေဝါတစ်ပါးပါးက ယူဆောင်လာပြီး မြက်ပင်ထိပ်ဖျားမှာ ချထားခံခဲ့တာမျိုး ဖြစ်နိုင်တယ်လို့ ကိုရင်လူထွက် သူငယ်ချင်းကတစ်ယောက်က ပြောပြတယ်။ သူပြောပြတာ နားထောင်လို့တော့ကောင်းပါရဲ့ ယုတ္တိမဲ့ရင် ဇာတ်လမ်းက အလကားပဲ။ အဲဒီတုန်းက ကောင်းကင်ကြီးကို အချိန်အတော်ကြာတဲ့အထိ ကျွန်တော် မော့ကြည့်ဖြစ်သေးတယ်။ သူ့ဆီကများ လာတာလားလို့ပေါ့။ သူ့ကိုကြည့်လိုက်တော့လည်း ကြည်လင်ပြာလဲ့လို့။ ဒီလောက်အထိ ကြည်လင်ပြာလဲ့နေတဲ့ကောင်းကင်ကြီးဆီကတော့ နှင်းသီးကလေးတွေလာတာ ဘယ္လိုမွ မဖြစ်နိုင်ဘူးဆိုပြီး ပိတ်ဆို့နေတဲ့အတွေးနဲ့တွေးခဲ့ဖူးတယ်။ အေဖ့ကို မေးကြည့်တော့ လေထုထဲကလာတာတဲ့။ လေထုဆိုတာ ဘယ်လိုဟာကြီးလဲလို့ မေးတော့ ကောင်းကင်ကြီးကို လက်ညှိုးနဲ့ထိုးပြတယ်။ အဲဒါ လေထုပဲတဲ့။ အဲဒါ နှင်းတွေဆင်းလာတဲ့လမ်းပဲတဲ့။ အေဖဟာ လေထုနဲ့ကောင်းကင်ကို ရောပြီးပြောသွားတယ်။ ဘယ်ဟာ လေထု ဘယ်ဟာ ကောင်းကင်ဆိုပြီးတော့ တိတိကျကျပြောသွားသင့်တာပေါ့။ ဒါမှမဟုတ် အဖေပြောတဲ့ လေထုဆိုတာ မင်းပြောတဲ့ ကောင်းကင်ကြီးကိုပြောတာပဲလို့ပြောသွားသင့်တာပေါ့။ အခုတော့ ကောင်းကင်ကြီးကို လက်ညှိုးထိုးပြီး အဲဒါလေထုပဲတဲ့။
နှင်းတွေဟာ ကိုယ်ရောင်ဖျောက်နိုင်တဲ့နတ်သမီးကလေးတွေ ဖြစ်ပြီး တစ်ညလုံးလှည့်လည်သွားလာနေကြတယ်လို့ ပုံပြင်တွေအမြဲဖတ်လေ့ရှိတဲ့သူငယ်ချင်းတစ်ယောက်က ပြောပြန်တယ်။ သူ့ပြောစကားအရဆို နှင်းနတ်သမီးကလေးတွေဟာ ဟိုး ကောင်းကင်ထဲကနေ ကိုယ်ရောင်ဖျောက်ပြီး ရောက်လာတာဆိုပဲ။ မြက်ခင်းတွေထဲကို လမ်းဆင်းလျှောက်ရာကနေ မြက်ပင်တွေပေါ်မှာပဲ လျောင်းစက်ရင်း အိပ်ပျော်သွားပြီး ဒီလို ရေစက်ကလေးတွေ ကျန်ရစ်ခဲ့တာတဲ့။ ဒီလိုဖြူဖွေးနေတဲ့ နှင်းရေစက်ကလေးတွေဟာ နတ်သမီးဘဝက ဆင်းသက်လာတာဖြစ်နိုင်ကြောင်း ကျန်တဲ့သူငယ်ချင်းတွေကပါ ထောက်ခံပြောဆိုကြတယ်။ သူတို့ဘယ်လိုပဲပြောကြပါစေ။ ကျွန်တော်စိတ်ဝင်စားတာက နှင်းတွေရဲ့ရာဇဝင်ကို မဟုတ္ဘူး။ နှင်းတွေ ဘယ်အရပ်ကနေဆင်းလာတာလဲ၊ သူတို့ရဲ့လမ်းက ဘယ်နေရာမှာလဲဆိုတာတွေပဲ သိချင်တယ်။ သူတို့ဟာ အမြင့်တစ်နေရာက ကျလာတာတော့ သေချာသလောက်နီးပါးရှိနေပြီ။ အဖေပြောတဲ့လေထုထဲက ဆိုတာမျိုးလား။
ကျွန်တော် အရွယ်ကလေးရောက်လာတော့ နှင်းတွေရဲ့လမ်းဟာ ကျွန်တော်ငယ်ငယ်က ထင်ကြေးပေးခဲ့ကောင်းကင်ဖြစ်ပြီး အေဖ ပြောခဲ့တဲ့ လေထုကြီး ဖြစ်နေပါရောလား။ ဒါကြောင့်အဖေက ကျွန်တော့်ကို မကြာခဏပြောခဲ့ဖူးတာ။”ငါ့အရွယ်မှ သိရမဲ့အကြောင်းအရာတွေက ငါ့အရွယ်ရောက်မှပဲ မင်း သိရမွာ”တဲ့။ အခု ကျွန်တော် သိလာရပြီလေ။ ဒီလိုသိလာရတာလည်း နှင်းတွေရဲ့လမ်းကြောင်းကို ကျွန်တော်ခြေရာမပြတ်လိုက်ခဲ့တာကြောင့်လည်း ပါမွေပါ့။ ဒါတောင် သူတို့က နွေရာသီနဲ့ မိုးရာသီဆိုရင် ခြေရာဖျောက်ဖျောက်သွားကြတယ်။ ကျွန်တော် မေ့လောက်ပြီထင်မှ သူတို့ပြန်ရောက်လာတတ်ကြတယ်။ သူတို့ ဘယ္လိုပဲ ခြေရာဖျောက်ဖျောက်ပါစေ ကျွန်တော် ခြေရာကောက်နေသမျှတော့ သူတို့ ဘယ္လိုမွ ခြေရာမပျောက်နိုင်ဘူး။ ကြီးကြီးကျယ်ကျယ်ပြောရရင် ဒါဟာ ကျွန်တော်အမြဲယုံကြည်နေတဲ့အမှန်တရားပဲ။
နှင်းတွေဟာ ခြေသံ သိပ္ကို လုံကြတယ်။ ဖျောက်ဖျောက်ဆိုတဲ့အသံကလေးတောင် မကြားရစေဘဲ လမ်းလျှောက်တတ်ကြတယ်။ တစ်ခါတစ်ခါ ဘယ်သူမွ မကြားရအောင် အိမ်ခေါင်မိုးပေါ်ကို အသာကေလး လျှောဆင်းလာကြတယ်။ ဒါပေမဲ့ ကျွန်တော်က သူတို့ရဲ့အသံကို နားစွင့်နေသူတစ်ယောက်ဆိုတော့ ကျွန်တော့်ရဲ့ အကြားအာရုံက သူတို့ရဲ့ခြေသံတွေကို ပြတ်ပြတ်သားသား ကြားရတယ်။ သူတို့ဟာ မကြာခဏဆိုသလို ကျွန်တော့်ကို ကျီစားလေ့ရှိတာလည်း ကျွန်တော်သိတယ်။ သူတို့ရဲ့အသံကိုကြားရလို့ ကျွန်တော်ထွက်ကြည့်မိတဲ့အခါမျိုးမှာ သူတို့ရွိမေနသလို တိတ်ဆိတ်နေတတ်ကြတယ်။ ကျွန်တော်က သူတို့ကို မသိဟန်ဆောင်ပြုလိုက်တဲ့အခါမျိုးမှာမှ ကျွန်တော့်ကိုယ်ပေါ် ကို ဖြဲခနဲ ရောက်လာတတ်ကြတယ်။ ဒါဟာ ကျွန်တော်နဲ့ နှင်းစက်ကလေးတွေရဲ့ ဆက်နွယ်မှုသံယောဇဉ်တစ်မျိုးပါပဲ။
ကျောက်တုံးသေးသေးကလေးတွေပေါ်မှာ ကပ်နေတဲ့ နှင်းစက်ကလေးတွေကို မြင်ရတဲ့အခါ ကျွန်တော် သိပ်စိတ်မကောင်းဘူး။ သူတို့ဟာ ကောင်းကင်တစ်ခုတည်းကလာတာချင်းအတူတူ နှင်းမှုန်နှင်းစက်ဘဝနဲ့ပဲ အရည်ပျော်သွားကြတယ်။ မြက်ပင်ဖျားက နှင်းသီးကလေးတွေလို လွပတဲ့ဘဝတစ္ခုကို ရမသွားကြဘူး။ ဒါဟာ သူတို့ပြုခဲ့ဖူးတဲ့ရှေးကုသိုလ်ကံနဲ့များဆိုင်လေမလားပဲ။ သူတိုလည်း ဒီကောင်းကင်ကြီး(အဖေပြောတဲ့လေထု)ထဲက လာတာပဲ။ တစ်လမ်းထဲကလာကြပေမဲ့ တစ်ဘဝဆီဖြစ်သွားကြတာ ကံ၊ ကံ၏အကျိုးလို့ပဲ ပြောလို့ရမလားမသိဘူး။ သူတို့ကိုကြည့်ပြီး စိတ်မကောင်းဖြစ်မိပေမဲ့ ကိုယ်ဘာမှမတတ်နိုင်တဲ့အခါ ဒီလိုပဲ ထိုင်ကြည့်နေရမှာပဲမဟုတ်ဘူးလား။ တရားဓမ္မနဲ့ ယှဉ်ပြောရရင် နေရာအထားအသိုက အဓိကမက်ပါဘူး။ ဘယ်လိုစွတ်စိုပြီး ဘယ်လိုခြောက်သွေ့သွားမလဲဆိုတာကပဲ အရေးကြီးမယ်ထင်ပါတယ်။ ဒါပေမဲ့ အရေးကြီးတယ်၊မကြီးဘူးဆိုတာကလည်း မခြောက်သွေ့ခင်အတွင်း ရူးသွပ်ကြတဲ့အရာတွေပါပဲ။
မြက်ပင်ထိပ်ဖျားက နှင်းသီးကလေးတစ်လုံးကို ကျွန်တော် လက်နဲ့တောက်ကြည့်လိုက်ပြန်တယ်။ ဖြာခနဲ လွင့်စင်သွားပြီး အခြားမြက်ပင်တွေဆီ တကြဲတျပား ရောက်ရှိသွားကြတယ်။ မြက်ပင်ကိုင်ဖျားဟာ လှုပ်ခါပြီးကျန်ရစ်ခဲ့တယ်။ မြက်ပင်ကလေးဟာ နှင်းတောထဲက ယုန်ကလေးတစ်ကောင် အမွေးတွေ ဖွာခနဲ့ ခါလိုက်ပုံနဲ့တူနေတယ်။ လေနုအေးကလေးက ဆောင်းမနက်ထဲ ကြည်ကြည်သာသာတိုးဝင်လာတယ်။ သဘာဝကပေးတဲ့အခမဲ့လက်ဆောင်ဖြစ်လို့ အဲဒီလေကို ကျွန်တော် တဝကြီးရှူရှိုက်လိုက်တယ်။ ရင်ထဲမှာ လှိုက်ခနဲ့ အေးမြသွားပြီး အတိတ္တစ္ခုရဲ့ ရနံ့တွေကို ရှူရှိုက်လိုက်ရသလိုပဲ။ နှင်းတွေရဲ့ရနံ့တွေကတော့ ငယ်ငယ်ကအတိုင်းပဲ။ လတ်ဆတ်မြဲ လတ္ဆတ္လို့။ ကျွန်တော် ကောင်းကင်ဆီမော့ကြည့်လိုက်တော့ နှင်းစက်ကလေးတွေက ကျွန်တော့်ဆီ စိတ်လိုလက်ရ ခုန်ဆင်းလာကြတယ်။ ကျွန်တော်ရဲ့ အဖြူရောင် နှုတ်ခမ်းမွေးတွေနဲ့ မုတ်ဆိတ်မွေးတွေဆီကို သူတို့ လာရောက်ကပ်ငြိကြတယ်။ ကျွန်တော်က အလိုက်သင့် မျက်နှာကိုမော့ပြီး လက်နှစ်ဘက်ကိုဆန့်ဖြန့်ထားတယ်။ သူတို့ဟာ ကျွန်တော်ကချစ်တဲ့ ကျွန်တော့်ကိုချစ်ကြတဲ့ ဟောဒီကမ်ဘာမြေက သေးသေးကလေးတွေလေ။ ဒီတစ်ခါ သူတို့ရောက်လာပုံက တိတ်တဆိတ်မဟုတ်။ ခြေသံပြင်းပြင်းနဲ့ကို ရောက်လာကြတယ်။ ကျွန်တော့်ကိုတွေ့ချင်ဇောနဲ့ ပြေးလာကြတယ်ထင်ပါရဲ့။
ခဏနေရင်တော့ နှင်းနတ်သမီးတွေရဲ့ အလှပြလမ်းလျှောက်ပွဲကြီး ပြီးပါတော့မယ်။ သူတို့ဟာ ဟောဒီမြက်ပင်တွေထဲခုန်ဆင်းပြီး နှင်းသီးကလေးတွေအဖြစ်နဲ့ အရည်ပျော်သွားကြဦးမယ်။ ကျွန်တော်တို့မှာရော ခုန်ဆင်းစရာတစ်ခုခု ရှာဖွေတွေ့ရှိနေပါပြီလား။ ကျွန်တော်တို့ ဘယ်နေရာမှာ ဘယ်လိုအရည်ပျော်ကြမလဲ။ ကျွန်တော်တို့မသိကြဘူး။ ကျွန်တော်ကတော့ နှင်းတွေဆင်းတဲ့လမ်းကလွဲပြီး ဘာကိုမွ မသိချင်ဘူး။ ဘယ်နေရာမှာ ခုန်ဆင်းရမလဲဆိုတာကိုလည်း စိတ်မဝင်စားဘူး။ ဘယ်လိုအရည်ပျော်ရမလဲဆိုတာကိုလည်း မသိချင်ဘူး။ ကျွန်တော်မှ သိခွင့်မရတဲ့လမ်းကို ကျွန်တော် ဘာလို့ ရှာဖွေနေဦးမှာလဲ။
ဟော ဟိုမွာ ဟော ဒီမနက်ရဲ့ နှုတ်ဆက်နှင်းကလေးတွေထင်ပါရဲ။ ဟောဒီလမ်းမှာ နောက်ဆုံးလာတတ်တဲ့ နှင်းကလေးတွေလေ။ သူတို့ကေတာ့ မြက်ပင်တွေပေါ်ကိုခုန်ဆင်းနေကြပေမဲ့ နှင်းသီးမသီးနိုင်တော့ပါဘူး။ ဟောကြည့်။ သူတို့ပုံစံက အားအင်ချိနဲ့လိုက်တာ။ ဒါပေမဲ့ သူတို့ဆင်းသက်လာကြပုံကလည်း လှတာပဲ။ နေရောင်ဖျော့ဖျော့ဒဏ်ကို တောင့်ခံပြီး ဆင်းလာကြပုံကိုကြည့်ရင် သူတို့သတ္တိကလည်း သိပ်မခေဘူးပဲ။ နှင်းတွေဆင်းတဲ့လမ်းဟာ မကြာခင်မှာပဲ ခေါက်သိမ်းတော့မယ်။ ဟောဒီလမ်းကို ကျွန်တော်သတိထားမိတာ ဟိုးအရင် လေးငါးခြောက်နှစ်အရွယ် ၊ကလေးဘဝကတည်းက ဆိုပါတော့။
#ထူး(Glory)
(၂၈.၁၁.၂၀၂၁ Daily Eleven တွင် ဖော်ပြခဲ့သော အက်ဆေးအား ပြန်လည် ကူးယူဖော်ပြပါသည်။)
No Comments